Khant Naing
အလုပ်ထဲမှာ
ရေသာခိုပြီး လစာ ယူရတာကို
"အထာနပ်တာ"လို့ ယုံကြည်နေတဲ့
မြန်မာအတော်များများနဲ့ ကြုံဆုံဖူးတယ်။
ယုံကြည်မှုကို အခွင့်အရေးယူ
လိမ်ညာပြီး လူညွန့်ခူးစား လိုက်ရတာကို
"အချဉ်ဖမ်းလိုက်တာ" လို့ ဂုဏ်ယူတတ်တဲ့
မြန်မာလူမျိုးတွေနဲ့လဲ ကြုံတွေ့ဖူးတယ်။
တကယ်တော့
ဘဝကို ရေရှည်ပြေးတဲ့အခါ
ဒီလိုလူတွေဟာ ကြာရှည်မရပ်တည်နိုင်ပါဘူး။
လွယ်လွယ်ရတဲ့ငွေအပေါ် တန်ဖိုးမထားတတ်ဘဲ
လွယ်လွယ်သုံးတော့ လွယ်လွယ်ကုန်သွားတာပါပဲ။
"အချောင်သမားဆိုတာ
နာမည်သာဆိုးတယ်။ အင်မတန်သက်သာတယ်..."ဆိုတဲ့
အတွေးအခေါ်မျိုးတွေ များလာတော့
တကယ်ကြိုးစားကြတဲ့ မြန်မာတွေအတွက်ပါ
အခွင့်အရေးတွေဆုံးရှုံးကြရတယ်။
မြန်မာလူမျိုးကို
မြန်မာပြည်မှာ အလုပ်ခန့်ဖို့အတွက် မြန်မာလုပ်ငန်းရှင်တွေတောင် စိတ်မပါကြတော့တာ အချောင်သမားတွေများလာလို့ပါပဲ။
အလုပ်မလုပ်ဘဲ ပိုက်ဆံလိုချင်တဲ့ လူတွေများနေသရွေ့တော့
ဈေးကွက်ဝင်တဲ့
မြန်မာအလုပ်သမားဆိုတာ ပုံဆွဲပြရပါလိမ့်မယ်။
စနစ်ပြောင်းတော်လှန်ရေးကို
မဲပေးပြီးတာဝန်ကျေခဲ့ကြသလို ခေတ်ပြောင်းတော်လှန်ရေးကြီးကလည်း
ပြည်သူအားလုံးဟာ
ကိုယ့်ပခုံးပေါ်ကိုခေတ်ကတင်ပေးလိုက်တဲ့
တာဝန်ကို ကိုယ်စီကျေပွန်ကြဖို့လိုပါတယ် ။
ခေါက်ရိုးကျိုးနေတဲ့
ကျွန်တော်တို့စိတ်ဓာတ်တွေမပြောင်းလဲသေးသမျှ
ကျွန်တော်တို့ မျှော်လင့်တဲ့
နိုင်ငံတော်သစ်ကြီးက
အလိုလိုရောက်လာမှာ မဟုတ်ပါဘူး ။
စိတ်ဓာတ်တော်လှန်ရေးကြီးက
နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ် ။
⏩အထက်တန်းကျတဲ့ နိုင်ငံတော်သစ်ကြီးဆီ
⏩အောက်တန်းကျတဲ့ ငပျင်းစိတ်နဲ့တော့
မရောက်နိုင်ဘူး မိတ်ဆွေ ။
Credit .... Melvin Moe
ဝန်ခံချက်.....
နည်းနည်းလေးဖြည့်စွက်ပါတယ်။
#NL@phyo thuya naing
လိမ်ညာပြီး လူညွန့်ခူးစား လိုက်ရတာကို
"အချဉ်ဖမ်းလိုက်တာ" လို့ ဂုဏ်ယူတတ်တဲ့
မြန်မာလူမျိုးတွေနဲ့လဲ ကြုံတွေ့ဖူးတယ်။
တကယ်တော့
ဘဝကို ရေရှည်ပြေးတဲ့အခါ
ဒီလိုလူတွေဟာ ကြာရှည်မရပ်တည်နိုင်ပါဘူး။
လွယ်လွယ်ရတဲ့ငွေအပေါ် တန်ဖိုးမထားတတ်ဘဲ
လွယ်လွယ်သုံးတော့ လွယ်လွယ်ကုန်သွားတာပါပဲ။
"အချောင်သမားဆိုတာ
နာမည်သာဆိုးတယ်။ အင်မတန်သက်သာတယ်..."ဆိုတဲ့
အတွေးအခေါ်မျိုးတွေ များလာတော့
တကယ်ကြိုးစားကြတဲ့ မြန်မာတွေအတွက်ပါ
အခွင့်အရေးတွေဆုံးရှုံးကြရတယ်။
မြန်မာလူမျိုးကို
မြန်မာပြည်မှာ အလုပ်ခန့်ဖို့အတွက် မြန်မာလုပ်ငန်းရှင်တွေတောင် စိတ်မပါကြတော့တာ အချောင်သမားတွေများလာလို့ပါပဲ။
အလုပ်မလုပ်ဘဲ ပိုက်ဆံလိုချင်တဲ့ လူတွေများနေသရွေ့တော့
ဈေးကွက်ဝင်တဲ့
မြန်မာအလုပ်သမားဆိုတာ ပုံဆွဲပြရပါလိမ့်မယ်။
စနစ်ပြောင်းတော်လှန်ရေးကို
မဲပေးပြီးတာဝန်ကျေခဲ့ကြသလို ခေတ်ပြောင်းတော်လှန်ရေးကြီးကလည်း
ပြည်သူအားလုံးဟာ
ကိုယ့်ပခုံးပေါ်ကိုခေတ်ကတင်ပေးလိုက်တဲ့
တာဝန်ကို ကိုယ်စီကျေပွန်ကြဖို့လိုပါတယ် ။
ခေါက်ရိုးကျိုးနေတဲ့
ကျွန်တော်တို့စိတ်ဓာတ်တွေမပြောင်းလဲသေးသမျှ
ကျွန်တော်တို့ မျှော်လင့်တဲ့
နိုင်ငံတော်သစ်ကြီးက
အလိုလိုရောက်လာမှာ မဟုတ်ပါဘူး ။
စိတ်ဓာတ်တော်လှန်ရေးကြီးက
နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ် ။
⏩အထက်တန်းကျတဲ့ နိုင်ငံတော်သစ်ကြီးဆီ
⏩အောက်တန်းကျတဲ့ ငပျင်းစိတ်နဲ့တော့
မရောက်နိုင်ဘူး မိတ်ဆွေ ။
Credit .... Melvin Moe
ဝန်ခံချက်.....
နည်းနည်းလေးဖြည့်စွက်ပါတယ်။
#NL@phyo thuya naing
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။