Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 31, 2017

ကော်ဖီသောက်သုံးခြင်းရဲ့ ကောင်းကျိုး နှင့် ဆိုးကျိုးများ

 
 
ကော်ဖီသောက်သုံးခြင်းရဲ့ ကောင်းကျိုး နှင့် ဆိုးကျိုးများ
################################%
ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး (၈) ချက်

(၁) ကော်ဖီက သင့်ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းတွေ မြှင့်တင်ပေးနိုင်တယ်။

ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ၊ Gym မသွားမီတစ်နာရီခန့်အလိုမှာ ကော်ဖီတစ်ခွက်သောက်သုံးခြင်းက သွေးတွင်းမှာရှိတဲ့ Adrenaline Level မြင့်တက်စေပါတယ်။ Adrenaline ဆိုတာဟာ ခန္ဓာကိုယ်မှာ “Flight or flight” စိတ်ဓာတ်ဖြစ်ပေါ်စေပြီး သွေးဆူစေတတ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တာကြောင့် သင့်ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ၁၂ ရာခိုင်နှုန်းလောက် မြင့်တက်စေပါတယ်။

(၂) ၀ိတ်ကျစေနိုင်ပါတယ်။

ကော်ဖီမှာ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေပါဝင်ပြီး အင်ဆူလင်ဓာတ်ဖြစ်ထွန်းကာ သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေပြီး သင့်ရဲ့ အချိုစာတွေ၊မုန့်တွေ စားချင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ (မနေနိုင်လို့ စားရင်တော့ ၀တာပေါ့နော်။) အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ကဖင်းဓာတ်ဟာ ကိုယ်တွင်းက အဆီတွေကိုချေဖျက်စေဖို့ ကူညီပေးတာကြောင့် အဆီချလိုသူများသောက်သုံးသင့်ပါတယ်။

(၃) စိတ်ကြည်လင်လန်းဆန်းစေပါတယ်

ကော်ဖီသောက်ခြင်းက သင့်ကို အာရုံစူစိုက်မှုပိုကောင်းစေပြီး စိတ်ကြည်လင်ပေါ့ပါးစေပါတယ်။ နေ့စဉ်ကော်ဖီသောက်သုံးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းမှုတွေ ပိုင်ဆိုင်နိုင်ပါတယ်။

(၄) သေဆုံးနိုင်ခြေနည်းပါး

လေ့လာချက်တွေအရ ကော်ဖီသောက်သုံးတတ်သူတွေဟာ
ကော်ဖီမကြိုက်သူတွေထက် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေနည်းပါးတယ်လို့ သိရပါတယ်။

(၅) ကင်ဆာဖြစ်နိုင်ခြေနည်းပါးစေနိုင်ခြင်း
လေ့လာမှုတစ်ခုအရ ကော်ဖီသောက်သုံးခြင်းက အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၀ရာခိုင်နှုန်းလျော့နည်းစေပြီး၊ အမျိုးသမီးတွေမှာ သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၅ရာခိုင်နှုန်းလျော့နည်းစေနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုမှာပါဝင်ခဲ့တဲ့ လူတွေကတော့ တစ်နေ့ကို ကော်ဖီ လေးခွက်နှုန်းတိုက်ပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

(၆) လေဖြတ်နိုင်ခြေနည်းပါးစေနိုင်ခြင်း
နေ့စဉ် ကော်ဖီတစ်နေ့ကို ၂ခွက်မှ ၄ခွက်ထိသောက်သုံးခြင်းက လေဖြတ်နိုင်ခြေကို နည်းပါးစေနိုင်ပါတယ်။

(၇) အတိတ်မေ့ရောဂါ ဖြစ်ပွာနိုင်ခြေနည်းပါးစေနိုင်ခြင်း
ကော်ဖီကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းက အတိတ်မေ့ရောဂါ အယ်ဇိုင်းမားဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ညွှန်းဆိုထားပါတယ်။

(၈) စိတ်ဖိစီးမှုလျော့နည်းစေပြီး သေကြောင်းကြံချင်စိတ်လျော့နည်းစေနိုင်ခြင်း
ကဖင်းဓာတ်က အာရုံကြောစံနစ်ကို လှုံ့ဆော်မှုပေးနိုင်ပြီး စိတ်အားတက်ကြွစေနိုင်ပါတယ်။ နေ့စဉ် ကော်ဖီ ၂ခွက်ပုံမှန်သောက်သုံးခြင်းက သင့်ကိုယ်သင်သေကြောင်းကြံချင်စိတ်ကို ၅၀ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့လဲ ညွှန်းကြပါတယ်။

