Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 23, 2017

"အကယ်ဒမီဆုပေးပွဲကြီး၏အဓိကစပွန်ဆာ ပဲ့ကိုင်ရှင်နှင့် ထူးထူးခြားခြား အကယ်ဒမီ ဖက်ရှင်…"



Moesatt May added 8 new photos — feeling အားကျလိုက်တာ.Follow

"အကယ်ဒမီဆုပေးပွဲကြီး၏အဓိကစပွန်ဆာ ပဲ့ကိုင်ရှင်နှင့် ထူးထူးခြားခြား အကယ်ဒမီ ဖက်ရှင်…"
==================================
မနေ့က အကယ်ဒမီ ဆုပေးပွဲမှာ Celebrity တွေက ရွှေတဘက်တွေ၊ သိန်းရာထောင်ချီ ပွဲတတ်ဝတ်စုံတွေ ဆင်မြန်းပြီး ပွဲတတ်လာကြပေမင့် တကယ့် တကယ်တမ်း ထူးထူးခြားခြား အမျိုးသမီလေး တစ်ယောက်ကို စိတ်ဝင်စားမိသည်။ သူကတော့ တစ်ခြားသူ မဟုတ် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကြီး အောင်အောင်မြင်မြင် ပြီးဆုံးသည့်တိုင် အဓိက စပွန်ဆာပေးခဲ့သော Bella Cosmetic ၏ ပဲ့ကိုင်ရှင် မလေး မဝေသစ်လွင်ပဲ ဖြစ်ပါတယ်။

သူ့ကို ကြည့်လိုက်ရင် သာမာန်အဝတ်အစား လေးနဲ့ နေကာမျက်မှန်လေးတပ်ပြီး သာမာန် တောက်တိုမရ အလုပ်လေးတွေကကို အသေးစိတ်ကအစ ဆောင်ရွက်တတ်ပေမင့် သူ့ အရည်အချင်း ကြိုးစားမူတွေကတော့ အံ့မခန်းပါပဲ။ မဝေသစ်လွင်ဟာ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းမင်းသစ်၏ သမီး တစ်ယောက် ဖြစ်သလို ဖခင်ကတော့ ယခင်က သစ်တောဌာနက အကြီးအကဲ တစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Sony ကဲ့သို့သော Electronic ပစ္စည်း တွေကို ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အစောဆုံး တင်သွင်းခဲ့သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
မဝေသစ်လွင်ဟာ Bella Cosmtic သာမကပဲ။ တစ်ခြားသော ဝိတိုရိယဆေးရုံ လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့၏ နေရာ အနှံ့အပြားမှ ABC Conveneice စတိုးဆိုင်များ နှင့် Sony Electric Showroom အများစုကိုလည်း ပိုင်ဆိုင်သူ တစ်ဦးဖြစ်ပါတယ်။ ။
ကျွန်တော် အရမ်းအားကျမိတဲ့ မဝေသစ်လွင်
========================
မဝေသစ်လွင်အကြောင်း ရေးဖို့တွေးနေတာ တော်တော်ကြာပါပြီ ခုတော့ အကယ်ဒမီပေးပွဲရဲ့ ပုံရိပ်တွေကြောင့် ပိုလူသိများလာလို့ ရေးဖို့ သတိရသွားတာပါ။ သူ့ကို အရမ်းအားကျမိတယ်ဆို လွန်တယ် မထင်ပါနဲ့။ သူဟာ အသက်၂၈နှစ်ပဲရှိပါသေးတယ်။ ကိုယ်နဲ့ အသက်သိပ်မကွာတဲ့ မိန်းမတစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင်တစ်ဦးဖြစ်နေတာ ကျွန်တော်အရမ်း လေးစားမိတယ်။ သူဟာ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်မကြီး Drဝင်းမင်းသစ်ရဲ့ သမီးဖြစ်ပြီး ဖခင်ဖြစ်သူက သစ်တော အရာရှိဟောင်း တစ်ယောက်ပါ။ သစ်တောဌာနမှ အနားယူပြီး sony electronic ကို ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အစောဆုံး တင်ပို့ ရောင်းချခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မဝေသစ်လွင်ဟာ ကလေးဘဝကတည်းက စီးပွားရေးနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေကို ဖခင်ထံမှ သင်ကြားခဲ့ရပါတယ်။ အဲဒီနောက် Haas School of Business University of California Berkeley USA မှာ Bachelor of Business administration ဘွဲ့ရယူခဲ့ပြီး လက်ရှိမှာ Myanmar Indo Best Company Limitedရဲ့ Director, TMW Enterprise Ltd ရဲ့ Executive Director, ABC Convenience Store Chainရဲ့ Managing Director အဲဒီလို ကိုယ်အိပ်မက်တောင် မမက်ဖူးတဲ့ ရာထူးတွေအပြင် INAX အိမ်ဆောက်ပစ္စည်း, T-Home ကြွေပြားစက်ရုံ, မိဘလုပ်ငန်းဖြစ်တဲ့ Sony electronic, Springfield ဆိုတဲ့ ယောက်ျားဝတ်၊ မိန်းမ၀တ်အင်္ကျီBrand ကို စပိန်ကနေ franchise ယူပြီး သွင်းပါတယ်။ နောက်ထပ် woman secret မိန်းမအတွင်းဝတ် အင်္ကျီနဲ့ အတွင်းခံဘောင်းဘီဆိုင် abc Medical Service ကနေ cord blood သိမ်းတဲ့ အလုပ်ကိုလည်းလုပ်ပါတယ်။ အချင်းကော အချင်းထဲကသွေးရော ပင်မဆဲလ်တွေရော ကို သိမ်းပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။ abc network တွေကိုလည်း wireless လိုက်လုပ်ပေးတာ ရှိပါတယ်။ အခြားproject အနေနဲ့ pay here လဲ လုပ်နေပါတယ်။ ဥပမာ- air asia တို့ nok air တို့က airticket တွေကို အွန်လိုင်းကနေ ၀ယ်ပြီးတော့ abc မှာ ပိုက်ဆံပေးချေလို့ ရပါတယ်။ ပြီးတော့ abc FM ဆိုပြီး လုပ်ထားပါတယ်။ နောက်တစ်ခုကတော့ ခုခေတ်စားနေတဲ့ Bellaပါ။ abc Convenience Store အလုပ်ခင်က ဝိတိုရိယဆေးရုံကိုလဲ တည်ထောင်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဆေးရုံကိုရောင်းပြီး abc Convenience Store ကို လုပ်ကိုင်ခဲ့တာပါ။
ရည်ရွယ်ချက်
========
သူ့ကို သဘောကျမိတဲ့ အဓိကအချက်ကတော့ ဘာအလုပ်ဘဲလုပ်လုပ် ရည်ရွယ်ချက်ကောင်းကောင်း ရှိနေခြင်းပါပဲ။
မြန်မာနိုင်ငံရဲ့ လူငယ်ထုကို သူတော်တော်လေး အလေးထားတာ တွေ့ရတယ်။ သူအမြဲပြောတဲ့စကားက သူ့ရဲ့ ဘယ်လုပ်ငန်း အကြောင်းကိုပဲ မေးမေး ရည်ရွယ်ချက်က တစ်ခုထဲဖြေတယ်။ Customerတွေကို value added ဖြစ်စေဖို့နဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရှိပြီး ဝန်ထမ်းတွေကို Educate လုပ်ဖို့ပါပဲ။ အရမ်းကို ပြီးပြည့်စုံတဲ့ ရည်ရွယ်ချက်ပါ။
abc Convenience Store Chain
=======================
