နောက်ဆုံးဆန္ဒ
##########%
“စိုးစိုးလာခဲ့စမ်း”
အသံရဲ့နောက်မှာ ဗြန်းခနဲ ဝါးခြမ်းပြားသံကြောင့် စိုးစိုးတစ်ယောက် တုန်သွားတယ်။ သူအကြောက်ဆုံးက အမေကြီးရဲ့ ခေါ်သံ။
စိုးစိုးက သူ့အဖွားရှေ့မှာ ကျုံ့ကျုံ့လေးထိုင်လိုက်တယ် ။ မျက်လုံးက ဝါးခြမ်းပြားပေါ်ကိုရောက်နေတ ယ်။
“မနက်က သင်ထားတာကို ထပြောစမ်း”
အဖွားရဲ့တစ်ချက်လွှတ်အမိန့်နဲ့ အဖွားသင်ထားတဲ့ ပုံပြင်ကို စက်ရုပ်လေးတစ်ရုပ်လို လှုပ်ခါပြီး ရွတ်ပြနေရတယ်။
“နင့် မျက်ခွက်က ဘာဖြစ်လို့ မဲ့ထားတာလဲ။ ပြုံးလိုက်စမ်း … ဖြန်း ..”
အိပ်ချင်နေတဲ့ စိုးစိုးကို အဖွားက ဝါးခြမ်းနဲ့ တင်ပါးကို တစ်ချက်ဆော်လိုက်တာ ထွန့်ထွန့်လူးရင်း မျက်ရည်တွေ ကျလာတယ်။
“အရည် မထွက်နဲ့ သေသွားမယ်။ အစကပြန်ပြော”
“ဟိုး … ရှေးရှေးတုန်းက …”
“အမေ .. ဆရာမလာနေပြီ .. စိုးစိုးကို လွှတ်လိုက်ပါဦး”
အောက်ထပ်က ခေါ်နေပြီ။ ကျူရှင်ဆရာမ လာနေပြီ။ လွယ်အိတ်လေးဆွဲပြီး မျက်ရည်သုတ်ဆင်းလာတဲ့ စိုးစိုးကို ကျူရှင်ဆရာမက
“ဘာလဲ .. စာသင်ရမယ်ဆိုတော့ မျက်ရည်ထွက်လာပြန်ပြီလား … ဒေါက်”
ဆရာမစကားနောက်မှာ လက်ခေါက်က စိုးစိုးခေါင်းပေါ်ကို ဒေါက်ခနဲကျလာတယ်။ ကျက်ထားတဲ့စာတွေကို မထစ်မငေါ့ ရွတ်ပြရပြန်ပြီ။ စိုးစိုးမေ့လို့ စဉ်းစားနေတုန်း
“ဒီစာကို ပြန်ဆိုခိုင်းနေတာ အကြိမ် တစ်ရာလောက်ရှိပြီ ခုထိ ချောချောမောမော မဆိုနိုင်သေးဘူး။ အသုံးမကျ တဲ့ကောင် .. ကဲ .. ဖြန်း .. ဖြန်း .. ဖြန်း”
ညဥ့်နက်နေပြီ။ စိုးစိုး အိပ်ချင်တယ်။ သင်္ချာတွေ မပြီးသေးဘူး။ ဧည့်ခန်းထဲမှာ အမေကြီးတို့ ရုပ်ရှင်ကြည့်နေတဲ့ အသံတွေကိုကြားနေတယ်။ စိုးစိုးလည်း ရုပ်ရှင်ကြည့်ချင်လိုက်တာ။ ငေးနေတဲ့ စိုးစိုးလက်ခေါက်ကို ဆရာမက ပေတံနဲ့ ဒေါက်ခနဲ ခေါက်လိုက်တယ်။
