ဟိုဘက်အိမ်က အဘွားကြီး...
###################*
"ဘေးအိမ်က အဘွားကြီးက သိပ်ရှည်တာပဲ၊
ကိုယ်နဲ့ မဆိုင်တာတွေ ဝင်ဝင်ပါတယ်၊ အမြင်ကတ်တယ်"
အသက် ၇၀ အရွယ် ဘေးအိမ်က အဘွားက
သူတို့အဝတ်တွေ အပြင်မှာ လှန်းထားတာမြင်တိုင်း...
"ဟဲ့ ဟိုဘက်အိမ်က အငယ်မတို့၊ အကြီးကောင်တို့
နင်တို့ အဝတ်တွေ ရုပ်ကြဦးလေ၊ တော်ကြာနေ
မှောင်တော့မယ်၊ သူခိုးက ဒါလိုက်ချောင်းနေတာအေ့"
ဒါမှမဟုတ်လည်း
"ဟဲ့ အဝတ်တွေ မရုပ်ကြသေးဘူးလား၊ မိုးတွေက မည်းနေပြီ"
ဆိုပြီး အဝတ်တွေ အပြင်မှာ လှန်းထားတာမြင်တိုင်း
နေ့စဉ်ရက်ဆက် သတိပေးတတ်တယ်...
ဒါကို သူတို့က
"အဘွားကြီး မဆီမဆိုင်တွေ ဝင်ပါနေတယ်၊
ကိုယ့်အဝတ်ကိုယ် ဘယ်လိုလှန်းလှန်း
သူ့အပူ ဘယ်နှပြား ပါတာကျနေတာပဲ" ဆိုပြီး
ကျိန်ဆဲတတ်တယ်၊ တစ်ခါတစ်လေ စောက်တွေ
ဘာတွေတောင်သုံးပြီး မေတ္တာပို့တတ်တယ်...
ဒါပေမဲ့ အဘွားကြီးကတော့ ဒါတွေ ဂရုမစိုက်ဘူး
သူကတော့ သူ့ဝသီအတိုင်း အဝတ်တွေ လှန်းထားပြီး
တော်တော်နဲ့ မရုပ်ရင် အမြဲလိုလို သတိပေးမြဲပဲ...
ဒီလိုနဲ့ တစ်ရက်ကျတော့ အဘွားကြီးလုပ်သူခင်ဗျာ
ကောက်ကာငင်ကာနဲ့ လေဖြတ်သွားပါလေရော...
အစပိုင်းတော့ ဘေးအိမ်က အဘွားကြီး လေဖြတ်သွားတဲ့
ကိစ္စက သူတို့အတွက် တော်တော်နားပူသက်သာပါတယ်
ပျော်သလိုလိုတောင်ရှိသေး...
ကိုယ့်အဝတ်ကိုယ် ဘယ်လိုလှန်းလှန်း ပြောမယ့်သူ
မရှိသလို၊ ခါတိုင်းပြောနေကျ အဘွားကြီးခင်ဗျာမှာလည်း
အိပ်ယာထက်မှာ သေမင်းနဲ့ စစ်ခင်းနေရပြီကို...
ဒီလိုနဲ့ သိပ်မကြာဘူး တစ်ရက်ကျတော့ သူတို့အဝတ်တွေ
အပြင်မှာလှန်းပြီး မရုပ်မိလိုက်တာ၊ နောက်နေ့မနက်ကျတော့
ပျောက်ပါလေရော...
"ငါ့ရဲ့သောင်းချီတန်တဲ့ အဝတ်တော့ ပါသွားပြီ"
"သမီးက ဟိုနေ့ကမှ ကြိုက်လွန်းလို့ ဝယ်ထားတာလေး"
"နင်တို့က အိမ်မှာနေပြီး အဝတ်တွေ မရုပ်ဘဲ
ဘာလုပ်နေတာလဲ"
"ဟဲ့ နင်ပြန်လာတော့ အဝတ်တွေ မရုပ်ရသေးတာ
တွေ့ရင် တစ်ခါတည်း ရုပ်လာပါတော့လား၊ အခုမှ"
"ငါထင်တာတော့ လမ်းထိပ်က ကောင်လေးတွေပဲနေမှာ
အဲ့ကောင်လေးတွေက ခြေဆော့လက်ဆော့ရှိမယ့်ပုံ"
စသဖြင့် တစ်အိမ်လုံးကို ပွက်လောရိုက်ပါလေရော...
