#Knowledge is Power
ဗဟုသုတဆိုတာ စွမ်းအားကြီးပါ။
ဒီစာသားလေးကို ကြားဖူး ဖတ်ဖူးကြမှပါ။ ဒီစာသား မှန် မမှန် သုံးသပ်ကြည့်ပါရစေပါ။
တကယ်တော့ ဗဟုသုတဆိုတာ စွမ်းအား မဟုတ်သေးပါဘူး။ အလားအလာရှိသော စွမ်းအား (potential power) ပါ။
ဘယ်အခါမှာ စွမ်းအားဖြစ်လာမှာလဲ။ အဲဒီဗဟုသုတကို အသုံးချမှသာ စွမ်းအားဖြစ်လာမှာပါ။
ဥပမာ တချို့ပေးရမယ်ဆိုရင် ကျောင်းမှာ စာအရမ်းတော်သူတွေဟာ ကိုယ်ပိုင်စီးပွားရေး လုပ်တဲ့အခါ အောင်မြင်သူ အလွန်နည်းပါးကြပါတယ်။ ဘာဖြစ်လို့လဲ။ သူတို့ဟာ စာတွေ အများကြီး တတ်ထားကြပေမယ့် အသုံးချမှု နည်းပါးကြလို့ပါ။ စာတွေ အများကြီးတတ်တိုင်းသာ ကြီးပွားချမ်းသာကြမယ်ဆိုရင် တက္ကသိုလ်က ဆရာတွေ၊ ပါမောက္ခတွေ အားလုံးဟာ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်နေကြမှာပါ။
တချို့က စာအုပ်တွေ အများကြီး ဖတ်ထားကြတယ်။ စာအုပ်ထဲက စာသားတွေကိုတောင် အလွတ်ရွတ်ပြနိုင်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘဝမှာ အောင်မြင်မှု မရကြပါဘူး။ ဘာဖြစ်လို့လဲ။ သူတို့ဖတ်ထားတာတွေကို လက်တွေ့ အသုံးမချကြလို့ပါ။
ဘီလျံနာသူဌေးကြီး ဆာရစ်ချတ်ဘရင်ဆန်ဟာ မွေးကတဲက dyslexia စာရေးစာဖတ်ခက်တဲ့ ရောဂါရှိလို့ အထက်တန်းကျောင်းမှာ စာမလိုက်နိုင်လို့ ၁၇ နှစ်သားမှာ ကျောင်းထွက်လိုက်ရတယ်။ အသက် ၄၁ နှစ်မှာ ဘီလျံနာ သူဌးကြီး ဖြစ်လာခဲ့တယ်။ သူ ဘွဲ့မရပါဘူး။ ပညာမတတ်ပါဘူး။ ဒါပေမဲ့ သူဟာ သူ့အတွေ့အကြုံတွေကနေ ရတဲ့ သင်ခန်းစာတွေကို အသုံးချပြီး ကြီးပွားအောင်မြင်သွားတာပါ။
ဒီစာရဲ့ ရည်ရွယ်ချက်က ပညာတတ်ဖို့၊ ဘွဲ့ရဖို့ မလိုဘူးလို့ ပြောတာ မဟုတ်ပါ။ မိမိတတ်ထားတဲ့ ပညာဗဟုသုတကို အသုံးချပြီး အောင်မြင်အောင် လုပ်စေချင်တာပါ။ မိမိသိထား တတ်ထားတာကို အပြည့်အဝအသုံးချတတ်မယ်ဆိုရင် ဘွဲ့ရသူက ဘွဲ့မရသူထက် ပိုပြီး အောင်မြင်နိုင်ပါတယ်။
အခုခေတ်မှာ အများဆုံး ကြားနေရတဲ့ စကားတစ်ခွန်းရှိပါတယ်။ စာဖတ်ပါ။ စာအုပ်တွေ အများကြီးဖတ်ကြပါတဲ့။
ကျွန်တော် အဲဒီစကားကို ထပ်မံဖြည့်စွက်ပေးချင်ပါတယ် ။
- "စာဖတ်ပါ။ စာဖတ်ပြီး စာအုပ်ကရတဲ့ အသိပညာကို လက်တွေ့အသုံးချပါ။
- သင် စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရင် အဲဒီစာအုပ်ထဲမှာ ငါ့အတွက် ဘာအသုံးချစရာ ပါမလဲဆိုတဲ့ အသိနဲ့ ဖတ်ပါ။
- စာအုပ်က အခန်းတစ်ခန်းဖတ်ပြီးတိုင်း အသုံးချစရာအချက်တွေကို မှတ်စုထုတ်တဲ့အကျင့် လုပ်ပါ။
- ဒါဟာ သင့်အတွက် အောင်မြင်ကြီးပွားစေမယ့် အကြောင်းတစ်ချက်ပါ။