ညက ၁၁ နာရီထိုးမှအိပ်ရတယ်။ မနက် ၅ နာရီမှာ မေမေက လာနှိုးနေပြီ။ ကျောင်းကားက ၆ နာရီလာကြိုမှာ။ စိုးစိုး မထချင်သေးဘူး။ မေမေ့လက်ဝါးက တင်ပါးပေါ်ရောက်လာတော့ ရေချိုးခန်းထဲ ထပြေးရတယ်။ ချော်လဲ တော့ ဖေဖေက နမော်နမဲ့နိုင်တယ်ဆိုပြီး ဆောင့်ကန်လိုက်တယ်။
စိုးစိုး အိမ်သာထဲမှာ ထိုင်နေတယ်။ ၁၅ မိနစ် .. မိနစ် ၂၀ .. မိနစ် ၃၀
“ဟဲ့ … စိုးစိုး .. အိမ်သာထဲမှာ သေနေပြီလား”
တံခါးကို ဝုန်းခနဲ ဆောင့်ကန်ဖွင့်လိုက်သံကြားလိုက်ရတယ်။
စိုးစိုး မတုန်လှုပ်တော့ဘူး။ ဖေဖေကဆွဲခေါ်တယ်။ ခြေထောက်နဲ့ ကန်တယ်။ မေမေက
ခေါင်းကိုခေါက်တယ်။ ဖွားဖွားက ဝါးခြမ်းပြားနဲ့ဆော်တယ်။
စိုးစိုးရယ်ချင် လာတယ်။ အားရပါရ ရယ်လိုက်တယ်။ ပြီးတော့ စိတ်ထဲရှိတဲ့အတိုင်း အော်ချလိုက်တယ်။
“သွား … သွား … လူသတ်သမားတွေ … ကယ်ကြပါအုံး … ဒီမှာ လူသတ်နေကြပါတယ် .. ကယ်ကြပါအုံး” လို့ စိုးစိုး အသံကုန်အော်ပြီး ဝရံတာဘက်ထွက်လိုက်တယ်။ အပြင်မှာ ခိုလေးတွေ ပျံသွားတယ်။ စိုးစိုး ခိုလေးတစ် ကောင်ဖြစ်ချင်တယ်။ ဝရံတာပေါ်ကနေ စိုးစိုး လေထဲကို ပျံထွက်လိုက်တယ်။ သူနောက်ဆုံးအော်သွားတာက
“ပျော်လိုက်တာ” တဲ့။
Credit to Tin Nyunt
#waiyanphyo_yml
##########%
“စိုးစိုးလာခဲ့စမ်း”
အသံရဲ့နောက်မှာ ဗြန်းခနဲ ဝါးခြမ်းပြားသံကြောင့် စိုးစိုးတစ်ယောက် တုန်သွားတယ်။ သူအကြောက်ဆုံးက အမေကြီးရဲ့ ခေါ်သံ။
စိုးစိုးက သူ့အဖွားရှေ့မှာ ကျုံ့ကျုံ့လေးထိုင်လိုက်တယ်
“မနက်က သင်ထားတာကို ထပြောစမ်း”
အဖွားရဲ့တစ်ချက်လွှတ်အမိန့်န
“နင့် မျက်ခွက်က ဘာဖြစ်လို့ မဲ့ထားတာလဲ။ ပြုံးလိုက်စမ်း … ဖြန်း ..”
