ကိုယ့်ကလေးတွေကို Sex အကြောင်း ပထမဆုံးရှင်းပြတဲ့သူဟာ ကိုယ်ပဲဖြစ်သင့်တယ် ..
Written by Jessica Mozart (A Cool Mom)
************************** ***********
ဟယ် သူ့ခေါင်းစဉ်ကြီးကလဲ ...
ငါတို့က အဲဒီလို မမိုက်ရိုင်းဘူးဟေ့ ...
နင်က ဘာလဲ? ဒါမြန်မာနိုင်ငံ ...
အပေါ်က ကွန်မန့်တွေက ဒီပို့စ်ခေါင်းစဉ်ကိုပဲဖတ်ြ ပီး ကျွန်မကိုလာပြောနိုင်တဲ့တုံ့ ပြန်မှုတွေပေါ့။ 😊
ကျွန်မတို့ မြန်မာနိုင်ငံမှာ ကိုယ့်ကလေးတွေကို Sex Education လုံးဝမလုပ်သလောက်ပဲ။ "Sex Education ဆိုတာဘာလဲ" ဆိုရင် လူတွေဟာ ဘယ်လိုနည်းနဲ့မျိုးပွားသလဲ၊ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘယ်လိုမျိုးလဲ၊ ကိုယ်ဝန်မရအောင် ဘယ်လိုနေမလဲ၊ သားသမီးရဲ့အပျို/ လူပျိုဘဝကို အိမ်ထောင်မကျခင်အထိ ထိန်းသိမ်းစေချင်ရင် ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတာမျိုး သင်ပေးတာကိုပြောတာဖြစ်ပါတယ် ။
ဒီမှာတော့ ကလေးတွေနဲ့မိဘအကြား Sex အကြောင်း၊ ကိုယ်ဝန်အကြောင်းပြောရမှာကို
ရှက်စရာလို့ သတ်မှတ်ထားကြတယ်။ အဲဒီအကျိုးဆက်ကနေ ကလေးတွေက မသိနားမလည်နဲ့
တခါတလေလေး အထိအတွေ့ဖြစ်ခဲ့ရင်တောင်မှ ကယ်ရာကူရာမဲ့ဖြစ်ကြတယ်။
ရောဂါပိုးကူးရင်ကူး၊ မကူးရင် ကိုယ်ဝန်ရှိ၊ ယူဖို့အစီအစဉ်ကမရှိသေး၊
ဒုက္ခတွေရောက်၊ မိဘအရှက်ကွဲ၊ ကလေးဖျက်ချ၊ တခြားပြဿနာတွေတက်။ အိုး ..
ဖြစ်လိုက်တဲ့ပြဿနာတွေမှ အများကြီးပဲ။ အကယ်၍မိဘကသာ Sex Education
လေးနည်းနည်းပေးခဲ့မယ်ဆို မဖြစ်မယ့်ဟာတွေပေါ့။
တကယ်တော့ ကလေးငယ်ငယ်လေးကတည်းက စသင်လို့ရပါတယ်။ ၆ နှစ်လောက်က စသင်လို့ရပါပြီ။ ဒီအရွယ်မှာကျတော့ Sex အကြောင်းကို လူကြီးတွေသိသလိုမသိသေးပါဘူး ။
ကိုယ်ဝန်အကြောင်း၊ ကလေးလေးတွေအကြောင်း သိချင်လာတာပေါ့။ သားသားကို
ဘယ်လိုမွေးလာတာလဲ။ မေမေက မီးမီးကို ဘယ်ကရတာလဲ။ ညီမလေးက
မေမေ့ချက်ထဲကထွက်လာမှာလား ... စသဖြင့် မေးခွန်းတွေရှိလာပြီ။
အဲဒီအရွယ်ကလေးလေးတွေက ကိုယ့် body ကိုစိတ်ဝင်စားလာပြီ။ သူက
သူများနဲ့မတူတာသိလာပြီ။ အဲဒီအချိန်မှာကတည်းက ကိုယ်က ယောက်ျားလေး
မိန်းကလေးကွာခြားမှုလေးတွေအေ ကြာင်း
သူနားလည်လောက်မယ့် စကားလုံးမျိုးနဲ့ ယဉ်ယဉ်ကျေးကျေး (ယဉ်ယဉ်ကျေးကျေး)
ပြောပြသင့်ပါတယ်။ ကိုယ့်သားသမီးကို သူသိသင့်တဲ့အဲဒီလိုအကြောင်း လေးတွေကနေစပြီး သေချာအေးအေးဆေးဆေး ပြောပြပေးလာရင် ကလေးက အပျို/ လူပျိုဖော်ဝင်လာတဲ့အခါ
သူ့ရဲ့အခက်အခဲမှန်သမျှကို ကိုယ့်ကိုပြောလိမ့်မယ်။ ရည်းစားခိုးထားတာတွေ
