Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 26, 2017

ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ရေးမိတိုင်း fb မိတ်ဆွေများဆီက comment ပေးတတ်တာတစ်ခု ရှိပါတယ်။


Mi Mi Tun added 4 new photos — with Mi Mi Tun.

ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ရေးမိတိုင်း fb မိတ်ဆွေများဆီက comment ပေးတတ်တာတစ်ခု ရှိပါတယ်။
အဲဒါကတော့ ဗိုလ်ချုပ်ကိုတော့ ချစ်ပါတယ်။
ဒါပေမဲ့ သမီးက နိုင်ငံခြားသားကိုယူခဲ့တာတော့ မနှစ်သက်ပါဘူး ဆိုတဲ့ စာသားပါပဲ။
ဟုတ်ကဲ့ ကျွန်တော်လည်း အဲဒါကို မနှစ်သက်ပါဘူး။ အထူးသဖြင့် အဖေက အင်္ဂလိပ်ကို တိုက်ထုတ်တယ်။ သမီးက အင်္ဂလိပ်ကိုယူတယ် ဆိုပြီး ကလေးအတွေးနဲ့ တကယ့်ကိုပဲ မုန်းခဲ့တာပါ။
အခုနောက်ပိုင်း fb မှာ ဒေါ်စု တက်မလာရေးအတွက် တန်ပြန် ပြောဆိုရေးသားနေကြတဲ့ အဖွဲ့တစ်ခု ရှိနေတယ်။ သူတို့ဟာ ပုံအစစ်၊ profile အစစ်နဲ့ မတင်ဘဲ အစီအစဉ်ရှိရှိ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ အမြင်မတူတာကို လက်ခံပါတယ်။ သူတို့ပြောတာလည်း ဟုတ်ပေတာပဲ ဆိုတဲ့အတွေးမျိုးလည်း ၀င်လာအောင် အပြောကောင်း အရေးကောင်းကြတာ တွေ့ကြရမှာပါပဲ။

