Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 19, 2017

"သစ်ခုတ်သမား"

"သစ်ခုတ်သမား"
***************

တခါတုန်းက အလွန်သန်မာပါတယ်လို့ နာမည်ကြီးတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သူဋ္ဌေးတယောက်ဆီမှာ အလုပ်ဝင်ခဲ့တယ်။ သူ့ ရဲ့ နာမည်ကျော်ကြားမှုကြောင့်ရော ခွန်အားကြောင့် ရော လစာကတော့ တော်တော်ကောင်းတာပေါ့ ။ဒီအတွက်ကြောင့်လည်း သစ်ခုတ်သမားက သူလုပ်ရမဲ့အလုပ်ကို အကောင်းဆုံး လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့ ရဲ့  သူဋ္ဌေးက သူ အလုပ်ဝင်တဲ့ နေ့ မှာ ပုဆိန်တစ်လက်ပေးပီးတော့  သူ ခုတ်ရမဲ့ ဧရိယာကို ပြပါတယ်။

ပထမနေ့ ..
သူ သစ်ပင် (၁၈)ပင် ပြီးအောင် ခုတ်နိုင်ခဲ့ တယ်။
“ဂုဏ်ယူပါတယ်”လို့ သူဋ္ဌေးက သူ့ ကို ချီးမွမ်းတယ်။ “’ဒီအတိုင်းပဲ ဆက်လုပ်သွားပါ”
သူဋ္ဌေးရဲ့ အားပေးစကားက သူ့ ကို အလွန်အားတက်သွားစေခဲ့ တယ်။

ဒုတိယနေ့ ..
သူ ပိုကြိုးစားပီး ခုတ်တယ်။ဒါပေမဲ့ သူ ဒီနေ့ မှာတော့  သစ်ပင် (၁၅) ပင်သာ ရအောင် ခုတ်နိုင်ခဲ့ပါတယ်။

တတိယနေ့ …
သူ ပိုပြီး ကြိုးစားခဲ့တယ်။ အားကြိုးမာန်တက်နဲ့  သစ်ပင်တွေကို ခုတ်လှဲခဲ့တယ်။ နေ၀င်ချိန်မှာ ခုတ်ပီးတဲ့ အပင်တွေကို ရေ, ကြည့် လိုက်တော့ (၁၀) ပင်သာ ရှိကြောင်း ထူးဆန်းစွာ တွေ့ လိုက်ရတယ်။
တစ်ရက်ပီးတစ်ရက် သူ့ ရဲ့စွမ်းဆောင်ရည်တွေ ကျ ကျလာနေတယ်လို့ သူ သိနေခဲ့ တယ်။
“ငါ့ ရဲ့  အင်အားတွေ ကုန်နေပီနဲ့ တူပါတယ်” လို့ သူ့ ကိုယ်သူ တွေးခဲ့ တယ်။
သူဟာ သူဋ္ဌေးဆီကို သွားပီး သူ့ ရဲ့  ကျဆင်းလာတဲ့ စွမ်းဆောင်ရည်အတွက် တောင်းပန်ပါကြောင်းနဲ့ သူ ကြိုးစားပမ်းစား လုပ်နေပါရက်နဲ့ ဘာလို့  ဒီလို ဖြစ်နေတာလဲ့ ဆိုတာကို သူကိုယ်တိုင်နားမလည် ကြောင်းကို ဖွင့်ပြောခဲ့တယ်။
သူဋ္ဌေးက သူ့ ကို စူးစိုက်စွာ ကြည့်ရင်း…
“မင်း သစ်တစ်ပင်ခုတ်ပီးတိုင်း နောက်ဆုံးအချိန်တွေမှာ ပုဆိန်ကို ပြန်သွေးသေးလား”
"ဗျာ….ပုဆိန်ကိုလား….ပြန်သွေးရမယ်ဟုတ်လား…အဲဒါ ….အဲဒါတော့ ကျွန်တော် မလုပ်ဖြစ်ဘူးဗျ..ဘာကြောင့်လဲဆိုတော့ ကျွန်တော် သစ်ပင်တွေကို ခုတ်ဖို့ အလုပ်အရမ်းရှုပ်နေတယ်လေ”
……………………………………………………………………….....................
ကျွန်တော်တို့ ရဲ့ ဘ၀တွေလည်း ဒီလိုပါပဲ။ အချိန်တော်တော်များများမှာ အလုပ်တွေ ရှုပ်နေပါတယ်ဆိုပီး ပုဆိန်ရဲ့ အသွားကို ပြန်သွေး ဖို့မေ့နေကြတယ်။
အခုအချိန်တွေမှာ ကျွန်တော်အပါအ၀င်လူတော်တော်များ အလုပ် အလုပ် အလုပ်နဲ့ အလုပ်တွေကို ဖိပီး အမြဲတမ်း ကြိုးစားလုပ်ကိုင်ရင်းနဲ့  ပျော်ရွှင်မှု ဆိုတဲ့  ပုဆိန်သွေးတဲ့ အချိန်လေးတွေကို အမြဲတမ်းပျောက်ဆုံးနေရတယ်။
ပုဆိန်သွေးဖို့ ဘာကြောင့် လိုအပ်တာပါလဲ?
ဘာကြောင့် ပုဆိန်ကို သွေးဖို့ မမေ့ သင့်တာပါလဲ?
အလုပ်အရမ်းကြိုးစားတယ်ဆိုတာက မှားတဲ့ အချက်မဟုတ်ပါဘူး။

