ကျွန်တော့်အိမ်နားမှာ မြွေလိုက်ဖမ်းတဲ့ မြွေမုဆိုး ကရင်
ဖထီးကြီးတစ်ယောက်ရှိတယ်။ တစ်နေကုန်အရက်လေး
သောက်လိုက် အိပ်လိုက်နဲ့ ညကျမှ ၂ ခွ မှိန်းလေးကိုင်၊
ဝါးပလိုင်းလေးလွယ်၊ ဓားမတိုလေးတစ်ချောင်း ခါးကြား
ထိုးပြီး ကွမ်းလေးတစ်ဖွီဖွီနဲ့မြွေလိုက်ဖမ်းတော့တာပဲ။
သူ့ခြေထောက်တစ်ဖက်က နဲနဲဆာတာတာနဲ ဆိုတော့
လမ်းလျောက်ရင် သိပ်မလျောက်နိုင်ဘူး။
ဒါပေမဲ့ ည ၃ နာရီလောက်ဆိုရင် အိမ်ရှေ့ကနေတော
စီးဖိနပ်သံ တစ်ဂွက်ဂွက်နဲ့ သူအိမ်ပြန်တဲ့အသံကိုကြား
ရတယ်။ ကရင်သီချင်းလေးခပ်တိုးတိုးဆိုလာပြီဆိုကျိန်း
သေတယ်.မြွေပွေး ၂ ကောင်လောက်မိလာပြီ။
ခြေထောက်ဆာတာတာနဲ့ဒီအတီးကအင်မတန်လျှင်မြန်
တဲ့ မြွေဆိုတဲ့သတ္တ၀ါကိုဘယ်လိုဖမ်းလဲဆိုတာကျွန်တော်
စိတ်ဝင်စားတယ်။
ဒါကြောင့် တစ်နေ့တော့ ကျွန်တော် အဲ့ဒီ အတီးအိမ်ကို
သွားလည်ရင်း သူ့ကို အင်တာဗျူးရတာပေါ့။
"အတီး ........ အတီးက ခြေထောက်လည်း မသန်ဘဲနဲ့
ဒီလောက်မြန်တဲ့ မြွေတွေကို ဘယ်လိုဖမ်းလဲဗျ.."
"ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့
ကိုမဖမ်းနိုင်ဘူး..ဒီကောင်ေ တွက လူတွေ့ရင် ထွက်ပြေး
တယ်ကွ။ ဒါကြောင့်ငါမြွေပွေးပဲဖမ်းတ ယ်.."
"အတီးက မြွေပွေးကိုရော ဘယ်လိုဖမ်းလဲ.."
"မြွေပွေးက လူတွေ့ရင် ထွက်မပြေးဘူးကွ။ လူုကိုရန်မူ
မယ်ဆိုပြီး အသင့် အနေအထားနဲ့ ငြိမ်နေတာ။ သူ့မှာ
အဆိပ်ပြင်းတယ်ပေါ့ကွာ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး
ပေါ့။ လာမထိနဲ့ သေသွားမယ်ပေါ့ကွာ။ သူ့ကိုထိတာနဲ့
ဆတ်ခနဲ လှမ်းကိုက်တော့တာပဲဟေ့။ သူ့ကိုမထိသေး
ရင် မင်းကိုဘာမှမလုပ်ဘူး။"
"အဲ့ဒီတော့ သူ့ခေါင်းနားကို မှိန်းနဲ့အသာလေးကပ်သွား
ပြီးထိလုထိခင်ကျမှ မှိန်း ၂ ခွနဲ့ ခေါင်းကိုအမြန်ထိုးချလိုက်
ရင် ဒီကောင့်ကို မိတာပဲ..ဟဲဟဲ...။ မြွေထဲမှာ အဆိပ်ပြင်း
ပါတယ်ဆိုတဲ့ မြွေပွေးက ဖမ်းလို့အလွယ်ဆုံးဟ။ ဒီကောင်
က အဆိပ်ပြင်းတယ်ဆိုပြီး သူ့ကိုယ်သူမာန်တတ်နေတာ
ကိုး..."
