“ စီမံခန့်ခွဲနည်းများ ဆိုသည်မှာ…”
မန်နေဂျာတွေ စိတ်ကောင်း စေတနာမှန်ဖြင့် အလုပ်လုပ်ကြရင် အောက်က၀န်ထမ်းတွေ သိပ်ပျော်ပြီ ပေါ့။ ရည်ရွယ်ချက်က အလုပ်ခွင်မှာရှိနေသူတိုင်း ဒီအလုပ်မှာ စိတ်ရောကိုယ်ပါကြိုးစား အားထုတ်နေကြတာကို ဖန်တီးပေးတတ်ဖို့သည် မန်နေဂျာတို့ရဲ့တာဝန် မဟုတ်ပါလား၊ (သို့မဟုတ်) စီမံခန့်ခွဲမှုနည်းများ မဟုတ်ပါလား၊ …… ရေကြည်ရာ မြက်နုရာ ဖန်တီးခြင်းရဲ့ အတတ်ပညာတစ်ခု ဆိုရင်လဲ မမှားပါဘူး။
စီမံခန့်ခွဲနည်းများဆိုသည်မှာ အလုပ်ခွင်အတွင်း မပြေလည်မှု၊ ဖြေရှင်းဆောင်ရွက်စရာ၊ အဖြေရှာရန်ရှိသည်တို့ကို ပြေလည်တဲ့အနေအထားဆီသို့ရောက်အောင်၊ ရည်မှန်းရာအနေအထားကို အကောင်းဆုံးရရှိနိုင်အောင် ဆောင်ရွက် ခြင်း ကိုပင်လျှင် စီမံခန့်ခွဲမှုဆောင်ရွက်ခြင်းလို့ ပြောပါတယ်။
ဆရာကြီး Peter Drucker ပြောတာ ရှင်းပါတယ်၊
“Management is the task of making trade-offs and juggling contradictions.”
ခက်တာက ကျွန်တော်တို့တွေ စီမံခန့်ခွဲလိုက်တော့မှ ရှင်းနေတာတွေ ရှုပ်ကုန်တယ်၊ ရှုပ်နေတာတွေ ရှင်းမရတော့ အောင် ဖြစ်ကုန်တယ်၊ … ဒါဆိုရင်သေချာ ပါတယ်၊ ဒီမန်နေဂျာသည်ပင်လျှင် ၀တ္တရားကျေ အလုပ်လုပ်နေတယ်၊ ဦးဆောင်နိုင်စွမ်း မရှိဘူး ဆိုတာသေချာနေပါပြီ လို့ ဆရာကြီးကတော့ ထောက်ပြထားပါတယ်။ သတိမှုကြဖို့ ပါ။
ဆရာကြီးတွေကတော့ အမြဲလမ်းညွှန်တဲ့ စီမံခန့်ခွဲနည်းများ ရှိပါတယ်။ မန်နေဂျာတွေ လက်တွေလုပ်ကြရမှာက-
(၁) မိမိအဖွဲ့အစည်းမှ ရယူလိုသော ရည်မှန်းချက်နှင့် ဘယ်လိုရအောင်လုပ်ကြမယ် ဆိုတာကို ချမှတ်၊ ပြဌာန်းရမယ်။
(၂) ဘယ်နေရာ၊ ဘယ်ဌာနကြီးတွေအတွက်က ဘယ်ကဏ္ဍ၊ ဘယ်အပိုင်းကို ရအောင်လုပ်ကြရမယ်ဆိုတာကို ကွဲကွဲ ပြားပြား ပြဌာန်း၊ ချပြပေးရမယ်။
(၃) သက်ဆိုင်ရာဌာန၊ ကဏ္ဍတာဝန်ခံ မန်နေဂျာတွေအနေဖြင့် မိမိတို့တာဝန်ယူကြရမယ့် ဘယ်ကဏ္ဍ၊ ဘယ်အပိုင်း အတွက် သီးသန့်ဖြစ်သော ရည်မှန်းချက်နှင့်ဘယ်လိုရအောင်လုပ်မယ်ဆိုတာကို ပြန်လည် ချမှတ်၊ ပြဌာန်းရမယ်။
(၄) သက်ဆိုင်ရာဌာန၊ ကဏ္ဍတာဝန်ခံ မန်နေဂျာတွေအနေဖြင့် မိမိတို့တာဝန်ယူကြရမယ့် ရည်မှန်းချက်နှင့် ဘယ်လို ရအောင်ဆောင်ရွက်မယ်ဆိုတာကို မိမိဌာန၊ ကဏ္ဍမှာရှိတဲ့ မိမိနှင့် လက်တွဲဆောင်ရွက်မယ့်သူတွေကို ချပြ ပေးထားရမယ်။
