အတ္တနဲ့ ချည်နှောင်ခြင်း
•••••••••••••••••••••
ဘဝမှာ ကိုယ်မြတ်နိုး တန်ဖိုးထားသူတစ်ယောက် ကိုယ့်အနားက ထွက်သွားမှာ ဆုံးရှုံးရမှာ လူတိုင်းကြောက်ကြတယ် ဒါပေမယ့် ဘယ်အရာမှ ကိုယ်ထားသလို အမြဲမရှိနိုင်ဘူးဆိုတာ အတ္တတွေများလာရင် မေ့သွားတတ်ကြတယ်
ကိုယ့်အနားက သူထွက်သွားမှာစိုးလို့ နေရာတကာ ပြောဆိုနေတာမျိုး သဝန်တို ချုပ်နှောင်တာမျိုးတွေဟာ တကယ်တော့ သူ့ကိုအဝေးကို တွန်းပို့နေသလိုပါပဲ ဘာကြောင့်လဲဆိုတော့ လူတိုင်း စိတ်ပင်ပန်း
နားပူတာ မကြိုက်ကြလို့ပါပဲ
တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေနည်းလာရင်
သံသယတွေဝင်လာရင် စကားလုံးကြမ်းတွေသုံးမိကြတယ် မာနတွေ ထိခိုက်မခံနိုင်တဲ့အတွက် ရင်ထဲကမပါလဲ
စကားလုံးကြမ်းတစ်ချို့ မရည်ရွယ်ပဲ ပြောမိကြတယ်
အလျော့ပေး သည်းခံရမှာကို ဒူးထောက်အရှုံးပေးခြင်းလို့ သူတို့ခံယူထားလို့ပါပဲ နားလည်မှုနဲ့ တည်ဆောက်သူတွေကတော့ သည်းခံခြင်းကို
သံယောဇဉ် ခိုင်မာဖို့ ခွင့်လွှတ်သင့်တာ ခွင့်လွှတ်ဖို့ အမြဲကြိုးစားတယ်
ကိုယ်နဲ့မထိုက်တန်ရင် ကိုယ်က ဘယ်လောက်ပဲ လိုက်လျောပေးဆပ်နေပါစေ
ကိုယ့်စေတနာကို ဘယ်တော့မှ အကောင်းမြင်ပြီး တန်ဖိုးထားအသိအမှတ်ပြုမှာ မဟုတ်ပါဘူး
ကိုယ်နဲ့အဝေးကိုသာ ပြေးဖို့ သူကြိုးစားနေမှာပါ
ခိုင်မြဲချင်ရင် အပ်ချည်ကြိုးနဲ့ချည်ထားလဲ
ကိုယ်ကမောင်းထုတ်ရင်တောင် သူထွက်သွားမှာမဟုတ်ပါဘူး
မခိုင်မြဲချင်ရင်တော့ သံကြိုးနဲ့ချည်ထားလဲ
ကိုယ့်စကား ဘာပြောပြော မကောင်းမြင်ပြီး အဝေးပြေးမှာပါပဲ
သံယောဇဉ်ကြိုး မှားပြီး ချည်နှောင်မိလို့ကတော့ ကိုယ့်ဘဝအမြဲပူလောင်ရဖို့ သေချာပါတယ်
သံယောဇဉ်ကြိုး မမြင်ရဘူး ကိုင်ကြည့်လို့မရဘူး ဒါပေမယ့် ချည်နှောင်မိရင် ရုန်းမထွက်နိုင် လက်မလွှတ်နိုင်နဲ့ ကိုယ့်ကို ပင်ပန်းစေတာအမှန်ပါပဲ
သံယောဇဉ်ကြိုး မှားမချည်မိစေနဲ့
အတ္တတွေနဲ့ မချည်နှောင်နဲ့ သည်းခံ နားလည်မှုနဲ့ အကောင်းမြင်ပြီး တည်ဆောက်ကြပါလို့ပြောပါရစေ. ....