"အော်..."
ကျွန်တော့်ရင်ထဲ အတွေးတွေတသီကြီးနဲ့အတီးအိမ် က
ပြန်လာခဲ့တယ်။ အဆိပ်မရှိတဲ့ ရေမြွေတို့ လင်းမြွေတို့
ကမှ လွတ်မြောက်နိုင်တဲ့လမ်း ရှိသေးတာပါလား။ ငါအ
ဆိပ်ပြင်းတာပဲဆိုပြီး မာန်တတ်နေတဲ့ မြွေပွေးကတော့
မြွေမုဆိုးလက်ထဲမှာ သေတာပဲ။ တကယ်က...အဆိပ်
တည်းဟူသော မာန်မာန အမှားကြောင့် အဆိပ်တည်း
ဟူသော အားကိုးရာလက်နက်အမှားကြောင့်သူတစ်ပါး
ကို အထင်သေးမိတဲ့အခါမြွေမုဆိုးလ က်မှာ သေပွဲဝင်ရ
ရှာတာပါလား။
ကျွန်တော် ဆက်စပ်ပြီး တွေးနေမိတယ်။ ကျွန်တော်တို့
လူ့ဘောင် လူ့ပတ်ဝန်းကျင်မှာလည်း လူမြွေပွေးတွေအ
များအပြားပါလား။ ဟင်း .. ငါ့လာမထိနဲ့နော်..သေသွား
မယ်။ ငါ့ကို ဘာကောင်ထင်နေလဲ။ ငါလုပ်လိုက်ရ မင်း
ဘ၀ပျက်သွားမယ် သားကြီး။ ငါနဲ့ မငြိစေနဲ့ ......ဆိုတဲ့
အစွယ် တစ်ဖွေးဖွေး လူမြွေပွေးတွေကို တွေ့တိုင်း ခြေ
ထောက်တစ်ဖက် ဆာနေတဲ့ မြွေမုဆိုး ကရင်ဖထီးကြီး
ကို ကျွန်တော် ပြေးမြင်ပြီး ပြုံးမိတယ်..
ကိုယ့်ကိုယ်ကိုလည်း ပြန်လည် ဆင်ခြင်ခဲ့တယ်။ စီးပွား
ရေးလေး အဆင်ပြေလာတိုင်းလုပ်ငန်းတွေ တိုးတတ်
လာတိုင်းနောက်ဆုံး.fb မှာ follower တွေတိုးလာတိုင်း
ကိုယ့်ကို ချီးကျူးသံတွေ ညံလာတိုင်း "ငါကွ" ဆိုတဲ့ မာန်
မာနတွေ တစ်ရိပ်ရိပ်တတ်လာနေခဲ့ပါလား ။
ကိုယ့်ခေါင်းပေါ်မှာ ဖထီးရဲ့ ခက်ရင်း ၂ ခွ မှိန်းကြီးလာ
ဝဲနေပြီဆိုတာ မသိဘဲနဲ့ ယစ်မူးသာယာနေတဲ့မာန်မာန
အဆိပ်တွေ..မာန်မာန အစွယ်တွေ။
အိုး.....ရင်ထဲမှာ အသိဥာဏ်တစ်ချို့လင်းလက်လို့ သွား
ပါတယ်။
မာန်တတ်မယ်ကြံတိုင်း ကွမ်းလေးတဖွီဖွီနဲ့ မှိန်းကြီးကိုင်
ထားတဲ့ဖထီးရဲ့ပုံရိပ်ကိုပြန်လည် မင်ယောင်မိပြီး ကျွန်
တော်မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများအားလုံး
ရဲ့ခေါင်းပေါ်မှာလည်း ဖထီးရဲ့မှိန်းကြီးရောက်နေပြီလား
မော့ကြည့်ကြစေချင်ပါတယ် ......... ။ ။
.......................... .......