ဒါပေမဲ့ အလုပ်တွေကို ဖိလုပ်ရင်းနဲ့  ဘ၀ရဲ့  တကယ့် အရေးကြီးတဲ့ လုပ်ရမဲ့အရာတွေကို မေ့ နေတာက လှစ်လျူရူ ထားတာက မှားတာပါ။
ကျွန်တော်တို့ မိသားစု အတွက် ပေးရမဲ့ အချိန်လေးတွေ သူငယ်ချင်းတွေနဲ့  ပျော်ရွှင်စွာ စကားပြောရမဲ့အချိန်လေးတွေ ချစ်ရသူတွေအတွက် ပေးရမဲ့အချိန်လေး…….စတဲ့ တကယ့် တန်ဖိုး မဖြတ်နိုင်တဲ့  အစားပြန်မရတော့မဲ့  အချိန်လေးတွေ (ပုဆိန်ကို ပြန်သွေးရမဲ့ အချိန်လေး)တွေကို မေ့ လျော့နေခြင်းပါပဲ။

ကျွန်တော်တို့ အားလုံး အနားယူဖို့ မိသားစုအတွက် အချိန်ပေးဖို့ သင်ယူဖို့ နဲ့ရှင်သန်ဖို့ အတွက် အချိန်လေးတွေ ရှိရပါမယ်။
တကယ်လို့အဲလို အချိန်လေးတွေကို တန်ဖိုးမထား အလေးမထားခဲ့ ဘူးဆိုရင်တော့ တချိန်မှာ ၀မ်းနည်းကြေကွဲ ရပါလိမ့်မယ်။
မသွေးဘဲနဲ့  ဆက်ခုတ်နေတဲ့ ပုဆိန်လို အချိန်ကြာလာတဲ့ အမျှတုံးလာပြီး စွမ်းဆောင်ရည်တွေပါ ကျဆင်းလာပါလိမ့်မယ်။
မိသားစုအတွက် သူငယ်ချင်းအတွက် ချစ်ခင်ရသူတွေအတွက် အချိန်ပေးပါ။ကြင်နာပါ။နွေးထွေးပါ။ဂရုစိုက်ပါ။
အစားထိုးလို့ မရတဲ့ အရာတွေ အတွက် နောင်တတွေ မလိုချင်ပါနဲ့ ။ဝမ်းနည်း ကြေကွဲမှုတွေ ပါ အပိုပါလာတတ်လို့ ပါ။

အရှင်နာယက ဗုဒ္ဓတက္ကသိုလ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။