Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 28, 2017

ကားလ်ဆင် ဘာကြောင့် ကမ္ဘာ့နံပါတ်တစ် စစ်တုရင်ချန်ပီယံ ဖြစ်တာလဲ

 
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က နယူးယောက်မြို့တွင် ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲ၌ ကားလ်ဆင်ကို တွေ့ရစဉ် (Photo: AFP)
(၁) စစ်တုရင် အင်မတန်ထူးချွန်တဲ့ ချာတိတ်ကလေးဘ၀ကနေ ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဖြစ်လာခဲ့တယ်။ လူငယ်ကလေးဘ၀မှာ ကမ္ဘာ့စစ်တုရင်လောကမှာ ထိပ်ဆုံးကိုရောက်ခဲ့တယ်။ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က လစဉ် ထုတ်ပြန်တဲ့ စံနှုန်းစာရင်းမှာလည်း ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာ တော်တော်ကြာပြီ။ ကမ္ဘာ့စစ်တုရင်သမိုင်းမှာ အကောင်းဆုံးလို့ မပြောချင်ရင်တောင်မှ အကောင်းဆုံးတွေထဲက တစ်ယောက်ဆိုတာကိုတော့ စစ်တုရင်သုတေသီတွေက တညီတညွတ်တည်း လက်ခံကြတယ်။

(၂) ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းကမ္ဘာ့ စစ်တုရင်ပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲပြီး စူပါဂရင်း မာစတာတွေကို အနိုင်များခဲ့တာတွေကြောင့် ကားလ်ဆင်ကို ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်ဖို့ လောင်းကြေးထပ်သူတွေ များခဲ့တယ်။ ဘွတ်ကီဒိုင်တွေကလည်း အဆသိပ်မပေးခဲ့ဘူး။ ကားလ်ဆင် ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်မယ်ဆိုတာ မေးခွန်းထုတ်ရမယ့် ပုစ္ဆာမဟုတ်ခဲ့ပါဘူး။ ဘယ်လောက် အသက်ငယ်ငယ်မှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဖြစ်မှာလဲဆိုတာအတွက်သာ မှန်းဆပြီး လောင်းကြေးထပ်ခဲ့ကြတယ်။
(၃) ၁၉၉၀ နိုဝင်ဘာ ၃၀ ရက်က နော်ဝေးနိုင်ငံ၊ တွန်းစဘတ် (Tonsberg) မှာ အင်ဂျင်နီယာ မိဘနှစ်ပါးကနေ မွေးဖွားခဲ့တဲ့ ကားလ်ဆင်ဟာ ငယ်ရွယ်စဉ်ကတည်းက သူ့ရဲ့မြင့်မားတဲ့ ဥာဏ်ရည်ကို ပြသခဲ့တယ်။ အသက် နှစ်နှစ်သားမှာ အပိုင်းအစ ၅၀ ကို မူလပုံဖြစ်အောင်ပြန်စီရတဲ့ ဂျစ်ဆောပဟေဠိ (50 - piece jigsaw puzzle) တွေကိုကောင်းကောင်း ဖြေရှင်းနေနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၄ နှစ် အရွယ်ရောက်ချိန်မှာအသက် ၁၀ နှစ်က နေ ၁၄ နှစ်သားတွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ လီဂို (Lego) တွေကိုတည်ဆောက်နိုင်ခဲ့တယ်။ သားဖြစ်သူရဲ့ဥာဏ်ရည်အဆင့်ကို ချင့်တွက်ခန့်မှန်းနိုင်ခဲ့တဲ့ အဖေက ကားလ်ဆင်ကို ငါးနှစ်သားမှာ စစ်တုရင် စတင်သင် ကြားပေးခဲ့တယ်။ စစချင်းမှာ ကားလ်ဆင်က စစ်တုရင်ကိုသိပ်ပြီးတော့ စိတ်မ၀င်စားခဲ့ပါဘူး။  ကားလ်ဆင် ပထမဦးဆုံး ဖတ်ခဲ့တဲ့စစ်တုရင်စာအုပ်က Bent Larsen & JU Find the Planပါ။
(၄) ကားလ်ဆင်ရဲ့ ငယ်ရွယ်စဉ်စောစောပိုင်း ကာလတွေမှာ တစ်ကြိမ်ကို နာရီပေါင်းများစွာ တစ်ယောက်တည်း စစ်တုရင်ကစားရင်းနဲ့ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခါတလေမှာတော့ သူ့အဖေပြထားတဲ့ ကစား ကွက်တွေ၊ ကစားပွဲတွေကို ပြန်လည်ရွှေ့ပြီး လေ့လာပါတယ်။ သူ့ရဲ့မှတ်ဥာဏ်ကတော့ အံ့မခန်းပါပဲ။ အသက်ငါးနှစ်သားမှာ ကမ္ဘာ့နိုင်ငံတွေအားလုံးရဲ့ မြို့တော်၊ အကျယ်အ၀န်း၊ လူဦးရေ၊ အလံတွေအားလုံးကို အလွတ် ရနေခဲ့ပါပြီ။
(၅) အသက် ရှစ်နှစ်သားမှာ ပထမဦးဆုံး စစ်တုရင်ပြိုင်ပွဲဝင်ခဲ့တယ်။ ၁၉၉၉ နော်ဝေး အမျိုးသား တံခွန်စိုက်စစ်တုရင်ပြိုင်ပွဲရဲ့ အငယ်တန်းမှာဖြစ်ပြီး ၁၁ ပွဲမှာ ခြောက်မှတ်ခွဲရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နော်ဝေးရဲ့နံပါတ်တစ် စစ်တုရင်ဂရင်းမာစတာဖြစ်တဲ့ Simen Agdestein က လေ့ကျင့်ပေးခဲ့တယ်။ ငယ်စဉ်က စစ်တုရင်ကို တစ်နေ့မှာ လေးနာရီ အနည်းဆုံးလေ့ကျင့်ပြီး တခြားနှစ်သက်တာတွေကတော့ ဘောလုံးကန်ခြင်း၊ စကီးခုန်ခြင်း၊ ကာတွန်း (Don ald Duck) ဖတ်ခြင်းတို့ဖြစ်ပါတယ်။ စကီးခုန်ခြင်း (Ski jumping) ကို ၁၀ နှစ်သားအထိ လေ့ကျင့်ခဲ့ပြီး အဝေးဆုံး ၂၁ မီတာ ခုန်နိုင်ခဲ့တယ်။ ၂၀၀၀ ကနေ ၂၀၀၂  အတွင်းမှာ စစ်တုရင်ပြိုင်ပွဲကြီးတွေမှာ ၀င်ပြိုင်ခဲ့ပြီး ပွဲပေါင်း  ၃၀၀ ကစားခဲ့တယ်။ ဒါ လျှပ်တစ်ပြက် ကစားပွဲတွေက ပွဲတွေနဲ့ ပြိုင်ပွဲငယ်တွေက ကစားပွဲတွေမပါဝင်ပါဘူး။ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အသိအမှတ်ပြုပွဲတွေသာ ဖြစ်ပါတယ်။
