လတ်တလောအပျော်နဲ့ မသာယာပါနဲ့
-------------------------- --------------------
အမေရိကန်နိုင်ငံက စတော့ရှယ်ယာ ဝယ်ရောင်းလုပ်ရင်း ဘီလျံနာသူဌေးကြီး ဝါရင်ဘတ်ဖက်ကို တနေ့မှာ သတင်းထောက်တစ်ယောက်က အင်တာဗျူးလုပ်ရင်း မေးခွန်းတစ်ခု မေးပါတယ်။
သတင်းထောက်. . . . .“သူဋ္ဌေးကြီးဟာ စတော့ရှယ်ယာတွေ ဝယ်ရောင်းရင်း ချမ်းသာလာတယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေး ပြောပြပေးနိုင်မလား”
ဝါရင်ဘတ်ဖက်. . . . .“ငါ ခုလို ချမ်းသာလာတာ သူများတွေ လုပ်တာကို လိုက်မလုပ်ဘဲ သူတို့ မလုပ်တာကို လုပ်ခဲ့လို့ပါ”
သတင်းထောက်. . . . .“အဲဒါကို ရှင်းပြပေးပါလား ခင်ဗျာ”
ဝါရင်ဘတ်ဖက်. . . . . . “စတော့ရှယ်ယာတွေ ဈေးကျရင် လူတွေဟာ သူတို့လက်ထဲက ရှယ်ယာတွေကို မြန်မြန်ထုတ်ရောင်းကြတယ်။ ဈေးထပ်ကျမှာ စိုးလို့ပါ။ ရောင်းသူများလို့ ရှယ်ယာဈေး ပိုကျလာတယ်။ ဈေးအကျဆုံးလို့ ယူဆလိုက်တဲ့အချိန်မှာ ငါက ရှယ်ယာတွေကို အလွန်သက်သာတဲ့ဈေးနဲ့ ဝယ်လိုက်တယ်။ ရှယ်ယာဆိုတဲ့ သဘောက အမြဲတမ်း ဈေးကျနေတာမှ မဟုတ်ဘဲ ကျပြီးရင် ပြန်တက်တာပဲလေ။ ရှယ်ယာဈေး ပြန်တက်လာပြီဆိုတာနဲ့ လူတွေက အလုအယက် ဝယ်ကြပြန်ရော။ ဝယ်သူများလို့ ရှယ်ယာဈေးတွေ အရမ်းတက်လာပြန်တယ်။ ရှယ်ယာဈေးဟာ ဒီထက်တော့ ထပ်တက်မှာ မဟုတ်ဘူးလို့ ထင်တဲ့အချိန်မှာ ငါက စောစောက ဈေးသက်သက်သာသာနဲ့ ဝယ်ထားလိုက်တဲ့ ရှယ်ယာတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းလိုက်တော့ အမြတ်ကြီးကြီး ရတာပေါ့ကွာ”တဲ့။
ဝါရင်ဘတ်ဖက်ဟာ လူတွေရဲ့ လောဘ၊ ပိုက်ဆံရှုံးမယ့် အရေးတွေးပြီး ကြောက်စိတ်ဝင်လာတတ်တဲ့ လူတွေရဲ့ စိတ်သဘောကို ကောင်းကောင်း သိနေသူပါ။ ဒီတော့ သူဟာ လူအများလုပ်တာကို လိုက်မလုပ်ဘူး၊ သူတို့ မလုပ်တာကို လုပ်တယ်။ အဲဒါ သူ့ရဲ့ အောင်မြင်ရေးနည်း လျှို့ဝှက်ချက်ပါ။ အဲဒီလို လူအများ မလုပ်တာကို လုပ်တတ်သူဆိုတာ လူအနည်းငယ်ပဲ ရှိတာမို့ ကမ္ဘာပေါ်မှာ အောင်မြင်ကြီးပွားနေသူ အနည်းငယ်ပဲ ရှိနေကြတာပါ။
