Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 12, 2017

ခိုင်မာတဲ့_ဆုံးဖြတ်ချက်ချပါ

#ခိုင်မာတဲ့_ဆုံးဖြတ်ချက်ချပါ

မနေ့က အောင်မြင်ကြီးပွားချင်ရင် ပြင်းပြတဲ့လိုအင်ဆန္ဒရှိဖို့ လိုတယ်ဆိုတာ ရေးပြခဲ့ပြီးပါပြီ။ နောက်တစ်ခု လုပ်ဖို့လိုပါအုံးမယ်။ အဲဒါက ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချမှတ်ဖို့ပါ။ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချမှတ်ရမှာလဲ။ ဒီနေ့က စပြီး ငါဖြစ်ချင်တာ၊ ငါလိုချင်တာကို မရရအောင် လုပ်တော့မယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒီဆုံးဖြတ်ချက်ကို တကယ်ချလိုက်ပြီဆိုတာနဲ့ သင့်ရဲ့ဘဝဟာ တဖြည်းဖြည်း တိုးတက်အောင်မြင်လာတာကို တွေ့မြင်လာရပါလိမ့်မယ်။ သင် ဖြစ်ချင်တဲ့အခြေအနေဆီကို တဖြည်းဖြည်း ရောက်လာပါလိမ့်မယ်။

အောက်မှာ ရေးပြထားတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့် အောင်မြင်သွားသူတချို့အကြောင်းကို ဖတ်ကြည့်လိုက်ပါအုံး။

ဘီလ်ဂိတ် (Microsoft ဆော့ဖ်ဝဲ တီထွင်သူ)၊ စတီးဗ်ဂျော့ (Apple ကွန်ပျူတာ နဲ့ iPhone ကို တီထွင်သူ) နဲ့ မတ်ခ်ဇူကားဘတ် (Facebook တီထွင်သူ) တို့ဟာ အမေရိကန်နိုင်ငံက နာမည်ကျော်တက္ကသိုလ်ကြီးတွေမှာ တက်နေကြရင်း စာသင်တာ တပိုင်းတစနဲ့ ကျောင်းထွက်လိုက်ကြတယ်။ ဘာကြောင့် ကျောင်းထွက်လိုက်ကြတာလဲ။ တက္ကသိုလ်တက်ရင်း အချိန်ကုန်နေမယ့်အစား သူတို့ဝါသနာပါတဲ့ ကွန်ပျုတာနဲ့ ဆော့ဖ်ဝဲကို ဇောက်ချလုပ်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်လို့ပါ။ အဲဒီလို ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြလို့လည်း သူတို့ဟာ ယနေ့ အကြီးအကျယ် အောင်မြင်ကျော်ကြားနေကြတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေ ဖြစ်လာခဲ့ကြပါတယ်။

ဟောင်ကောင်ကျွန်းက တရုတ်လူငယ်လေး လီကာရှင်းဟာ ကျောင်းနေစဉ် ၁၅ နှစ်အရွယ်မှာ မိသားစုအတွက် ဝင်ငွေရှာပေးနေတဲ့ သူ့အဖေ တီဘီရောဂါနဲ့ ကွယ်လွန်သွားတယ်။ သူလည်း အဖေဆီက ကူးစက်တဲ့ တီဘီရောဂါနဲ့ ဆေးရုံတက်ပြီး ကုသမှုခံနေရတယ်။ သူ့အမေနဲ့ မောင်နှမတွေမှာတော့ ပိုက်ဆံရှာပေးမယ့်လူ မရှိလို့ စားရမဲ့ သောက်ရမဲ့ ဘဝနဲ့ ဒုက္ခရောက်နေကြတယ်။ သူလည်း ဆေးရုံပေါ်မှာဆိုတော့ မိသားစုအတွက် ဘာမှ မလုပ်ပေးနိုင်ဘူး။ ဒီတော့ လီကာရှင်းဟာ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်တယ်။ ဘာဆုံးဖြတ်ချက်လဲ။ ဒီဆင်းရဲမွဲတေတဲ့ ဘဝကို မုန်းတယ်။ စိတ်နာတယ်။ ဒီဘဝက လွတ်မြောက်ဖို့ ချမ်းသာတဲ့ သူဋ္ဌေးကြီး ဖြစ်အောင်လုပ်မယ်လို့ပါ။ အဲဒီလို ဆုံးဖြတ်ချက်ချပြီး ကြိုးစားစီးပွားရှာလိုက်လို့ သူဟာ အာရှမှာ အချမ်းသာဆုံး ဘီလျံနာသူဋ္ဌေးကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