ကော်ဖီသောက်ခြင်းရဲ့ ဆိုးကျိုး (၆)ချက်

(၁) ကဖင်းဓာတ်ကို စွဲသွားတတ်ခြင်း
ကဖင်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ စွဲ ခြင်းဖြစ်သွားတတ်ပြီး ကော်ဖီမသောက်ရမနေနိုင်တာမျိုးဖြစ်သွားတတ်ပါတယ်။ ထိုအခါ ခန္ဓာကိုယ်ကို နိုးကြားစေမှုတွေလွန်ကဲသွားတတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်နိုင်ပါတယ်။

(၂) ကော်ဖီအညံ့စားတွေက အဆိပ်အတောက်ဖြစ်နိုင်ပါတယ်။
အရည်အသွေးခပ်ညံ့ညံ့နဲ့ ထုတ်လုပ်ထားတဲ့ကော်ဖီတွေမှာ သန့်ရှင်းမှုအားနည်းပြီး သောက်သုံးသူကို ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းနှင့် စိတ်မကြည်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ကော်ဖီထုတ်လုပ်ရာမှာသုံးတဲ့ ကော်ဖီစေ့တွေ ညံ့ဖျင်းတဲ့အခါ ယခုလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဈေးကြီးကြီးကော်ဖီတွေကတော့ ပိုစိတ်ချတဲ့ သဘောမှာရှိပါတယ်။

(၃) ကော်ဖီကြောင့် သင်သေဆုံးနိုင်ပါတယ်။
တစ်ခဏအတွင်းမှာ ကော်ဖီအခွက် ၈၀/၁၀၀ (၂၃လီတာ ပမာဏ) လောက် သောက်သုံးလိုက်ရင်တော့ သင့်ခန္ဓာကိုယ်အတွင်းမှာ ကဖင်းဓာတ် ၁၃ ဂရမ်လောက်ရောက်သွားပြီး အသက်အန္တရာယ်ပေးနိုင်ပါတယ်။ ကော်ဖီမပြောနဲ့ ရေချည်းပဲ ၂၃ လီတာလောက်သောက်မိရင်တောင် သင်သေဆုံးနိုင်ပါတယ်။

(၄) အိပ်မပျော်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေ ခံစားရနိုင်ခြင်း။
ကော်ဖီ ၄ခွက်သောက်ပြီးပါက သင့်ခန္ဓာကိုယ်အတွင်းကို ကဖင်းဓာတ် ၄၀၀မီလီဂရမ်လောက်ရောက်သွားပါပြီ။ဒါဟာ လူတစ်ယောက်အတွက် အမြင့်ဆုံးသောက်သင့်တဲ့ ပမာဏဖြစ်ပါတယ်။ ဒီနေရာမှာ လူတစ်ယောက်နဲ့တစ်ယောက် ကဖင်းဓာတ်ပမာဏဘယ်လောက်လက်ခံနိုင်လဲဆိုတာ မတူညီပါဘူး။ ဒါကြောင့် ကိုယ်နဲ့သင့်တော်မယ့် ကော်ဖီအမျိုးအစား၊ ပမာဏကို ချင့်ချိန်သောက်သုံးဖို့ လိုအပ်ပါတယ်။

(၅) ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့တစ်ခွက်ထက်ပိုမသောက်သင့်ပါ။
လေ့လာချက်တွေအရ ကော်ဖီသောက်ခြင်းက နုနယ်တဲ့သန္ဓေသားလောင်းဆီကိုပါ ကဖင်းဓာတ်တွေရောက်ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကော်ဖီမသောက်သုံးဖို့ တိုက်တွန်းထားသလို…ကော်ဖီကြိုက်လွန်းသူတွေအနေနဲ့ မသောက်ရမနေနိုင်ရင်တောင် တစ်နေ့တစ်ခွက်ခန့်ပဲသောက်ဖို့ အကြံပြုကြပါတယ်။

(၆) ကော်ဖီသောက်တဲ့ကလေးတွေ အိပ်ရာထဲသေးပေါက်ချလေ့ရှိပါတယ်။
အသက် ၅နှစ်မှ ၇နှစ်အရွယ်ကလေးတွေကို လေ့လာမှုပြုခဲ့ရာမှာ ကော်ဖီသောက်တဲ့
ကလေးတွေက အိပ်ရာထဲသေးပေါက်တာ
ပိုများလေ့ရှိကြောင်းတွေ့ခဲ့ရပါတယ်။

Ref – Warrior Coffee
Shwemom
မေသတင်းရပ်ကွက်လေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။