လူတစ်ချို့က မေးကြတယ်။ “သူများတွေ လုပ်တာကို လိုက်မလုပ်တတ်သူဟာ ကြီးပွားအောင်မြင်တယ်ဆိုရင် လူတွေက ၀ါရင်ဘတ်ဖက်ပြောသလို ဘာကြောင့် လိုက်မလုပ်ကြတာလဲ” တဲ့။
အဖြေက လူအများစုဟာ သက်တောင့်သက်သာနေရတဲ့ အခြေအနေ (Comfort Zone) ကနေ မထွက်နိုင်ကြလို့ပါ။ မလုပ်ချင်တာကို လုပ်ရတယ်ဆိုတာ စိတ်ထဲမှာ အင်မတန် မသက်မသာ ဖြစ်ရပါတယ်။ လူလည်း အတော့်ကို နေမထိ ထိုင်မသာ ဖြစ်ရပါတယ်။ ဥပမာ - အတတ်ပညာတစ်ခုခု တတ်မြောက်ရင် လက်ရှိဘဝထက် တိုးတက်မယ်။ ဝင်ငွေလစာ ပိုရမယ်ကို သိပေမယ့် အဲဒီပညာရအောင် သင်တန်းသွားတက်ရတဲ့ ဒုက္ခ၊ ရုံးက ပြန်လာရင် အေးအေးဆေးဆေး အနားမယူရဘဲ သင်တန်းက စာတွေကျက်မှတ်ရတဲ့ ဒုက္ခတွေကို မခံစားချင်ဘူး။ အဲဒီဒုက္ခတွေအစား အိမ်မှာပဲ ဇိမ်နဲ့ နှပ်နေချင်တယ်။ သက်သာရာပဲ လုပ်ချင်တယ်။
လူ့သဘာဝက ဒုက္ခဆင်းရဲခံရတာထက် စည်းစိမ်နဲ့ နေရတာကို ပိုမက်မောတယ်။ ဥပမာ - မိမိကြိုက်နေတဲ့ အဖိုးတန်လက်ပတ်နာရီတစ်လုံးကို
မဝယ်ရတဲ့ မပတ်ရတဲ့ စိတ်ဒုက္ခကို မခံစားချင်ဘူး။ ဒါကြောင့် လက်ထဲမှာ
ငွေအလုံအလောက် မရှိပေမယ့်လည်း အကြွေးကဒ်နဲ့ နာရီကို ဝယ်လိုက်တယ်။
နာရီဖိုးကို ၁၂ လ မှ ၂၄ လအထိ အရစ်ကျပေးဆပ်ရတယ်။ လက်မှာ ဝတ်ထားတဲ့ နာရီကို
ရှိုးတပြပြနဲ့ ကြွားနေပေမယ့် သူ့မှာ အကြွေးတင်သွားပြီ။
ဒါကြောင့် အကြံပေးချင်တာက သူများတွေ အပျော်ကျူးနေကြတာကို ကြည့်ပြီး လတ်တလောမှာ ပျော်တာကို မရှာပါနဲ့။ နောင်ကျမှ ပျော်ရမယ့် အရာကို ရှာပါလို့။ လက်ရှိမှာ ငွေကြေးကို သုံးဖြုန်းပျော်ပါးတာထက် စုဆောင်းရင်းနှီးမြုပ်နှံတာ လုပ်ထားရင် အသက်ကြီးတဲ့အခါ ငွေကြေးအတွက် ပူပင့်ကြောင့်ကျမှု ကင်းတဲ့ ဘဝမျိုးနဲ့ နေရမှာပါ။
အချိန်အားရင် လက်ဖက်ရည်ဆိုင်ထိုင်လေပန်းတာ၊
တီဗီကြည့်နေတာ၊ ဖေ့စ်ဘုတ်ပွတ်နေတာတွေအစား အကျိုးရှိစေမယ့် အလုပ်တွေနဲ့
အစားထိုးနိုင်ရင်၊ ကွန်ပျူတာ၊ အီးကောမတ်စ်စတဲ့ အိုင်တီပညာ၊ စီးပွားရေးပညာ၊
