Naing Soe added 4 new photos.Follow
"ရွှေ့ပြောင်းအခြေချဘဝမှ သမ္မတသို့"
-------------------------------------------
ကမ္ဘာကျော် ဘီလျံနာ သေဋ္ဌေးကြီး ဒေါ်နယ်
ထရမ့်တယောက် မနေ့ကစ၍ အမေရိကန်
ပြည်ထောင်စု၏ (၄၅) ယောက်မြောက်သော
သမ္မတ (45th President of the United
States) ဖြစ်ခဲ့ပါပြီ။
သူဘယ်လိုလူစားလဲ၊ ဘယ်လို ယုံကြည်
ချက်မျိုးတွေ ရှိတာလဲ၊ ဘယ်လိုမျိုးနွယ်က
ဆင်းသက်လာတယ်ဆိုတာကို သူ့ဘဝဖြစ်
စဉ် အကျဉ်းချုပ် အချို့နှင့်အတူ အနည်း
ငယ် နောက်ကြောင်းပြန်ရစ်ပြီး ပြောပြချင်
ပါတယ်။
ထရမ့်ရဲ့ အဖိုးနှင့် အဖွားသည် ဥရောပတိုက်
သားများ ဖြစ်၍ ဂျာမဏီနိုင်ငံ၏ (၁၆) ပြည်
နယ်မြောက်ဖြစ်သော 'ရိုင်းလန်း' ပြည်နယ်ရှိ
'ကားလ်စ်ရှဒ်တ် (Kallstadt)' မြို့မှာ မွေးဖွား
ခဲ့ကြသူတွေ ဖြစ်ပါတယ်။
ယခင်က ထိုပြည်နယ်ကို 'ဘာဗေးရီးယား
ဘုရင့်နိုင်ငံ (Kingdom of Bavaria) ဟု
ခေါ်ဆိုကြပါတယ်။
အဖိုးဖြစ်သူ 'ဖရက်ဒရစ် ထရမ့် (Frederick
Trump)' သည် အသက် (၁၆) နှစ် အရွယ်၊
(၁၈၈၅) ခုနှစ်မှာ ဂျာမဏီကနေ ရည်ရွယ်
ချက် ကြီးမားစွာဖြင့် အလုပ်အကိုင်တွေနှင့်
ချမ်းသာကြွယ်ဝမှု အခွင့်အလမ်းတွေ ပေါ
များရာ အမေရိကန် ပြည်ထောင်စု၊ နယူး
ယောက်မြို့ကို ပြောင်းရွှေ့ အခြေချခဲ့ပါ
တယ်။
အဲဒီနေ့ကတော့ (၁၆) အောက်တိုဘာလ၊
၁၈၈၅ ခုနှစ် ဖြစ်၍ ဆက်စပ်ပြီး စဉ်းစားရင်
မြန်မာပြည်က နောက်ဆုံးဘုရင်ဖြစ်တဲ့
သီပေါမင်း ပါတော်မူချိန် (၂၉) ရက်၊ နိုဝင်
ဘာလ (၁၈၈၅) ခုနှစ် မတိုင်မီ တစ်လ
အလိုမှာ ဖြစ်ပါတယ်။
ဆိုလိုချင်တာ အဲဒီ အချိန်ကတည်းက
အမေရိကန် ပြည်ထောင်စုဆိုတာ ကမ္ဘာ
ပေါ်ရှိ အခြားနိုင်ငံတွေနှင့်စာရင် လွန်စွာ
ခေတ်မီ တိုးတက်လျှက်ရှိပြီး ရွာနှင့် နှိုင်း
စာမယ် ဆိုရင်တော့ နိဗ္ဗာန်တမျှ ဖြစ်လျှက်
ရှိနေပါပြီ။
နယူးယောက် ရွှေမြို့တော်ကြီးသို့သမုဒ္ဒရာ
ကို ဖြတ်၍ မီးသင်္ဘောဖြင့် ရောက်ရှိလာသူ
ဖရက်ဒရစ်မှာ သားရေအိပ် သေတ္တာတစ်လုံး
သာပါရှိပြီး အင်္ဂလိပ်စကားလည်း မတတ်သ
လို အင်္ဂလိပ်စာလည်း မဖတ်တတ်ရှာပါ။
တိုက်မြင့်ကြီးတွေနှင့် ဓာတ်ရထားတွေ
ရှုတ်ရှက်ခတ်နေတဲ့ နယူးယောက်မြို့ရှိ
'မက်ဟန်တန် (Manhattan)' ရပ်ကွက်
မှာ ဆံသဆိုင်လေးဖွင့်၍ ဆံပင်ညှပ်စား