ဒီလိုနဲ့ နောက်တစ်ရက်ကျတော့လည်း
သူတို့အဝတ်တွေခင်ဗျာ အချိန်မှီ မရုပ်မိပြန်လို့
မိုးရေတွေ ရွှဲရွှဲစိုကုန်ပြန်ပါရော...
ဒီတော့မှ တဖြည်းဖြည်းနဲ့ သူတို့ သဘောပေါက်လာတယ်
ဘာကိုလဲဆိုတော့ သူတို့ တချိန်က နားငြီးလိုက်တာဆိုပြီး
မြည်တွန်တောက်တီးခဲ့တဲ့ ဟိုဘက်အိမ်က အဘွားကြီးရဲ့
သတိပေး စကားသံတွေကိုပေါ့...
ပိုပိုသာသာလေး ပြောရရင်
အဘွားကြီးရဲ့ တန်ဖိုးတွေပေါ့...
သူတို့ဘဝအတွက် အရေးမပါတဲ့အပြင်
နားတောင်ငြီးသေးတဲ့ အဘွားကြီးရဲ့ဘာမဟုတ်တဲ့
သတိပေးစကားသံတွေဟာ နေ့စဉ်ရက်ဆက်
ကြားနေရချိန်မှာတော့ အဓိပ္ပာယ်မရှိတဲ့ အပိုဆာဒါးတွေ
ဖြစ်ခဲ့ပေမယ့်...
တတယ်တမ်း အဘွားကြီး လေဖြတ်ပြီး
အိပ်ယာထဲလဲသွားချိန်မှာတော့ အဘွားကြီးရဲ့
စကားသံတွေဟာ သူတို့အတွက်တော့ အဖိုးတန်ခဲ့ပါပြီ...
ရှိနေစဉ်၊ ကြားနေစဉ်၊ ရနေစဉ်၊ ကြုံနေစဉ်တွေမှာ
မထားဖြစ်ခဲ့တဲ့ တန်ဖိုးတွေ၊ သတိမမူမိခဲ့တဲ့ အရာတွေဟာ
အဲ့ဒီအရာတွေ မရှိတော့တဲ့ တစ်နေ့ကျမှ
သူတို့ရဲ့တန်ဖိုးတွေ၊ ဂုဏ်သတ္တိတွေကို
အဆုံးစွန်ဆုံးအထိ သိမြင်ခံစားနိုင်တာမျိုးမလား...
ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာအားလုံးကို
အမှတ်တမဲ့မှအစ တန်ဖိုးထားတတ်နိုင်ကြပါစေ
နှလုံးသားရှိတဲ့သက်ရှိကိုဖြ စ်ဖြစ်
နှလုံးသားမဲ့တဲ့သက်မဲ့ကိုဖြ စ်ဖြစ်...
Wai Phyo Maung
photo credit
မေသတင်းရပ်ကွက်လေး

အိပ်ယာထဲလဲသွားချိန်မှာတော့
စကားသံတွေဟာ သူတို့အတွက်တော့ အဖိုးတန်ခဲ့ပါပြီ...
ရှိနေစဉ်၊ ကြားနေစဉ်၊ ရနေစဉ်၊ ကြုံနေစဉ်တွေမှာ
မထားဖြစ်ခဲ့တဲ့ တန်ဖိုးတွေ၊ သတိမမူမိခဲ့တဲ့ အရာတွေဟာ
အဲ့ဒီအရာတွေ မရှိတော့တဲ့ တစ်နေ့ကျမှ
သူတို့ရဲ့တန်ဖိုးတွေ၊ ဂုဏ်သတ္တိတွေကို
အဆုံးစွန်ဆုံးအထိ သိမြင်ခံစားနိုင်တာမျိုးမလာ
ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာအားလုံးကို
အမှတ်တမဲ့မှအစ တန်ဖိုးထားတတ်နိုင်ကြပါစေ
နှလုံးသားရှိတဲ့သက်ရှိကိုဖြ
နှလုံးသားမဲ့တဲ့သက်မဲ့ကိုဖြ
Wai Phyo Maung
photo credit
မေသတင်းရပ်ကွက်လေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။