ငွေစာရင်းပညာ၊ ဥပဒေပညာ၊ ခေါင်းဆောင်မှုပညာ စတာတွေကို လေ့လာနေမယ်ဆိုရင်
ဘယ်လောက်ကောင်းမလဲ။ အဲဒီလို အစားထိုးနိုင်ပြီဆိုရင် သင်ဟာ အောင်မြင်မှု
လမ်းကြောင်းပေါ်ကို ခြေချမိပြီလို့ ပြောလို့ ရပါတယ်။
မတ်ခ်ဇူကားဘတ်ဟာ ဖေ့စ်ဘုတ်ကို တီထွင်ဖို့ တစ်နေ့ကို ၉ နာရီကနေ ၁၀ နာရီအထိ အလုပ်လုပ်တယ်။ သင်ရော သူ့လို အလုပ်လုပ်နိုင်ပါ့မလား။ နာမည်ကျော် ဘတ်စကက်ဘောသမား မိုက်ကယ်ဂျော်ဒန်ဟာ ကွင်းထဲမှာ တစ်ယောက်ထဲ ဘတ်စကက်ဘောကျင့်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ လေ့ကျင့်တာ တစ်နေ့တစ်ရက်တောင် မပျက်ကွက်ခဲ့ဘူး။ လူတွေက ပြောကြတယ်။ သူ့မှာ အားကစား ပါရမီပါတယ်တဲ့။ တကယ်တော့ ပါရမီဆိုတာထက် သူ နေ့စဉ် နာရီပေါင်းများစွာ အထပ်အထပ်အခါခါ လေ့ကျင့်မှုကအဓိကပါ။ နောက်တစ်ယောက် ရှိသေးတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာကျော် စတားဘတ်ခ်ကော်ဖီဆိုင်ကို တည်ထောင်ခဲ့တဲ့ ဟိုးဝါ့ဒ်ရှုးစ်ဟာ မနက် ၆ နာရီကနေ ည ၇ နာရီအထိ နေ့စဉ်အလုပ်လုပ်ပါတယ်။ တစ်ရက်လေးတောင် မနားခဲ့ပါဘူး။
အခုပြောပြခဲ့တဲ့ လူ ၃ ယောက်ဟာ သူများတွေ မလုပ်ချင်တာတွေကို လုပ်ခဲ့ကြတယ်။ သူများတွေ ဘီယာသောက်ပြီး စည်းစိမ်ခံနေချိန်မှာ သူတို့က အလုပ်တွေ လုပ်နေကြဆဲပါ။ အခုတော့ အဲဒီလို ဒုက္ခခံခဲ့ရတဲ့ အကျိုးကို ကောင်းကောင်းခံစားနေကြရပြီ။ ငွေကြေးအတွက် လုံးဝပူပင်စရာမလိုတော့တဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေ ဖြစ်နေကြပါပြီ။
Credit;ဗန်းမော်သိန်းဖေ ၂၂-၀၁-၂၀၁၇
--------------------------
အမေရိကန်နိုင်ငံက စတော့ရှယ်ယာ ဝယ်ရောင်းလုပ်ရင်း ဘီလျံနာသူဌေးကြီး ဝါရင်ဘတ်ဖက်ကို တနေ့မှာ သတင်းထောက်တစ်ယောက်က အင်တာဗျူးလုပ်ရင်း မေးခွန်းတစ်ခု မေးပါတယ်။
သတင်းထောက်. . . . .“သူဋ္ဌေးကြီးဟာ စတော့ရှယ်ယာတွေ ဝယ်ရောင်းရင်း ချမ်းသာလာတယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေး ပြောပြပေးနိုင်မလား”
