Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 12, 2017

အမုန်းစကားပြောတဲသူတွေဟာ ဘာသာတရားနဲ့ မဆိုင် သူတွေပဲ ဖြစ်ပါတယ်။..


The Melting Pot 4 U added 15 new photos.

အမုန်းစကားပြောတဲသူတွေဟာ ဘာသာတရားနဲ့ မဆိုင် သူတွေပဲ ဖြစ်ပါတယ်။..
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို..
ချစ်ခင်လေးစားရပါ ညီအစ်မောင်နှမအပေါင်းတို့
ကျွန်ုပ်တို့ဟာ မဟာနိုင်ငံတစ်ခုရဲ့ နိုင်ငံသူ နိုင်ငံသားတွေဖြစ်ရတဲ့အတွက် အလွန် ဂုဏ်ယူပါတယ်။ မြေပေါ် မြေအောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ လူဖြစ်နေရတာဂုဏ်ယူစရာပါ။ ဒီနိုင်ငံဟာ အမှန်စင်စစ် ရွှေနိုင်ငံဖြစ်ပါတယ်။ ဒီရွှေနိုင်ငံမှာ ရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးရဲ့ ငြိမ်းချမ်းခြင်း အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ဒီနေရာမှာ ကျွန်ုပ်တို့ စုရုံးနေကြပါတယ်။ ညီအစ်ကို မောင်နှတို့ " ငြိမ်းချမ်း ရေးဟာ ဖြစ်နိုင်ပါတယ်၊ ငြိမ်းချမ်းရေးသည်သာ တစ်ခုတည်းသောလမ်း ဖြစ်ပါတယ်" ငြိမ်းချမ်းရေးရဲ့ အသီးအပွင့် တွေကို ကျွန်ုပ်တို့ရဲ့ နောင်လာနောင်သား ကလေး လူငယ်များက ခံစားရရှိမှာဖြစ်ပါတယ်။ ဒီနေ့ကျွန်ုပ်တို့ ပြု ကြတဲ့ ဆုတောင်းခြင်းက ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းတို့နဲ့ သာယာလှပနေမယ့် မြန်မာပြည် ဖြစ်လာဖို့ ပါပဲ။


ကျွန်ုပ်တို့နိုင်ငံဟာ မတူညီခြင်းတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၃၅ မျိုးဝင် တိုင်းရင်းသား တွေ ဟာ ပန်းရောင်စုံလှပနေတဲ့ ပန်းခင်းကြီးကို ကြီးကျယ်ခမ်းနားစေဖို့အတွက် မတူညီတဲ့ အရောင်အဆင်း တွေနဲ့ အလှဆင်နေကြပါတယ်။ ကျွန်ုပ်တို့ တစ်ဦးမှာ သီခြားတန်ဘိုးရှိသလို အရေးလည်းပါသူတွေလည်း ဖြစ်ပါတယ်။ မတူညီခြင်းထဲမှာ တူညီသော ဂုဏ်သိက္ခာရှိကြပါတယ်။
မြန်မာပြည်ဟာ သမိုင်းအလှည့်အပြောင်းတခုကို ရင်ဆိုင်နေရပါတယ်။ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုမှာ ရှိနေကြပါတယ်။ တိုင်းပြည်ကောင်းစားရေးအတွက် နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲများစွာခံခဲ့တယ်။ ကျွန်ုပ်တို့တစ်ဦးစီရဲ့ ရပိုင်ခွင့်တွေ ရနိုင်ဖို့၊ ကျွန်ုပ်တို့ နိုင်ငံကို အောင်မြင်တဲ့ အနာဂတ်တွေဆီ ရောက်နိုင်ဖို့အတွက် ဒီမိုကရေစီလမ်းစဉ်ပေါ်မှာ ဦးဆောင်သွားနေသူ ဖြစ်ပါတယ်။
