Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 27, 2017

နေ့စဉ် တစ်ကိုယ်ရေ သန့်ရှင်းရေး သိမှတ်ဖွယ်ရာလေးများ

နေ့စဉ် တစ်ကိုယ်ရေ သန့်ရှင်းရေး သိမှတ်ဖွယ်ရာလေးများ

====================================

ကျွန်ုပ်တို့ နေ့စဉ်သုံး နေသော အသုံးအဆောင် ပစ္စည်းများကို ဘယ်နှစ်ရက် တစ်ခါ သန့်ရှင်းရေး လုပ်သင့်လဲ၊ အ၀တ်အထည် များကို ဘယ်နှရက် တစ်ခါ လျှောက်ဖွပ်သင့်လဲ၊ အိမ်မွေးခွေးလေးကို ဘယ်နှရက် တစ်ခါ ဆပ်ပြာနဲ့ ရေချိုးပေးသင့်လဲ စသည် စသည်ဖြင့် နေ့စဉ်ဘ၀ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ ကိစ္စများနဲ့ ပတ်သက်ပြီး ပိုးမွှား ဆိုင်ရာ ကျွမ်းကျင်သူများ၊ အ၀တ်အထည် ဆိုင်ရာ စပယ်ရှယ်လစ်များနဲ့ တွေ့ဆုံ မေးမြန်းထားသည် ကို အောက်တွင် ဖော်ပြသွားပါမည်။

တကယ် ညစ်ပတ်တဲ့ ဖုန်း

ဖြစ်နိုင်ရင် ဖုန်းကို ပိုးသတ်ဆေးဆွတ် ထားသော အ၀တ်နဲ့ နေ့တိုင်း ပွတ်တိုက်ပေးပါ။ လူတစ်ယောက်သည် တစ်နေ့လျှင် ဖုန်းကို ပျမ်းမျှ အကြိမ် (၁၅၀) လောက် ကိုင်လိုက် ချလိုက် လုပ်တတ်ကြောင်း စစ်တမ်း တစ်ရပ်က ဆိုသည်။ အမေရိကန် ပညာရှင်များ လေ့လာထားမှု အရလည်း ဖုန်း (၅၁) လုံးကို နမူနာ စမ်းသပ် ကြည့်ရာ ထိုဖုန်းများတွင် ဘက်တီးရီးယား အမျိုးပေါင်း (၇၀၀၀) ကျော် စွဲကပ်နေကြောင်း တွေ့ခဲ့ ရသည်။ အများစုက လူကို ဒုက္ခမပေး။ သို့သော် ဒုက္ခပေးသည့် အနည်းစုလည်း ရှိနေသည်။ ဖုန်းသုံးသည့် အခါ ဖုန်းပူ လာသည် ဖြစ်ရာ ထိုအပူသည် ဘက်တီးရီးယားများ ပေါက်ဖွား ရှင်သန်ဖို့ အလွန် ကိုက်ညီသော ရေခံမြေခံလည်း ဖြစ်ကြောင်း အရှေ့ အန်ဂလီယာ တက္ကသိုလ်မှ မိုက်ခရိုဇီဝဗေဒ ပညာရှင် လော်ရာ ဘိုဝေါတားက ပြောသည်။ ဖန်သားပြင် ထိတို့ ဖုန်းတွေထက် ခလုတ်ဖုန်းတွေက ပိုဆိုးတယ်။ ခလုတ်တွေ ကြားမှာ ဘက်တီးရီးယားတွေ ဖုန်တွေ အများကြီး ခိုအောင်း နေတယ် ဟု လော်ရာ က ပြောသည်။

ချွေးရွှဲတဲ့ အိပ်ယာခင်းတွေ

အိပ်ယာခင်းကို တစ်ပတ်တစ်ကြိမ် လျှော်သင့်သည်။ အိပ်နေချိန်မှာ ခန္ဓာကိုယ်က အရေပြားမှုန်လေးတွေ ကွာကျသည်။ ချွေးတွေလည်း ထွက်သည်။ ထိုနှစ်ခုသည် ပိုးမွှားများ၊ ကြမ်းပိုးများ အကြိုက် ဖြစ်သည်။ ကြမ်းပိုးသည် လူကို တိုက်ရိုက် ကျန်းမာရေး အန္တရာယ် မပြုသော်လည်း သူ့ဆီက ထွက်သော မစင်ဖတ်လေး များသည် မျက်လုံးထဲ ၀င်လျှင် မျက်လုံးယားယံ တတ်သည်။ အသားကပ်လျှင် အသားမှာ ယားနာ ဖြစ်တတ်သည်။ နှာခေါင်း ထဲဝင်လျှင် ရင်ကျပ်ခြင်းထိ ဖြစ်ပွား ရသည်။

