နောက်ကြည့်မှန်
---------------
ကားမောင်းသင်တုန်းက နောက်ကြည့်မှန်ကို ကြည့်ကြည့်ပြီးလေ့ရှိတော့ သင်ပေးတဲ့သူက "ရှေ့ကို အာရုံစိုက်ပါ၊ နောက်ကိုပဲကြည့်မနေနဲ့ နောက်ကားက ကိုယ့်မတိုက်ဘူး။ ရှေ့မကြည့်ရင် ကိုယ်က သူများသွားတိုက်မိလိမ့်မယ်" လို့ ပြောခဲ့ဖူးတာပြန်အမှတ်ရမိပါ တယ်။
အမှန်တကယ်လည်းဟုတ်ပါတယ်။ ကားမောင်းတဲ့အခါမှာ ရှေ့ကို အာရုံစိုက်ဖို့ အရမ်း အရေးကြီးပါတယ်။ ဘဝဆိုတာလည်း ဒီလိုပါပဲ။ နောက်ကြည့်မှန်ကိုပဲကြည့်မောင်းနေသလို
အတိတ်ကိုပဲ ပြန်ပြန်သွားနေတက်တာမျိုး မဖြစ်သင့်ပါဘူး။ ဖြစ်ပျက်ခဲ့တဲ့
အရာတွေအတွက် ကြေကွဲဝမ်းနည်း အပြစ်ရှိသလို ခံစားနေနေမယ်ဆိုရင် လက်ရှိ
ရှိနေတဲ့ အခိုက်အတန့်က ပျက်စီးထိခိုက်လာမှာဖြစ်ပါတ ယ်။
အတိတ်ကို နောက်ပြန်လှည့်ကြည့်မနေပဲ လက်ရှိဘဝကိုရင်ဆိုင်ပြီး ရှေ့အနာဂတ်ကို အာရုံစိုက်မျှော်မှန်းဖိြု့ ဖစ်ပါတယ်။ မဖြစ်သေးတဲ့အနာဂတ်မှာ ဖြစ်နိုင်စရာတွေအများကြီးရှိပါတယ်။
အတိတ်ကလဲကျသွားခဲ့တာတွေကိုပဲ
ပြန်တွေးပြီး စိတ်ပျက်အားငယ်နေလ်ု့ ဘာမှမထူးပါဘူး။ အဲ့လိုဖြစ်တတ်တဲ့လူတွေက
ဘာနဲ့တူလဲဆိုတော့ ခြေတစ်ခါလောက် ချော်သွားရုံနဲ့
ပြန်မထပဲလဲနေတဲ့သူနဲ့တူပါတယ်။ လဲတဲ့အခါမှာလည်း ချက်ချင်းပြန်ထဖို့ဖြစ်ပါတယ်။ ကိုယ်လဲတာကို အလွန်ဆုံး အခြားလူတွေမြင်လှတစ်ယောက်နှ စ်ယောက်ပါပဲ။ ကိုယ်ပြန်မထပဲ ဆက်လဲနေမှ တစ်ပြုံကြီးမြင်သွားမှာ ဖြစ်ပြီး ကိုယ်လည်း ပြန်ထရဲတော့မှာ မဟုတ်ပါဘူး။
လဲကျတာပြဿနာမဟုတ်ပါဘူး။ ပြန်မထတာ ပြဿနာဖြစ်ပါတယ်။ လဲကျတိုင်းတာ ပြန်မထခဲ့ဘူးဆို အခုအချိန်မှ လမ်းတောင် လျှောက်တတ်တော့မှာ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ် လမ်းစမ်းလျှောက်တက်ခါစမှ လဲကျတဲ့ အကြိမ်ရေတွေ မနည်းခဲ့ပါဘူး။ လဲကျတိုင်း ပြန်ထခဲ့လို့သာ အခုချိန်မှာ လမ်းလျှောက်နိုင်နေတာ မမေ့သင့်ပါဘူး။
ဒါကြောင့် နောက်ကြည့်မှန်ကြည့်ပြီး ကားမောင်နေသလို ဘဝမှာ အတိတ်က အရိပ်တွေရဲ့ လွှမ်းမိုးခြင်းနဲ့ပဲ အသက်မရှင်ဖို့လိုပါတယ်။ ဖြစ်နိုင်ခြေတွေနဲ့ပြည့်နေတဲ့ ရှေ့အနာဂတ်ကို အမြင်ရှိပြီး လက်တွေ့မှာ အကောင်းအထည်ဖေါ်ကြရမယ်လို့ အားပေးချင်ပါတယ်။
KC
23.1.2017
---------------
ကားမောင်းသင်တုန်းက နောက်ကြည့်မှန်ကို ကြည့်ကြည့်ပြီးလေ့ရှိတော့ သင်ပေးတဲ့သူက "ရှေ့ကို အာရုံစိုက်ပါ၊ နောက်ကိုပဲကြည့်မနေနဲ့ နောက်ကားက ကိုယ့်မတိုက်ဘူး။ ရှေ့မကြည့်ရင် ကိုယ်က သူများသွားတိုက်မိလိမ့်မယ်"
အမှန်တကယ်လည်းဟုတ်ပါတယ်။ ကားမောင်းတဲ့အခါမှာ ရှေ့ကို အာရုံစိုက်ဖို့ အရမ်း အရေးကြီးပါတယ်။ ဘဝဆိုတာလည်း ဒီလိုပါပဲ။ နောက်ကြည့်မှန်ကိုပဲကြည့်မေ
အတိတ်ကို နောက်ပြန်လှည့်ကြည့်မနေပဲ လက်ရှိဘဝကိုရင်ဆိုင်ပြီး ရှေ့အနာဂတ်ကို အာရုံစိုက်မျှော်မှန်းဖိြု့
အတိတ်ကလဲကျသွားခဲ့တာတွေကိုပ
လဲကျတာပြဿနာမဟုတ်ပါဘူး။ ပြန်မထတာ ပြဿနာဖြစ်ပါတယ်။ လဲကျတိုင်းတာ ပြန်မထခဲ့ဘူးဆို အခုအချိန်မှ လမ်းတောင် လျှောက်တတ်တော့မှာ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ် လမ်းစမ်းလျှောက်တက်ခါစမှ လဲကျတဲ့ အကြိမ်ရေတွေ မနည်းခဲ့ပါဘူး။ လဲကျတိုင်း ပြန်ထခဲ့လို့သာ အခုချိန်မှာ လမ်းလျှောက်နိုင်နေတာ မမေ့သင့်ပါဘူး။
ဒါကြောင့် နောက်ကြည့်မှန်ကြည့်ပြီး ကားမောင်နေသလို ဘဝမှာ အတိတ်က အရိပ်တွေရဲ့ လွှမ်းမိုးခြင်းနဲ့ပဲ အသက်မရှင်ဖို့လိုပါတယ်။ ဖြစ်နိုင်ခြေတွေနဲ့ပြည့်နေတ
KC
23.1.2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။