ဝါရင်ဘတ်ဖက်. . . . .“ငါ ခုလို ချမ်းသာလာတာ သူများတွေ လုပ်တာကို လိုက်မလုပ်ဘဲ သူတို့ မလုပ်တာကို လုပ်ခဲ့လို့ပါ”
သတင်းထောက်. . . . .“အဲဒါကို ရှင်းပြပေးပါလား ခင်ဗျာ”
ဝါရင်ဘတ်ဖက်. . . . . . “စတော့ရှယ်ယာတွေ ဈေးကျရင် လူတွေဟာ သူတို့လက်ထဲက ရှယ်ယာတွေကို မြန်မြန်ထုတ်ရောင်းကြတယ်။ ဈေးထပ်ကျမှာ စိုးလို့ပါ။ ရောင်းသူများလို့ ရှယ်ယာဈေး ပိုကျလာတယ်။ ဈေးအကျဆုံးလို့ ယူဆလိုက်တဲ့အချိန်မှာ ငါက ရှယ်ယာတွေကို အလွန်သက်သာတဲ့ဈေးနဲ့ ဝယ်လိုက်တယ်။ ရှယ်ယာဆိုတဲ့ သဘောက အမြဲတမ်း ဈေးကျနေတာမှ မဟုတ်ဘဲ ကျပြီးရင် ပြန်တက်တာပဲလေ။ ရှယ်ယာဈေး ပြန်တက်လာပြီဆိုတာနဲ့ လူတွေက အလုအယက် ဝယ်ကြပြန်ရော။ ဝယ်သူများလို့ ရှယ်ယာဈေးတွေ အရမ်းတက်လာပြန်တယ်။ ရှယ်ယာဈေးဟာ ဒီထက်တော့ ထပ်တက်မှာ မဟုတ်ဘူးလို့ ထင်တဲ့အချိန်မှာ ငါက စောစောက ဈေးသက်သက်သာသာနဲ့ ဝယ်ထားလိုက်တဲ့ ရှယ်ယာတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းလိုက်တော့ အမြတ်ကြီးကြီး ရတာပေါ့ကွာ”တဲ့။
ဝါရင်ဘတ်ဖက်ဟာ လူတွေရဲ့ လောဘ၊ ပိုက်ဆံရှုံးမယ့် အရေးတွေးပြီး ကြောက်စိတ်ဝင်လာတတ်တဲ့ လူတွေရဲ့ စိတ်သဘောကို ကောင်းကောင်း သိနေသူပါ။ ဒီတော့ သူဟာ လူအများလုပ်တာကို လိုက်မလုပ်ဘူး၊ သူတို့ မလုပ်တာကို လုပ်တယ်။ အဲဒါ သူ့ရဲ့ အောင်မြင်ရေးနည်း လျှို့ဝှက်ချက်ပါ။ အဲဒီလို လူအများ မလုပ်တာကို လုပ်တတ်သူဆိုတာ လူအနည်းငယ်ပဲ ရှိတာမို့ ကမ္ဘာပေါ်မှာ အောင်မြင်ကြီးပွားနေသူ အနည်းငယ်ပဲ ရှိနေကြတာပါ။
လူတစ်ချို့က မေးကြတယ်။ “သူများတွေ လုပ်တာကို လိုက်မလုပ်တတ်သူဟာ ကြီးပွားအောင်မြင်တယ်ဆိုရင်
အဖြေက လူအများစုဟာ သက်တောင့်သက်သာနေရတဲ့ အခြေအနေ (Comfort Zone) ကနေ မထွက်နိုင်ကြလို့ပါ။ မလုပ်ချင်တာကို လုပ်ရတယ်ဆိုတာ စိတ်ထဲမှာ အင်မတန် မသက်မသာ ဖြစ်ရပါတယ်။ လူလည်း အတော့်ကို နေမထိ ထိုင်မသာ ဖြစ်ရပါတယ်။ ဥပမာ - အတတ်ပညာတစ်ခုခု တတ်မြောက်ရင် လက်ရှိဘဝထက် တိုးတက်မယ်။ ဝင်ငွေလစာ ပိုရမယ်ကို သိပေမယ့် အဲဒီပညာရအောင် သင်တန်းသွားတက်ရတဲ့ ဒုက္ခ၊ ရုံးက ပြန်လာရင် အေးအေးဆေးဆေး အနားမယူရဘဲ သင်တန်းက စာတွေကျက်မှတ်ရတဲ့ ဒုက္ခတွေကို မခံစားချင်ဘူး။ အဲဒီဒုက္ခတွေအစား အိမ်မှာပဲ ဇိမ်နဲ့ နှပ်နေချင်တယ်။ သက်သာရာပဲ လုပ်ချင်တယ်။
