How to get Success in Life
ဒီနေ့ လူငယ်တိုင်း ၊ လူငယ်တိုင်း နေ့ချင်း ညချင်း အောင်မြင်မှု (Success) သို့ ရောက်ချင်သူများကို ကြုံတွေ့နေရတော့
အောင်မြင်မှု (Success) ဆိုတာဘာလဲ စဉ်းစားမိတယ်။ လေ့လာကြည့်မိတယ်။ အောင်မြင်ရေးအတွက် ဟောပြောပွဲတွေ ဒုနဲ့ဒေး။ သင်တန်းတွေ ၊ သင်တန်းတွေဆို Facebook တစ်ခွင် ကြော်ငြာခြင်းတွေ ဗွက်ကိုထရော....။ ဒီတော့... ဘ၀ အောင်မြင်ရေးအတွက် လုပ်တဲ့ပွဲတွေမှာ ဘယ်သူတွေအောင်မြင်သွားခဲ့လဲ ။
ဟောပြောသွားတဲ့သူတွေကပဲ အောင်မြင်မှုတွေရရှိသွားပါတယ်။
ပရိတ်သတ်တွေ အများအပြား ပိုင်ဆိုင်သွားပါတယ်။ သူ့ Fan ကိုယ့် Fan
တွေဖြစ်လို့ဖြစ်၊ ဟိုဆရာ့ တပည့် ဒီဆရာ့ တပည့် နဲ့ ဓါတ်ပုံတွေရိုက် Facebook
ပေါ်တင် Tagged တွေတွဲ၊ ဟိုပွဲတက်တယ်၊ ဒီပွဲမှာ ရှိတယ်။ ဟောပြောပွဲတွေ ၊
သင်တန်းတွေ ကအပြန် ပေးသမျှလက်ဆောင်တွေ၊ Handout တွေ ယူပြီး အိမ်အရောက်
ကိုယ့်အတွက် ဘာတွေများအကျိုးရခဲ့လဲ။ ပညာတွေ ဘယ်လောက်မှတ်သားခဲ့ရလဲ
စဉ်းစားမိတဲ့သူများ ရှိနိုင်ကောင်း ရှိပါလိမ့်မယ်။
ပြောချင်တာက အောင်မြင်မှု (Success) ဆိုတာ ချမ်းသာကြွယ်ဝခြင်းလား၊ ကျော်ကြားခြင်းလား၊ စိတ်ချမ်းသာပျော်ရွှင်ခြင်းလား
၊ ခွဲခြားဖို့ခက်ခဲပါတယ်။ ငွေကြေးချမ်းသာလျက် မပျော်ရွှင်နိုင်တဲ့သူတွေ၊
နာမည်ကျော်ကြား လူသိများနေလဲပဲ စိတ်မချမ်းသာ မပျော်ရွှင်နိုင်သူတွေ
အများအပြားရှိပါတယ်။ တစ်ချို့လည်း ငွေကြေးလည်း မချမ်းသာ၊
ထင်ပေါ်ကျော်ကြားမှုလည်းမရှိ စိတ္တသုခ ခံစားနေရသူတွေလဲ ရှိနေပါတယ်။
ဒါကြောင့် အောင်မြင်မှု (Success) ဆိုတာ လူတစ်ဦးချင်းစီရဲ့ လက်ခံယူမှု သဘောမှာ မူတည်နေတယ်လို့ပြောရမလိုပါပဲ။ အောင်မြင်မှု(Success) အကြောင်း အလေးအနက်ထား စဉ်းစားကြည့်ပါ၊ အလွန်အင်မတန် ကြီးကျယ်သော ဒဿနတစ်ခု ပြဿနာတစ်ရပ်ဖြစ်ပါတယ်။
