လောကကြီးမှာ
ယုံကြည်စရာ မကောင်းဆုံးသော စကားလုံးထဲမှာ အိမ်ထောင်မပြုခင်
ယောက်ျားများရဲ့ သစ္စာစကားနဲ့ နိုင်ငံရေးသမားများရဲ့ မဲဆွယ်ပွဲ မှာ
ပေးထားတဲ့ ကတိက၀တ်များပဲဖြစ်တယ်လို့ အဆိုရှိပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ အမေရိကန် သမ္မတသစ် ထရမ့်ပ် အတွက် မှန်ကန်ပုံ မရပါဘူး။ ထရမ့်ပ်ဟာ မဲဆွယ်ပွဲတုံးက ပေးထားတဲ့ ကတိက၀တ်တွေဟာ တော်တော်လေးကို ပရမ်းပတာ ဖြစ်တယ်လို့ နိုင်ငံတော်တော်များများက လက်ခံထားပေမဲ့လို့ သမ္မတ အသစ်တက်လာတာ တစ်ပတ်ပဲရှိသေးတယ်၊ ပြောတဲ့အတိုင်း တကယ်လုပ်မယ်ဆိုတာကို စတင်သက်သေပြနေပါပြီ။
ထရမ့်ပ် ဟာ တော်တော်ထူးခြားတဲ့ သမ္မတ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိမ်ဆိုပွဲ မိန့်ခွန်းစကားမှာ အမေရိကန်နဲ့ အနောက်တိုင်း လူ့ဘောင်နဲ့ သမိုင်းမှာ အဓိက တန်ဖိုးမှတ်တိုင်ဖြစ်တဲ့ ဒီမိုကရေစီ ( Democracy) လွတ်လပ်မူ့ ( Liberal ) နဲ့ လူ့အခွင့်အရေး ( Human Right) ကို တစ်ခွန်းမှ ပြောမသွားပါဘူး။ အဲဒီအစား အမေရိကန်ကို ပြန်ပြီးတိုးတက်ကြီးကျယ်အော င်လုပ်မယ်။
အမေရိကန်သည် ပထမဦးစားပေး ဖြစ်တယ် စသည်ဖြင့် ပြောသွားပါတယ်။ သူတက်လာတာ တစ်ပတ်သာရှိသေးပေမဲ့ သမ္မတဟောင်း အိုဗားမားအစိုးရ အနှစ်နှစ်အလလ ကြိုးစားခဲ့တဲ့ Obama Care လို့ခေါ်တဲ့ ကျန်းမာရေးစီမံချက် တစ်ခုကို ရပ်တန့်ဖို့ လက်မှတ်ရေးထိုးခဲ့တယ်။ ယခင်အစိုးရ ထောက်ခံတဲ့ The Trans-Pacific Partnership TTP အဖွဲ့ အစည်းထဲကနေ နူတ်ထွက်ဖို့ လက်မှတ်ရေးထိုးခဲ့တယ်။ မဲဆွယ်ပွဲတုံးက ဟာသလို့ သဘောထားခံခဲ့ရတဲ့ မက္ကဆီကိုနိင်ငံနယ်စပ်မှာ အုပ်တံတိုင်း ကာရံဖို့ လက်မှတ်ရေးထိုးလိုက်ပါပြီ။ အီရမ်၊ အီရပ်၊ လီဗျား၊ဆိုမာလီ၊ ဆူဒန်၊ ဆီးရီးယား၊ ရီမင် စတဲ့မူဆလင်နိုင်ငံများကို ပြည်ဝင်ခွင့် ဗီဆာ ပိတ်ပင်လိုက်ပါတယ်။
သမ္မတထရမ့်ပ်ဟာ အပြောကြမ်း၊ အဆဲကြမ်းတဲ့လူလည်းဖြစ်ပါတယ် ။
ကျမ်းသစ္စာကျိမ်ဆိုပွဲ မိန့်ခွန်းမှာ အရင် အိမ်ဖြူတော်မှာ ထမ်းဆောင်ခဲ့တဲ့
သမ္မတဟောင်းများရဲ့ ရှေ့မှာတင် အရင်ခေတ်သမ္မတ တွေ ပြည်သူအတွက်
အကျိုးဖြစ်ထွန်းအောင် မစွမ်းဆောင်ခဲ့ဘူးလို့ ပြောသွားပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ CNN ကို အလိမ်အညာပဲ လို့ဆဲတယ်။ ထောက်လှမ်းရေးဋ္ဌာန
CIA ကိုဆဲတယ်။ နိုင်ငံတော်တော်များများကို လည်းဆဲတယ်။ တရုတ်၊ဂျပန်၊ ဂျာမဏီ၊ အီရမ်၊ ဥရောပ နေတိုး၊ WTO အကုန်လုံးပါသလောက်ပဲ။ အဲ..ထူးခြားမူတစ်ခုတော့ရှိတ ယ်။ ရုရှားကိုလုံးဝမဆဲတဲ့အပြင် တော်တော်အကြည်ဆိုက်နေပုံရတယ်။