လူ့သဘာဝက ဒုက္ခဆင်းရဲခံရတာထက် စည်းစိမ်နဲ့ နေရတာကို ပိုမက်မောတယ်။ ဥပမာ - မိမိကြိုက်နေတဲ့ အဖိုးတန်လက်ပတ်နာရီတစ်လုံးက
ဒါကြောင့် အကြံပေးချင်တာက သူများတွေ အပျော်ကျူးနေကြတာကို ကြည့်ပြီး လတ်တလောမှာ ပျော်တာကို မရှာပါနဲ့။ နောင်ကျမှ ပျော်ရမယ့် အရာကို ရှာပါလို့။ လက်ရှိမှာ ငွေကြေးကို သုံးဖြုန်းပျော်ပါးတာထက် စုဆောင်းရင်းနှီးမြုပ်နှံတာ
အချိန်အားရင် လက်ဖက်ရည်ဆိုင်ထိုင်လေပန်းတ
မတ်ခ်ဇူကားဘတ်ဟာ ဖေ့စ်ဘုတ်ကို တီထွင်ဖို့ တစ်နေ့ကို ၉ နာရီကနေ ၁၀ နာရီအထိ အလုပ်လုပ်တယ်။ သင်ရော သူ့လို အလုပ်လုပ်နိုင်ပါ့မလား။ နာမည်ကျော် ဘတ်စကက်ဘောသမား မိုက်ကယ်ဂျော်ဒန်ဟာ ကွင်းထဲမှာ တစ်ယောက်ထဲ ဘတ်စကက်ဘောကျင့်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ လေ့ကျင့်တာ တစ်နေ့တစ်ရက်တောင် မပျက်ကွက်ခဲ့ဘူး။ လူတွေက ပြောကြတယ်။ သူ့မှာ အားကစား ပါရမီပါတယ်တဲ့။ တကယ်တော့ ပါရမီဆိုတာထက် သူ နေ့စဉ် နာရီပေါင်းများစွာ အထပ်အထပ်အခါခါ လေ့ကျင့်မှုကအဓိကပါ။ နောက်တစ်ယောက် ရှိသေးတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာကျော် စတားဘတ်ခ်ကော်ဖီဆိုင်ကို တည်ထောင်ခဲ့တဲ့ ဟိုးဝါ့ဒ်ရှုးစ်ဟာ မနက် ၆ နာရီကနေ ည ၇ နာရီအထိ နေ့စဉ်အလုပ်လုပ်ပါတယ်။ တစ်ရက်လေးတောင် မနားခဲ့ပါဘူး။
အခုပြောပြခဲ့တဲ့ လူ ၃ ယောက်ဟာ သူများတွေ မလုပ်ချင်တာတွေကို လုပ်ခဲ့ကြတယ်။ သူများတွေ ဘီယာသောက်ပြီး စည်းစိမ်ခံနေချိန်မှာ သူတို့က အလုပ်တွေ လုပ်နေကြဆဲပါ။ အခုတော့ အဲဒီလို ဒုက္ခခံခဲ့ရတဲ့ အကျိုးကို ကောင်းကောင်းခံစားနေကြရပြီ။
Credit;ဗန်းမော်သိန်းဖေ ၂၂-၀၁-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။