YouGoz စစ်တမ်းအရ ဥရောပသား များသည် ပျမ်းမျှ တစ်လလောက်နေမှ အိပ်ယာခင်းကို တစ်ခါလျှော်တတ် ကြကြောင်း သိရသည်။ လျှော်လျှင် (၆၀) ဒီဂရီစင်တီ ဂရိတ်လောက် အပူနဲ့ လျှော်ပါမှ ဘက်တီးရီးယားများ သေကြောင်း လော်ရာက ပြောသည်။ အိပ်ယာခင်းများ၊ ခေါင်းအုံးစွပ် များကို တတ်နိုင်သမျှ နေရောင်ပြ ရမည်။ နေရောင်သည် ဘက်တီးရီးယားကို သေစေသည်။ ခြောက်သွားလျှင် မီးပူတိုက်ရမည်။ လက်ကျန် ဘက်တီးရီးယားများပါ သေသွား စေရန် ဖြစ်သည်။

နံစော်တဲ့ ခေါင်းအုံးတွေ

ခေါင်းအုံးကို သုံးလ တစ်ခါလောက်တော့ လျှော်ဖွပ် သန့်ရှင်းရေး လုပ်သင့်သည်။ မှို့ခေါင်းအုံး များသည် လျှော်ဖွပ် မရနိုင် သော်လည်း ယခု နောက်ပိုင်း ခေတ်ပေါ် ခေါင်းအုံးများကား လျှော်ဖွပ်လို့ပါ ရသည်။ ခေါင်းအုံး အတွင်းပိုင်း ရေမြုပ်သည် ချွေးကို စုပ်ထား နိုင်သည် ဖြစ်ရာ ထိုအထဲသည် ဘက်တီးရီးယားတို့ အတွက် နိဗ္ဗာန်ဘုံ ဖြစ်သည်။ ခေါင်းအုံးထဲတွင် ပိုမွှားများ၊ ကြမ်းပိုးများ၊ သေသွားသော ဘက်တီးရီးယား များ၏ အခွံများ၊ ဘက်တီးရီးယား မစင်များပါ ရှိနေသည်။ မလျှော်တာ ကြာသော ခေါင်းအုံး တစ်လုံးတွင် မှို (၁၆) မျိုးလောက်ထိ ပါနေကြောင်း တွေ့ရသည်။

ဖုန်တွေ ကြမ်းပိုးတွေ ပေါသည့် မွေ့ရာတွေ

ခြောက်လ တစ်ကြိမ် သန့်ရှင်းရေး လုပ်သင့်သည်။ ဖုန်တွေ၊ မှိုတွေ ကပ်နေသည့် မွေ့ရာသည် ယားနာများကို ဖိတ်ခေါ်ရာ ရောက်သည်။ ခြောက်လ တစ်ကြိမ်ခန့် မွေ့ရာကို အပြင်ထုတ်ပြီး ရေစို အ၀တ်ဖြင့် သေချာပွတ်တိုက် သန့်ရှင်းရမည်။ နေရောင်ခံပေး ရမည်။ လေသလပ်ခံပေး ရမည်။ သို့မှ ခြောက်သွေ့ သန့်ရှင်းမည်။

ဂျင်းဘောင်းဘီတွေ

ဂျင်းဘောင်းဘီကို ၀တ်ပြီးတိုင်း မလျှော်သင့်။ ထူးထူးခြားခြား ညစ်ပတ်ခြင်း မရှိပါက ငါးကြိမ်ခန့် ၀တ်ပြီးမှ လျှော်တာ အကောင်းဆုံး ဖြစ်သည်။ ၀တ်ပြီးတိုင်း လျှော်ခြင်းသည် ဂျင်းသားကို မြန်မြန် ပျက်စီးစေပြီး အရောင်အဆင်း ကိုပါ ကျစေသည်။ ဂျင်းတွေက ရေပူနဲ့ လျှော်တာ မကြိုက်ဘူး။ ဖြစ်နိုင် ရင် ရေခဲမှတ်လောက် အေးတဲ့ ရေနဲ့လျှော်ရင် အသင့်တော်ဆုံးပဲ ဟု ဂျင်းဘောင်းဘီ ဒီဇိုင်နာ ဒိုနာအီဒါက ပြောသည်။