အသစ်သော မြန်မာ ဖြစ်လာဖို့ အသစ်တဖန်မွေးဖွါးခြင်းခံနေရပါတယ်။ မွေးဖွါးခြင်းရဲ့ နာကျင်မှုတွေကိုလည်း ခံစားနေရပါတယ်။ မြန်မာဟာ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းစတဲ့ တည်ဆောက်ခြင်းတွေ လုပ်နေရပါတယ်။ ဒီတည်ဆောက်ခြင်းတွေကို ဦးဆောင်ပြီး လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရှိနေကြောင်း သက်သေပြဖို့ ဒီနေရာကို ရောက်နေကြပါတယ်။
မကြာခင်ကဖြစ်ခဲ့တဲ့ ရခိုင်အရေးကြောင့် နိုင်ငံတကာက မြန်မာကို အာရုံစိုက်လာကြပါတယ်။ အထူးသဖြင့် တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ကူညီထောက်ပံ့နေခဲ့ကြတဲ့ မိတ်ဆွေက ဒီအဖြစ်အပျက်တွေကြောင့် စိတ်ပျက်ကြတယ်။ လူတိုင်းက မြန်မာပြည် ဘာလုပ်ရမလဲဆိုတာပဲ ဝိုင်းပြီး လက်ညှိုးထိုး အမိန့်ပေး နေကြတယ်။ ဒီအချိန်မှာ ကျွန်ုပ်တို့ စည်းလုံးညီညွတ်ဖို့လိုပါတယ်။ တစ်ယောက်စီရဲ့ ကောင်းကွက်တွေကို အပြန်အလှန် အသိအမှတ်ပြုဖို့ လိုပါတယ်။ ကျွန်ုပ်တို့မှာ ကိုယ့်ပြဿနာကိုယ် ရှင်းဖို့ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားနဲ့ အစွမ်းအစတွေ ရှိတယ်ဆိုတာ ကမ္ဘာကြီးကို သိစေချင်ပါတယ်။ သဒ္ဒါရက်ရောခြင်းတွေ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ မြန်မာဟာ မြင့်တက်လာနေပါပြီ ဆိုတာကို ကမ္ဘာကြီးကို ပြောပြရပါလိမ့်မယ်။ ကျွန်ုပ်တို့ဟာ ဒီမိုကရေစီအတွက် အကြမ်းမဖက်သောနည်းလမ်းများနဲ့ တိုက်ပွဲဝင်ခဲ့တယ်၊ ကျွန်ုပ်တို့နိုင်ငံမှာ လူသားတိုင်းကို သနားကြင်နာခြင်း ရှိရမယ်ဆိုတဲ့ ဗုဒ္ဓရဲ့ တရားဓမ္မအောက်မှာ ရှင်သန်နေကြတယ်ဆိုတာ ကမ္ဘာကြီးကို ပြောပြချင်ပါတယ်။
ကျွန်ုပ်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်လက်ခံကြတယ်၊ သူဟာ ဖွံ့ဖြိုး တိုး တက်ခြင်း၊ တရားမျှတခြင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို လိုလားတဲ့ သန်းပေါင်း များစွသော တိုင်းသူ ပြည်သားများရဲ့ မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကို အခိုင်အမာ ထုတ်ဖေါ်ပြသနေကြ ပါတယ်။ သူဟာ ဒီနိုင်ငံအတွက်နဲ့ ဒီမိုကရေစီအတွက် အများကြီး ပေးဆပ်ခဲ့ပါတယ်။ ဒီနိုင်ငံ ငြိမ်းချမ်းဖို့ ဖွံ့ဖြိုးဖို့ ပုဂ္ဂိုလ်ရေး ဝေဒနာတွေကို နင်းခြေဖြတ်ကျော်ခဲ့ပါပြီ။ ဒီနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထောင်ပေါင်း များစွာသော ပေးဆပ်သူတွေကြောင့်သာ အခုအခြေအနေ ဖြစ်လာရတာပါ။ ဒီနိုင်ငံကို လှောင်ပိတ်ထားခဲ့တဲ့ တံတိုင်းတွေကို သူတို့တွေကပဲ ရိုက်ချိုးဖွင့်လှစ်ခဲ့ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်က ဆုတံဆိပ်ကို လိုက်တောင်းနေခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်း တွေကသာ ဒေါ်အောင်ဆန်းစုကြည်နောက်လိုက်ပြီး ဆုတွေပေးခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် အလို အပ်ဆုံး ဆုတံဆိပ်က ရွေးကောက်ပွဲမှာ အနိုင်ရပြီး မြန်မာပြည်သူတွေက သူတို့ခေါင်းဆောင်အဖြစ် အပ်နှင်း တဲ့ ဆုတံဆိပ်ပါ။ ဘယ်သူကမှ ဘယ်အဖွဲ့အစည်းကမှ ဒီ ဆုတံဆိပ်ကို ရုပ်သိမ်းလို့မရပါဘူး။ မြန်မာပြည်သူ တွေ ပေးထားတဲ့ ချစ်ခင်မြတ်နိုးခြင်းတွေကိုလည်း ဘယ်သူမှ လုယူသွားလို့ မရပါဘူး။ သန်းပေါင်း များစွာ သောသူတွေ့ရဲ့ မျှော်လင့်ချက်ဟာ သူ့ရဲ့ လက်ထဲမှာရှိနေပါတယ်။ အချိန်တိုအတွင်းမှာ သူ အများကြီး လုပ်နိုင်ခဲ့ပါပြီ။ နှစ်ပေါင်းများစွာ တိုက်ခိုက်နေကြတဲ့သူတွေကို ပင်လုံညီလာခံမှာ တမိုးတည်းအောက်ကို အရောက် ခေါ်ခဲ့တယ်။ ဒါကို အသေးအဖွဲလေးပါလို့တော့ မပြောပါနဲ့။ နိုင်ငံတော်ကို အုပ်ချုပ်ဖို့ တာဝန်စယူ ကတည်းက ငြိမ်းချမ်းရေးဟာ ပထမလို့ သူခံယူခဲ့ပါတယ်။ ရခိုင်အရေးမှာလည်း ဘာမှ မဖြစ်ခင်ကတည်းက ကိုဖီအာနန် ကော်မရှင်ကို ဖွဲ့ခဲ့တယ်။ အခုလည်း ကော်မရှင်အကြံပြုချက်တွေကို အကောင်အထည်ဖေါ်ဖို့ ကော်မတီဖွဲ့ထားပြီးသား ဖြစ်တယ်။ ကမ္ဘာကြီးက ဒီအစိုးရကို နားလည်ဖို့ ကူညီဖို့ လိုပါတယ်။ ၁၈ လ အတွင်းမှာ အားလုံးကို ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ကျွန်ုပ်တို့နိုင်ငံဟာ အလွန် ငယ်ရွယ် နုပျိုတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အသက် ၃၀ အောက် လူငယ်တွေဖြစ်တယ်။ လူသား အရင်းအမြစ်ဟာ ကျွန်ုပ်တို့နိုင်ငံရဲ့ အကြွယ်ဝဆုံး အရင်းအမြစ် ဖြစ်ပါတယ်။ အခွင့်အရေးသာ ရမယ်ဆိုရင် ဥာဏ်ရည်နဲ့ ကျွမ်းကျင်မှုမှာ ကျွန်ုပ်တို့ လူငယ်တွေဟာ ဘယ်နိုင်ငံက လူငယ်နဲ့မဆို ယှဉ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၆၀ က ကျွန်ုပ်တို့ နိုင်ငံဟာ အချမ်းသာဆုံး နိုင်ငံ၊ ပညာအတတ်ဆုံးနိုင်ငံ တစ်ခုဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျွန်ုပ်တို့ဟာ ဂုဏ်သိမ်မြင့်မားတဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့ ခရီးကြမ်းကို လျှောက်လှမ်းနေကြပါတယ်။ မြန်မာပြည်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘယ်သူမှ ရပ်တန့်လို့ မရပါဘူး။ ချမ်းသာ ကြွယ်ဝပါတယ် ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ကျွန်ုပ်တို့နိုင်ငံလောက် လူငယ် အင်အား မရှိပါဘူး။ ဘယ်လို အနှောင့်အယှက် အတားအဆီးတွေ ရှိနေပါစေ နောက် ၁၀ နှစ်ဆိုရင် ကျွန်ုပ်တို့ နိုင်ငံဟာ အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ။ ဒီနိုင်ငံထဲမှာ မျှော်လင့်ချက်တွေ ခိုင်မာပြီး နိုင်ငံအသစ်ကို တည်ဆောက်ချင်တဲ့စိတ်တွေ အလွန်ပြင်းပြနေတာ သိသာပါတယ်။