(၆) စစ်တုရင်မှာ အာရုံစူးစိုက်ယှဉ်ပြိုင်နိုင်အောင် မူလတန်းပညာရေးအပြီးမှာ တစ်နှစ်တာနားပြီး စစ်တုရင်လေ့ကျင့်ယှဉ်ပြိုင်တာကို စောက်ချလုပ်ခဲ့တယ်။ ရလဒ်အနေနဲ့  အသက်  ၁၂ နှစ်အောက် ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာ အမှတ်အများဆုံး ပူးတွဲရခဲ့တယ်။ အောင်မြင်မှုတွေ အများကြီးရပြီး အင်တာနေရှင်နယ် မာစတာဖြစ်လာတယ်။ ကားလ်ဆင်ရဲ့ထူးခြားတဲ့ ဥာဏ်ရည်နဲ့ စွမ်းဆောင်မှုတွေကြောင့် မိုက်ကရိုဆော့ ကွန်ပျူတာကုမ္ပဏီက စိတ်ဝင်စားခဲ့ပြီး စပွန်ဆာပေးခဲ့တယ်။
(၇) ၂၀၀၃ မှာ ကျောင်းပြန်တက်ခဲ့တယ်။ ကျောင်းတက်ရင်း စစ်တုရင်ပြိုင်ပွဲကြီးတွေမှာ ယှဉ်ပြိုင်အနိုင်ရရင်းနဲ့ ၁၃ နှစ်နဲ့ လေးလအရွယ်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ဂရင်းမာစတာဖြစ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ အသက်အငယ်ဆုံး ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်လာခဲ့တယ်။ ၂၀၁၄ မေလမှာ စံနှုန်း ၂၈၈၂ ရခဲ့ပြီး စစ်တုရင်သမိုင်းမှာ အမြင့်မားဆုံးစံချိန်တင်ခဲ့တယ်။ တောက်လျှောက် ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်ခဲ့တယ်။
(၈)ငယ်ငယ်တုန်းကတော့ ကားလ်ဆင်က တိုက်စစ်သမား။ အကောင်ကျွေးဖို့၊ စတေးပြီး တိုက်စစ်ဆင်ဖို့ ၀န်မလေးတဲ့သူ။ အဖွင့်ပိုင်းမြောက်မြားစွာကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သူ။ ဒါပေမဲ့ နောက်ပိုင်းမှာ လက်ရည်အဆင့်မြင့်မားတဲ့ ကမ္ဘာ့ထိပ်တန်းစစ်တုရင် ဂရင်းမာစတာတွေနဲ့ ယှဉ်ပြိုင်ရာမှာ ဒီလိုက စားတာဟာ အဆင်မပြေနိုင်ကြောင်း သတိမူမိတဲ့အတွက် အနေအထား အခြေခံကစားတာကို ပြောင်းလဲခဲ့တယ်။ ပွဲလယ်ပိုင်းမှာနည်းနည်းလေးအသာရရင် အနိုင်ရအောင် ထိန်းပြီးကစားတဲ့ မဟာဗျူဟာကိုကျင့်သုံးခဲ့တယ်။
(၉) စွယ်စုံရစစ်တုရင်သမားတစ်ယောက် ဖြစ်တယ်။ အနေအထားပေါင်းစုံကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိတယ်။ အခြေအနေပေးရင် နည်းဗျူဟာအခြေပြု စစ်တုရင်သမား (Tactical chess player) တစ်ယောက်အဖြစ် ပြောင် မြောက်စွာ တိုက်ခိုက်ချေမှုန်းတယ်။ အမှားနည်းတဲ့ အဆင့်မြင့်စစ်တုရင်သမားတွေနဲ့ တွေ့ချိန်မှာတည်ငြိမ်တဲ့ အနေအထား အခြေပြုစစ်တုရင်သမား (Positional chess player) ဘ၀ပြောင်းသွားပြီး အေးဆေးစွာနဲ့ အနေအထား အသာရအောင် ဖြည်းဖြည်းချင်းတည်ဆောက်ပြီး ပွဲလယ်ပိုင်းကနေ ပွဲဆုံးပိုင်းကိုခေါ်ဆောင်သွားပြီး အနိုင်ယူလေ့ရှိပါတယ်။ ဒါကြောင့် သူနဲ့ယှဉ်ပြိုင်ရမယ့်သူတွေ အနေနဲ့ ကြိုတင်ပြင်ဆင်ရတာ အခက်အခဲတွေ့ရတယ်။
