တန်ဖိုးရှိသော မှတ်စုများ
စိတ်အားငယ်တဲ့အချိန်တွေ စိတ်ခွန်အားလိုအပ်တွေအချိန်တွေမှာဖတ်ပြီး စိတ်ခွန်အားကိုဖြည့်စွမ်းပါ
💰သင်ဟာ တစ်နှစ်အတွက်စီစဉ်တယ်ဆိုရင်စပါးစိုက်ပါ။ဆယ်စုနှစ်တစ်ခုအတွက်စီစဉ်တယ်ဆိုရင် သစ်ပင်စိုက်ပါ။သင့်ဘဝတစ်လျှောက်လုံးစာအတွက်ဆိုရင် လူတွေကိုပညာသင်ပေးပါ
💰ဘဝမှာကောင်းတဲ့အရာတွေကိုလိုချင်တယ်ဆိုရင် အချိန်တွေအများကြီးပေးဆပ်ရပါတယ်
💰ဘယ်တော့မှအရှုံးမပေးတတ်တဲ့စိတ်ဓတ်ပိုင်ရှင်ကိုအနိုင်ယူဖို့ ဆိုတာ ခက်ခဲလွန်းပါတယ်
💰ဘဝမှာအောင်မြင်ဖို့ ဆိုရင် ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်တယ်ဆိုတာယုံကြည်မှုရှိရပါမယ်
💰ပညာရှိတယောက်ဟာ လူစုလူဝေးရဲ့ရှေ့ မှာဟာသတစ်ခုပြောပြတယ်။လူတွေကခွက်ထိုးခွက်လန်ရယ်မောကြတာပေါ့။တော်တော်ကြာတော့ သူက အဲဒီဟာသကိုဘဲထပ်ပြောပြတယ်။ဒီတစ်ကြိမ်မှာတော့ လူနည်းနည်းလောက်ဘဲရယ်ကြတယ်။သူက ဒီဟာသကိုဘဲ ထပ်ခါထပ်ခါပြောတယ်။တယောက်မှ မရယ်တဲ့အထိကိုပြောလိုက်တယ်။နောက်ဆုံးသူကပြုံးပြီး , " ခင်ဗြားတို့ ကဟာသတစ်ခုကိုထပ်ခါတလဲလဲမရယ်နိုင်ကြဘူးနော်,
အာ့ဆိုဘာ့ကြောင့် ဘဝရဲ့အခိုက်အတန့် တစ်ခုလေးရဲ့အမှားကို နာကျင်လို့ ဘာလို
့ထပ်ခါတလဲလဲငိုနေမှာလဲဗြာ" လို့ ပြောလိုက်တယ်
💰သင်ပြောင်းလဲလို့ မရတဲ့ လူတွေ အရာတွေကြောင့်ဘယ်တော့မှ ဝမ်းနည်းမဖြစ်ပါနဲ့ ။အဲ့သည်အစား လျစ်လျူရှုလိုက်ပါ။သင်လုပ်နိုင်တဲ့အရာတွေပေါ်မှာဘဲသေချာအာရုံစိုက်ပါ။တိုးတတ်အောင်ကြိုးစားပါ။သင်အမြဲပျော်ရွှင်နေမှာ အသေအချာပါဘဲ
💰အခုဘဲလုပ်လိုက်ပါ။တစ်ခါတလေမှာ နောက်မှလုပ်မယ်ဆိုတဲ့အရာတွေက ဘယ်တော့မှဖြစ်လာမှာမဟုတ်လို့ ပါဘဲ
💰အောင်မြင်ဖို့ အတွက်အလုပ်လုပ်တယ်ဆိုရင် သင်ဟာ ကျွမ်းကျင်တဲ့ဆရာတယောက်ဖြစ်လာမှာပါ။ ဝါသနာအရ စိတ်ကျေနပ်ဖို့ လုပ်ဆောင်တယ်ဆိုရင် သင်ဟာ ဂန္တဝင်ဖြစ်လာမှာပါ
💰အောင်မြင်မှုဆိုတာ သင်ဘယ်လောက်စိတ်ကူးယဉ်နိုင်လဲဆိုတာနဲ့ မတိုင်းတာပါဘူး။သင်ဘယ်လောက်လုပ်ဆောင်နိုင်လဲဆိုတဲ့အချက်နဲ့ တိုင်းတာတာပါ
💰သင့်ရဲ့အားနည်းချက်တွေကိုမျှဝေတဲ့သူတွေကိုသတိထားပါ။အချို့ သူတွေက သင့်ကိုတိုက်ခိုက်ချင်လာရင် အဲ့အချက်တွေကိုအသုံးချတတ်လို့ ပါဘဲ
💰လူတွေက သင့်နောက်ကွယ်မှာ သင့်အကြောင်းဘာပြောမလဲဆိုတာနဲ့ ပတ်သတ်ပြီး တွေးပူမနေပါနဲ့ ။အမြဲ ပြုံးပါ။လူတိုင်းကိုအကောင်းမြင်ပါ။ဘာလို့ လဲဆိုတော့ သင်ဟာလူတိုင်းကိုပျော်အောင်လုပ်နိုင်တယ်ဆိုရင် ဘယ်တော့မှအရှုံးသမားဖြစိလာမှာ မဟုတ်လို့ ပါဘဲ
💰လောကမှာ ဘဝဆိုတဲ့အရာထက် ပိုကောင်းတဲ့ဆရာဆိုတာမရှိပါဘူး။သင်ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ ကြိုးစားပါ။သင်အတွေ့ အကြုံတွေရရှိတာအသေအချာပါဘဲ
💰ယနေ့ ဆိုတာ သင်မနေ့ ကတွေးပူခဲ့တဲ့မနက်ဖြန်ဆိုတာသတိရပါ
💰တစ်စုံတယောက်ကသင့်ကိုအခွင့်အရေးတွေပေးလာရင် သင်မသေချာတဲ့အရာပင်ဖြစ်ပါစေ ခေါင်းညိမ့်လိုက်ပါ။နောက်မှဘယ်လိုလုပ်ဆောင်သလဲဆိုတာသင်ယူပါ
💰အမှားတွေဆိုတာ သင်ကြိုးစားနေတယ်ဆိုတဲ့သက်သေတွေပါဘဲ
💰သင့်ရဲ့အကောင်းဆုံးဆရာကတော့ သင့်ရဲ့နောက်ဆုံးအမှားပါဘဲ
#Quotes
#Toptenteam
Credit. To. TopTen
စိတ်အားငယ်တဲ့အချိန်တွေ စိတ်ခွန်အားလိုအပ်တွေအချိန်
















#Quotes
#Toptenteam
Credit. To. TopTen
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။