တစ်ခုပဲ မေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင်ရော ဘယ်သူတွေကို ထိခိုက်စေလာမှာမိုလို့ တားဆီးနေကြတာလဲ ဆိုတာပါ။
တချို့ကပြောပါတယ်။ နိုင်ငံခြားသားကို ယူလို့ မုန်းတယ်ဆိုတာ ဘယ်လိုအမြင်ကြောင့်ပြောတာပါလဲ။ သမ္မတစ၀်ရွှေသိုက်တို့ ဦးနေ၀င်းတို့ဟာလည်း နိုင်ငံခြားသူတွေကို ယူခဲ့ကြတာပါပဲ။
ဘာကြောင့် မပြောကြတာပါလဲ။
အမေစု(ဒေါ်အောင်ဆန်းစုကြည်)က ပြောဖူးပါတယ်။ ကျွန်မနိုင်ငံခြားမှာ အကြာကြီး နေခဲ့တယ်ဆိုတာ မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ ယူခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ ဒီလို ဖြစ်ခဲ့တဲ့အတွက်ကြောင့်တော့ ကျွန်မ လူထုကြီးအပေါ်ထားရှိတဲ့ စေတနာနဲ့ ချစ်ခြင်း မေတ္တာကတော့ လျော့မသွားခဲ့ပါဘူး လို့ ပြောခဲ့ဖူးပါတယ်။
ကျွန်တော်ကလည်း ဖြည့်စွက် ရှင်းပြချင်ပါသေးတယ်။ အဲဒါကတော့ အမေစုတို့ မုဆိုးမမိသားစုကို တိုင်းပြည်အတွင်းမှာ မနေနိုင်အောင်၊ ပြည်ပကို တစ်ကွဲတစ်ပြားစီရောက်သွားအောင် လုပ်ခဲ့သူတွေက ဘယ်သူတွေပါလဲ။
ဦးနေ၀င်းရဲ့ အန္တရာယ်ကို မြင်လို့ ဦးနုက ဒေါ်ခင်ကြည်ကို သံအမတ်ခန့်ပြီး ဗိုလ်ချုပ်နဲ့ ရင်းနှီးမှုရှိတဲ့ အိန္ဒိယကို လွှတ်ခဲ့ရတာလို့ ဖတ်ဖူးပါတယ်။
တစ်ခါက ဗြိတိန်မှာရှိတဲ့ မြန်မာသံရုံးကို ဦးနေ၀င်းရောက်သွားပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်ရဲ့သားကြီး ကိုအောင်ဆန်းဦး ရောက်လာပါတယ်။ ဒီကောင့်ကို ငါမမြင်ချင်ဘူးလို့ ပြောပါတယ်တဲ့။ အဲဒါနဲ့ ကိုအောင်ဆန်းဦးကို ချက်ချင်း ခေါ်ထုတ်သွားရတယ်လို့ ဖတ်ရဖူးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားတော့ အာဇာနည်တွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို စီးပွားရေးလုပ်ဖို့ ဘာတွေ ကူညီရမလဲလို့ ဦးနုက မေးပါတယ်တဲ့။ တချို့လည်း ဓာတ်ဆီဆိုင်ဖွင့်တာတို့၊ ကုမဏီထောင်ခွင့်တောင်းတာတို့ ရှိပါတယ်တဲ့။ ဒေါ်ခင်ကြည်ကတော့ ဘာမှ မတောင်းခဲ့ပါဘူးတဲ့။.
ဗိုလ်ချုပ်တို့ ကျဆုံးသွားလို့ ရခဲ့တဲ့ထောက်ပံ့ကြေးက ဘာမှ မရှိပါဘူး။ ဒေါ်ခင်ကြည်ဆိုရင် သံအမတ်လုပ်ခဲ့တဲ့အတွက် ရတဲ့ ပင်စင်ကြေး တစ်လ တစ်ထောင်နဲ့ ခြံထဲမှာ စိုက်ထားတဲ့ လီလီပန်းကို ခူးရောင်းပြီး အသက်မွေးခဲ့ရတာပါတဲ့။ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် အသက်ပေးသွားခဲ့တဲ့ အာဇာနည်မိသားစုကို ဒီတိုင်းပြည်က ဘာတွေများ ပြန်လုပ်ပေးခဲ့ဖူးပါသလဲ။ အမေစု အခုလို နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတဲ့အထိ နိုင်ငံခြားတိုင်းပြည်များမှာ ရောက်သွားအောင် ဘယ်သူတွေက တွန်းအားပေး မောင်းထုတ်ခဲ့တာပါလဲ။
အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးဟာ မိသားစုတွေ ဒုက္ခရောက်တဲ့အထိ လုပ်ကြံခံခဲ့ရတဲ့အတွက် အဲဒီခေတ် နယကအစိုးရက ကျန်ရစ်သူမိသားစုကို အတွင်းရေးမှူး(၂)ရှိစဉ်ကအတိုင်း ရာထူးအဆောင်အယောင်၊ လစာကအစ ပေးထားခဲ့တယ်လို့ ကြားဖူးခဲ့သလို အတွင်းရေးမှူး(၂)ကတော်ကိုလည်း အတွင်းရေးမှူး(၂)မရှိတော့တဲ့နောက်ပိုင်းမှာ သူ့ရဲ့ PSO နဲ့ ကားအနက်ကြီးနဲ့ မွေးနေ့ပွဲလာတက်ခဲ့တာလည်း ကိုယ်တိုင်မြင်ခဲ့ဖူးပါတယ်။ ဒါဟာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူ မိသားစုကို ထောက်ပံ့တာမို့ မုဒိတာ ပွားရမယ့် ကိစ္စပါ။
ကျေးဇူးရှင်ကို ကျေးဇူး မဆပ် ချင်နေကြပါ။ ကျေးဇူးတော့ မကမ်းသင့်ဘူးလို့ ပဲ မြင်ပါတယ်။
အားလုံး ဝေဖန်စဉ်းစားသုံးသပ် နိုင်အောင် တင်ပြလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်သလို ဘယ်သူ့ကိုမှလည်း အခုချိန်ထိ နှစ်ပြားမတန်အောင် ဝေဖန်ရေးသားခဲ့တာ မရှိခဲ့ပါဘူးဗျာ။ အားလုံး တစ်နိုင်ငံတည်းက မွေးလာတဲ့ နိုင်ငံသားတွေပါ။ အယူအဆတစ်ခုအပေါ်မှာ အသေရပ်ပြီး မနေဘဲ အကြောင်းအရာတစ်ခုကို ချဉ်းကပ်တိုင်း အတိတ်၊ ပစ္စုပန်နဲ့ အနာဂတ်အပေါ်မှာ တည်မှီစဉ်းစားဝေဖန် သုံးသပ်ကြဖို့ပါ။
ရန်ဖြစ်နေရင်တော့ ဘေးကနိုင်ငံကြီးတွေက အကြိုက်တွေ့မှာပါ။ အချင်းချင်း သွေးမကွဲစေတဲ့ အရေးအသားမျိုးတွေကို ကြိုဆိုလျက်ပါခင်ဗျား။
အားလုံး ဘေးရန်ကင်းကွာလို့ လိုရာဆန္ဒပြည့်ကြပါစေ။
(Credit-U Thein Aye)
Maung Tun Wai
ZNO(မူကြို)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။