ဘာတွေလဲ နည်းလိမ့်မယ်။ သူရည်းစားထားချင်ရင်တောင်မှ ကိုယ့်ကိုပြောဖို့များတယ်။ Sex Education ဆိုတာမှာ ကိုယ့်ကလေးအသက်အရွယ်အလိုက် သူနားလည်လောက်မယ့်စကားလုံးအ သုံးအနှုန်းမျိုးတော့ ရွေးချယ်တတ်ဖို့လိုတယ်။ ဆယ်ကျော်သက်မှာ ဆယ်ကျော်သက်နားလည်လောက်မယ့် အနေအထားနဲ့ပေါ့။ မိဘက ရှက်ကိုးရှက်ကန်း၊ အမ်းတမ်းတမ်းနဲ့ပြောနေရတာမျိုးလဲ မဖြစ်သင့်ဘူး။ အဲဒီလိုနေရခက်တဲ့အချိန်တွေမ ရှိဘူးပြောတာမဟုတ်ဘူး၊ ရှိမှာပါ။ ဒါပေမယ့် ကိုယ်က လေသံအေးအေးနဲ့ပြောနိုင်ဖို့ ကြိုးစားရမှာပါ။
ကိုယ်ကမသင်ထားရင် သူအပြင်ကကြားမယ်။ အပြင်မှာလေ့လာမှာပဲ။ အခုခေတ်လို ဘာသိချင်လဲ၊ ဘာကြည့်ချင်လဲ သိပ်လွယ်တဲ့ခေတ်ကြီးမှာ ကျွန်မတို့သားသမီးတွေ တခြားနေရာက အမှားတွေမလေ့လာခင် ကျွန်မတို့က အရင်ဦးဆုံး သူသိသင့်သိထိုက်တာတွေ သင်ထားပေးရမယ်။ ကျွန်မတို့အားလုံး ဆယ်ကျော်သက်အရွယ်ကိုဖြတ်သန်းဖူးတယ်လေ။ ဘယ်အရွယ်မှာ ဆန့်ကျင်ဖက်လိင်ကို စပြီးစိတ်ဝင်စားသလဲဆိုတာလဲ အားလုံးသိတဲ့အတိုင်းပဲ။ အဲဒီအချိန်မှာသူတခြားကကြားလာမယ့်/ လေ့လာသင်ယူမိမယ့်
Sex အကြောင်းတွေဟာ အမှားတွေအများကြီးပါနိုင်တယ်။ ကိုယ်က သူ့ကို Sex
နဲ့ပတ်သတ်လို့ မှန်ကန်တဲ့အတွေးအခေါ်၊ ကိုယ့်မိသားစုစံနှုန်း (ဥပမာ
ဖေဖေတို့မိသားစုတွေကတော့ လက်ထပ်ပြီးမှသာ sexual intercourse
ဖြစ်ကြတာဆိုတာမျိုး) စတာတွေကို အေးအေးဆေးဆေးနဲ့ ပြောပြထားနိုင်ကာမှ
မဟုတ်တာဖြစ်မယ့်ရန်က ကလေးကို ကာကွယ်ပြီးသားဖြစ်မယ်။
😱 ဘယ်လိုမျိုးနေရင် ရောဂါပိုးတွေရတတ်တယ်၊ ရောဂါပိုးရှိတဲ့သူဆိုတာ မသိသာဘူးဆိုတဲ့အကြောင်း။
😥 ဘယ်လိုမျိုးနေရင် ကိုယ်ဝန်ရတတ်တယ်။ ရယ်ဒီမဖြစ်သေးပဲ ကိုယ်ဝန်ရရင် ဘာအကျိုးဆက်တွေ ရှိတတ်တဲ့အကြောင်း၊ ကိုယ်ဝန်ဖျက်ရင် ဘာတွေဖြစ်တတ်တဲ့အကြောင်း။
😰 ကိုယ်ဝန်မရအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့အြေ ကာင်း ကိုယ့်ကလေးတွေကို ပြောပြထားရမယ်။ အားလုံး Ready မဖြစ်သေးပဲ ကိုယ်ဝန်ကြောင့်သာ လက်ထပ်ရရင် ဘာအကျိုးဆက်တွေရှိတယ်ဆိုတဲ့ အကြောင်း။
အဲဒါမှသာ မသိနားမလည်လို့၊ ကိုယ်မပြောမိလို့ ကျွန်မတို့သားသမီးတွေ ဒုက္ခမရောက်တော့ဘူးပေါ့။
ကျွန်မတို့ကိုယ့်ကလေးတွေကို Sex Education ပေးရမယ်။ ဘယ်လိုသင်ပေးရမလဲ၊ ဘယ်လိုပြောပြရမလဲ၊ ဆောင်ရန်ရှောင်ရန်တွေကို နောက်မှအသေးစိတ်ထပ်ရေးပါ့မယ်။
Written by Jessica Mozart (A Cool Mom)
**************************
ဟယ် သူ့ခေါင်းစဉ်ကြီးကလဲ ...