(၁၀) စစ်တုရင်ဗဟုသုတ အင်မတန် ပြည့်ဝတယ်။ ရင်းနှီးသူတွေရဲ့အဆိုအရ ထိပ်တန်း စစ်တုရင်ပွဲပေါင်း နှစ်သောင်းကျော်ကို  အလွတ်ရတယ်လို့ဆိုပါတယ်။ အနေအထားတစ်ခုကိုရောက်ရင် ဘယ်တုန်းက ဘယ်သူ တွေကစားခဲ့ကြကြောင်း၊ ဘာဆက်ရွှေ့ပြီး ဘယ်လိုအဆုံးသတ်သွားကြောင်း ရှင်းပြနိုင်စွမ်းရှိတယ်။ ဥပမာတစ်ခုအနေနဲ့ ၂၀၀၄ ခုနှစ် က Corus Chess Tournament Group C မှာဗိုလ်စွဲပြီး ဂရင်းမာစတာ စွမ်းဆောင်ရည်ရစဉ်က ပရိသတ်တွေ အနှစ်သက်ဆုံးဆုရခဲ့တဲ့ ပွဲကို ပြရမှာပါ။ အဲဒီပွဲမှာ ကားလ်ဆင်ကအဖြူရုပ်ကိုင်တိုက်စစ်ဆင်ပြီး သူ့ပြိုင်ဘက်ဖြစ်သူ အန်းစ်ကို လှလှပပ အနိုင်ယူခဲ့ပါတယ်။ အဲဒီပွဲ ရဲ့အဓိကပုံစံဖြစ်တဲ့ ရွှေ့ကွက် ၂၃ အပြီး အနေအထားဟာ ၂၀၀၃ ခုနှစ်က Almagro Llanas ပွဲနဲ့ ထပ်တူဖြစ်ခဲ့ကြောင်း၊ အဲဒီပွဲမှာ 24.Qf6+ Kg8 25.Rh1 Nh6! 26. Qe7 Nf7 27.Qf6 ရွှေ့ပြီး သရေကျခဲ့ကြ ကြောင်း ကားလ်ဆင်က ရှင်းပြပါတယ်။  သူ့ပွဲမှာတော့ ကားလ်ဆင်က ပိုမိုကောင်းမွန်တဲ့ရွှေ့ကွက်သစ် 24.gxf7! ပြောင်းရွှေ့ခဲ့ပါတယ်။
ကားလ်ဆင်ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ မှတ်ဥာဏ်ကြောင့် ခေါင်းထဲမှာစွဲနေတဲ့  စစ်တုရင်ပွဲကြီးပွဲကောင်းတွေရဲ့ ရွှေ့ကွက်တွေ၊ အနေအထားတွေက သူ့ကိုကြီးစွာသော အထောက်အကူဖြစ်စေပါတယ်။ ခေါင်းမမာအောင်၊ ဇွတ်တရွတ်မလုပ်အောင် ထိန်းကျောင်းပေးပြီး သင့်လျော်တဲ့ ပွဲကစားမှု အစီအစဉ်ကို ချမှတ်နိုင်အောင် ပံ့ပိုးပေးပါတယ်။ သူ့ရဲ့ဧရာမစစ်တုရင် ဗဟုသုတတွေက ပွဲဆုံးပိုင်း ကျွမ်းကျင်မှုကို အရောင်တင်ပေးပါတယ်။ တော်ရုံတန်ရုံ စစ်တုရင် ဂရင်းမာစတာ အနိုင်ရမှာမဟုတ်တဲ့ ပွဲဆုံးပိုင်းပေါင်းများစွာကို ကားလ်ဆင်က နည်းနည်းလေးအသာရတာနဲ့ အနိုင်ကစားနိုင်စွမ်းရှိပါတယ်။
(၁၁) ကားလ်ဆင် စစ်တုရင်ကို ပြင်းပြင်းထန်ထန် သေသေချာချာလေ့ကျင့်တယ်ဆို မယုံစရာမရှိပါဘူး။ မကြာခဏဆိုသလို လေ့ကျင့်ရေးစခန်းတွေမှာ သူ့ရဲ့လက်ထောက်တွေ၊ စူပါဂရင်းမာစတာတွေနဲ့ မတူကွဲပြားခြားနားတဲ့ အနေအထားပုံစံမျိုးစုံကို အဖွင့်ကနေ နိဂုံးပိုင်းအထိ အသေးစိတ်ခွဲခြမ်းစိတ်ဖြာသုံး သပ်လေ့ရှိပါတယ်။