အောင်မြင်သူ လို့ လူအများသတ်မှတ်ထားတဲ့ သူတစ်ဦးရဲ့ ဘ၀နောက်ကြောင်း ထင်းရှားသော အဖြစ်အပျက်များကို တရားသေစွဲကိုင်လျက် ထပ်တူ အတုခိုးတတ်တဲ့ လူ့သဘောက ရှိနေလေတော့ ကိုယ် အတုယူမည့်သူရဲ့ ပဓာနကျသော အရည်အချင်းကို သိသာမြင်သာအောင် ကြိုးစားလေ့လာမှသာ တစ်ကယ့် စစ်မှန်တဲ့ အတူယူမှုမျိုးဖြစ်မှာပါ။ တစ်နေ့ နေ့၊ တစ်ချိန် ချိန်မှာ အလားတူအောင်မြင်နိုင်မည့် အတုယူမှုမျိုး ဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်ဘဲ လွယ်ကူရာ သာမညသဘော အရည်အချင်းလေးတွေကို အတုယူ လုပ်ကိုင်မိပါက ဒုက္ခများစရာများ ရှိလာနိုင်ပါတယ်။
ဥပမာ - နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦးကို အလွန်အားကျတယ်ဆိုပါဆို့ ၊ အဲဒီစာရေးဆရာကြီးဟာ ငယ်စဉ်ကစပြီး စာပေကို သဲသဲမဲမဲ လေ့လာလိုက်စားခဲ့သူဖြစ်တယ်။
ဒါပေမယ့် စာရေးဆရာကြီးက စာမရေးခင် ၊ စာရေးနေစဉ်မှာ ဆေးပြင်းလိပ်ကြီးခဲပြီး
စာရေးတာကို တလွဲ အတုယူပြီး၊ ဆေးပြင်းလိပ်ပဲ ခဲနေပါက စာပေပညာရှင် ဖြစ်မလာဘဲ
ဆေးလိပ်စော်နံသည့် လူတစ်ယောက်သာဖြစ်လာမှာပါ။
ဒါကြောင့်မို့ အောင်မြင်ကျော်ကြားတဲ့သူ ကိုယ့်ရဲ့ Role Model အဖြစ် အတုခိုးတယ်ဆိုတဲ့နေရာမှာ အပေါ်ယံသာမကြည့်ဘဲ အဓိက အနှစ်သာရကို အတုခိုးနိုင်ဖို့ အရေးကြီးပါတယ်။
ကိုယ့်ဘ၀ အနာဂတ်အတွက် အောင်မြင်မှု(Success) ကို မျှော်လင့်တမ်းတပြီး ဘယ်သူက လာခေါ်မလဲ ၊ ဘယ်သူက ကူညီပေးမလဲ၊ ဘယ်သူ့ဆီကမှ အကူညီတွေလာမလဲ ဆိုပြီး တောင့်တမနေနဲ့၊ မိမိကိုယ်တိုင် ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး အောင်မြင်မှု ပန်းတိုင်သို့ ရောက်အောင်သွားနိုင်ဖို့သာ အရေးကြီးပါတယ်။
မအောင်မြင်မှာ ကြောက်နေမယ်၊ သူတစ်ပါးအကူအညီကို စောင့်မျှော်နေပြီး အချိန်ဖြုန်းမနေပါနဲ့၊ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်သမျှကို လုပ်ပါ။ ကိုယ့်အရည်အချင်း အစွမ်းအစတွေ ထင်ပေါ်လာတဲ့အချိန်အခါ ကိုယ့်ကို ကူညီမယ့်သူ၊ ကိုယ့်ကို အသုံးချမယ့်သူ၊ ကိုယ်နဲ့ အကျိုးတူပူးပေါင်းလုပ်မယ့်သူတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ကိုယ့် အသိဥာဏ်ရှိတဲ့ အတိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင်တော့ အောင်မြင်မှု အဆင့် တစ်ဆင့်ပြီး တစ်ဆင့် ရောက်ရှိသွားမှာဖြစ်ပါတယ်။
မျှဝေခြင်းဖြင့်..........
