"သွားပါတော့ အမေရာ :( "
"သွားပါတော့ အမေ ရာ . . .
ကမ္ဘာကျော် စာအုပ်တွေရေးပြီး
ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေမှာ လှည့်လည်ဟောပြောပြီး
ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ လေးစားမှုကို ခံယူပြီး
ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံတွေမှာ နေပါတော့ အမေ ။
ကျန်ရှိနေတဲ့ အချိန်လေးတွေကို မိသားစုလေးနဲ့ ဖြတ်သန်းပါတော့ အမေရာ ။
အမေ့လက်ရုံးတွေလည်း တဖြုတ်ဖြုတ်ကြွေလို့ . . .
အမေကိုယ်တိုင်လည်း ဒဏ်ရာ အမာရွတ်တွေ အများအပြားနဲ့ . . .
ကျနော်တို့ကို စိတ်မကုန်သေးဘူးလား။
အဆုံးစွန်သော ပေးဆပ်မှုတွေ ၊ သည်းခံနိုင်မှုတွေ မကုန်သေးဘူးလား။
လူသား တယောက် ၊ ပညာရှင် တယောက်၊
အဖွဲ့အစည်းတခုရဲ့ အရေးပါလှတဲ့ ပညာရှင်တယောက်၊ စုတ်ပြတ်သတ်နေတဲ့ နိုင်ငံတခုအတွက် လမ်းကြောင်းသစ်ကို ချဲ့ထွင်နေရာမှာ အရှေ့ဆုံးက ချီတက်နေတဲ့ သူတယောက်၊
ဒီထက်တိတိကျကျပြောရရင် ကျောပိုးအိတ်အစိမ်းကလေးနဲ့ မြေးမလေးရဲ့ အဘိုးတယောက်၊
ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ အသက်ရှစ်ဆယ်ကျော် အမေအိုကြီးရဲ့ သားတယောက်
ရက်ရက်စက်စက် အလုပ်ကြံခံရတာကိုတောင်
ဝမ်းသာပျော်ရွှင်နေတဲ့ လူတွေ ရှိတဲ့ နိုင်ငံကို
အမေ ဘာတွေများ မျှော်လင့်ထားတာလဲ။
သွားပါတော့ အမေရာ . . . ။
ဒီအရိုင်းအစိုင်းတွေနဲ့ ကျနော်တို့ နေခဲ့ပါ့မယ်။
ကျနော်တို့ကို ထားခဲ့ပါတော့ ။
ဒီအောက်တန်းစားနိုင်ငံကို ထားခဲ့ပါတော့ ။
တောင်းပန်ပါတယ် ။
သွားပါတော့ အမေရာ . . . ။"
#ဟိန်း
Credit

ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။