အံ့သြစရာကောင်းကြောင်းပြော ပတာပါ။
ကျွန်တော်တို့က ဒီမိုကရေစီိတို့၊ တံခါးဖွင့်ဝါဒတို့၊ လွတ်လပ်စွာ
ကုန်သွယ်ခွင့်တို့ကို ကမ္ဘာ့စံချိန်သဖွယ် တန်ဖိုးထားနေတဲ့ အချိန်မှာ
သူတို့က အကျိုးအမြတ်အတွက် ဘာပဲစွန့်လွတ်ရစွန့်လွတ်ရ၊ ဘာစာချုပ်ပဲ
ချေဖျက်ရချေဖျက်ရတဲ့စနစ်ကို
စတင်ခြေနင်းနေပါပြီ။ စီးပွားရေး ပိတ်ဆို့မူ့တို့၊
အမေရိကန်ဦးစားပေးတို့၊ အုပ်တံတိုင်း ကာတာတို့ စတင်နေပါပြီ။
ကမ္ဘာ့ရေစီးကြောင်းဘယ်လိုဆက်သွားမယ်ဆိုတာ ခန့်မန်းလို့မရပါ။ ကြည့်လို့ကောင်းလာတာတော့ အမှန်ပါပဲ။
Ref: CNN
ဒါပေမဲ့ ဒီအဆိုဟာ အမေရိကန် သမ္မတသစ် ထရမ့်ပ် အတွက် မှန်ကန်ပုံ မရပါဘူး။ ထရမ့်ပ်ဟာ မဲဆွယ်ပွဲတုံးက ပေးထားတဲ့ ကတိက၀တ်တွေဟာ တော်တော်လေးကို ပရမ်းပတာ ဖြစ်တယ်လို့ နိုင်ငံတော်တော်များများက လက်ခံထားပေမဲ့လို့ သမ္မတ အသစ်တက်လာတာ တစ်ပတ်ပဲရှိသေးတယ်၊ ပြောတဲ့အတိုင်း တကယ်လုပ်မယ်ဆိုတာကို စတင်သက်သေပြနေပါပြီ။
ထရမ့်ပ် ဟာ တော်တော်ထူးခြားတဲ့ သမ္မတ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိမ်ဆိုပွဲ မိန့်ခွန်းစကားမှာ အမေရိကန်နဲ့ အနောက်တိုင်း လူ့ဘောင်နဲ့ သမိုင်းမှာ အဓိက တန်ဖိုးမှတ်တိုင်ဖြစ်တဲ့ ဒီမိုကရေစီ ( Democracy) လွတ်လပ်မူ့ ( Liberal ) နဲ့ လူ့အခွင့်အရေး ( Human Right) ကို တစ်ခွန်းမှ ပြောမသွားပါဘူး။ အဲဒီအစား အမေရိကန်ကို ပြန်ပြီးတိုးတက်ကြီးကျယ်အော
အမေရိကန်သည် ပထမဦးစားပေး ဖြစ်တယ် စသည်ဖြင့် ပြောသွားပါတယ်။ သူတက်လာတာ တစ်ပတ်သာရှိသေးပေမဲ့ သမ္မတဟောင်း အိုဗားမားအစိုးရ အနှစ်နှစ်အလလ ကြိုးစားခဲ့တဲ့ Obama Care လို့ခေါ်တဲ့ ကျန်းမာရေးစီမံချက် တစ်ခုကို ရပ်တန့်ဖို့ လက်မှတ်ရေးထိုးခဲ့တယ်။ ယခင်အစိုးရ ထောက်ခံတဲ့ The Trans-Pacific Partnership TTP အဖွဲ့ အစည်းထဲကနေ နူတ်ထွက်ဖို့ လက်မှတ်ရေးထိုးခဲ့တယ်။ မဲဆွယ်ပွဲတုံးက ဟာသလို့ သဘောထားခံခဲ့ရတဲ့ မက္ကဆီကိုနိင်ငံနယ်စပ်မှာ အုပ်တံတိုင်း ကာရံဖို့ လက်မှတ်ရေးထိုးလိုက်ပါပြီ။ အီရမ်၊ အီရပ်၊ လီဗျား၊ဆိုမာလီ၊ ဆူဒန်၊ ဆီးရီးယား၊ ရီမင် စတဲ့မူဆလင်နိုင်ငံများကို ပြည်ဝင်ခွင့် ဗီဆာ ပိတ်ပင်လိုက်ပါတယ်။
သမ္မတထရမ့်ပ်ဟာ အပြောကြမ်း၊ အဆဲကြမ်းတဲ့လူလည်းဖြစ်ပါတယ်
အံ့သြစရာကောင်းကြောင်းပြော
Ref: CNN
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။