ငါတို့က အဲဒီလို မမိုက်ရိုင်းဘူးဟေ့ ...
နင်က ဘာလဲ? ဒါမြန်မာနိုင်ငံ ...
အပေါ်က ကွန်မန့်တွေက ဒီပို့စ်ခေါင်းစဉ်ကိုပဲဖတ်ြ
ကျွန်မတို့ မြန်မာနိုင်ငံမှာ ကိုယ့်ကလေးတွေကို Sex Education လုံးဝမလုပ်သလောက်ပဲ။ "Sex Education ဆိုတာဘာလဲ" ဆိုရင် လူတွေဟာ ဘယ်လိုနည်းနဲ့မျိုးပွားသလဲ၊
ဒီမှာတော့ ကလေးတွေနဲ့မိဘအကြား Sex အကြောင်း၊ ကိုယ်ဝန်အကြောင်းပြောရမှာကိ
တကယ်တော့ ကလေးငယ်ငယ်လေးကတည်းက စသင်လို့ရပါတယ်။ ၆ နှစ်လောက်က စသင်လို့ရပါပြီ။ ဒီအရွယ်မှာကျတော့ Sex အကြောင်းကို လူကြီးတွေသိသလိုမသိသေးပါဘူး
ကိုယ်ကမသင်ထားရင် သူအပြင်ကကြားမယ်။ အပြင်မှာလေ့လာမှာပဲ။ အခုခေတ်လို ဘာသိချင်လဲ၊ ဘာကြည့်ချင်လဲ သိပ်လွယ်တဲ့ခေတ်ကြီးမှာ ကျွန်မတို့သားသမီးတွေ တခြားနေရာက အမှားတွေမလေ့လာခင် ကျွန်မတို့က အရင်ဦးဆုံး သူသိသင့်သိထိုက်တာတွေ သင်ထားပေးရမယ်။ ကျွန်မတို့အားလုံး ဆယ်ကျော်သက်အရွယ်ကိုဖြတ်သန်
😱 ဘယ်လိုမျိုးနေရင် ရောဂါပိုးတွေရတတ်တယ်၊ ရောဂါပိုးရှိတဲ့သူဆိုတာ မသိသာဘူးဆိုတဲ့အကြောင်း။
😥 ဘယ်လိုမျိုးနေရင် ကိုယ်ဝန်ရတတ်တယ်။ ရယ်ဒီမဖြစ်သေးပဲ ကိုယ်ဝန်ရရင် ဘာအကျိုးဆက်တွေ ရှိတတ်တဲ့အကြောင်း၊ ကိုယ်ဝန်ဖျက်ရင် ဘာတွေဖြစ်တတ်တဲ့အကြောင်း။
😰 ကိုယ်ဝန်မရအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့အြေ
အဲဒါမှသာ မသိနားမလည်လို့၊ ကိုယ်မပြောမိလို့ ကျွန်မတို့သားသမီးတွေ ဒုက္ခမရောက်တော့ဘူးပေါ့။
ကျွန်မတို့ကိုယ့်ကလေးတွေကို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။