ချွေးစော်နံသည့် ည၀တ် အင်္ကျီများ

ည၀တ် အင်္ကျီကို အလွန်ဆုံး နှစ်ကြိမ်သာ ၀တ်သင့်သည်။ ပြီးလျှင် လျှော်လိုက်တာ အကောင်းဆုံး ဖြစ်သည်။ ညအိပ် ၀တ်သည့် အခါ ခန္ဓာကိုယ်က ထွက်သော ချွေးကို ည၀တ်စုံက စုပ်ထား သဖြင့် နှစ်ကြိမ်ထက် ပိုဝတ်ပါက ဘက်တီးရီးယားများ မွေးထားသော ခြုံထည်ကို ခြုံထားသည်နှင့် တူလိမ့်မည်။

ညစ်ပတ်သည့် ခွေးကလေးများ

ခွေးကို ဆပ်ပြာတိုက်ပြီး နှစ်လ တစ်ကြိမ် ရေချိုးပေး သင့်သည်။ ခွေးသည် ခုခံ အားကောင်းသော သတ္တ၀ါ ဖြစ်သောကြောင့် ဘက်တီးရီးယား များ ကပ်ညိသည့် ဒဏ်ကိုတော့ ခံနိုင်သည်။ သို့ဖြစ်ရာ သန့်ရှင်းရေး အတွက် နေ့တိုင်း ရေချိုးပေး ဖို့တော့ မလိုဟု တိရိစ္ဆာန်ကျန်းမာရေး ကျွမ်းကျင်သူ ရိုဆီဘာကလေက ပြောသည်။ ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး မကြာမကြာ ရေချိုးပေးခြင်းသည် ခွေး၏ အရေပြားကို ပျက်စီး စေသည်။ ထိုအခါ ခွေးသည် အအေးဒဏ် မခံနိုင် ဖြစ်လာသလို၊ အရေပြားသည်လည်း ရေမလုံတော့ သဖြင့် ရေစိုလျှင် ရောဂါဝင်သည့်ဆီ ရောက်ရသည်။

ခွေးက အမွှေးတွေ ညစ်ပတ်လာမယ်၊ အနံ့တွေ ဆိုးလာမယ် ဆိုရင်တော့ ဒါ ရေချိုးပေး ရမယ့် အချိန်ပဲ ဆိုတာ မှန်းလို့ရ ပြီပေါ့ ဟု ဘာကလေ က ပြောသည်။ အပြင် ထွက်သွားပြီး အိမ်ပြန် လာတော့ ရွှံ့တွေ ဖုန်တွေ ပေကျံလာသည် ဆိုပါက ရေပိုက်နဲ့ ထိုးပေး လိုက်ခြင်းမျိုး လုပ်တာ ပြဿနာမရှိ။ ထိုမျှလောက်ဆို ခွေးသည် သန့်ရှင်း သွားပြီ။ အနံဆိုးများ ထွက်လာ မှသာ ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောသင့်သည်။