(၅) လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်မှုတိုင်းအတွက် မိမိတို့ ရည်မှန်းချက်နှင့် လမ်းမလွဲစေဖို့၊ ထိထိ ရောက်ရောက်၊ အကျိုးရှိရှိဖြင့်ရအောင် ဘယ်လိုဆောင်ရွက်ကြမယ် ဆိုတာကို မန်နေဂျာနှင့် သူလုပ်ဖေါ်ကိုင်ဖက် တွေဟာ နေ့စဉ် ဆောင်ရွက်ဖွယ်တို့ကို လက်တွဲဆုံးဖြတ်ပြီး စနစ်တကျ ချရေး(ပြဌာန်း)ထားရမယ်။
(၆) ချရေး(ပြဌာန်း)ထားတဲ့အတိုင်း အားလုံးမှ တသွေမသိမ်းလိုက်နာ ဆောင်ရွက်ကြရမယ်။ ဆောင်ရွက်လာအောင် ပြုမှုကြရမယ်။
(၇) ဆောင်ရွက်ပြီးမြောက်မှုတိုင်းကို
မူလရည်မှန်းချက်နှင့် ဘယ်လောက်ထိ နီးစပ်မှုရှိသည်၊ မရှိဘူး ဆိုတာကို
စဉ်ဆက်မပြတ် သုံးသပ်နေရမယ်။ လိုနေ-ပိုနေတာကို ဘာကြောင့်လဲဆိုတာ
အဖြေထုတ်ရမယ်။ ရည်မှန်ချက် ချကတည်းက၊ ဘယ်လိုလုပ်ကြမယ်ဆိုတာကို ချမှတ်၊
ပြဌာန်းကတည်းက လိုအပ်ချက်ရှိခဲ့တာလား၊ လက်တွေ့ အကောင်အထည်ဖေါ်သူတွေရဲ့
အားနည်းချက်ကြောင့်လား၊ (System Error-Human Error လို့သုံးတတ်ကြပါ တယ်)၊
ဘာကြောင့်လဲ ဆိုတာအဖြေထုတ်ရမယ်။ လိုနေ-ပိုနေတာကို အမှန်ပြန်ရအောင်
တည့်မတ်ယူရမယ်။
(၈) အောင်မြင်မှုရလဒ်တွေအတွက် ခံစားရမယ့်ဆုလဒ်တွေကို ကြိုတင် စီစဉ် ပြဌာန်း သတ်မှတ်ပေးထားရမယ်။ ရရင်ပေးမှာပေါ့လို့ မဖြစ်စေရဘူး။ ဒါတွေ အောင်မြင်အောင်ဆောင်ရွက်နို င်ရင် ဒီလိုအကျိုးရလဒ်တွေ ခံစားရမယ် ဆိုတာကို ကြိုတင် သတ်မှတ် ပြဌာန်း ချပေးထားရမယ်။
လို့ လမ်းညွှန်ထား ပါတယ်။
ဒါဆိုဆိုရင် စီမံခန့်ခွဲနည်းများ အဖြစ်လုံလောက်ပြီလား……? မလုံလောက်သေး ပါဘူးလို့ ပြောပါတယ်။
လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်နေကြ သူတွေအတွက် လိုအပ်သော၊ လိုအပ်နိုင်ခြေရှိသော၊ လိုအပ်မည် ဖြစ်သော ရုပ်ဝတ္ထုပစ္စည်း-ကိရိယာ-တန်ဆာ ဆိုင်ရာ၊ ၀န်ထမ်းအင်အားသုံးစွဲမှုဆိုင်ရာ၊
ငွေကြေးသုံးစွဲမှု ဆိုင်ရာတို့ကို ဘယ်လို-ဘယ်လို ရယူသုံးစွဲရမယ်၊
ဘယ်လောက်ထိ သုံးစွဲခွင့်ရှိတယ် ဆိုတာကို သက်မှတ် ဆုံးဖြတ် ပေးရမယ်လို့
ပြောထားပါတယ်။ Decide how to use Organizational Resources လို့ ဆရာကြီးက
လမ်းပြ ပေးထားပါတယ်။