ခြင်းဖြင့် ဘဝကို စတင်ခဲ့ပါတယ်။
အဲဒီအချိန် မက်ဟန်တန်ရပ်ကွက်ဆိုတာ
အခြားတိုင်းပြည်များမှ ရွေ့ပြောင်းလာ
ရောက်သူ ဆင်းရဲသား ပျံကျသမားများ
ကျက်စား နေထိုင်ရာ နေရာတစ်ခုလို့
ဆိုနိုင်ပါတယ်။
ထိုနေရာတွင် (၆) နှစ်ကြာ နေထိုင်ခဲ့ပြီး၊
ငွေအနည်းအကျဉ်း စုဆောင်းမိပြီးနောက်
(၁၈၉၁) ခုနှစ်မှာ ရထားလက်မှတ်ကို (၃၅)
ဒေါ်လာနှင့်ဝယ်၍ အမေရိကန်ပြည်ထောင်
စု၏ အနောက်မြောက်ဖက် ကမ်းရိုးတန်းရှိ
ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ကား
လှသည့် ဆိပ်ကမ်းမြို့ကြီး တမြို့ဖြစ်သော
ဝါရှင်တန်ပြည်နယ် "ဆီးအက်တယ်လ်
(Seattle)' မြို့သို့ ရာက်ရှိလာခဲ့ပါတယ်။
ကောင်းဘွိုင် ရုပ်ရှင်တွေထဲကလို အရက်ဘား၊
ကပွဲ၊ လောင်းကစား၊ မိန်းမနှင့် ထိုးကြိတ်ပွဲတွေ
နှင့် စည်ကားလှတဲ့ ထိုမြို့မှာ ဒေါ်လာ အနည်း
ငယ်မျှနှင့် မြို့၏ အချက်အချာဖြစ်သော 'ဝါရှင်
တန် လမ်းမကြီး (Washington Street)' ပေါ်
တွင် အီတာလျံ စားတော်ကဲ (၂) ယောက်နှင့်
အတူ စားသောက်ဆိုင်ငယ် တစ်ခုကို စတင်
ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
လုပ်ငန်းအောင်မြင်တယ်ဟု ဆိုနိုင်သော်လည်း
ပဲ အရတ်ဘား၊ မိန်းမပျက်၊ လောင်းကစားနှင့်
ထိုးကြိတ်ပွဲတွေကြောင့် စိတ်ပျက်လက်လျော့ပြီး
ဒီထက် ပိုကောင်း၍ အမေရိကန် မီလျံနာသေဋ္ဌေး
ကြီး 'ရော့ဖဲလား ( John D. Rockefelle)' လိုလူ
မျိုးတောင် ရင်းနှီးမြုပ်နှံမှုရှိသည့် ရွှေတွင်းတွေ ရှိ
ရာ၊ ရွှေတွေထွက်ရာ ဆီးအက်တယ်လ်မြို့တောင်
ဘက်တွင်ရှိသော 'မွန်တီ ခရစ်တို (Monte Cris
-to) မြို့သို့ (၁၈၉၄) ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပါတော့
တယ်။
ရွှေထွက်ရာဒေသဖြစ်သလို ရာသီဥတုလည်း
ကြမ်းတမ်းပြီး ဒုစရိုက်၊ လောင်းကစားမှုတွေ
ပြည့်နှက်ရာ နေရာမှာပဲ စားသောက်ဆိုင်တ
ဆိုင်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အဓိက ရောင်းချတဲ့ စားစရာကတော့ 'မြင်း
သား ဘာဂါ (Horse Burger)' ဖြစ်ပါတယ်။
ကြမ်းတမ်းအေးခဲတဲ့ ရာသီဥတုကို ဖြတ်၍
ထိုမြို့သို့ လာရောက်သည့် ခရီးသည်များ
၏ မြင်းအချို့ လမ်းဘေး ချော်ကျ အေးခဲ
သေဆုံးမှုများရှိတာကြောင့် ထိုမြင်းသေများ
