Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 27, 2017

အာရုံစူးစိုက်လုပ်ပါ



Bamaw Thein Pe added 2 new photos.

ကြီးပွားအောင်မြင်ရေးအကျင့် (၁၈)
#အာရုံစူးစိုက်လုပ်ပါ
ဒီနေ့ခေတ်မှာ multi-tasking ဆိုတဲ့ စကားလုံးဟာ အတော်လေး ခေတ်စားနေပါတယ်။ လူတစ်ယောက်ဟာ တပြိုင်နက်ထဲမှာ အလုပ်အများကြီး လုပ်နိုင်ခြင်းကို ဆိုလိုတာပါ။ ကုမ္ပဏီတွေမှာ လူတစ်ယောက်ဟာ အလုပ် ၄ - ၅ မျိုး လုပ်တတ်တဲ့အတွက် ဝန်ထမ်းအများကြီး မခန့်တော့ဘဲ လူနည်းနည်းနဲ့ ကြဲကြဲဝိုင်းလုပ်တဲ့ သဘောပါ။ ဒါပေမဲ့ multi-tasking ကို အောင်မြင်ကြီးပွားသူတွေ လုံးဝမသုံးကြပါ။ ဘာကြောင့်လဲဆိုတော့ အလုပ်တစ်ခုထက်မကပဲ အလုပ် ၃ - ၄ မျိုးကို တပြိုင်နက်ထဲ လုပ်တတ်သူဟာ ဘယ်အလုပ်ကိုမှ ရာနူန်းပြည့် အာရုံစိုက်မလုပ်ဘဲ အရည်အသွေးမီတဲ့ အလုပ်ဖြစ်အောင် မလုပ်နိုင်ကြလို့ပါ။
ဥပမာ ပြောပြပါမယ်။ လူတစ်ယောက်ဟာ သတင်းစာဖတ်ရင်း တီဗီကြည့်တယ်ဆိုပါစို့။ သတင်းစာကိုလည်း ဖတ်ပြီးသွားပြီ။ ကြည့်နေတဲ့ တီဗီအစီအစဉ်လည်း ပြီးသွားပြီ ဆိုပါစို့။ သူ့ကို သတင်းစာထဲက အချက်အလက်အသေးစိပ်ကို မေးကြည့်ပါ။ သူ ဖြေနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတိုင်းပဲ တီဗီဇာတ်လမ်းထဲက မင်းသား၊ မင်းသမီးတွေ ဘာပြောကြသလဲ၊ ဇာတ်လမ်းအသေးစိပ်ကို မေးကြည့်လိုက်ပါ။ ဒါလည်း သူ သိသလို မသိသလို ဖြေပါလိမ့်မယ်။ ဘာကြောင့် သူ ဒီလိုဖြစ်ရတာလဲ။ လူ့ဦးနှောက်ဟာ အလုပ် ၂ ခု သို့မဟုတ် ၂ ခုထက်ပိုတဲ့ အလုပ်ကို အာရုံပြည့် စူးစိုက်လုပ်နိုင်တဲ့ စွမ်းရည်မရှိလို့ပါ။
အလုပ်တစ်ခုထဲကိုဲ့ အာရုံစူးစိုက်လုပ်တတ်သူဟာ ဦးနှောက်ရဲ့ စွမ်းအားအပြည့်ကို အသုံးချနိုင်လို့ အောင်မြင်မှုရတတ်ကြပါတယ်။ အလုပ်တစ်ခုထဲ အာရုံစိုက်လုပ်လို့ အောင်မြင်မှုရတဲ့ အကြောင်းတွေကို ဥပမာလေးတွေနဲ့ ရှင်းပြချင်ပါတယ်။
- လမ်းဘေးမှာ လက် ၂ ဖက်စလုံး လက်မောင်းရင်းကနေ ပြတ်နေတဲ့ လူတစ်ယောက် တောင်းစားနေတာကို မြင်ဖူးတယ်။ သူဟာ ပါးစပ်က “သနားကြပါ၊ ထမင်းဖိုး ဟင်းဖိုးလေး စွန့်ကြဲပေးကမ်း သနားကြပါ”လို့ တစာစာ အော်ပြီး တောင်းနေတာ မဟုတ်ပါဘူး။ မြေကြီးပေါ် ဖျာခင်းပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ သူ့ရှေ့မှာ ဖြန့်ခင်းထားတဲ့ စာရွက်တွေပေါ် ခြေချောင်းကြားမှာ စုတ်တံညှပ်ပြီး ပန်းချီလှလှလေးတွေ ဆွဲပြပြီး စေတနာရှိသူတွေထံက အလှူခံနေတာပါ။ ဝိုင်းအုံကြည့်နေကြတဲ့ လူတွေဟာ သူ့ကို သနားတာရယ်၊ သူ့ရဲ့ ခြေထောက်ကို သုံးပြီး ပန်းချီဆွဲတာကို သဘောကျတာရယ်၊ ဆွဲပြတဲ့ ပန်းချီပုံလေးတွေကလည်း လှပတာကြောင့် သူ့ရှေ့မှာ ချထားတဲ့ ခွက်ထဲကို ငွေအကြွေစေ့ထဲ ထည့်ပေးရင်း အားပေးကြတယ်။
