Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 25, 2017

ဂျပန် အမျိုးသမီး များ ခန္ဓာကိုယ် သေးသွယ်ပြီး အရွယ်တင်နုပျို ရသည့် အကြောင်းရင်းများ


ဂျပန် နိုင်ငံက စိမ်းလန်းစိုပြည်တဲ့ တောင်တန်းတွေ၊ ပင်လယ်ပြာတွေနဲ့ လှပနေသလို ဂျပန်မ လေးတွေကလည်း သွယ်လျတဲ့ ကိုယ်လုံးလေးတွေနဲ့ အရွယ်တင်နုပျိုနေကြပါတယ်။ ဒါဟာ သူတို့ရဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ သူတို့စားတဲ့အစားအစာတွေကြောင့်ပါ။ အသက် ၁၀၀ ကျော် ရှည်သူအများစုက ဂျပန်နိုင်ငံမှာ နေထိုင်
ကြပါတယ်။ ဂျပန်လူမျိုးတွေလိုမျိုး ခန္ဓာကိုယ်သွယ်လျပြီး အရွယ်တင်နုပျိုကာ အသက်ရှည်ရလေအောင် သူတို့ရဲ့ လျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Green Tea သောက်ခြင်း
မက်ချာခေါ်တဲ့ Green Tea အမှုန့်ဟာ အမျိုးအစားကောင်းမွန်တဲ့ လက်ဖက်ရွက်ကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီအမှုန့်ကို ရေနွေးနဲ့ ဖျော်ပြီး ခမ်းအနားပွဲတိုင်းမှာ ဧည့်ခံလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး လက်ဖက်ရည်တစ်မျိုးဖြစ်တဲ့ မက်ချာဟာ ဓာတ်တိုးဆန့်ကျင်များစွာ ပါဝင်
တဲ့အတွက် အရွယ်အိုမင်းတဲ့ဖြစ်စဉ်ကို နှေးကွေးစေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကျဆင်းအောင်လည်း ကူညီနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အဲဒီလက်ဖက်ရည်ကို တစ်နေ့ ငါးခွက်နှုန်းသောက်တဲ့ ဂျပန် တွေက သေဆုံးနိုင်ခြေ ၂၆ ရာခိုင်နှုန်း လျော့
နည်းတယ်လို့ ၂၀၀၆ ခုနှစ်က ထုတ်ဝေတဲ့ ဂျာမားဂျာနယ်မှာ ဖော်ပြထားပါတယ်။
၂။ အချဉ်ဖောက်ထားသော အစားအစာ စားခြင်း
ဂျပန်လူမျိုးတွေဟာ ကင်မ်ချီ၊ မီဇို၊ ကွန်ပိုချားလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို မကြာခဏ စားသုံးလေ့ရှိပါတယ်။ အချဉ်ဖောက် တဲ့အစာတွေကို အချဉ်ဖောက်တဲ့ဖြစ်စဉ်မှာ အစားအစာထဲမှ သကြားနဲ့ ကစီဓာတ်ကို ဘက်တီးရီးယားတွေက စားသုံးလိုက်တဲ့အတွက် လက်တစ်အက်စစ်တွေ
ထွက်လာပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီ၊ အိုမီဂါ ၃ အဆီ၊ လူ့အကျိုးပြုဘက်တီးရီးယားတွေနဲ့ အသုံးဝင်တဲ့ အင်ဇိုင်းတွေပါ အချဉ်ဖောက်တဲ့အစားအစာတွေမှာ ပါဝင်လာပါတယ်။ ဒီအစားအစာတွေက အစာခြေဖို့ လွယ်ကူတဲ့အပြင် ကိုယ်အလေးချိန်လည်း ကျဆင်းအောင် ကူညီနိုင်ပြီး ဆဲလ်နဲ့ တစ်သျှူးတွေမှ
အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၃။ ပင်လယ်စာ အစားများခြင်း
ဂျပန် လူမျိုးတွေက အ၀လွန်တာ၊ ကိုလက်စထရောမြင့်မားတာနဲ့ ရောင်ရမ်းမှုရောဂါလိုမျိုး ကျန်းမာရေးပြဿနာအများစုနဲ့ ဆက်စပ်နေတဲ့ အနီရောင် အသားတွေကို သိပ်မစားဘဲ ပင်လယ်စာကိုသာ အစားများကြတယ်လို့ သိပါတယ်။ ဂျပန်နိုင်ငံက ရေပတ်လည်ဝိုင်းနေတဲ့ အတွက် တူနာ၊ ဆယ်လမွန်နဲ့ ပုစွန်လိုမျိုး
ပင်လယ်စာတွေ အလွန်ပေါကြွယ်ဝပါတယ်။ ငါးမှာ ပါဝင်တဲ့ ပရိုတင်းရဲ့ အရည်အသွေးက ကောင်းမွန်ပြီး သူ့မှာ ပါဝင်တဲ့ အိုမီဂါ ၃ အဆီကလည်း နှလုံး၊ ဦးနှောက်နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဒီအဆီက ခန္ဓာကိုယ်ရဲ့ အဆီ(အထူးသဖြင့် ၀မ်းဗိုက်မှအဆီ)ကျဆင်းဖို့လည်း
ကူညီပေးပါတယ်။ အရေပြား ချောမွေ့တောက်ပြောင်ဖို့လည်း ကူညီနိုင်တဲ့အပြင် ဂျွတ်၊ ၀က်ခြံ၊ အရေပြားကင်ဆာလိုမျိုး အရေပြားပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ပင်လယ်စာတွေက ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးနိုင်ပြီး အာရုံ ကြောစနစ်အတွက်လည်း
အလွန်အကျိုး ရှိပါတယ်။
၎။ ပမာဏအနည်းငယ်သာ စားခြင်း