တော်တော်ဆိုးသည့် လက်သုတ်ဝတ်တွေ

မီးဖိုချောင်သုံး လက်သုတ်ဝတ် များကို နေ့တိုင်း လျှော်ဖွတ်ဆေးကြော သင့်သည်။ ထိုလက်သုတ်ဝတ် များသည် ဘက်တီးရီးယား အများဆုံး ရှိနေသော နေရာ ဖြစ်သည်။ လက်သုတ်ဝတ် ထဲမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ အများကြီးပါ နေတယ်။ လက်သုတ်ဝတ်တွေ ထဲမှာ တွေ့ရ လေ့ရှိတဲ့ အီကိုလိုင်ပိုး ဆိုရင် မိနစ်လေးဆယ် နေတိုင်း နောက်တစ်ကောင် ပေါက်ဖွား နေတယ် ဟု လော်ရာက ပြောသည်။ အရီဇိုးနား တက္ကသိုလ်က လုပ်ထားသော စစ်တမ်း တစ်ရပ်အရ လည်း လက်သုတ်ပ၀ါ (၂၅) ရာခိုင်နှုန်းသည် အီကိုလိုင်ပိုး ပါနေကြောင်း တွေ့ခဲ့ရသည်။ အပူချိန် ခြောက်ဆယ် စင်တီဂရိတ် လောက်ဖြင့် လျှော်ဖွတ်ခြင်းဖြင့် ဘက်တီးရီးယား များလည်း သေနိုင် သလို ကပ်ညိနေသော ဆီများလည်း ကင်းစင်သွား နိုင်သည်။

ပိုက်ဆံအိတ်ကိုလည်း အထင်မသေးနဲ့

လက်ကို ဘယ်လောက်ဆေးဆေး ပိုက်ဆံအိတ်က မသန့်လျှင် ကိုင်မိတိုင်း ဘက်တီးရီးယားတွေ ပြန်ကူးလာ နိုင်သည်။ ငွေစက္ကူ များသည် လူသား တစ်ယောက်နဲ့ တစ်ယောက်ကြား ဘက်တီးရီးယားတွေ ခရီးသွားသည့် ကြားခံ သယ်ယူ ပို့ဆောင်ရေး ယာဉ်များ ဖြစ်သည်။ ပိုက်ဆံများကို စုထည့် ထားသော ပိုက်ဆံအိတ်သည်လည်း အမြဲလိုလိုပင် ဘက်တီးရီးယားတွေ ရှိနေ တတ်သည်။ သို့ဖြစ်ရာ ပိုက်ဆံအိတ်ကို တစ်ပတ် တစ်ခါလောက် ပိုး သတ်ဆေးဆွတ် ထားသော အ၀တ်ဖြင့် သေချာ ပွတ်တိုက် သန့်စင်ပေးရမည်။

လူ့လက်နဲ့ ကိုင်နေတာ ဖြစ်တဲ့အတွက် ငွေစက္ကူတွေမှာ လူ့မစင်ထဲက ဘက်တီးရီးယားတွေ၊ အီကိုလိုင်ပိုးတွေ ကပ်နေတယ်။ အဲဒီတော့ ပိုက်ဆံအိတ် ကိုလည်း ကူးပြီပေါ့။ အမေရိကန် ဖလော်ရီဒါ ပြည်နယ် တက္ကသိုလ် သုတေသနအရ ငွေစက္ကူ (၈၀) ရာခိုင်နှုန်းထိတွင် ဘက်တီးရီးယားများ ကပ်ညိပါနေကြောင်း တွေ့ခဲ့ရသည်။

လက်ကိုင်အိတ်တွေ ကလည်း မလွယ်

လက်ကိုင်အိတ် လက်ကိုင်ကြိုး နေရာများ၊ လက်ကိုင်အိတ် အောက်ခြေ များသည် ဘက်တီးရီးယား အပေါဆုံး နေရာများ ဖြစ်သည်။ ဘက်တီးရီးယားတွေ ပါနေနိုင်သော လက်က ကြိုးကို ကိုင်သည်။ အိတ်ကို ချထားလျှင်လည်း အောက်ပိုင်း နေရာက ဘက်တီးရီးယားတွေ ရှိသော ခုံမျက်နှာပြင်တွေနဲ့ ထိနေရသည်။ တစ်ပတ် တစ်ကြိမ်လောက် ပိုးသတ်ဆေးကို အ၀တ်မှာ ဆွတ်ပြီး အိတ်ကို ပွတ်တိုက် သန့်ရှင်းပေး သင့်သည်။ အကယ်၍ ပိုး သတ်ဆေးနဲ့ ဓာတ်မတည့်ဘဲ လက်ကိုင် အိတ် လယ်သာသား ပျက်စီး သွားမလား စိတ်ပူသည် ဆိုပါက နည်းနည်းလောက်လေး အရင်ပွတ်ပြီး စမ်းကြည့်ပါဟုလည်း အကြံပြု လိုသည်။

===========

Search Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။