Yoyarlay added 2 new photos.
Ref:Sunnyskyz
Nz (ရိုးရာလေး)
www.yoyarlay.com
#Nz_yyl
#news_yyl
(Unicode Version)
ဆောင်းရာသီအတွက် အခမဲ့အဝတ်စင်
ဆောင်းရာသီမှာ အနွေးထည်မရှိလို့ အအေးဒဏ် ခံစားနေရသူတွေအတွက် စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ထူးခြားတဲ့ အဝတ်စင်တစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ဒီအဝတ်စင်မှာ အနွေးထည်တွေ၊ ခေါင်းစွပ်တွေ၊ မာဖလာတွေ ချိတ်ထားပြီး အဝတ်စင်ပေါ်မှာတော့ ''မင်း ချမ်းနေသလား။ လိုနေရင် တစ်ထည်ယူသွားပါ။ ကူညီချင်သလား တစ်ထည်ထားခဲ့ပါ''ဆိုတဲ့ စာတမ်း ရေးသားထားပါတယ်။
အမေရိကန်နိုင်ငံ ဒါးလက်စ်ပြည်နယ် စားသောက်ဆိုင်ပိုင်ရှင် ဖလော်ရက်စ်က
ဒီအဝတ်စင်ကို ဖန်တီးခဲ့တာပါ။ မနှစ်က ဒီအဝတ်စင်ကို စတင်ဖန်တီးချိန်မှာ အဝတ်တွေ လေးကြိမ်တိုင်တိုင် ခိုးခံခဲ့ရလို့ ဖလော်ရက်စ်နဲ့ အလုပ်သမားတွေက အဝတ်စင်အတွက် အဝတ်တွေ ပြန်ဖြည့်ခဲ့ရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။