၏ အသားများကို အသုံးပြုဖို့ အကြံညဏ်
သစ် ရရှိကာ 'ဘာဂါ' လုပ် ရောင်းချခြင်းဖြင့်
စီးပွါး တိုးတက်ကာ ကြီးပွါး လာခဲ့ပါတယ်။
(၁၈၉၈) ခုနှစ်၊ မေလ အရောက်မှာတော့
ထရမ့်၏ အဖိုးဖြစ်သူ ဖရက်ဒရစ်မှာ ဟိုတယ်
နှစ်လုံး တည်ဆောက်ပြီးစီးကာ အရက်ဘား
တွေနှင့် မိန်းမပျက်များ ပါဝင်သော ဟိုတယ်
လုပ်ငန်းရှင် တယောက် ဖြစ်လို့ နေပါပြီ။
ရွှေတွင်းတူးလုပ်ငန်းကို လုံးဝ စိတ်ဝင်စားမှု
မရှိဘဲ ထိုရွှေတူးရာ မိုင်းလုပ်သားများကို
အစားအသောက်၊ အရက်များ ရောင်းချ၍
မိန်းမပျက်များနှင့် ပျော်ပါးစေရာ နေရာတစ်
ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ထို
သူများထံမှ လက်ခံရရှိသောငွေမှာ ဒေါ်လာ
များ မဟုတ်လေဘဲ ရွှေစ၊ ရွှေခဲ၊ ရွှေတုံးများ
သာ ဖြစ်ပါတော့တယ်။
မိုင်းလုပ်သား (၃,၀၀၀) ကျော် နေ့စဉ်ပျော်ပါး
စားသောက်ရာ ဖရက်ဒရစ်၏ ဟိုတယ်မှာ ထိုစဉ်
ကာလက လွန်စွာ နာမည်ကြီးသော ဟိုတယ်များ
ဖြစ်မည်ဆိုတာ မလွဲသလို ဒုစရိုက်မှုများ ပေါများ
လာခြင်းကြောင့် ဝါရှင်တန် စီရင်စုမှ အာဏာပိုင်
များ၏ အမိန့်ကြောင့် နောက်ဆုံးမှာ ဟိုတယ်ကို
ပိတ်၍ ဖျက်သိမ်းခြင်း ခံခဲ့ရပါတယ်။
ဖရက်ဒရစ်အတွက်တော့ ထိုသို့ ဖျက်သိမ်းခြင်း
ခံခဲ့ရသော်လည်း လက်ထဲတွင် ငွေအတော်များ
များ စုဆောင်းမိပြီးဖြစ်သလို အမေရိကန် နိုင်ငံ
သား အဖြစ်လည်း (၁၈၉၃) ခုနှစ်မှာ ခံယူပြီး ဖြစ်
ပါတယ်။
ဒီအချိန်ဟာ အိမ်ပြန်ခရီးအတွက် လှပသော
အချိန်ဖြစ်သလို အိမ်ထောင်ပြုရန် အခါသမ
ယလည်း ချိန်ခါသင့်ပြီမို့ ပိုင်ဆိုင်သမျှ အား
လုံးကို ရောင်းချ၍ ငွေထုပ်ကြီးပိုက်ကာ မွေး
ရပ် ဇာတိမြေ ဂျာမဏီနိုင်ငံ 'ကားလ်စ်ရှဒ်တ်'
မြို့သို့ (၁၉၀၁) ခုနှစ်မှာ ပြည်တော် ပြန်လာ
ခဲ့ပါတော့တယ်။
စိတ်ဝင်စားကြတယ် ဆိုရင်တော့ နောက်ပိုင်း
ဇာတ်လမ်းနှင့် သူ၏ သား၊ မြေး ထရမ့် (သမ္မတ)
တို့၏ လက်ရှိ ဘဝ တဆစ်ချိုး အကွေ့ကို
မည်သို့ မည်ပုံ ရောက်ရှိလာကြောင်း အပိုင်း
(၂) (၃) ကို ဆက်လက်ရေးပေးမည် ဖြစ်ပါ
ကြောင်း အသိပေးအပ်ပါလေတော့သတည်း။
(Andrew Soe)
၂၁ ဇန်နဝါရီ ၂၀၁၇။
ပုံများမှာ ထရမ့်နှင့် အဖိုးဖြစ်သူ ဖရက်ဒရစ်၏
ပုံအချို့ ဖြစ်ပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။