Thorn Nay Soe
မြန်မာပြည်
ဆင်းရဲတာ မဟုတ်ဘူး
မြန်မာပြည်သူတွေ ဆင်းရဲတာ။
ဦးနေဝင်း ရာထူးပြုတ်တာ
ဘယ်လောက်ကြာပလဲ။
သူလဲဆုံး၊ သူ့မိသားစုအားလုံး
ထောင်ကျ ဒုက္ခဖြစ်
ဒါပေမဲ့ ခုထိ
သုံးမကုန်အောင် ချမ်းသာတုန်းပဲ။
မြေးတော်လေးရော ဒီတိုင်းပဲ။
ဘာအလုပ်မှသာ မလုပ်တာ
လူက ချာတိတ်လေးပေမယ့်
ချမ်းသာလိုက်တာ ကျိကျိတက်။
ဒီလိုပဲ ကြီးကြီးမာစတာကြီးတွေရဲ့
မိသားစုတွေတိုင်းဟာ
ဆင်းရဲတာ တစ်ယောက်မှ မရှိဘူး။
ဆင်းရဲဖို့ မပြောနဲ့
တော်ရုံတန်ရုံချမ်းသာတာတောင်
တစ်ယောက်မှ မရှိဘူး
အားလုံးကျိကျိတက်။
ငွေကို ငွေလို့ မထင်လောက်အောင်
သုံးမကုန် ဖြုန်းမကုန် ချမ်းသာလွန်းသူတွေ
ချည်းပဲ။
လူသန်း၆၀ ဝေမျှသုံးရမယ့် ပိုက်ဆံတွေကို
သူတို့ တစ်စုထဲက မဆန့်မပြဲ
လုယူထားပြီး သုံးဖြုန်းနေမှတော့
ပြည်သူတွေမှာ ခုထိ ခံပေဦးပေါ့။
ပိုပြီးဆိုးတာက အဲ့ဒီ အဘအသိုင်းအဝိုင်းဟာ
ပိုက်ဆံသုံးစရာရှိတဲ့အခါ
ပြည်ပမှာချည်း သုံးဖြုန်းကြတယ်။
သူတို့ ပိုက်ဆံတွေ
ပြည်ပမှာ အပ်ထားတယ်။
ရှော့ပင်းထွက်လည်း ပြည်ပ
ပညာသင်လဲ ပြည်ပ
အိမ်တွေဝယ်လဲ ပြည်ပ
ဆေးကုသလည်း ပြည်ပ
ဒီလိုနဲ့ ပြည်တွင်းမှာ လှည့်ပတ်သုံးစွဲငွေ
လျှော့လျှော့လာတယ်။
ပြည်သူတွေအနေနဲ့ သိသင့်တာက
သူတို့ သုံးဖြုန်းနေတာ
ခင်ဗျားတို့ ပိုက်ဆံတွေ။
သူတို့ ဖြုန်းတီးနေတာ
ခင်ဗျားတို့ ရပိုင်ခွင့်တွေ။
သုံးမကုန်အောင် ချမ်းသာတုန်းပဲ။
မြေးတော်လေးရော ဒီတိုင်းပဲ။
ဘာအလုပ်မှသာ မလုပ်တာ
လူက ချာတိတ်လေးပေမယ့်
ချမ်းသာလိုက်တာ ကျိကျိတက်။
ဒီလိုပဲ ကြီးကြီးမာစတာကြီးတွေရဲ့
မိသားစုတွေတိုင်းဟာ
ဆင်းရဲတာ တစ်ယောက်မှ မရှိဘူး။
ဆင်းရဲဖို့ မပြောနဲ့
တော်ရုံတန်ရုံချမ်းသာတာတောင်
တစ်ယောက်မှ မရှိဘူး
အားလုံးကျိကျိတက်။
ငွေကို ငွေလို့ မထင်လောက်အောင်
သုံးမကုန် ဖြုန်းမကုန် ချမ်းသာလွန်းသူတွေ
ချည်းပဲ။
လူသန်း၆၀ ဝေမျှသုံးရမယ့် ပိုက်ဆံတွေကို
သူတို့ တစ်စုထဲက မဆန့်မပြဲ
လုယူထားပြီး သုံးဖြုန်းနေမှတော့
ပြည်သူတွေမှာ ခုထိ ခံပေဦးပေါ့။
ပိုပြီးဆိုးတာက အဲ့ဒီ အဘအသိုင်းအဝိုင်းဟာ
ပိုက်ဆံသုံးစရာရှိတဲ့အခါ
ပြည်ပမှာချည်း သုံးဖြုန်းကြတယ်။
သူတို့ ပိုက်ဆံတွေ
ပြည်ပမှာ အပ်ထားတယ်။
ရှော့ပင်းထွက်လည်း ပြည်ပ
ပညာသင်လဲ ပြည်ပ
အိမ်တွေဝယ်လဲ ပြည်ပ
ဆေးကုသလည်း ပြည်ပ
ဒီလိုနဲ့ ပြည်တွင်းမှာ လှည့်ပတ်သုံးစွဲငွေ
လျှော့လျှော့လာတယ်။
ပြည်သူတွေအနေနဲ့ သိသင့်တာက
သူတို့ သုံးဖြုန်းနေတာ
ခင်ဗျားတို့ ပိုက်ဆံတွေ။
သူတို့ ဖြုန်းတီးနေတာ
ခင်ဗျားတို့ ရပိုင်ခွင့်တွေ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။