Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 24, 2017

"လူတွေ ဘာလိုအပ်နေလဲ ဆိုတာကနေ စစဉ်းစားပါ"

“ဘယ်လောက်ရောင်းလိုက်ရသလဲ ဆိုတာထက် သူတို့ ဘယ်လောက် စိတ်ကျေနပ်သွားတယ် ဆိုတာပဲ အစ်မ အဓိကထားတယ်”
- - - - - - - - - - - - - - - -
"လူတွေ ဘာလိုအပ်နေလဲ ဆိုတာကနေ စစဉ်းစားပါ"

ပြီးခဲ့တဲ့စနေနေ့က အလုပ်ကိစ္စတစ်ခုနဲ့ 88 Toys Store ဆိုတဲ့ ကလေးကစားစရာတွေ ရောင်းတဲ့ဆိုင်လေးကို ရောက်ဖြစ်ခဲ့တယ်။ လူရှင်းလောက်မယ်မှတ်ပြီး လာခဲ့ကာမှ ၀ယ်သူတွေ တွေ့လိုက်ရတော့ စိတ်ထဲ နည်းနည်းလေး ထူးဆန်းသွားတယ်။
ကျောက်ဆည်ဘက်က မူကြိုဆရာမတစ်ယောက်က သူ့မူကြိုမှာ ကလေးတွေဆော့ရအောင်ဆိုပြီး ၀ယ်နေတယ်။ မိသားစုတစ်စုကလည်း စိတ်ကြိုက်ကို ရွေးနေတာ။ ပစ္စည်းလေးတွေကလည်း စိတ်ဝင်စားစရာ ကောင်းတာကိုး။

ဒီစာကို ရေးဖြစ်တဲ့အထိ တွန်းအားရခဲ့တာကတော့ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ မနှင်းလွင်နဲ့ စကားပြောမိပြီးတဲ့နောက်ပိုင်းမှာပါပဲ။ သူပြောတာ နားထောင်မိလိုက်တာ ကျွန်တော့်လာရင်းကိစ္စတောင် နောက်ရောက်သွားတော့တယ်။

“အစ်မမှာ ကိုယ်ပိုင်မူကြိုလေး ရှိတယ်။ အဲဒီမှာလည်း ကလေးတွေဆော့ရအောင် ကစားစရာလေးတွေ ၀ယ်ဝယ်ထားတယ်။ နောက်တော့ တခြားမူကြိုဆရာမတွေကလည်း စိတ်ဝင်စားလာတော့ သူတို့အတွက်လည်း ၀ယ်ပေးဖြစ်လာတယ်။ နယ်တွေကိုပါ ပို့ပေးရတဲ့အထိ ဖြစ်လာရော။ အဲဒီတုန်းကတော့ ခုလိုစီးပွါးရေးလုပ်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် စုံစမ်း၊ ပိုပြီးဈေးသက်သာတာကို ရွေး၊ အဲ့လိုတွေ ၀ယ်ခဲ့ရတာ။ အွန်လိုင်းကနေဆိုလည်း အစ်မက အရင်မှာကြည့်တယ်။ ကလေးတွေအတွက် တကယ်အသုံးဝင်တယ်ဆိုမှ ကိုယ့်ကျောင်းအတွက်ရော၊ တခြားသူတွေအတွက်ပါ မှာပေးတာ”

ဒီအစ်မ စီးပွါးရေးစလုပ်ဖြစ်ခဲ့တဲ့ ပုံစံက စိတ်ဝင်စားစရာ ကောင်းတယ်။ ပြောရရင် ခရီးသွားဟန်လွှဲ လုပ်ဖြစ်သွားတဲ့သဘော။ အဲဒီလို သူများကိုကူညီရင်းနဲ့ ဒါကို စီးပွါးရေးအနေနဲ့ လုပ်လို့ရပါလားလို့ မြင်ပြီး အကောင်အထည်စဖော်ဖြစ်ခဲ့တယ်။ အရင်လို တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် လိုက်စုံစမ်းနေတာမျိုး မလုပ်တော့ဘဲ နိုင်ငံခြားကနေ ကိုယ်တိုင်မှာတယ်။ စီးပွါးရေးပုံစံ လုပ်လာနိုင်တော့ ပိုလည်းကျယ်ပြန့်လာတာပေါ့။

စီးပွါးရေးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲလေးတစ်ခုမှာ ကြားဖူးခဲ့တာလေး သွားသတိရတယ်။ “စီးပွါးရေးစလုပ်ချင်တယ်၊ ဘာလုပ်ရမှန်းလည်း မသိဘူးဆိုရင် လူတွေဘာလိုအပ်နေသလဲဆိုတာကို စဉ်းစားပါ”တဲ့။ Alibaba ဘာကြောင့် အောင်မြင်သလဲ၊ Facebook ဘာကြောင့် အောင်မြင်သလဲ၊ Online shopping တွေ၊ Delivery service တွေ ဘယ်လိုပေါ်လာသလဲ၊၊

ရှင်းပါတယ်၊ လူတွေဘာလိုနေသလဲဆိုတာကို စဉ်းစားပြီး ဖြည့်ဆည်းပေးနိုင်ခဲ့လို့ပါပဲ။

ဒီအစ်မရဲ့ဝါသနာက ကလေးတွေကို ပြုစုပျိုးထောင်ပေးချင်တာ။ အလုပ်ကို စီးပွါးဖြစ်ရုံထက် သူ့ရဲ့ Passion ကြောင့် လုပ်နေတာလို့ ပြောရင် ပိုမှန်မယ်။ ကလေးရဲ့သဘာဝအရ ကစားစရာဆို စိတ်ဝင်စားတယ်။ ဒီတော့ သူတို့ကို သင်ကြားပေးတဲ့နေရာမှာ ကစားနည်းလေးတွေနဲ့ သင်ပေးတာက ပိုထိရောက်တယ်။ ဒီအတိုင်း ဆော့ရုံသက်သက် အရုပ်တွေ မဟုတ်ဘဲ ဆော့ရင်းနဲ့ ကလေးတွေရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုကိုပါ အထောက်အကူပေးတယ်။

