ဆင်းရဲခြင်းမှသည် ချမ်းသာခြင်းဆီသို့ 
" သင်အောင်မြင်တဲ့စွန့် ဦးတီထွင်သူတစ်ဦးဖြစ်ချင်တယ်ဆိုရင်တော့ ငွေနောက်ကိုလုံးဝမလိုက်နဲ့ " - တိုးမက်စ် ဂေါ်နီ
တိုးမက်စ်ဂေါ်နီဟာပိုလန်နိုင်မှာမွေးဖွားခဲ့ပြီး ဆင်းဆင်းရဲရဲဘဝကိုဖြတ်သန်းခဲ့ရတာပါ။နောက်ပိုင်းမှာ သူဟာ အမေရိကန်ကို ပြောင်းရွှေ့ လာတယ်။စီးပွားရေးစတင်လုပ်ကိုင်တယ်။မီလျီယံနဲ့ ချီနဲ့ ငွေတွေရတယ်။အကုန်ပြန်ဆုံးရှုံးရတယ်။ပြန်ကြိုးစားခဲ့တဲ့သူပါ။ ဒီလို မွဲသွားရာကနေ ပြန်လည်ကြိုးစားခဲ့တဲ့ သူဌေးကြီးဂေါ်နီဟာ အခုတော့ Nextivaကုမ္ပဏီကိုတည်ထောင်ပြီး အလုပ်သမား ၅၀၀ကျော်ကိုခန့် ထားနိုင်ခဲ့ပါပြီ
💰လူတယောက်ရဲ့ အသွင်အပြင် စကားပြောဆိုပုံကိုကြည့်ပြီးသူဘာလဲဆိုတာကိုမဆုံးဖြတ်ပါနဲ့ 
တိုးမက်ရဲ့ အစောပိုင်းကာလတွေမှာ သူဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားခြင်းကိုမခံခဲ့ရပါဘူး။ဘာလို့ လဲဆိုတော့ အရှေ့ ဥရောပသားတွေက အမေရိကန်တွေနဲ့ အသံထွက်ပုံခြင်းကွာလို့ ပါဘဲ။သူ့ ကိုတိုက်ခိုက်နေတာတွေကိုအရှုံးပေးမယ့်အစား တိုးမက်ဟာ အလုပ်ကိုပိုကြိုးစားတယ်။ဒီလိုနဲ့ နောက်ပိုင်းမှာသူဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အကြိုက်ဖြစ်လာခဲ့တာပါ။သူမအောင်မြင်တဲ့ကာလတွေမှာသူဟာအားလုံးကိုလေးစားမှုရှိတယ်။တိုနီက , " ကျွန်တော်လူတယောက်ရဲ့ ရုပ်ရည် အသွင်အပြင် အဝတ်အစားကိုကြည့်ပြီး ဘယ်တော့မှမဆုံးဖြတ်ရဘူးဆိုတာ သင်ခန်းစာရခဲ့တယ်။ကနေ့ ကျွန်တော်လူတယောက်ကိုငှားတော့မယ်ဆိုရင် အဲ့သည်လူရဲ့အကျင့်စာရိတ္တ, စွမ်းဆောင်ရည် , သူ့ ဖြစ်လာနိုင်တဲ့အလားအလာကိုဘဲကြည့်ပြီးဆုံးဖြတ်တယ်" လို့ အင်တာဗျူးတစ်ခုမှာဖြေကြားသွားခဲ့တာပါ။
💰ကျရှုံးမှာဘယ်တော့မှမကြောက်ပါနဲ့ 
တိုနီဟာ ဂျာမနီကိုအသက် ၁၇နှစ်အရွယ်လေးနဲ့ ဘဲရောက်ရှိလာပြီး PC ဖြန့် ဖြူးရေးလုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့တာပါ။၁၉၉၆ ခုနှစ်မှာတော့ သူဟာ အမေရိကကိုသွားပြီးငွေရှာဖို့ အတွက် သူ့ ကုမ္ပဏီကိုရောင်းချခဲ့ရပါတယ်။ရောင်းရတဲ့ပမာဏကလည်း အမေရိကမှာ ၈လတာကာလ အတွက်ဖူလုံပါတယ်။သူအမေရိက ကိုရောက်လာတော့ စီးပွားရေးစတင်အကောင်အထည်ဖော်တယ်။တရက်ကို ၃ဒေါ်လာဘဲသုံးတယ်။အခြားအလုပ်တွေလဲဝင်လုပ်ရင်းသူဟာ ငွေစုပါတယ်။တစ်ရက်တရက် နာရီအကြာကြီးလုပ်တယ်။ အလုပ်ကြိုးစားတာတွေကြောင့်သူ့ ရဲ့လုပ်ငန်းဟာအောင်မြင်လာခဲ့ပါတယ်။အဲ့ကုမ္ပဏီကိုတော့ ၁၉၉၈ခုနှစ်မှာရောင်းချခဲ့တာပါ။ဒီရောင်းလို့ ရတဲ့ငွေလေးနဲ့ တိုနီဟာအိမ်ခြံမြေလုပ်ငန်းမှာရင်းနှီးမြှပ်နှံခဲ့ပြီး အကုန်လုံးနီးပါးရှုံးသွားခဲ့ပါတယ်။အမေရိကကိုရောက်ပြီးငါးနှစ်အကြာမှာ တိုနီဟာ သူလာခဲ့တဲ့အတိုင်း ဆင်းရဲသွားပါတယ်။ဒါပေမယ့် သူဟာ ဝမ်းနည်းမနေဘူး။စိတ်ဓတ်ကျမနေဘူး။အကောင်းဆုံးကြိုးစားတယ်။သူ့ ကျန်တဲ့ငွေလေးနဲ့ web-hosting company ကိုတည်ထောင်ခဲ့ပါတယ်။
💰customer ရှုထောင့်ကနေကြည့်ပြီး အရာရာတိုင်းကိုချဉ်းကပ်ပါ
Customer ဆိုတာ စွန့် ဦးလုပ်ကိုင်သူတိုင်းရဲ့အကောင်းဆုံးဆရာပါဘဲ။စီးပွားရေးလုပ်ပြီဆိုတာနဲ့ customer တွေရဲ့စိတ်ကိုခံစားနိုင်ရမယ်။သူတို့ ဘယ်လိုပြဿနာတွေရှိနေလဲ? သင်သူတို့ ကိုဘယ်လိုကူညီနိုင်မလဲဆိုတာအမြဲဆန်းစစ်နေရမယ်။တိုနီဟာ အမေရိကကိုစရောက်လာတော့ customer တွေရဲ့လိုအပ်ချက်ကိုကောင်းစွာနားလည်ခြင်းရဲ့ အရေးပါပုံကိုသိခဲ့ရတယ်။သူဖိနပ်အသစ်တစ်ရံဝယ်ဖို့ ဆိုပြီးဆိုင်တစ်ဆိုင်ဆီကိုလမ်းလျှောက်သွားခဲ့တယ်။ အဲ့ဆိုင်ကိုရောက်တော့ ဖိနပ်တစ်ရံကိုဘဲ နှစ်မျိုးခွဲပြထားတာကိုတွေ့ လိုက်ရတယ်။သူအဲ့ချိန်ကတည်းက customer စိတ်ကိုဘယ်လိုဆွဲဆောင်မလဲ? ဘယ်လိုဈေးကွက်ကိုချုပ်ကိုင်မလဲဆိုတဲ့ အတွေးတွေရခဲ့ပါတယ်။
💰စီးပွားရေးတစ်ခုကိုအခြေခိုင်ခိုင်မာမာနဲ့ တည်ဆောက်ဖို့ ကြိုးစားပါ။ငွေနဲ့ စီးပွားရေးဗျူဟာတွေ နည်းစနစ်တွေကိုခဏမေ့ထားပါ
အောင်မြင်လိုက် ကျရှုံးလိုက် အောင်မြင်လိုက်ဆိုတဲ့ဖြစ်ရပ်တွေက တိုနီကို ငွေပေါ်မှာအဓိကအာရုံမထားရဘူးဆိုတာသင်ပေးခဲ့တာပါ။တိုနီက " ကျွန်တော်ငွေထက် customerကိုပိုပြီးအရေးထားတယ်။ဗျူဟာတွေ နည်းစနစ်တွေပေါ်မှာအာရုံထားလွန်းရင် သင့်စီးပွားရေးအခြေခိုင်အောင်လုပ်ဖို့ မေ့နေလိမ့်မယ်။အခြေခိုင်သွားရင် သင်အောင်မြင်ဖို့ သေချာသွားပြီဘဲ" လို့ ပြောခဲ့ဖူးပါတယ်
#Frombroketomillionaire
#Toptenteam
" သင်အောင်မြင်တဲ့စွန့် ဦးတီထွင်သူတစ်ဦးဖြစ်ချင်
တိုးမက်စ်ဂေါ်နီဟာပိုလန်နိုင်မှာမွေးဖွာ

တိုးမက်ရဲ့ အစောပိုင်းကာလတွေမှာ သူဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစ

တိုနီဟာ ဂျာမနီကိုအသက် ၁၇နှစ်အရွယ်လေးနဲ့ ဘဲရောက်ရှိလာပြီး PC ဖြန့် ဖြူးရေးလုပ်ငန်းကိုစတင်လုပ

Customer ဆိုတာ စွန့် ဦးလုပ်ကိုင်သူတိုင်းရဲ့အေ

အောင်မြင်လိုက် ကျရှုံးလိုက် အောင်မြင်လိုက်ဆိုတဲ့ဖြစ်ရပ
#Frombroketomillionaire
#Toptenteam
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။