အစာစား တဲ့ ပမာဏ နည်းတာကြောင့် ခန္ဓာကိုယ်အလေးချိန် ကျဆင်းဖို့ ကူညီနိုင်ပါတယ်။ ဒါကြောင့် အစာစားတဲ့အခါမှာ ပန်းကန်တစ်ခုလုံးအပြည့် ထည့်မစားပါနဲ့။
၅။ လမ်းများများ လျှောက်ခြင်း
ဂျပန်နိုင်ငံမှာ အမျိုးသားရော၊ အမျိုးသမီးပါ လမ်းများများလျှောက်ကြပါတယ်။ လူဦးရေထူထပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် သူတို့က ရထားနဲ့ မြေအောက်ရထားကို အသုံးများကြတာကြောင့် လမ်းပိုလျှောက်ကြရတာ ဖြစ်ပါတယ်။ လမ်းလျှောက်တာက ကိုယ်အလေးချိန်ကျ ဆင်းအောင် ကူညီနိုင်ပြီး နှလုံးသွေးကြော
ကျန်းမာရေးကောင်းမွန်အောင် ကူညီနိုင်ကာ စွမ်းအင်တွေ ပြန်လည် ပြည့်တင်းစေတဲ့အပြင် စိတ်ဖိစီးမှုလည်း လျော့နည်းနိုင်ပါတယ်။ သူတို့ဟာ လမ်းလျှောက်တာအပြင် စက်ဘီးကိုလည်း အသုံးပြုကြပါတယ်။
၆။ အပြင်စာ မစားခြင်း
ဂျပန် လူမျိုးတွေက လုပ်ငန်းခွင်အတွင်း ထမင်းစားချိန်မှာ အပြင်စာ ထွက် စားလေ့မရှိကြပါဘူး။ သူတို့ဟာ လက်ဖက်ရည်ဆိုင်ထိုင်တာလည်း မရှိသလို ရထားစီးစဉ်၊ ကားစီးစဉ်မှာလည်း အစာစားသောက်တာမျိုးတွေလည်း မရှိပါဘူး။ အစာစားနေစဉ်မှာလည်း တီဗီကြည့်တာလိုမျိုး တခြားအလုပ်တွေ မပြုလုပ်ကြပါဘူး။
ဒါ့အပြင် သူတို့က တူကို အသုံးပြုပြီး စားတဲ့အတွက် ဖြည်းဖြည်းချင်းစီသာ စားဖြစ်သွားတာကြောင့် ၀မ်းဗိုက်မှ အစာကို ပြည့်ကြောင်း ဦးနှောက် ကို အချက်ပေးချိန်ရသွားပါတယ်။
၇။ ကျန်းမာရေး နှင့် ညီညွတ်သော ဟင်းချက်နည်းကို အသုံးပြုခြင်း
ဂျပန် ဟင်းတွေက ဆီကို များများ အသုံးပြုလေ့မရှိပါဘူး။ ဘူးသီးကြော်လိုမျိုး ဆီကြော်စာတွေ စားသုံးမှု အလွန်နည်းပါတယ်။ တကယ်လို့ တမ်ပူရာလိုမျိုး အစားအစာ တွေဆိုရင်လည်း အနည်းငယ်သာ စားပြီး တခြားအစာတွေနဲ့ ရောနှောစားသုံးလေ့ရှိပါတယ်။
၈။ ကိုယ်ခံပညာလေ့ကျင့်ခြင်း
ဂျပန် အမျိုးသား ရော အမျိုးသမီး တွေပါ ကရာတေး၊ ဂျူဒိုနဲ့ အာခီဒိုလိုမျိုး ကိုယ်ခံပညာကို လေ့ကျင့်လေ့ရှိပါတယ်။ ဒီလိုလေ့ကျင့်တာက နှလုံးသွေးကြောကျန်းမာကြံ့ခိုင်ပြီး ကြွက်သားသန်မာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် ကျဆင်းပြီး အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်း နှေးကွေးစေနိုင်ပါတယ်။
၉။ ရေပူစမ်းတွင် ရေချိုးခြင်း
ရေပူစမ်းမှာ ရေချိုးတာက အနာကျက်နိုင်စွမ်းနဲ့ ကျန်းမာရေးအတွက် ပိုကောင်းမွန်တာက ရေပူစမ်းမှာ ရှိတဲ့ ရေနွေးနွေးအပြင် ရေမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဆီလီကာနဲ့ နိုင်ယာစင်လိုမျိုး သတ္တုဓာတ်တွေကြောင့်ပါ။ ရေပူစမ်းမှာ ရေစိမ်ချိုးတာကြောင့် ဒီသတ္တုဓာတ်တွေက သင့်အရေပြားမှတစ်ဆင့်
ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားကာ သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး အောက်ဆီဂျင်ရရှိမှုလည်း ပိုများလာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းသွားပြီး အိပ်စက်မှုတွေ ပိုမိုကောင်းမွန်လာတာကြောင့် အရေပြားကျန်းမာရေးအတွက် အလွန်အကျိုးရှိပါတယ်။
၁၀။ ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ စားခြင်း
ဂျပန် အစားအစာ တွေမှာတော့ သရေစာက မပါမဖြစ်မဟုတ်ပါဘူး။ သူတို့တစ်တွေက အချိုစာတွေကို အစားနည်းတာဟာ သူတို့ခန္ဓာကိုယ်သွယ်လျတဲ့ လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဂျပန် တွေမှာ အချိုဓာတ်ကဲတဲ့ သရေစာတွေ စားမယ့် အစား လတ်ဆတ်တဲ့ သစ်သီး တွေကိုသာ စားသုံးလေ့ရှိတယ်လို့ သိရပါတယ်။

 http://www.lwinpyin.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။