သူ့ရဲ့ abc Convenience Store တွေက ဝန်ထမ်းတွေကို သူဘယ်လို train ပေးတယ်ဆိုတာကို နားထောင်ရတော့ အဲဒီ abc မှာတောင် သွားပြီး အလုပ်လုပ်ချင်စိတ် ပေါက်တယ်။ ကိုယ့်အတွက် အကျိုးအမြတ်တွေချည်းပဲမို့လေ။
abc storeမှာ ဝန်ထမ်းတွေအတွက် 4 years Program ဆိုပြီးရှိပါတယ်။ အလုပ်စ၀င်ကတည်းက နေစရိတ်(or) နေစရာ ပေးပါတယ်။အလုပ်ပေးပါတယ်။ Overtime ပေးတယ်။ Performance Target ပေးတယ်။ Performance Allowance ပေးပါတယ်။ အဲဒါတွေအပြင် ပထမသုံးလအတွင်းမှာ ကွန်ပျူတာကိုကျွမ်းကျွမ်း ကျင်ကျင် ကိုင်နိုင်အောင်ရယ် ၊အင်္ဂလိပ်စာရယ်ကို သင်ပေးတာရှိပါတယ်။ ပြီးရင် ပထမသုံးလကနေ နောက်ခြောက် လပြည့်တဲ့အခါ CashCounter ကိုဘယ်လို ကျွမ်းကျွမ်းကျင်ကျင်ကိုင်ရမယ်။ ဈေးကိုဘယ်လိုရောင်းရမယ်ဆိုတာသေသေချာချာသိအောင် ဈေးရောင်း ရင်းနဲ့ အသက်မွေးဝမ်းကျောင်းလို့ရအောင် စသင်ပေးပါတယ်။ ပထမ (၆)လကနေ (၁) နှစ်အတွင်းမှာ ကွန်ပျူတာကို ပိုပြီးကျွမ်းကျင်လာအောင် သင်ပေးပါတယ်။ English စာ Training တွေသင်ပေးပါတယ်။ ပြီးရင် ဒုတိယနှစ်မှာဆိုရင် Management Training .Business နဲ့သက်ဆိုင်တဲ့အရာတွေကို စပြီးသင်ပြပေးပါတယ်။ အဓိကက Retail ဖြစ်တဲ့အတွက် Merchandizing ဘယ်လိုပစ္စည်းတွေကိုဝယ်ရမလဲ။ ဘယ်လို ပြရမလဲ။ ဘာဖြစ်လို့ ဘယ်ပစ္စည်းကိုဘယ်နေရာမှာ ပြရမှာလဲဆိုတာတွေကို သင်ပေးတယ်။ နောက် Order taking ပိုင်း၊ အဲဒါလေးတွေကို အဓိကသင်ပေးပါတယ်။ ပြီးရင် ဘယ်လိုပစ္စည်းတွေ တင်ရမလဲ ဘာလို့ ဒီပစ္စည်းကို တင်ရသလဲဆိုတာတွေကို သင်ပေးပါတယ်။ အဲဒါပြီးရင်တော့ Accounting ပေါ့။ Bookkeeping ပေါ့။
စရိတ်တွေဘယ်လောက်ရှိတယ်။ စရိတ်တွေ ဘယ်လောက်တင်ရတယ်ဆိုတာ သင်ပေးပါတယ်။ ဒုတိယနှစ်နဲ့တတိယနှစ်ကြားမှာဆိုရင် P & Lဘယ်လိုဆွဲရလဲ။ဘယ်လိုရှုံးတာ မြတ်တာတွက်ရလဲ ဆိုတာတွေအပြင် လူတွေကို ဘယ်လို Manage လုပ်ရမလဲဆိုတာကအစ သင်ပေးပါတယ်။ ဒါကြောင့် ပထမသုံးလပြီးရင် Operater ဖြစ်ပါတယ်။
ပထမ ခြောက်လပြီးရင် Cashier ဖြစ်ပါတယ်။ ပထမတစ်နှစ်ပြီးရင် သူဟာစီနီယာဖြစ်ပြီ ဆိုတဲ့အတွက်ကြောင့်မို့လို့ ဆိုင်တစ်ဆိုင်မှာ သူ့လက်အောက်မှာ အုပ်ချုပ်ရတာတစ်ယောက် (သို့) နှစ်ယောက်ရှိပါတယ်။ အဲဒီလူတွေကိုသူအုပ်ချုပ်ဖို့ဆိုရင် သူကပိုသိရမယ် ဈေးလည်းပိုရောင်းတတ်မှရမယ် အဲဒီအတွက် Merchandizing Training တွေလဲ ပေးတာဖြစ်ပါတယ်။ ဒုတိယတစ်နှစ် ပြီးသွားရင်တော့ ဒီကလေးတွေဟာ
အဆိုင်းတစ်ဆိုင်းရဲ့ Incharge ဖြစ်သွားပါတယ် ။ အဆိုင်းတစ်ဆိုင်းရဲ့ Incharge ဖြစ်တဲ့အတွက် သူ့အောက်က ကလေးတွေကိုလည်း ဘယ်လိုသူ Manange လုပ်ရမယ် ဆိုတာကိုလည်း သူသိရပါမယ်။ အဲဒါပြီးရင်