မှတ်ချက်။ သုတစာအုပ်များအတွက် စာဖတ်နည်းပါ။
ဗန်းမော်သိန်းဖေ
၂၇-၀၃-၂၀၁၇
ဗဟုသုတဆိုတာ စွမ်းအားကြီးပါ။
ဒီစာသားလေးကို ကြားဖူး ဖတ်ဖူးကြမှပါ။ ဒီစာသား မှန် မမှန် သုံးသပ်ကြည့်ပါရစေပါ။
တကယ်တော့ ဗဟုသုတဆိုတာ စွမ်းအား မဟုတ်သေးပါဘူး။ အလားအလာရှိသော စွမ်းအား (potential power) ပါ။
ဘယ်အခါမှာ စွမ်းအားဖြစ်လာမှာလဲ။ အဲဒီဗဟုသုတကို အသုံးချမှသာ စွမ်းအားဖြစ်လာမှာပါ။
ဥပမာ တချို့ပေးရမယ်ဆိုရင် ကျောင်းမှာ စာအရမ်းတော်သူတွေဟာ ကိုယ်ပိုင်စီးပွားရေး လုပ်တဲ့အခါ အောင်မြင်သူ အလွန်နည်းပါးကြပါတယ်။ ဘာဖြစ်လို့လဲ။ သူတို့ဟာ စာတွေ အများကြီး တတ်ထားကြပေမယ့် အသုံးချမှု နည်းပါးကြလို့ပါ။ စာတွေ အများကြီးတတ်တိုင်းသာ ကြီးပွားချမ်းသာကြမယ်ဆိုရင်
တချို့က စာအုပ်တွေ အများကြီး ဖတ်ထားကြတယ်။ စာအုပ်ထဲက စာသားတွေကိုတောင် အလွတ်ရွတ်ပြနိုင်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘဝမှာ အောင်မြင်မှု မရကြပါဘူး။ ဘာဖြစ်လို့လဲ။ သူတို့ဖတ်ထားတာတွေကို လက်တွေ့ အသုံးမချကြလို့ပါ။
ဘီလျံနာသူဌေးကြီး ဆာရစ်ချတ်ဘရင်ဆန်ဟာ မွေးကတဲက dyslexia စာရေးစာဖတ်ခက်တဲ့ ရောဂါရှိလို့ အထက်တန်းကျောင်းမှာ စာမလိုက်နိုင်လို့ ၁၇ နှစ်သားမှာ ကျောင်းထွက်လိုက်ရတယ်။ အသက် ၄၁ နှစ်မှာ ဘီလျံနာ သူဌးကြီး ဖြစ်လာခဲ့တယ်။ သူ ဘွဲ့မရပါဘူး။ ပညာမတတ်ပါဘူး။ ဒါပေမဲ့ သူဟာ သူ့အတွေ့အကြုံတွေကနေ ရတဲ့ သင်ခန်းစာတွေကို အသုံးချပြီး ကြီးပွားအောင်မြင်သွားတာပါ။
ဒီစာရဲ့ ရည်ရွယ်ချက်က ပညာတတ်ဖို့၊ ဘွဲ့ရဖို့ မလိုဘူးလို့ ပြောတာ မဟုတ်ပါ။ မိမိတတ်ထားတဲ့ ပညာဗဟုသုတကို အသုံးချပြီး အောင်မြင်အောင် လုပ်စေချင်တာပါ။ မိမိသိထား တတ်ထားတာကို အပြည့်အဝအသုံးချတတ်မယ်ဆိုရင
အခုခေတ်မှာ အများဆုံး ကြားနေရတဲ့ စကားတစ်ခွန်းရှိပါတယ်။ စာဖတ်ပါ။ စာအုပ်တွေ အများကြီးဖတ်ကြပါတဲ့။
ကျွန်တော် အဲဒီစကားကို ထပ်မံဖြည့်စွက်ပေးချင်ပါတယ်
- "စာဖတ်ပါ။ စာဖတ်ပြီး စာအုပ်ကရတဲ့ အသိပညာကို လက်တွေ့အသုံးချပါ။
- သင် စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရင် အဲဒီစာအုပ်ထဲမှာ ငါ့အတွက် ဘာအသုံးချစရာ ပါမလဲဆိုတဲ့ အသိနဲ့ ဖတ်ပါ။
- စာအုပ်က အခန်းတစ်ခန်းဖတ်ပြီးတိုင်း အသုံးချစရာအချက်တွေကို မှတ်စုထုတ်တဲ့အကျင့် လုပ်ပါ။
- ဒါဟာ သင့်အတွက် အောင်မြင်ကြီးပွားစေမယ့် အကြောင်းတစ်ချက်ပါ။
မှတ်ချက်။ သုတစာအုပ်များအတွက် စာဖတ်နည်းပါ။
ဗန်းမော်သိန်းဖေ
၂၇-၀၃-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။