(၁၂) ကားလ်ဆင်ဟာ သူ့ခန္ဓာကိုယ်ကြံ့ခိုင် သန်စွမ်းမှုကိုလည်း အထူးအလေးထားသူပါ။  သူ့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှု နည်းပြဆရာ (Physical Fitness Trainer) သီးသန့်ငှားရမ်း လေ့ကျင့်ပါတယ်။ ဒေါင်ဒေါင်မြည် ကျန်းမာသန်စွမ်းနေလေတော့ ပင်ပင်ပန်းပန်း ကစားရတဲ့ ပွဲရှည်ကြီးတွေကို နာရီများစွာ ကစားရမှာကို မမှုတော့ပါဘူး။ မလောတော့ပါဘူး။ နည်းနည်းလေး အသာရလည်း အလျင်မလိုတော့ဘဲ တဖြည်းဖြည်းနဲ့ ပြိုင်ဘက်ကို ဒုက္ခပေးပါတော့တယ်။ တော်တော်တန်တန် သက်လုံကောင်းတဲ့ပြိုင်ဘက်တောင် ပင်ပန်းပြီး စဉ်းစားအားကျလာချိန်မှာ ကားလ်ဆင်ကတော့ သာသာယာယာပါပဲ။ ပင်ပန်းရိပ်မသန်း၊ ငြီးငွေ့ရောင်မလွှမ်း ရွှင်လန်းလို့။ ဒီလိုနဲ့ မာရသွန်ပွဲများစွာ ကားလ်ဆင်နိုင်ခဲ့ပါတယ်။
(၁၃) ရုပ်ပိုင်းအတွက် လေ့ကျင့်တဲ့ ကားလ်ဆင်ဟာ စိတ်ပိုင်းဆိုင်ရာကိုလည်း မေ့မထားပါဘူး။ စစ်တုရင်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို တူးဆွလေ့လာရတာ ၀ါသနာပါတယ်။ သူတို့ရဲ့ အမူအကျင့်တွေကို သုတေသနပြုတယ်။ ပြိုင်ဘက်ရဲ့စိတ်ထဲမှာ မသက်မသာဖြစ်နေလား၊ ကျေနပ်နေလား၊ အထူးအာ ရုံစိုက်နေလား စတာတွေကို စစ်တုရင်ခုံပြင်ပ အမူအရာ၊ မျက်နှာသွင်ပြင်တွေကနေ အဖြေထုတ်နိုင်အောင်လုပ်တယ်။ ပြီးတော့ သူ့ရဲ့အသာစီးရမှုအတွက် အသုံးချတယ်။ သူကိုယ်တိုင်ကတော့ မင်သေသူတစ်ယောက်အဖြစ်နေတယ်။ အနေအထားတစ်ခုဟာ သူ့အကြိုက်လား၊ သူမကြိုက်တာလား သူ့မျက်နှာနဲ့ အမူအရာကို စာမဖတ်နိုင်အောင် ကျွမ်းကျင်တဲ့ တစ်ချပ်မှောက်ဖဲသမားရဲ့ မျက်နှာ ဆောင်ထားတယ်။ ခံစားမှုကင်းတဲ့ မျက်နှာအေးစက်စက်ကို ပုံမပျက်စေဘူး။ အကောင်းဆုံး ခံစစ်သမား တစ်ယောက်လည်းဖြစ်တဲ့ ကားလ်ဆင်ဟာ ဆိုးရွားတဲ့အနေအထား ရောက်နေစေဦးတော့ အရှုံးပေးတတ်သူ မဟုတ်ဘူး။ သူ ပြောဖူးတဲ့စကားရှိတယ်။
“စိတ်မသက်မသာဖြစ်တာကို မျက်နှာမှာမပေါ်စေနဲ့။ မင်းလုပ်မိတဲ့ အမှားကိုသူတို့ တွေ့အောင်ရှာလိမ့်မယ်။ စစ်တုရင်ပွဲတွေမှာ အချိန်တော်တော်များများဟာ ဒီလိုမျိုးအခွင့်အရေးကိုရှာကြစမြဲ။ သဲလွန်စလေးတစ်ခု လောက်ပြလိုက်လို့ကတော့ စစ်တုရင်သမားကောင်းတွေက ရှာတတ်ကြလေရဲ့”
