"သို့
သားထံ ပို့စာ"
_________________________
အဝေးမြေကသား သိစေဖို့
အဖေပါးလိုက်တဲ့ စာလေးတစောင်ပါ
တိုင်းတပါးမှာ တကိုယ်တည်း ရယ်နဲ့
အဆင်မှ ပြေပါလေစ သားလို့ မေးလိုက်တိုင်း
ပြေပါတယ် အဖေရယ် ဆိုတဲ့ သားစကား
ဟုတ်များ ဟုတ်ပါရဲ့လားလို့ သေချာ ဆန်းစစ်ပါ သား..
ရုပ်ပိုင်းဆိုင်ရာ ပြေလည်ရုံနဲ့
စိတ်ဓာတ်တွေ အကျဉ်းချခံထားပြီး
ငွေဆိုတဲ့ ဓားတစ်လက်ကို ပိုင်ဆိုင်ရဖို့အရေး
မိသားစုထမင်းဝိုင်း အေးစက်ခံခဲ့တာ
တန်မှ တန်ပါရဲ့လား ငါ့သားရယ်...
မိသားစုဆိုတာ
အဖေအမေ သားသမီး
စုစည်းတည်ဆောက်ထားတဲ့ ကမ္ဘာငယ်တစ်ခုပါ
အခုလိုကွဲပြားနေဖို့ မဟုတ်ဘူး ငါ့သား...
မင်းတို့ဘိုးဘေး လက်ထက်
ကတည်းက ဒီလယ် ဒီယာ ဒီမြေနဲ့ အသက်ဆက်လို့
အဖေတို့ လို လယ်သမားတွေ သီချင်းလေး
တကြော်ကြော်နဲ့ ဟစ်ပျော်ပြီးသာယာ ခဲ့ကြတယ်
ဒီလယ် ဒီမြေ ဒီယာကွင်းက မိသားစုဝမ်း ဝ ရုံမက
နွေးထွေးမူ့လည်း ပြည့်ခဲ့တယ်
သားရေ
လယ်သမားတယောက်အတွက်
စပါးမထွက်တဲ့နှစ်တွေမှာ မိသားစု ၀မ်းရေးအတွက်
အသက်ရှူ ကျပ်တာမဆန်းတော့ပါဘူး
ရေကြည်ရာမြက်နုရှာရင်း
လစာဘယ်လောက်ကောင်းကောင်း
ငွေတွေ ဘယ်လောက်ရရ မိသားစုနဲ့ဝေးကွာသူတိုင်းမှာ
အဆင်ပြေပါတယ် ဆိုတဲ့ စကားနဲ့ အနေ ကျတ် နေမယ်ဆိုတာ အဖေ သိပါတယ် သားရယ်....
မဖြေသာတဲ့ သားရင်မှာ
ဝေဒနာ အစု အဝေးတွေနဲ့ မွေးရပ်မြေကို
ဆွေးနေမယ်မယ်ဆိုရင်အတွေး သံသရာမှာ နစ်မျောမနေပဲ
မွေးဌာနေ ကိုသာ ပြန်ခဲ့ပါတော့လား...သား...
သတိရချင်းများစွာဖြစ်.
သားချစ်တဲ့ အဖေ...
✒လေးစားစွာဖြင့်
🖍credit to ကျွဲကျောင်းသား
Ph..credit
သားထံ ပို့စာ"
_________________________
အဝေးမြေကသား သိစေဖို့
အဖေပါးလိုက်တဲ့ စာလေးတစောင်ပါ
တိုင်းတပါးမှာ တကိုယ်တည်း ရယ်နဲ့
အဆင်မှ ပြေပါလေစ သားလို့ မေးလိုက်တိုင်း
ပြေပါတယ် အဖေရယ် ဆိုတဲ့ သားစကား
ဟုတ်များ ဟုတ်ပါရဲ့လားလို့ သေချာ ဆန်းစစ်ပါ သား..
ရုပ်ပိုင်းဆိုင်ရာ ပြေလည်ရုံနဲ့
စိတ်ဓာတ်တွေ အကျဉ်းချခံထားပြီး
ငွေဆိုတဲ့ ဓားတစ်လက်ကို ပိုင်ဆိုင်ရဖို့အရေး
မိသားစုထမင်းဝိုင်း အေးစက်ခံခဲ့တာ
တန်မှ တန်ပါရဲ့လား ငါ့သားရယ်...
မိသားစုဆိုတာ
အဖေအမေ သားသမီး
စုစည်းတည်ဆောက်ထားတဲ့ ကမ္ဘာငယ်တစ်ခုပါ
အခုလိုကွဲပြားနေဖို့ မဟုတ်ဘူး ငါ့သား...
မင်းတို့ဘိုးဘေး လက်ထက်
ကတည်းက ဒီလယ် ဒီယာ ဒီမြေနဲ့ အသက်ဆက်လို့
အဖေတို့ လို လယ်သမားတွေ သီချင်းလေး
တကြော်ကြော်နဲ့ ဟစ်ပျော်ပြီးသာယာ ခဲ့ကြတယ်
ဒီလယ် ဒီမြေ ဒီယာကွင်းက မိသားစုဝမ်း ဝ ရုံမက
နွေးထွေးမူ့လည်း ပြည့်ခဲ့တယ်
သားရေ
လယ်သမားတယောက်အတွက်
စပါးမထွက်တဲ့နှစ်တွေမှာ မိသားစု ၀မ်းရေးအတွက်
အသက်ရှူ ကျပ်တာမဆန်းတော့ပါဘူး
ရေကြည်ရာမြက်နုရှာရင်း
လစာဘယ်လောက်ကောင်းကောင်း
ငွေတွေ ဘယ်လောက်ရရ မိသားစုနဲ့ဝေးကွာသူတိုင်းမှ
အဆင်ပြေပါတယ် ဆိုတဲ့ စကားနဲ့ အနေ ကျတ် နေမယ်ဆိုတာ အဖေ သိပါတယ် သားရယ်....
မဖြေသာတဲ့ သားရင်မှာ
ဝေဒနာ အစု အဝေးတွေနဲ့ မွေးရပ်မြေကို
ဆွေးနေမယ်မယ်ဆိုရင်အတွေး သံသရာမှာ နစ်မျောမနေပဲ
မွေးဌာနေ ကိုသာ ပြန်ခဲ့ပါတော့လား...သား...
သတိရချင်းများစွာဖြစ်.
သားချစ်တဲ့ အဖေ...
✒လေးစားစွာဖြင့်
🖍credit to ကျွဲကျောင်းသား
Ph..credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။