#ဆောင်းသဇင်
•••••••••••••••••••••
ဘဝမှာ ကိုယ်မြတ်နိုး တန်ဖိုးထားသူတစ်ယောက် ကိုယ့်အနားက ထွက်သွားမှာ ဆုံးရှုံးရမှာ လူတိုင်းကြောက်ကြတယ် ဒါပေမယ့် ဘယ်အရာမှ ကိုယ်ထားသလို အမြဲမရှိနိုင်ဘူးဆိုတာ အတ္တတွေများလာရင် မေ့သွားတတ်ကြတယ်
ကိုယ့်အနားက သူထွက်သွားမှာစိုးလို့ နေရာတကာ ပြောဆိုနေတာမျိုး သဝန်တို ချုပ်နှောင်တာမျိုးတွေဟာ တကယ်တော့ သူ့ကိုအဝေးကို တွန်းပို့နေသလိုပါပဲ ဘာကြောင့်လဲဆိုတော့ လူတိုင်း စိတ်ပင်ပန်း
နားပူတာ မကြိုက်ကြလို့ပါပဲ
တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေနည်းလာရင်
သံသယတွေဝင်လာရင် စကားလုံးကြမ်းတွေသုံးမိကြတယ
စကားလုံးကြမ်းတစ်ချို့ မရည်ရွယ်ပဲ ပြောမိကြတယ်
အလျော့ပေး သည်းခံရမှာကို ဒူးထောက်အရှုံးပေးခြင်းလို့ သူတို့ခံယူထားလို့ပါပဲ နားလည်မှုနဲ့ တည်ဆောက်သူတွေကတော့ သည်းခံခြင်းကို
သံယောဇဉ် ခိုင်မာဖို့ ခွင့်လွှတ်သင့်တာ ခွင့်လွှတ်ဖို့ အမြဲကြိုးစားတယ်
ကိုယ်နဲ့မထိုက်တန်ရင် ကိုယ်က ဘယ်လောက်ပဲ လိုက်လျောပေးဆပ်နေပါစေ
ကိုယ့်စေတနာကို ဘယ်တော့မှ အကောင်းမြင်ပြီး တန်ဖိုးထားအသိအမှတ်ပြုမှာ မဟုတ်ပါဘူး
ကိုယ်နဲ့အဝေးကိုသာ ပြေးဖို့ သူကြိုးစားနေမှာပါ
ခိုင်မြဲချင်ရင် အပ်ချည်ကြိုးနဲ့ချည်ထားလဲ
ကိုယ်ကမောင်းထုတ်ရင်တောင် သူထွက်သွားမှာမဟုတ်ပါဘူး
မခိုင်မြဲချင်ရင်တော့ သံကြိုးနဲ့ချည်ထားလဲ
ကိုယ့်စကား ဘာပြောပြော မကောင်းမြင်ပြီး အဝေးပြေးမှာပါပဲ
သံယောဇဉ်ကြိုး မှားပြီး ချည်နှောင်မိလို့ကတော့ ကိုယ့်ဘဝအမြဲပူလောင်ရဖို့ သေချာပါတယ်
သံယောဇဉ်ကြိုး မမြင်ရဘူး ကိုင်ကြည့်လို့မရဘူး ဒါပေမယ့် ချည်နှောင်မိရင် ရုန်းမထွက်နိုင် လက်မလွှတ်နိုင်နဲ့ ကိုယ့်ကို ပင်ပန်းစေတာအမှန်ပါပဲ
သံယောဇဉ်ကြိုး မှားမချည်မိစေနဲ့
အတ္တတွေနဲ့ မချည်နှောင်နဲ့ သည်းခံ နားလည်မှုနဲ့ အကောင်းမြင်ပြီး တည်ဆောက်ကြပါလို့ပြောပါရစေ.
#ဆောင်းသဇင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။