(၁၄) ရည်မှန်းချက်နဲ့ဆန္ဒက အကောင်းဆုံးဆီကိုတွန်းပို့တယ်။ ကားလ်ဆင် ငယ်ငယ်လေးကတည်းက အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့  ပြင်းပြင်းပြပြ တွန်းအားတစ်ခုရှိခဲ့တယ်။ သူဝန်ခံခဲ့သလိုပါပဲ၊ ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဖြစ်ရေးဟာ သူ့အတွက် နံပါတ်တစ်ဦးစားပေးမဟုတ်ဘူး။ စံနှုန်းစာရင်းမှာ ထိပ်ဆုံးရောက်ဖို့ကအဓိက။ အခု သူနှစ်ခုစလုံးကိုရနေပြီ။ ဘာလိုသေးလဲ။ လိုတယ်။ ပြိုင်သမျှ ပြိုင်ပွဲ တိုင်းနိုင်ချင်တယ်။ နိုင်ချင်တယ်ဆိုကာမျှ စကားအဖြစ်သာမဟုတ်ကြောင်းကို သူဗိုလ်မစွဲခဲ့တဲ့အခါ မပျော်တာကိုထင်ထင်ရှားရှား တွေ့ရတယ်။ ဒီတော့ ပိုပြီးလေ့ကျင့်ရတာပေါ့။ ပြင်ဆင်ရတာပေါ့။
(၁၅) နေ့စဉ် နေ့စဉ် စစ်တုရင်လုပ်နေ တာနဲ့  အချိန်တွေကုန်ရောလားလို့ ကားလ်ဆင်ကို မေးကြည့်ပါ။ ခေါင်းခါပြလိမ့်မယ်။ ကလေးဘ၀ကတည်းက တစ်ရက် ၄ နာရီ စစ်တုရင်လေ့ကျင့်ပြီး ကိုယ်လက်လှုပ်ရှား ကစားတာတွေလည်း လုပ်တယ်။ အခုထိလည်း ဘောလုံး ကန်လိုက်၊ ဘတ်စကက်ဘော ကစားလိုက်၊ ပြေးလိုက်လုပ်နေတုန်း။ စစ်တုရင်နဲ့ ကိုယ်လက်လှုပ်ရှားအားကစား ဘာများဆိုင်ပါလိမ့်လို့ မေးဦးမလား။ ဆိုင်တယ်။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရင် ကြံ့ခိုင်သန်စွမ်းမယ်။ ဦးနှောက်ကိုအောက်ဆီဂျင် ကောင်းကောင်းရောက်မယ်။ ရေရှည်ကစားရတဲ့ပွဲတွေမှာ ခံနိုင်ရည်ရှိမယ်။ စိတ်ကိုကြည်လင်စေမယ်။
(၁၆) ကားလ်ဆင်ရဲ့ခံနိုင်ရည်၊ စိတ်စွမ်းအား၊ ယုံကြည်မှုအင်အား စတာတွေကို ၂၀၁၆ နိုဝင်ဘာလက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စစ်တု ရင်ချန်ပီယံဗိုလ်လုပွဲက သက်သေပြခဲ့ပြီ။ သုံး ပွဲသာကျန်တော့ချိန်မှာ တစ်မှတ်နိမ့်နေခဲ့ရာ ကနေပြန်နိုင်ပြီး သရဖူကိုအောင်အောင်မြင် မြင်ကာကွယ်နိုင်ခဲ့တယ်။
ထိပ်ဆုံးမှာဘယ်သူမှတော့ ထာဝရမနေနိုင်။ သူ့ထက်သူလူစွမ်းကောင်းဆိုတာ ပေါ်လာတတ်စမြဲ။ ကားလ်ဆင် ကမ္ဘာ့စစ်တုရင်လောကရဲ့ ထိပ်ဆုံးနေရာမှာ ဘယ်လောက်ကြာကြာ ရပ်တည်နိုင်မှာလဲဆိုတာ အခုနောက် ပိုင်းရေပန်းစားလာတဲ့ မေးခွန်း။ သေချာတာက လွယ်လွယ်နဲ့တော့ ကားလ်ဆင် ပြုတ်မကျနိုင်ဘူး ဆိုတာပါပဲ။
Writer: 
မောင်စံပေါ
 http://news-eleven.com/local/31513

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။