၂နှစ်ကနေ ၃နှစ်အတွင်းမှာ ဆိုရင်တော့ People Management ရယ် profit & loss ရယ်ဖြစ်ပါတယ်။ အဲဒီကနေ နှစ်နှစ်ခွဲလောက်အတွင်းမှာ သူသည် ဆိုင်မန်နေဂျာဖြစ်ပါမယ်။ ဆိုင်မန်နေဂျာ ဖြစ်တဲ့အတွက် သူ့အောက်မှာ ကလေးက အနည်းဆုံး (၁၂)ယောက်နဲ့ (၁၆) ယောက်ကြားကို သူအုပ်ချုပ်ရပါတယ်။ ဒါကြောင့် သုံးနှစ် ပြည့်သွားတဲ့အခါ သူ့ရဲ့ အုပ်ချုပ်မှု သက်တမ်းဟာ အနည်းဆုံး ၆လလောက် ရှိသွားပြီ ဖြစ်တဲ့အတွက် ဆယ်တန်းအောင်ထားတဲ့ ကလေးဟာ ဘွဲ့လည်း ရပြီးသွားပြီဆိုရင် သူသည် Junier level လောက်နဲ့ မဟုတ်ပဲAssistant Supervisor level လောက်နဲ့ စလို့ရပါတယ်။ တစ်ခြား တစ်နေရာကို သွားမယ်ဆိုရင်လည်း သူသည်
အဲဒီ level လောက်နဲ့ သွားလို့ရပြီပေါ့။ နောက်တစ်ခုက abc convenience storeကို Franchise ပေးဖို့ ရှိပါတယ်တဲ့။ သူ့ဆိုင်က ၃နှစ်နဲ့ ၅နှစ်အတွင်း သက်တမ်းရှိတဲ့ ဝန်ထမ်းဟာ Store Manager တစ်ယောက်အနေနဲ့ ဒီဆိုင်ကိုသူ run တတ်နေပါပြီ။ မိဘကလည်းထောက်ပံ့ပေးမယ်။ ဒါမှမဟုတ် ဘဏ်ကပဲဖြစ်ဖြစ် ထောက်ပံ့ပေးမယ်ဆိုရင် သူ့ကိုယ်ပိုင်ဆိုင် ဖြစ်သွားအောင် Franchise ပေးပေးမှာဖြစ်ပါတယ်။ တခြားသူတွေလဲ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် Franchiseပေးမှာပါ။
ကဲ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ စီးပွားရေးလဲ။ ကျွန်တော်ကတော့ အဆင်ပြေရင် Franchise ယူဖို့ အစီစဉ်ရှိပါတယ်။
နောက်တစ်ခုက Bella
==============
Bella ပေါ်ခါစက ဈေးပေါတယ်ဆိုပြီး ကိုယ့်ပတ်ဝတ်းကျင်က လူတွေကအစ အထင်သေးကြတယ်။ မြန်မာတွေရဲ့ အကျင့်က ဈေးကြီးပေးရမှ ကောင်းတယ်ထင်တာ။ ကျွန်တော်ကတော့ မြန်မာနိုင်ငံက brand ဖြစ်တဲ့အတွက် မြတ်မြတ်နိုးနိုးနဲ့ကို အားပေးခဲ့တာ။ အဲဒီအချိန် TV မှာ သူ့ interview လာတယ်။ bella အပေါ်သူ့စေတနာတွေ ကြားရတော့ bella ကိုလဲချစ် သူ့ကိုလဲ ချစ်မိတယ်။ သူက မြန်မာအမျိုးသမီးတွေရဲ့ ပျမ်းမျှဝင်ငွေကို တွက်ချက်ပြီး တစ်လမှာ cosmetic အတွက် ၅၀၀၀ ဝန်းကျင်ဖိုးလောက်ပဲ သုံးနိုင်တာကို တွေ့တော့ အဲဒီဈေးနဲ့ quality ကောင်းကောင်းသုံးနိုင်အောင် သူစဉ်းစားခဲ့တယ်။ ကမ္ဘာအကြီးဆုံး မိတ်ကပ်companyတစ်ခုနဲ့ ချိတ်ဆက်ပြီး bella ကို ထုတ်လုပ်ခဲ့တယ်။ bella brand ရဲ့ quality ကို အမေရိကားမှာ စစ်ဆေးပြီး အဆင့်ဆင့် ဂရုတစိုက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ကတော့ bella ကိုတန်ဖိုးထားလို့ V- day မှာတောင် bellaကိုပဲ လက်ဆောင်တောင်းခဲ့တာပါ။
ဒီအချက်တွေကြောင့်ပဲ မဝေသစ်လွင်ကို လေးစားအားကျမိပါတယ်။
သိသမျှ ဝေမျှပါတယ်…

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။