Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 30, 2017

MyanmarIdolမှာယှဉ်ပြိုင်ခွင့်ရခဲ့တာ က ဘ၀တစ်ဆစ်ချိုး ဖြစ်စေခဲ့တာပါ လို့ ဆိုခဲ့သူ Myanmar Idol Winner ဆုရှင် သားငယ် ရဲ့ ငယ်ဘ၀ဖြတ်သန်းရာ


Music Crazy Te Te Tar Tar added 3 new photos.

✪ ◈ MyanmarIdolမှာယှဉ်ပြိုင်ခွင့်ရခဲ့တာ
က ဘ၀တစ်ဆစ်ချိုး ဖြစ်စေခဲ့တာပါ လို့ ဆိုခဲ့သူ Myanmar Idol Winner ဆုရှင်
သားငယ် ရဲ့ ငယ်ဘ၀ဖြတ်သန်းရာ ◈ ✪
✫ ✫ ✫ ✫

လူငယ်တိုင်းမှာ မွေးဖွားကတည်းက ပါဝင်လာတဲ့ ၀ါသနာဗီဇကို အခြေခံလို့ မိမိတို့ရဲ့ မျှော်လင့်ချက်အိပ်မက်တွေ ပိုင်ဆိုင်ထားတတ်ကြပါတယ်။ မိမိဝါသနာပါရာ အလုပ်အတွက် အနစ်နာခံစွန့်လွှတ်ပြီး အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လို့ ကြိုးစားသူတိုင်းအတွက် ထိုက်တန်တဲ့နေရာ တစ်ခုရရှိပိုင်ဆိုင်ကြစမြဲဆိုတာ လောကရဲ့ နိယာမလို့ ဆိုရမှာပါ။