အိပ်ချင်နေတဲ့ စိုးစိုးကို အဖွားက ဝါးခြမ်းနဲ့ တင်ပါးကို တစ်ချက်ဆော်လိုက်တာ ထွန့်ထွန့်လူးရင်း မျက်ရည်တွေ ကျလာတယ်။
“အရည် မထွက်နဲ့ သေသွားမယ်။ အစကပြန်ပြော”
“ဟိုး … ရှေးရှေးတုန်းက …”
“အမေ .. ဆရာမလာနေပြီ .. စိုးစိုးကို လွှတ်လိုက်ပါဦး”
အောက်ထပ်က ခေါ်နေပြီ။ ကျူရှင်ဆရာမ လာနေပြီ။ လွယ်အိတ်လေးဆွဲပြီး မျက်ရည်သုတ်ဆင်းလာတဲ့ စိုးစိုးကို ကျူရှင်ဆရာမက
“ဘာလဲ .. စာသင်ရမယ်ဆိုတော့ မျက်ရည်ထွက်လာပြန်ပြီလား … ဒေါက်”
ဆရာမစကားနောက်မှာ လက်ခေါက်က စိုးစိုးခေါင်းပေါ်ကို ဒေါက်ခနဲကျလာတယ်။ ကျက်ထားတဲ့စာတွေကို မထစ်မငေါ့ ရွတ်ပြရပြန်ပြီ။ စိုးစိုးမေ့လို့ စဉ်းစားနေတုန်း
“ဒီစာကို ပြန်ဆိုခိုင်းနေတာ အကြိမ် တစ်ရာလောက်ရှိပြီ ခုထိ ချောချောမောမော မဆိုနိုင်သေးဘူး။ အသုံးမကျ တဲ့ကောင် .. ကဲ .. ဖြန်း .. ဖြန်း .. ဖြန်း”
ညဥ့်နက်နေပြီ။ စိုးစိုး အိပ်ချင်တယ်။ သင်္ချာတွေ မပြီးသေးဘူး။ ဧည့်ခန်းထဲမှာ အမေကြီးတို့ ရုပ်ရှင်ကြည့်နေတဲ့ အသံတွေကိုကြားနေတယ်။ စိုးစိုးလည်း ရုပ်ရှင်ကြည့်ချင်လိုက်တာ။ ငေးနေတဲ့ စိုးစိုးလက်ခေါက်ကို ဆရာမက ပေတံနဲ့ ဒေါက်ခနဲ ခေါက်လိုက်တယ်။
ညက ၁၁ နာရီထိုးမှအိပ်ရတယ်။ မနက် ၅ နာရီမှာ မေမေက လာနှိုးနေပြီ။ ကျောင်းကားက ၆ နာရီလာကြိုမှာ။ စိုးစိုး မထချင်သေးဘူး။ မေမေ့လက်ဝါးက တင်ပါးပေါ်ရောက်လာတော့ ရေချိုးခန်းထဲ ထပြေးရတယ်။ ချော်လဲ တော့ ဖေဖေက နမော်နမဲ့နိုင်တယ်ဆိုပြီး ဆောင့်ကန်လိုက်တယ်။
စိုးစိုး အိမ်သာထဲမှာ ထိုင်နေတယ်။ ၁၅ မိနစ် .. မိနစ် ၂၀ .. မိနစ် ၃၀
“ဟဲ့ … စိုးစိုး .. အိမ်သာထဲမှာ သေနေပြီလား”
တံခါးကို ဝုန်းခနဲ ဆောင့်ကန်ဖွင့်လိုက်သံကြားလ
စိုးစိုးရယ်ချင် လာတယ်။ အားရပါရ ရယ်လိုက်တယ်။ ပြီးတော့ စိတ်ထဲရှိတဲ့အတိုင်း အော်ချလိုက်တယ်။
“သွား … သွား … လူသတ်သမားတွေ … ကယ်ကြပါအုံး … ဒီမှာ လူသတ်နေကြပါတယ် .. ကယ်ကြပါအုံး” လို့ စိုးစိုး အသံကုန်အော်ပြီး ဝရံတာဘက်ထွက်လိုက်တယ်။ အပြင်မှာ ခိုလေးတွေ ပျံသွားတယ်။ စိုးစိုး ခိုလေးတစ် ကောင်ဖြစ်ချင်တယ်။ ဝရံတာပေါ်ကနေ စိုးစိုး လေထဲကို ပျံထွက်လိုက်တယ်။ သူနောက်ဆုံးအော်သွားတာက
“ပျော်လိုက်တာ” တဲ့။
Credit to Tin Nyunt
#waiyanphyo_yml
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။