ကျွန်ုပ်တို့ရဲ့ လမ်းခရီးက ရှည်လျားကြမ်းတမ်းပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချမှုတွေကြောင့် လမ်းချော် လို့ မဖြစ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာကို မေ့ထားလို့လည်း မရပါဘူး။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း နား လည်ပေးဖို့လိုပါတယ်။ ကျွန်ုပ်တို့ဟာ နိုင်ငံတကာ အလယ်မှာ တင့်တယ်တဲ့နိုင်ငံဖြစ်ဖို့တော့ လိုအပ်ပါတယ်။
နိုင်ငံတကာမှာ မြန်မာလူမျိုးတွေဟာ အကြင်နာတရား ကင်းမဲ့သူတွေအဖြစ် ပုံဖေါ်နေကြတယ်။ ကျွန်ုပ် ပြော ချင်တာက မြန်မာပြည်သူပြည်သားတွေအတွက် "သနားကြင်နာခြင်း ဆိုတာ ဘုံ ဘာသာရေးတစ်ခုပါ" ဘယ်ဘာသာဝင် ဖြစ်ဖြစ် မြန်မာလူမျိုးမှန်ရင် သနားကြင်နာ တတ်ပါတယ်။ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီးချိန်တွေမှာ လာကြည့်ကြပါ။ ကျွန်ုပ်တို့ ပြည်သူပြည်သားတွေဟာ ဒုက္ခရောက် နေသူတွေ အတွက် သူတို့မှာရှိတာ အကုန်ထုတ်ပေးကြတယ်။ ငွေးကြေးမတတ်နိုင်သူတွေက လုပ်အားနဲ့ ကူညီကြ တယ်။ ဒုက္ခရောက်ချိန်တိုင်းမှာ ကျွန်ုပ်တို့ တိုင်းသူပြည်သားတွေက သနားခြင်းကို ပိုပြီးကျင့်ကြပါတယ်။
ဘာသာတရားက ပြဿနာတွေ ဖြစ်စေတာ မဟုတ်ပါဘူး။ ဘာသာတရားဆိုတာ ငြိမ်းချမ်းခြင်း စီးဆင်း စေတဲ့အရာဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ဘာသာတရား အလွန် ကိုင်းရှိုင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သံဃာတော်တွေ အပါး ငါးသိန်းကျော် ရှိသလို၊ ခရစ်ယာန် ဘုန်းကြီး သီလရှင် ၂ ထောင်ကျော် ရှိပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူတိုင်းက နေ့စဉ်နဲ့အမျှ ငြိမ်းချမ်းခြင်းအတွက် ဆုတောင်းနေကြပါတယ်။
ကျွန်ုပ်တို့ဟာ ငြိမ်းချမ်းရေးကို ကဏ္ဍပေါင်းစုံက ရရှိဖို့လိုအပ်ပါတယ်။ မကြာခင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံကို ကြွလာမှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအကြောင်း အမြဲ သွန်သင် ပါတယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် တရားမျှတရေးကို ဖေါ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက တရားမျှတရေးရဲ့ ကဏ္ဍ ၂ ခုကို အကြောင်းကို မကြာခဏ ပြောလေ့ရှိပါတယ်။ အဲဒါတွေက စီးပွါးရေးမှာ တရားမျှတခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင် တရားမျှတရေးတို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က တိုင်ပေမှာ "လူ့ အခွင့်အရေးနှင့် ပင်လယ်ပြင်" ခေါင်းစဉ်အောက်မှာ ကျင်းပတဲ့ ညီလာခံကို ကျွန်ုပ်တက်ရောက်ခဲ့ပါတယ်။