Soe Minn Myat
ဒီနေ့ လူငယ်တိုင်း ၊ လူငယ်တိုင်း နေ့ချင်း ညချင်း အောင်မြင်မှု (Success) သို့ ရောက်ချင်သူများကို ကြုံတွေ့နေရတော့
အောင်မြင်မှု (Success) ဆိုတာဘာလဲ စဉ်းစားမိတယ်။ လေ့လာကြည့်မိတယ်။ အောင်မြင်ရေးအတွက် ဟောပြောပွဲတွေ ဒုနဲ့ဒေး။ သင်တန်းတွေ ၊ သင်တန်းတွေဆို Facebook တစ်ခွင် ကြော်ငြာခြင်းတွေ ဗွက်ကိုထရော....။ ဒီတော့... ဘ၀ အောင်မြင်ရေးအတွက် လုပ်တဲ့ပွဲတွေမှာ ဘယ်သူတွေအောင်မြင်သွားခဲ့လဲ
ဟောပြောသွားတဲ့သူတွေကပဲ အောင်မြင်မှုတွေရရှိသွားပါတယ
ပြောချင်တာက အောင်မြင်မှု (Success) ဆိုတာ ချမ်းသာကြွယ်ဝခြင်းလား၊ ကျော်ကြားခြင်းလား၊ စိတ်ချမ်းသာပျော်ရွှင်ခြင်းလ
ဒါကြောင့် အောင်မြင်မှု (Success) ဆိုတာ လူတစ်ဦးချင်းစီရဲ့ လက်ခံယူမှု သဘောမှာ မူတည်နေတယ်လို့ပြောရမလိုပါပ
အောင်မြင်သူ လို့ လူအများသတ်မှတ်ထားတဲ့ သူတစ်ဦးရဲ့ ဘ၀နောက်ကြောင်း ထင်းရှားသော အဖြစ်အပျက်များကို တရားသေစွဲကိုင်လျက် ထပ်တူ အတုခိုးတတ်တဲ့ လူ့သဘောက ရှိနေလေတော့ ကိုယ် အတုယူမည့်သူရဲ့ ပဓာနကျသော အရည်အချင်းကို သိသာမြင်သာအောင် ကြိုးစားလေ့လာမှသာ တစ်ကယ့် စစ်မှန်တဲ့ အတူယူမှုမျိုးဖြစ်မှာပါ။ တစ်နေ့ နေ့၊ တစ်ချိန် ချိန်မှာ အလားတူအောင်မြင်နိုင်မည့် အတုယူမှုမျိုး ဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်ဘဲ
ဥပမာ - နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦးကို အလွန်အားကျတယ်ဆိုပါဆို့ ၊ အဲဒီစာရေးဆရာကြီးဟာ ငယ်စဉ်ကစပြီး စာပေကို သဲသဲမဲမဲ လေ့လာလိုက်စားခဲ့သူဖြစ်တယ်။
ဒါကြောင့်မို့ အောင်မြင်ကျော်ကြားတဲ့သူ ကိုယ့်ရဲ့ Role Model အဖြစ် အတုခိုးတယ်ဆိုတဲ့နေရာမှာ အပေါ်ယံသာမကြည့်ဘဲ အဓိက အနှစ်သာရကို အတုခိုးနိုင်ဖို့ အရေးကြီးပါတယ်။
ကိုယ့်ဘ၀ အနာဂတ်အတွက် အောင်မြင်မှု(Success) ကို မျှော်လင့်တမ်းတပြီး ဘယ်သူက လာခေါ်မလဲ ၊ ဘယ်သူက ကူညီပေးမလဲ၊ ဘယ်သူ့ဆီကမှ အကူညီတွေလာမလဲ ဆိုပြီး တောင့်တမနေနဲ့၊ မိမိကိုယ်တိုင် ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီ
မအောင်မြင်မှာ ကြောက်နေမယ်၊ သူတစ်ပါးအကူအညီကို စောင့်မျှော်နေပြီး အချိန်ဖြုန်းမနေပါနဲ့၊ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်သမျှကို လုပ်ပါ။ ကိုယ့်အရည်အချင်း အစွမ်းအစတွေ ထင်ပေါ်လာတဲ့အချိန်အခါ ကိုယ့်ကို ကူညီမယ့်သူ၊ ကိုယ့်ကို အသုံးချမယ့်သူ၊ ကိုယ်နဲ့ အကျိုးတူပူးပေါင်းလုပ်မယ့်သ
မျှဝေခြင်းဖြင့်..........
Soe Minn Myat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။