#SoeHtike
ကိုစိုးထိုက်(ဖဒို) 21.3.2017
>>> ©hlamoe <<<
photo . . . အင်တာနက်
ဖထီးကြီးတစ်ယောက်ရှိတယ်။ တစ်နေကုန်အရက်လေး
သောက်လိုက် အိပ်လိုက်နဲ့ ညကျမှ ၂ ခွ မှိန်းလေးကိုင်၊
ဝါးပလိုင်းလေးလွယ်၊ ဓားမတိုလေးတစ်ချောင်း ခါးကြား
ထိုးပြီး ကွမ်းလေးတစ်ဖွီဖွီနဲ့မြွေလိ
သူ့ခြေထောက်တစ်ဖက်က နဲနဲဆာတာတာနဲ ဆိုတော့
လမ်းလျောက်ရင် သိပ်မလျောက်နိုင်ဘူး။
ဒါပေမဲ့ ည ၃ နာရီလောက်ဆိုရင် အိမ်ရှေ့ကနေတော
စီးဖိနပ်သံ တစ်ဂွက်ဂွက်နဲ့ သူအိမ်ပြန်တဲ့အသံကိုကြား
ရတယ်။ ကရင်သီချင်းလေးခပ်တိုးတိုးဆ
သေတယ်.မြွေပွေး ၂ ကောင်လောက်မိလာပြီ။
ခြေထောက်ဆာတာတာနဲ့ဒီအတီးကအင
တဲ့ မြွေဆိုတဲ့သတ္တ၀ါကိုဘယ်လိုဖမ
စိတ်ဝင်စားတယ်။
ဒါကြောင့် တစ်နေ့တော့ ကျွန်တော် အဲ့ဒီ အတီးအိမ်ကို
သွားလည်ရင်း သူ့ကို အင်တာဗျူးရတာပေါ့။
"အတီး ........ အတီးက ခြေထောက်လည်း မသန်ဘဲနဲ့
ဒီလောက်မြန်တဲ့ မြွေတွေကို ဘယ်လိုဖမ်းလဲဗျ.."
"ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့
ကိုမဖမ်းနိုင်ဘူး..ဒီကောင်ေ
တယ်ကွ။ ဒါကြောင့်ငါမြွေပွေးပဲဖမ်းတ
"အတီးက မြွေပွေးကိုရော ဘယ်လိုဖမ်းလဲ.."
"မြွေပွေးက လူတွေ့ရင် ထွက်မပြေးဘူးကွ။ လူုကိုရန်မူ
မယ်ဆိုပြီး အသင့် အနေအထားနဲ့ ငြိမ်နေတာ။ သူ့မှာ
အဆိပ်ပြင်းတယ်ပေါ့ကွာ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး
ပေါ့။ လာမထိနဲ့ သေသွားမယ်ပေါ့ကွာ။ သူ့ကိုထိတာနဲ့
ဆတ်ခနဲ လှမ်းကိုက်တော့တာပဲဟေ့။ သူ့ကိုမထိသေး
ရင် မင်းကိုဘာမှမလုပ်ဘူး။"
"အဲ့ဒီတော့ သူ့ခေါင်းနားကို မှိန်းနဲ့အသာလေးကပ်သွား
ပြီးထိလုထိခင်ကျမှ မှိန်း ၂ ခွနဲ့ ခေါင်းကိုအမြန်ထိုးချလိုက်
ရင် ဒီကောင့်ကို မိတာပဲ..ဟဲဟဲ...။ မြွေထဲမှာ အဆိပ်ပြင်း
ပါတယ်ဆိုတဲ့ မြွေပွေးက ဖမ်းလို့အလွယ်ဆုံးဟ။ ဒီကောင်
က အဆိပ်ပြင်းတယ်ဆိုပြီး သူ့ကိုယ်သူမာန်တတ်နေတာ
ကိုး..."