လူမည်းအမျိုးသမီး အော်ပရာဝင်းဖရီးဟာ အမေရိကန်တက္ကသိုလ်တစ်ခုမှာ တက်နေရင်း ဘွဲ့ရဖို့ လပိုင်းလေးပဲ လိုတော့တဲ့ အချိန်မှာ နာမည်ကြီးရုပ်မြင်သံကြား ကုမ္ပဏီကြီးတစ်ခုကနေ သူတို့ဆီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရတယ်။ အော်ပရာဟာ သူ တသက်လုံး လုပ်ချင်နေခဲ့တဲ့ ရုပ်မြင်သံကြားကုမ္ပဏီရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ရင် ကောင်းမလား။ ဘွဲ့ရတဲ့အထိ တက္ကသိုလ် ဆက်တက်ရင် ကောင်းမလားဆိုတာကို ဆုံးဖြတ်ရခက်နေတယ်။ ရုပ်မြင်သံကြားကုမ္ပဏီက သူ့ကို ဘွဲ့ရတဲ့အထိ မစောင့်နိုင်ဘူးလို့ ပြောလာတယ်။ ဒီတော့ သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်တယ်။ တက္ကသိုလ်ဆက်မတက်တော့ဘူး။ ရုပ်မြင်သံကြားကုမ္ပဏီမှာပဲ အလုပ်လုပ်မယ်။ ကုမ္ပဏီက သူ့ကို လူတွေနဲ့ ဆွေးနွေးရတဲ့ အစီအစဉ်တွေမှာ ဦးဆောင်မေးမြန်းသူအဖြစ် ပါဝင်ခိုင်းတယ်။ အစီအစဉ်တွေမှာ အော်ပရာဟာ စကားပြောကောင်းလွန်းတာကြောင့် အမေရိကန်လူထုက အရမ်းကြိုက်သွားတယ်။ သူလည်း အရမ်းနာမည်ကြီးသွားတယ်။ နောက်ပိုင်းမှာ အော်ပရာဟာ ကိုယ်ပိုင်ကုမ္ပဏီထောင်ပြီး Oprah Winfrey Show ရုပ်မြင်သံကြားအစီအစဉ်တွေ ရိုက်ကူးထုတ်လွှင့်ရင်း အရမ်းချမ်းသာသွားတယ်။ သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃ ဘီလီယံဖြစ်လာလို့ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီးတွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။

လူအတော်များများဟာ တချိန်ချိန်မှာ မိမိဘဝကို အကြီးအကျယ် တိုးတက်ပြောင်းလဲသွားစေနိုင်တဲ့ အခွင့်အလမ်းကို တွေ့တတ်ကြပါတယ်။ ဒါပေမဲ့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချပြီး အခွင့်အလမ်းကို ဖမ်းယူဖို့ တွန့်ဆုတ်နေတတ်ကြတယ်။ ဝန်လေးနေကြတယ်။ မစွန့်စားရဲကြဘူး။ ဒီတော့ သူတို့ ဘာဖြစ်လာကြသလဲ။ ဘာမှ ဖြစ်မလာကြဘူး။ အရင်အခြေအနေအတိုင်း ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ ဘဝမှာပဲ လူ့ဘဝ ကုန်ဆုံးချိန်ထိ နေသွားကြရတယ်။

စွန့်စားရဲသူတွေကတော့ သူတို့လို မဟုတ်ပါဘူး။ မိမိဘဝတိုးတက်စေဖို့ စောစောက ပြောခဲ့တဲ့ လူတွေလို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ဆုံးဖြတ်ရဲကြတယ်။ ဆုံးဖြတ်ပြီးရင်လည်း နောက်မဆုတ်တော့ပဲ အောင်မြင်တဲ့အထိ ဇွဲရှိရှိနဲ့ လုပ်တတ်ကြတယ်။ ဒါကြောင့်လည်း လောကမှာ အောင်မြင်ကြီးပွားသူဆိုတာ လူအနည်းငယ်ပဲ ရှိကြတာပါ။

စိတ်ပညာသဘောအရ လူတစ်ယောက်ဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုတာနဲ့ သူ့ရဲ့ဦးနှောက်ထဲက အာရုံကြောတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးက အာရုံကြောတွေဆီကို သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်ကြဖို့ သတင်းပို့လိုက်ပါတယ်။ ခန္ဓာကိုယ်ကလည်း ဦးနှောက်က စေခိုင်းတဲ့အတိုင်း လိုက်လုပ်ပါလိမ့်မယ်။ ဦးနှောက်မှာ ပေါ်လာတဲ့ အကြံအစည်တွေကို ခန္ဓာကိုယ်က အောင်မြင်အောင် လုပ်ပေးပါလိမ့်မယ်။

အချုပ်အားဖြင့် ပြောရရင် သင် အောင်မြင်ကြီးပွားသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အခုပြောပြခဲ့တဲ့ ရိုးစင်းလှတဲ့ နည်းဖြစ်တဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုတယ်ဆိုတာကို စွဲမြဲစွာ မှတ်သားထားပါ။

ဗန်းမော်သိန်းဖေ
၁၂-၀၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။