သန်းချီတဲ့ ဆင်းရဲသား မြန်မာလူငယ်များဟာ ပင်လယ်ပြင်မှာ ကျွန်ခံနေကြရတယ်ဆိုတာ သတိထားမိကြ ရဲ့လား။ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်းလေးတစ်ခုမှာ ပင်လယ်ကျွန်အဖြစ် အသုံးချခံနေရတဲ့ လူတွေကို ကယ်တင်နိုင်ခဲ့ကြတယ်။ အဲ့ဒီလူ အားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်နေတယ်။ ခေတ်သစ် ကျွန်စနစ်က ဆင်းရဲသားတွေကို လိမ်ညာတယ်။ မြန်မာနိုင်ငံသား တော်တော်များများ အညာခံနေရတယ်။ ဆင်းရဲခြင်း ကြောင့် ထောင်ချောက်တွေထဲ ရောက်သွားတယ်၊ အိမ်နီးနားချင်း နိုင်ငံတွေမှာ အရောင်းစားခဲ့ရတယ်။ မြေ ပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်ဝတဲ့ ရွှေမြန်မာရဲ့ နိုင်ငံသားတွေဟာ ဘယ်လိုလုပ် ကျွန်ဘဝ ရောက်သွားရတာလဲလို့ မေးချင်စရာ ကောင်းနေမယ်။ ကျွန်ုပ်တို့ နိုင်ငံမှာ စီးပွါးရေး ငြိမ်းချမ်းမှု မရှိလို့၊ စီးပွါး ရေး တရားမျှတမှု မရှိလို့ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက ဆင်းရဲနေကြတယ်။ ပဋိပက္ခတွေက ဆင်းရဲသားတွေကို ပိုပြီး ဆင်းရဲစေပါတယ်။
သဘာဝ ပတ်ဝန်းကျင် တရားမျှတမှုဟာလည်း ငြိမ်းချမ်းခြင်းအတွက် အထူး လိုအပ်ပါတယ်။ အခုချိန် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေဟာ သယံဇာတ ဝေမျှခြင်းကြောင့်သာ ဖြစ်တယ်လို့ သုံး သပ်ကြပါတယ်။ သစ်တောတွေ၊ သဘာဝ သယံဇာတတွေ ဟာ နိုင်ငံမှာ ရှိတဲ့ ပြည်သူပြည်သားအားလုံး ပိုင် ဆိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီသယံဇာတတွေကို ကောင်းမွန်စွာ သုံးဆွဲမယ်ဆိုရင် နိုင်ငံခြားမှာ အလုပ် သွားလုပ်နေကြတဲ့ လူတွေကို ပြန်ခေါ်နိုင်မှာပါ။ ဒီ ဒေသအတွင်းမှာ အချမ်းသာဆုံး နိုင်ငံဖြစ်လာမှာပါ။ ၁၉၅၀/၆၀ တွေမှာ ကျွန်ုပ်တို့ဟာ အချမ်းသာဆုံး နိုင်ငံဖြစ်ပါတယ်။ သဘာဝကို ဖျက်စီးပြီဆိုတာနဲ့ ပဋိပက္ခတွေ လည်း ရောက်လာပါလိမ့်မယ်။ ငြိမ်းချမ်းရင် ဖွံ့ဖြိုး တိုးတက်လာမယ်။ စစ်တိုက်နေသရွေ့တော့ ဆင်းရဲတွင်း ထဲကနေ ထွက်နိုင်မှာ မဟုတ်ပါဘူး။
ဒီနေ့ စီပွါးရေးရာ တရားမျှတမှု၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုတွေရှိဖို့ ကျွန်ုပ်တို့ ဆုတောင်းကြ ရအောင်။ ဗုဒ္ဓဘာသာက ဝေမျှခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ငြိမ်းချမ်းစွာ နေ ထိုင်ခြင်းဆိုတဲ့ တရားတွေကို ဟောတယ်။ ကျွန်ုပ်က ခရစ်ယာန် ဓလေ့တွေနဲ့ ကြီးပြင်းခဲ့ရတယ်။ ခရစ်ယာန် က ဂျူးတွေရဲ့ ဓလေ့တွေအပေါ်မှာ ဖြစ်ထွန်းလာခြင်း