ကျွန်တော့ အတွေ့အကြုံအရပြောရရင် ဒါဟာ မန်နေဂျာတစ်ယောက် သိနေ၊ ကျွမ်းကျင်နေရမယ့် Plan and Budget, Know & How ကို ရည်ညွှန်းတယ်ထင်ပါတယ်၊ (သို့မဟုတ်) ဘောဂဗေဒ သီအိုရီဖြစ်တဲ့ Land, Labour, Capital ကို နားလည်ရမယ်လို့ ရည်ညွှန်းတယ်ထင်ပါတယ်။
မည်သို့ဆိုစေပါ၊
မန်နေဂျာတစ်ယောက်ဟာ သူ တာဝန်ယူ ဆောင်ရွက်ရမယ့်ကဏ္ဍအတွက် လိုအပ်မယ့် ရုပ်ဝတ္ထုပစ္စည်း-ကိရိယာ-တန်ဆာ၊
ဝန်ထမ်းအင်အား၊ ငွေကြေး. .. ဒါတွေကို ကြိုတင် သိမြင် နားလည်ရမယ်၊
ထိုကိစ္စများအတွက် မိမိလက်အောက် အရာခံတွေ၊ တာဝန်ခံ တွေမှ တင်ပြ
တောင်းခံလာရင် ချက်ချင်းမဟုတ်ရင်တောင်-အချိန်နှောင့်နှေးမှုမဖြစ်စေပဲ
ဆုံးဖြတ်ပေးတတ်၊ ပေးနိုင်စွမ်း ရှိရပါမယ်။ ဆုံးဖြတ်ပေးရန်၊
ခွဲဝေနေရာချထားပေးရန် တာဝန်ယူရပါမယ်။ တင်ပြလာ၊ တောင်းခံလာတော့ မှ စတင်
စဉ်းစားအုံး မယ် ဆိုတာမျိုး မဖြစ်စေရ ပါဘူး။ တကယ်လို့သာ ဒီအပိုင်းမှာ
ထိုမန်နေရျာသည် တွေဝေနေတယ်၊ နှောင့်နှေးနေတယ် ဆိုရင် သေချာပါပြီ၊
ထိုအဖွဲ့အစည်းသည် အောင်မြင်မှုနှင့် ဝေးနေပြီ ဆိုတာ သေချာပါတယ်တဲ့။
နိဂုံးချုပ်အနေဖြင့်ပြေရရင် တော့ မန်နေဂျာတွေ မန်နေဂျာအလုပ်ကိုမလုပ်တတ်ပဲ ရာထူးတာဝန်တွေကို လက်ခံ ဆောင်ရွက်ကြလေသောအခါမှာ စီမံခန့်ခွဲနည်းများဖြင့်လွဲချော်ပြီး၊ နောက်ဆုံး ထိခိုက်သွားတာကတော့
ထိလုပ်ငန်း၏ ဂုဏ်သတင်း၊
ဈေးကွက်မှာတည်ရှိနိုင်တဲ့ အဆင့်အတန်း၊
နောက်ဆုံး အရှုံးသံသရာ သာလျှင်ဖြစ်ပါကြောင်း …
…
စိုးမြင့်ခိုင်
Reference: Management, Peter F. Drucker, Revised Edition
Management, Richard L.Daft, 9th Edition
မန်နေဂျာတွေ စိတ်ကောင်း စေတနာမှန်ဖြင့် အလုပ်လုပ်ကြရင် အောက်က၀န်ထမ်းတွေ သိပ်ပျော်ပြီ ပေါ့။ ရည်ရွယ်ချက်က အလုပ်ခွင်မှာရှိနေသူတိုင်း ဒီအလုပ်မှာ စိတ်ရောကိုယ်ပါကြိုးစား အားထုတ်နေကြတာကို ဖန်တီးပေးတတ်ဖို့သည် မန်နေဂျာတို့ရဲ့တာဝန် မဟုတ်ပါလား၊ (သို့မဟုတ်) စီမံခန့်ခွဲမှုနည်းများ မဟုတ်ပါလား၊ …… ရေကြည်ရာ မြက်နုရာ ဖန်တီးခြင်းရဲ့ အတတ်ပညာတစ်ခု ဆိုရင်လဲ မမှားပါဘူး။
စီမံခန့်ခွဲနည်းများဆိုသည်မှာ အလုပ်ခွင်အတွင်း မပြေလည်မှု၊ ဖြေရှင်းဆောင်ရွက်စရာ၊ အဖြေရှာရန်ရှိသည်တို့ကို ပြေလည်တဲ့အနေအထားဆီသို့ရောက
ဆရာကြီး Peter Drucker ပြောတာ ရှင်းပါတယ်၊
“Management is the task of making trade-offs and juggling contradictions.”