ကြိုးစားနေတဲ့ လူငယ်တိုင်းအတွက် ထိုက်တန်တဲ့ နေရာတစ်ခုရှိတယ်ဆိုတာကို သာဓက ပြလိုက်နိုင်သူတစ်ဦးကတော့ Myanmar Idol ရဲ့ Winner ဆုရှင် သားငယ်ပဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူရဲ့ ပဲကြော်လုပ်ငန်းကို ကူညီလုပ်ကိုင်ရင်း ၀ါသနာပါရာ ဂီတလုပ်ငန်းအတွက် အမြဲတမ်းကြံဆနေတတ်တဲ့ လူငယ်လေးတစ်ဦး အဖြစ်ကနေ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံတစ်ဝန်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်ရှိနေတဲ့ မြန်မာပရိသတ်တွေကပါ အားပေးချစ်ခင်ကြတဲ့ လူငယ်မျက်နှာသစ် တေးသံရှင်လေးတစ်ယောက်အဖြစ်ကို ပြောင်းလဲနိုင်ခဲ့ပါပြီ။ သားငယ်ကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းအစ်ကို တစ်ယောက်ရှိပြီး ငယ်စဉ်ကတည်းက သီချင်းတွေကို စည်းချက်ကျကျ သီဆိုတတ်သူ တစ်ယောက်လို့ မိဘဆွေမျိုးတွေက အသိအမှတ်ပြုရသူပါ။ ငယ်စဉ်ကလေးဘ၀ တစ်လျှောက်လုံးနဲ့ ကျောင်းတက်စဉ်ကာလတွေမှာ ကျောင်းကပွဲတွေမှာ ပါဝင်ခဲ့သလို ပြဇာတ်တွေ၊ တေးသရုပ်ဖော် အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“ဂီတကတော့ ငယ်ငယ်ကတည်းက ရူးတာဗျ။ သီချင်းကတော့ အမြဲဆိုနေတာ။ ကျောင်းကပွဲတိုင်းလည်းပါတယ်။ ထူးခြားတာက ကျွန်တော်ကဟာသ ဥာဏ်လည်းရှိတယ်။ ပြဇာတ်တွေမှာ ရယ်မောစရာပုံစံတွေလည်း ပါဝင်ခဲ့ဖူးတယ်။ အနုပညာဝါသနာကြီးတယ်လို့ ဆိုရမှာပါ” လို့ တေးသံရှင် သားငယ်ကဆိုပါတယ်။
သားငယ်က သူငယ်တန်းကနေ အဋ္ဌမတန်းထိကို မာန်အောင်ကျွန်းမှာ တက်ရောက်ခဲ့ပြီး န၀မတန်းနဲ့ တက္ကသိုလ်ဝင်တန်းကိုတော့ ရန်ကုန်မှာလာတက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးကို တက္ကသိုလ်ဝင်တန်းမှာ နားခဲ့ပြီးချိန်မှာတော့ အိမ်ထောင်ဖက်ဖြစ်သူနဲ့ စတင်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ထောင်ဖက်ကို ဖျာပုံမြို့ကို ခိုးပြေးသွားခဲ့ပြီး ဆန်စက်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်းက ဇနီးဖြစ်သူရဲ့ မိဘများရှိရာ ပြင်ဦးလွင်ကို သွားရောက်နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်ဇနီးမိဘတွေက အရင်ကတည်းက ပြင်ဦးလွင်မှာ ပဲကြော်လုပ်ငန်း လုပ်တာပါ။ ကျွန်တော်လည်း ဇနီးနောက်ကို လိုက်သွားတဲ့အခါ သူ့လုပ်ငန်းတွေကို ဦးစီးပြီး လုပ်ပေးရတာပေါ့။ ပဲကြော်တွေကြော်နေရလည်းပဲ သီချင်းတွေကတော့ ဆိုနေတာပါပဲ။ သီချင်းဆိုချင်တဲ့ အိပ်မက်ကိုတော့ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ဘူး။ အဆိုတော်လည်း အရမ်းဖြစ်ချင်တယ်။ ဘယ်လမ်းကြောင်းကနေ သွားရမလဲဆိုတာကို အမြဲတမ်း ကြံစည်နေခဲ့ပါတယ်” လို့ သားငယ်က ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။
ဂီတအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လမ်းကြောင်းကို အမြဲတမ်း ရှာဖွေနေခဲ့သူသားငယ်က Myanmar Idol Season 1 ကိုကြည့်ခွင့်ရချိန်မှာ ပါဝင်လို စိတ်တွေပြင်းပြလာခဲ့တယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူကလည်း အားပေးခဲ့တာကြောင့် Myanmar Idol Season 2 မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီလမ်းကို ၀ါသနာအရမ်းပါပေမယ့် ဘယ်လောက်ထိ ဖြစ်လာမယ်ဆိုတာဘာမှ မသေချာဘူး။ လောလောဆယ်ကတော့ မိသားစုစီးပွားရေးကိုလည်း မျက်ကွယ်ပြုထားခဲ့ရမယ့် အနေအထားပေါ့။ ဇနီးကလည်း အများကြီးအားပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်ပြင်းပြတယ်။ ရသလောက်အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့စိတ်၊ ကြုံလာသမျှ အခက်အခဲကိုရင်ဆိုင် မယ်ဆိုတဲ့ စိတ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ” လို့ ပြိုင်ပွဲရဲ့ အစခရီးကို ပြန်လည်မျှဝေခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ခဲ့မှုမှာ Bottom တစ်ကြိမ်မှ မထိုင်ရတဲ့ တစ်ယောက်တည်းသော ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်လှမ်းလာခဲ့ပါတယ်။