ဖြစ်တယ်။ ဂျူးတွေက တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်တဲ့ အခါ shalom, peace လို့ နှုတ်ဆက်ကြတယ်။ အစ္စလာမ်မှာ လည်း salam (Peace) ဆိုတဲ့ စကားရှိတယ်။ ဘယ် ဘာသာမှ အမုန်းစကားတွေ မပြောပါဘူး။ အမုန်းစကားပြောတဲသူတွေဟာ ဘာသာတရားနဲ့ မဆိုင် သူတွေပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ဟာ နှုတ်မှာ ဆုတောင်းသံတွေ၊ နှလုံးသားမှာက ချစ်ခြင်းမေတ္တာတွေနဲ့ ဒီနေရာမှာ စုရုံးနေကြခြင်း ဖြစ်ပါတယ်။ ထောင်ချီတဲ့ နိုင်ငံခြားသား ခရီးသွားတွေက မင်္ဂလာရှိရှိနဲ့ ငြိမ်းချမ်းစွာ နေထိုင်တဲ့ ကျွန်ုပ်တို့ ပြည်သူ ပြည်သားတွေကို မိုင်​ပေါင်းများစွာရှည်လျားတဲ့ ခရီးသွားပြီး လာကြည့်ကြတယ်။ ဒီပုံစံလေးကို ဆက်လက် ထိန်းသိမ်းကြရအောင်။
ရဟန္တာ ဖရန်စစ် အစီစီဟာ ဆင်းဆင်းရဲရဲ နေထိုင်ခဲ့တဲ့ ကြီးမြတ်တဲ့ ရဟန္တာ တစ်ပါးဖြစ်ပါတယ်။ သူဟာ သဘာဝ လောကကြီးရဲ့ ကြီးမြတ်ခြင်းကို အမြဲလို ချီးမွမ်းတေးဆိုလေ့ရှိတယ်။ ငြိမ်းချမ်းရေးအတွက် သူစပ် ဆိုခဲ့တဲ့ ဆုတောင်း မေတ္တာကို ညီအစ်ကို မောင်နှမများနဲ့ ဝေမျှချင်ပါတယ်။
အိုသခင် ကျွန်ုပ်အား ကိုယ်တော့်ငြိမ်းချမ်းရေး ဖော်ဆောင်သူ ဖြစ်စေတော်မူပါ
မုန်းတီးခြင်း နေရာတွင် ချစ်ခြင်း
ထိခိုက်ပြစ်မှားခြင်း နေရာတွင် အခွင့်လွှတ်ခြင်း
သံသယဖြစ်ခြင်း နေရာတွင် ယုံကြည်ခြင်း
စိတ်ဓါတ်ကျခြင်း နေရာတွင် မျှော်လင့်ခြင်း
မှောင်မိုက်ခြင်း နေရာတွင် အလင်း
ဝမ်းနည်းခြင်း နေရာတွင် ပျော်ရွှင်ခြင်း -- တို့ကို စိုက်ပျိုးခွင့်ပြုပါ။
ဒီနေရာမှာ ရှိနေကြတဲ့သူတွေဟာ ငြိမ်းချမ်းရေးကို လိုချင်ဆန္ဒတင်မကဘူး ကိုယ် ကိုယ်တိုင်က ငြိမ်းချမ်းရေး ကို ဖော်ဆောင်လိုသူတွေ ဖြစ်ကြယ်ဆိုတာ သေချာပါတယ်။ ရဟန္တာ ဖရန်စစ်လိုပဲ ကျွန်ုပ်ကို ကိုယ်တော့် ငြိမ်းချမ်းရေး ဖေါ်ဆောင်သူ ဖြစ်စေတော်မူပါလို့ ကျွန်ုပ်တို့ ဆုတောင်းကြတယ်။ ငြိမ်းချမ်းရေး ကို မြတ်နိုးတယ် ဆိုတာ မင်္ဂလာရှိတဲ့သူတွေရဲ့ လမ်းစဉ်ဖြစ်ပါတယ်။ သခင်ခရစ်တော်က "ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူတွေဟာ မင်္ဂလာရှိကြတယ်" လို့ မိန့်ဆိုခဲ့ပါတယ်။
ငြိမ်းချမ်းခြင်းရဲ့ ဆန့်ကျင်ဘက်က စစ်ပွဲ မဟုတ်ဘူး။ စစ်ပွဲဆိုတာ အမုန်းတရားရဲ့ ဆိုးကျိုးဖြစ်တယ်။ အမုန်း တရားဟာ ကျွန်ုပ်တို့ စိတ်နှလုံးနဲ့ ဝိညာဉ်ရဲ့ ငြိမ်းချမ်းခြင်းကို ဖျက်စီးတယ်။ ဓမ္မမိတ်ဆွေအပေါင်းတို့ ချစ်ခြင်း မေတ္တာကို စိုက်ပျိုးကြရအောင်။ ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့တစ်ဦးစီသာမက နိုင်ငံတော်ကိုပါ ငြိမ်း ချမ်းစေမှာ ဖြစ်ပါတယ်။ အမုန်းတရားကို ချစ်ခြင်းနဲ့သာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ခရစ်ယာန် တရားတော်က ရန်သူကို ချစ်ပါလို့ ဟောတယ်။ ဗုဒ္ဓဘာသာတရားတော်မှာက သူတပါးကို စိတ်နဲ့တောင် မပြစ်မှားဖို့ သင်ကြားတယ်။