ခက်တာက ကျွန်တော်တို့တွေ စီမံခန့်ခွဲလိုက်တော့မှ ရှင်းနေတာတွေ ရှုပ်ကုန်တယ်၊ ရှုပ်နေတာတွေ ရှင်းမရတော့ အောင် ဖြစ်ကုန်တယ်၊ … ဒါဆိုရင်သေချာ ပါတယ်၊ ဒီမန်နေဂျာသည်ပင်လျှင် ၀တ္တရားကျေ အလုပ်လုပ်နေတယ်၊ ဦးဆောင်နိုင်စွမ်း မရှိဘူး ဆိုတာသေချာနေပါပြီ လို့ ဆရာကြီးကတော့ ထောက်ပြထားပါတယ်။ သတိမှုကြဖို့ ပါ။
ဆရာကြီးတွေကတော့ အမြဲလမ်းညွှန်တဲ့ စီမံခန့်ခွဲနည်းများ ရှိပါတယ်။ မန်နေဂျာတွေ လက်တွေလုပ်ကြရမှာက-
(၁) မိမိအဖွဲ့အစည်းမှ ရယူလိုသော ရည်မှန်းချက်နှင့် ဘယ်လိုရအောင်လုပ်ကြမယ် ဆိုတာကို ချမှတ်၊ ပြဌာန်းရမယ်။
(၂) ဘယ်နေရာ၊ ဘယ်ဌာနကြီးတွေအတွက်က ဘယ်ကဏ္ဍ၊ ဘယ်အပိုင်းကို ရအောင်လုပ်ကြရမယ်ဆိုတာကို ကွဲကွဲ ပြားပြား ပြဌာန်း၊ ချပြပေးရမယ်။
(၃) သက်ဆိုင်ရာဌာန၊ ကဏ္ဍတာဝန်ခံ မန်နေဂျာတွေအနေဖြင့် မိမိတို့တာဝန်ယူကြရမယ့် ဘယ်ကဏ္ဍ၊ ဘယ်အပိုင်း အတွက် သီးသန့်ဖြစ်သော ရည်မှန်းချက်နှင့်ဘယ်လိုရအေ
(၄) သက်ဆိုင်ရာဌာန၊ ကဏ္ဍတာဝန်ခံ မန်နေဂျာတွေအနေဖြင့် မိမိတို့တာဝန်ယူကြရမယ့် ရည်မှန်းချက်နှင့် ဘယ်လို ရအောင်ဆောင်ရွက်မယ်ဆိုတာကို
(၅) လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်မှုတိုင်းအတွက် မိမိတို့ ရည်မှန်းချက်နှင့် လမ်းမလွဲစေဖို့၊ ထိထိ ရောက်ရောက်၊ အကျိုးရှိရှိဖြင့်ရအောင် ဘယ်လိုဆောင်ရွက်ကြမယ် ဆိုတာကို မန်နေဂျာနှင့် သူလုပ်ဖေါ်ကိုင်ဖက် တွေဟာ နေ့စဉ် ဆောင်ရွက်ဖွယ်တို့ကို လက်တွဲဆုံးဖြတ်ပြီး စနစ်တကျ ချရေး(ပြဌာန်း)ထားရမယ်။
(၆) ချရေး(ပြဌာန်း)ထားတဲ့အတိုင်
(၇) ဆောင်ရွက်ပြီးမြောက်မှုတိုင်
(၈) အောင်မြင်မှုရလဒ်တွေအတွက် ခံစားရမယ့်ဆုလဒ်တွေကို ကြိုတင် စီစဉ် ပြဌာန်း သတ်မှတ်ပေးထားရမယ်။ ရရင်ပေးမှာပေါ့လို့ မဖြစ်စေရဘူး။ ဒါတွေ အောင်မြင်အောင်ဆောင်ရွက်နို
လို့ လမ်းညွှန်ထား ပါတယ်။
ဒါဆိုဆိုရင် စီမံခန့်ခွဲနည်းများ အဖြစ်လုံလောက်ပြီလား……? မလုံလောက်သေး ပါဘူးလို့ ပြောပါတယ်။
လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်နေကြ
ကျွန်တော့ အတွေ့အကြုံအရပြောရရင် ဒါဟာ မန်နေဂျာတစ်ယောက် သိနေ၊ ကျွမ်းကျင်နေရမယ့် Plan and Budget, Know & How ကို ရည်ညွှန်းတယ်ထင်ပါတယ်၊ (သို့မဟုတ်) ဘောဂဗေဒ သီအိုရီဖြစ်တဲ့ Land, Labour, Capital ကို နားလည်ရမယ်လို့ ရည်ညွှန်းတယ်ထင်ပါတယ်။
မည်သို့ဆိုစေပါ၊
မန်နေဂျာတစ်ယောက်ဟာ သူ တာဝန်ယူ ဆောင်ရွက်ရမယ့်ကဏ္ဍအတွက် လိုအပ်မယ့် ရုပ်ဝတ္ထုပစ္စည်း-ကိရိယာ-တန်ဆ
နိဂုံးချုပ်အနေဖြင့်ပြေရရင်
ထိလုပ်ငန်း၏ ဂုဏ်သတင်း၊
ဈေးကွက်မှာတည်ရှိနိုင်တဲ့ အဆင့်အတန်း၊
နောက်ဆုံး အရှုံးသံသရာ သာလျှင်ဖြစ်ပါကြောင်း …
…
စိုးမြင့်ခိုင်
Reference: Management, Peter F. Drucker, Revised Edition
Management, Richard L.Daft, 9th Edition
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။