“ပြိုင်ပွဲယှဉ်ပြိုင်စဉ်မှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ မိသားစု တာဝန်တွေကိုလည်း ဥပေက္ခာပြုထားရတော့ အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ စိတ်အားငယ်တဲ့ အချိန်တွေလည်း အများကြီးပဲ။ ဒါပေမဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးကြတယ်ဆိုတာ သိရတော့ စိတ်ဓာတ်ခွန်အားတွေ အများကြီးရခဲ့ပါတယ်” လို့ သားငယ်က ဖွင့်ဟခဲ့ပါတယ်။
နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ အငဲရဲ့ တေးသီချင်းနဲ့ယှဉ်ပြိုင်မှု၊ ဖိုးကာရဲ့ တေးသီချင်းနဲ့ယှဉ်ပြိုင်မှု၊ ရဲလေးရေးစပ်ပေးထားတဲ့ တေးသီချင်းနဲ့ ယှဉ်ပြိုင်မှုတွေမှာ အားနည်းချက်တချို့ ကြုံခဲ့ရပေမယ့် ပရိသတ်အတွက် အကောင်းဆုံးဖျော်ဖြေမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့သာ တင်ဆက်ခဲ့တယ်လို့ သားငယ်ကဆိုပါတယ်။ Winner ဆုကိုတော့ လုံးဝမျှော်လင့်မထားဘဲ ရရှိခဲ့တာကြောင့် ကျေနပ်ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။
“ဆုရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ တကယ်တမ်းဆုရတယ်ဆိုတော့ အရမ်းလည်းပျော်ရသလို ပရိသတ်တွေက ဒီလောက်တောင် အားပေးကြပါလားလို့ သိရတော့ တအားလည်းကြည်နူးရပါတယ်။ တချို့ဆိုရင် သူတို့စားဖို့သောက်ဖို့ ပိုက်ဆံတွေထဲက အကုန်ခံပြီးမဲပေးကြတာဆိုတော့ အဲဒီလို အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးအတွက် တစ်ခုခုပြန်လုပ်ပေးချင်တယ်။ သူတို့အတွက် အမှတ်တရဖြစ်မယ့် တစ်ခုခုကို လုပ်ပေးချင်ပါတယ်” လို့ သားငယ်ကဆိုပါတယ်။
သားငယ်က Myanmar Idol မှာ ဆုရရှိပြီးချိန်မှာတော့ ဇာတိမြေမာန်အောင်ကျွန်းကို ပြန်လည်သွားရောက်ပြီး အလှူဒါနတွေ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မိဘနှစ်ပါးအတွက် ရည်စူးလှူဒါန်းမှာ ဖြစ်သလို ပြိုင်ပွဲတစ်လျှောက်အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးအတွက်လည်း ရည်ရွယ်လှူဒါန်းမှာဖြစ်တယ်လို့ ဆိုပါတယ်
ဒါ့အပြင် သားငယ်က ဖျော်ဖြေပွဲတချို့မှာ ပါဝင်ဖို့လည်းစီစဉ်ထားသလို သင်္ကြန်ကာလမှာလည်း ရန်ကုန်မြို့ ၁၉ လမ်းထိပ်မှာ ပြုလုပ်မယ့် Sky Net ဖျော်ဖြေရေးမဏ္ဍပ်မှာ Myanmar Idol ပြိုင်ပွဲဝင်တွေနဲ့အတူ ဖျော်ဖြေသွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ သင်္ကြန်ကာလပြီးဆုံးချိန်မှာတော့ မြို့ကြီးအသီးသီးက ပရိသတ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ကတိစကား ဆိုခဲ့ပါတယ်။ Myanmar Idol ရဲ့ Winner ဆု ရှင်တစ်ဦးအနေနဲ့ တေးစီးရီးတစ်ခွေ ထုတ်ဝေခွင့်ရထားတဲ့ တေးသံရှင်သားငယ်က ပထမဆုံး တစ်ကိုယ်တော်တေးစီးရီးအတွက် အကောင်းဆုံးပြင်ဆင်သွားမှာ ဖြစ်သလို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် အနုပညာ အစစ်အမှန်ကို တင်ဆက်နိုင်ဖို့ ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။
ဒီနေ့ဖတ်ရှုခဲ့ကြရတာကတော့ ပြင်ဦးလွင်မြို့က ပဲကြော်လုပ်ငန်းမှာ ဘ၀ရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့ ဘ၀ကနေ မိမိဝါသနာပါရာ ဂီတလမ်းကြောင်းပေါ် ရောက်ရှိဖို့ ကြိုးစားလျှောက်လှမ်းလာတဲ့ Myanmar Idol Season 2 ရဲ့ Winner ဆုရှင် သားငယ်ရဲ့ ဘ၀ဖြတ်သန်းမှု အမှတ်တရ တချို့ပဲဖြစ်ပါတယ်။
ⓒⓡⓔⓓⓘⓣ ☞
✍ လင်းလင်းခိုင် ✍
မှတချက်​။ ။ eleven media group ရဲ့ ​ဖေ့ဘွတ်​စာမျက်​နှာမှပြန်​လည်​ကူးယူ​ဖော်​ပြပါသည်​။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။