-
- တစ်ခါမှာလည်း ဘတ်စ်ကားဂိတ်မှာ တောင်းစားနေတဲ့ မျက်မမြင်တစ်ယောက်ကို တွေ့ဖူးတယ်။ သူလည်း ပါးစပ်က တစာစာအော်ပြီး တောင်းနေတာ မဟုတ်ပါဘူး။ ကုလားထိုင်တစ်လုံးမှာ အကျအနထိုင်ရင်း ဂစ်တာကို ကိုယ်တိုင်တီးပြီး သီချင်းဆိုပြနေတာပါ။ အနားမှာ ချထားတဲ့ sound box ဆောင်းဘောက်ကနေ အီလက်ထရောနစ် အော်ဂင်သံ၊ ဘေ့စ်သံ၊ ဒရမ်တီးသံတွေလည်း နောက်ခံဂီတသံအနေနဲ့ ပေါ်ထွက်နေပါတယ်။ သူက အင်္ဂလိပ်သီချင်းတွေကို ဆိုပြနေတာပါ။ သူဆိုတဲ့ သီချင်းတွေဟာ မူရင်းအဆိုတော်ရဲ့ အသံနဲ့ တူအောင်ဆိုနိုင်တာရယ်၊ ဂစ်တာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တာရယ်ကြောင့် လူအများကြီး ဝိုင်းအုံ အားပေးကြတယ်။ သူ သီချင်းတစ်ပုဒ်ဆိုပြီးတိုင်း လူတွေက လက်ခုတ်တီး အားပေးကြတယ်။ ငွေအကြွေတွေကို သူ့ရှေ့က စက္ကူပုံးထဲကို ထည့်ပေးကြတယ်။
-
စောစောက လက် ၂ ဖက်ပြတ်နေသူဟာ ဘာလို့ ခြေထောက်နဲ့ ပန်းချီဆွဲတာ ကျွမ်းကျင်ရတာလဲ။ သူ့မှာ လက်တွေ မရှိတော့ ခြေထောက်ကိုပဲ အားကိုးရတော့မယ်။ ခြေထောက်ကို အာရုံပြည့်ထားပြီး လေ့ကျင့်လိုက်လို့ ခြေအစွမ်းပြနိုင်တာပါ။ မျက်စေ့မမြင်သူဟာ ဘာလို့သီချင်းဆို ကောင်းရတာလဲ။ ဂစ်တာကို ဘာလို့ ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ရတာလဲ။ သူလည်း စောစောက လက်ပြတ်နေသူလိုပါပဲ၊ မျက်စေ့အစုံကို အားမကိုးရတော့လို့ နားအစုံနဲ့ လက်တွေကိုပဲ အားကိုးရတော့တယ်။ နားကို အာရုံစိုက်ပြီး နာမည်ကျော်အဆိုတော်တွေရဲ့ အင်္ဂလိပ်သီချင်းတွေကို နားထောင်လေ့ကျင့်လို့ မူရင်းအဆိုရှင်တွေရဲ့ ဆိုပုံဆိုဟန် အသံအနိမ့်အမြင့်တွေကို တသွေမတိမ်း အတုယူ သီဆိုနိုင်ခဲ့တာပါ။
ဒါကြောင့် ဘာအလုပ်ကိုပဲ လုပ်လုပ် ရာနူန်းပြည့် အာရုံစူးစိုက်လုပ်ပါ။ ကျောင်းသားဟာ ကျောင်းစာတစ်မျိုးထဲ အာရုံစူးစိုက် အလုပ်လုပ်ရင် ပညာရေးမှာ ထူးချွန်မှာပါ။ ဒီလိုမှ မဟုတ်ဘဲ သီချင်းဆိုချင်တယ်။ ကွန်ပျူတာဂိမ်းလည်း ဆော့ချင်သေးတယ်။ သူငယ်ချင်းတွေနဲ့ အပျော်အပါး လိုက်စားချင်သေးတယ်။ ရည်စားလည်း ထားလိုက်သေးတယ်။ အဲဒီလို အာရုံထွေပြားနေသူဟာ ဘယ်တော့မှ အောင်မြင်ကြီးပွားမှာ မဟုတ်ပါဘူး။
စီးပွားရေးလုပ်ငန်းလုပ်သူဟာလည်း မိမိ တကယ်စိတ်ဝင်စားတဲ့ ကျွမ်းကျင်တဲ့ လုပ်ငန်းတစ်ခုကိုပဲ ဇောက်ချမလုပ်ဘဲ ဟိုအလုပ်ကောင်းနိုးနိုး ဒီအလုပ်က အမြတ်ရနိုးနိုးနဲ့ တစ်ခုပြီး တစ်ခု စမ်းတဝါးဝါး လျှောက်လုပ်နေရင် အောင်မြင်မှုရဖို့ ခဲယဉ်းပါလိမ့်မယ်။
ဒါကြောင့် အောင်မြင်ကြီးပွားချင်ရင် မိမိစိတ်ဝင်စားတဲ့ အလုပ်တစ်ခုထဲမှာပဲ အာရုံပြည့် စူးစိုက်လုပ်ကိုင်ပါ။
ဗန်းမော်သိန်းဖေ
၂၈-၀၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။