အဲဒီလို ကိုယ်ဝါသနာပါတာကို လုပ်နေရသူတွေမှာ တွေ့ရလေ့ရှိတာက ဘာလဲဆိုတော့ စေတနာပဲ။ ဒါကို ဒီအစ်မဆီမှာလည်း သူ့စကားတွေကတစ်ဆင့် တွေ့ခဲ့ရတယ်။

“တစ်ခါတစ်လေဆို တချို့မိဘတွေက သူတို့ကလေးတွေအတွက် ၀ယ်သာပေးချင်တာ၊ ဘယ်အရွယ်က ဘယ်လိုကစားစရာမျိုးနဲ့ သင့်တော်သလဲ သိကြတာ မဟုတ်ဘူး။ သိပ်ပြီးသေးလွန်းတဲ့၊ ပါးစပ်ထဲ ကောက်ထည့်လိုက်လို့ရတဲ့ ဆော့စရာမျိုးဆို သိပ်ငယ်တဲ့ကလေးတွေအတွက် အစ်မ ရောင်းမပေးဘူး။ ကလေးတွေ အန္တရာယ်ဖြစ်မှာစိုးလို့လေ”

ပိုဈေးကြီးပြီး သူတောင်အမြတ်ပိုရဦးမယ့် ပစ္စည်း Customer က ၀ယ်နေတာကို မသင့်တော်ဘူးဆိုပြီး တားသတဲ့။ ဒီပစ္စည်းတွေနဲ့ ပတ်သက်ရင် ပိုင်ပိုင်နိုင်နိုင်လည်း သိထားတော့ သေချာရှင်းပြပေးနိုင်တယ်။ ဒီအတိုင်း ရောင်းလိုက်ရုံသက်သက်မဟုတ်ဘဲ ဒီကစားစရာတွေကို ဘယ်လိုဆော့ရတာ၊ ဘယ်လိုအကျိုးကျေးဇူးရှိစေတယ်ဆိုတာပါ ပြည့်ပြည့်စုံစုံ ပြောပြပေးတယ်။

သူပြောတာ နားထောင်ရင်း သဘောပေါက်လာတာကတော့ သူက အရုပ်ရောင်းနေတာ မဟုတ်ဘူး။ ကလေးတွေရဲ့ ပျော်ရွှင်မှုနဲ့ ဖွံ့ဖြိုးမှုကို ရောင်းနေတာပါလား ဆိုတာပါပဲ။

ဒီခေတ် စီိးပွါးရေးမှာ ထိပ်မြန်မြန်ရောက်ဖို့ ဘာလိုလဲဆိုရင် အရင်းအနှီးမဟုတ်တော့ဘူး။ အိုင်ဒီယာ ဖြစ်လာတယ်။ ဒါပေမယ့် အဲဒီထိပ်ပိုင်းမှာ ကြာကြာရပ်တည်နိုင်ဖို့ ဆိုရင်တော့ ကျင့်ဝတ်လို့ခေါ်တဲ့ Ethics လိုပါတယ်။ အထူးသဖြင့် ခုလိုအပြိုင်အဆိုင် တအားများတဲ့ကာလမှာ ကျင့်ဝတ်မရှိတဲ့သူ၊ မယုံကြည်ရတဲ့သူတွေဟာ ရေရှည်အောင်မြင်ဖို့ မလွယ်တော့ဘူး။ ကိုယ့်ပစ္စည်းရောင်းထွက်ရင် ပြီးရော မရိုးမသား လုပ်ခဲ့မယ်ဆိုရင် တစ်နပ်စားသဘောလောက် ဖြစ်နေလိမ့်မယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ယုံကြည်ခံရတဲ့သူ ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် ရိုးသားမှုနဲ့ စိတ်စေတနာ မဖြစ်မနေ လိုပါတယ်။

တအားကြီး မအောင်မြင်သေးပေမယ့် လမ်းကြောင်းတစ်ခုပေါ် ရောက်နေပြီဖြစ်တဲ့ မနှင်းလွင်နဲ့ စကားပြောရင်း မထင်မှတ်ဘဲ သင်ယူခွင့် ရလိုက်တယ်၊၊

စီးပွါးရေးတခုခု စလုပ်ချင်တယ်ဆိုရင် လူတွေဘာလိုအပ်နေသလဲဆိုတာကို အရင်စဉ်းစားပြီး အဲဒါကို ဖြည့်ပေးနိုင်အောင်သာ ကြိုးစားပါ။ အိုင်ဒီယာတစ်ခု ရလာပါလိမ့်မယ်။
နောက်ပြီး ဘယ်အလုပ်ကိုပဲလုပ်လုပ် ယုံကြည်ထိုက်သူဖြစ်ဖို့ ရိုးသားမှုနဲ့ စေတနာလိုတယ်။ အဲဒီယုံကြည်မှုဆိုတာ ချက်ချင်းလက်ငင်းတော့ ထိပ်ဆုံးကို ပို့မပေးနိုင်ပေမယ့် ထိပ်ဆုံးမှာမြဲနေဖို့အတွက်ကိုတော့ အာမခံ ပေးနိုင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၁.၃.၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။