ကျွန်ုပ်တို့ နိုင်ငံကို ကုသ ကြဖို့ ဖိတ်ခေါ်ပါရစေ။ ကျွန်ုပ်တို့ နိုင်ငံဟာ ကွဲပြားမှုတွေ၊ အမုန်းတွေ ကြောင့် ဒဏ်ရာများစွာနဲ့ နာကျင်နေပါပြီ။ ဒီဒဏ်ရာတွေကိုပဲ ပြန်ဆွမနေတော့ဘဲ ရှေ့ဆက်ကြရအောင်။ အခွင့် လွှတ်ခြင်းဆိုတာ ကုသခြင်းပါပဲ။ သူတပါးကို အခွင့်လွှတ်ရမှာ ဖြစ်သလို ကိုယ့်ကိုယ်ကိုလည်း အခွင့် လွှတ်ဖို့ လိုပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဆန္ဒရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီနိုင်ငံထဲမှာ ခွင့်လွှတ်ခြင်း တရားတွေ ပြည့်နေတာ သိသာထင်ရှားပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ထိခိုက်စော်ကားခံရသူတွေက အခွင့် လွှတ်နေပါပြီ။ မှားခဲ့သူတွေအနေနဲ့ ခွင့်လွှတ်ခြင်းတရာကို ယုံယုံကြည်ကြည်နဲ့ လက်ခံကြပါ။ ဒါမှ နိုင်ငံကို ကုသ နိုင်မှာ ဖြစ်ပါတယ်။
သံယစိတ်တွေ အားငယ်စိတ်ပျက်ခြင်းတွေ ဝင်မလာပါစေနဲ့။ ငြိမ်းချမ်းခြင်း ပန်းတိုင်ကို ကျွန်ုပ်တို့ မျက်ခြေ ပြတ်မခံကြပါနဲ့။ ယုံကြည်ခြင်းကို ခိုင်မာစေပါ၊ မျှော်လင့်ခြင်းကို ရှင်သန်စေပါ။ ကြောက်ရွံ့ခြင်း၊ မုန်းတီးခြင်း နဲ့ ဝမ်းနည်းခြင်းရဲ့ အမှောင်တွင်းမှာလှောင်ပိတ် နေသူတွေအတွက် ပျော်ရွှင်ခြင်း အလင်းရောင်ကို သယ် ဆောင်သွားကြပါစို့။
ဒီနေ့ ဒီနေရာမှာ ဂုဏ်ယူဝင့်ကြွားစွာ စုရုံးနေကြတဲ့အတွက် အလွန်ပဲ ဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်ုပ်တို့ရဲ့ အားသာချက်တွေ အားနည်းချက်တွေကို သိကြတယ်။ မိသားစုစိတ်ဓါတ်အပြည့်နဲ့ စိန်ခေါ်မှုတွေကို လက်တွဲ ရင်ဆိုင်ကြပါစို့။ ပြန်လည် ကျေအေး သင့်မြတ်ကြပါစို့။ မြန်မာနိုင်ငံကို ကြီးမြတ်သော နိုင်ငံတစ်ခု အဖြစ် တည်ဆောက်ကြပါစို့။ ညီအစ်ကို မောင်နှမတို့ - ဒါ စိတ်ကူးယဉ်နေတာ မဟုတ်ပါဘူးနော်။ အမှန်တကယ်ကို ဖြစ်နိုင်ပါတယ်။
မြန်မာပြည်ကြီး အဓွန့်ရှည်တည်တံ့ပါစေ။ ပြည်သူပြည်သားအပေါင်း သက်တော် ရာကျော်ရှည်ကြလျက် ငြိမ်းချမ်းသော လူ့ဘောင်ကို တည်ဆောက် နိုင်ကြပါစေ . . .။
ငြိမ်းချမ်းရေးဟာ ဖြစ်နိုင်ပါတယ်၊ ငြိမ်းချမ်းရေးသည်သာ တစ်ခုတည်းသောလမ်း ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
..
Like, Share and see first

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။