"အော်..."
ကျွန်တော့်ရင်ထဲ အတွေးတွေတသီကြီးနဲ့အတီးအိမ်
ပြန်လာခဲ့တယ်။ အဆိပ်မရှိတဲ့ ရေမြွေတို့ လင်းမြွေတို့
ကမှ လွတ်မြောက်နိုင်တဲ့လမ်း ရှိသေးတာပါလား။ ငါအ
ဆိပ်ပြင်းတာပဲဆိုပြီး မာန်တတ်နေတဲ့ မြွေပွေးကတော့
မြွေမုဆိုးလက်ထဲမှာ သေတာပဲ။ တကယ်က...အဆိပ်
တည်းဟူသော မာန်မာန အမှားကြောင့် အဆိပ်တည်း
ဟူသော အားကိုးရာလက်နက်အမှားကြောင့
ကို အထင်သေးမိတဲ့အခါမြွေမုဆိုးလ
ရှာတာပါလား။
ကျွန်တော် ဆက်စပ်ပြီး တွေးနေမိတယ်။ ကျွန်တော်တို့
လူ့ဘောင် လူ့ပတ်ဝန်းကျင်မှာလည်း လူမြွေပွေးတွေအ
များအပြားပါလား။ ဟင်း .. ငါ့လာမထိနဲ့နော်..သေသွား
မယ်။ ငါ့ကို ဘာကောင်ထင်နေလဲ။ ငါလုပ်လိုက်ရ မင်း
ဘ၀ပျက်သွားမယ် သားကြီး။ ငါနဲ့ မငြိစေနဲ့ ......ဆိုတဲ့
အစွယ် တစ်ဖွေးဖွေး လူမြွေပွေးတွေကို တွေ့တိုင်း ခြေ
ထောက်တစ်ဖက် ဆာနေတဲ့ မြွေမုဆိုး ကရင်ဖထီးကြီး
ကို ကျွန်တော် ပြေးမြင်ပြီး ပြုံးမိတယ်..
ကိုယ့်ကိုယ်ကိုလည်း ပြန်လည် ဆင်ခြင်ခဲ့တယ်။ စီးပွား
ရေးလေး အဆင်ပြေလာတိုင်းလုပ်ငန်းတွေ
လာတိုင်းနောက်ဆုံး.fb မှာ follower တွေတိုးလာတိုင်း
ကိုယ့်ကို ချီးကျူးသံတွေ ညံလာတိုင်း "ငါကွ" ဆိုတဲ့ မာန်
မာနတွေ တစ်ရိပ်ရိပ်တတ်လာနေခဲ့ပါလား
ကိုယ့်ခေါင်းပေါ်မှာ ဖထီးရဲ့ ခက်ရင်း ၂ ခွ မှိန်းကြီးလာ
ဝဲနေပြီဆိုတာ မသိဘဲနဲ့ ယစ်မူးသာယာနေတဲ့မာန်မာန
အဆိပ်တွေ..မာန်မာန အစွယ်တွေ။
အိုး.....ရင်ထဲမှာ အသိဥာဏ်တစ်ချို့လင်းလက်လို့
ပါတယ်။
မာန်တတ်မယ်ကြံတိုင်း ကွမ်းလေးတဖွီဖွီနဲ့ မှိန်းကြီးကိုင်
ထားတဲ့ဖထီးရဲ့ပုံရိပ်ကိုပြန
တော်မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများအားလုံး
ရဲ့ခေါင်းပေါ်မှာလည်း ဖထီးရဲ့မှိန်းကြီးရောက်နေပြ
မော့ကြည့်ကြစေချင်ပါတယ် ......... ။ ။
..........................
#SoeHtike
ကိုစိုးထိုက်(ဖဒို) 21.3.2017
>>> ©hlamoe <<<
photo . . . အင်တာနက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။