စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) ဖြစ်ချင်ပါက ရှိသင့်တဲ့ စွမ်းရည်များ
=====================
အောင်မြင်မှုအတွက်အများမမြင်သေးတဲ့ အခွင့်အလမ်းများ စွန့်စား လုပ်ကိုင်သူကို စွန့်ဦးတီထွင်သူ လို့ခေါ်ပါတယ်။ နည်းပညာ လောကရဲ့ဦးဆောင်သူတွေဖြစ်တဲ့ Bill Gates ၊ Steve Jobs တို့ဟာ entrepreneur များဖြစ်ကြပေမယ့် entrepreneur တိုင်းကတော့ ပညာရှင်တွေမဟုတ်ကြပါ။ Mark Zuckerberg မတိုင်ခင် တည်းက တခြားလူမှု့ ကွန်ယက်ဆိုဒ်တွေရှိနေပြီဖြစ်ပေမယ့် Mark က တခြားသူတွေထက်ပိုဆန်းသစ်ပြီး Facebook ကို ဆန်းသစ်လိုက်တဲ့အခါ အောင်မြင်မှုကိုရရှိခဲ့ပါတယ်။ သူတို့လိုတကယ့် နည်းပညာ အကြီးကြီးတွေကိုမတီထွင်ပဲလည်း entrepreneur ဖြစ်နိုင်ပါတယ်။

ရန်ကုန်မြို့မှာ မုန့်ဟင်းခါးဆိုင်၊ ဒိန်ချဉ် စသည်ဖြင့်
ဆိုင်လေးတစ်ဆိုင်ကစ ယခုအချိန်မှာ
ဆိုင်ခွဲပေါင်းများစွာဖွင့်ထားနိုင်ပြီးချမ်းသာသွားတဲ့ လုပ်ငန်းရှင်
များစွာရှိပါတယ်။ သူတို့လည်း entrepreneur တွေပါပဲ။ အခုသင်ဟာ entrepreneur
တစ်ယောက်မဖြစ်သေးပေမယ့် သင်လည်း ဖြစ်နိုင်တဲ့အခွင့်အရေးရှိပါတယ်။
Entrepreneur တွေမှာရှိတဲ့ အရည် အချင်းတွေကိုဖြည့်ယူခြင်းအားဖြင့်
သင်လည်းဖြစ်လာနိုင်မှာပါ။ အဲ့ဒီ အရည်အချင်းတွေကတော့
၁။ စိတ်အားထက်သန်မှု
ဒီစိတ်အားထက်သန်မှု ဟာ သင့်အိမ်မက်တွေကိုဖန်တီးရပေးမယ့် လောင်စာပဲဖြစ်ပါတယ်။ မနက်တိုင်းမှာအောင်မြင်မှု ကို ဆာလောင်မွတ်သိပ်တဲ့စိတ်တွေနဲ့ အိပ်ယာကနိုးထလာရပါမယ်။ ဘယ်အချိန်မျိုးမဆိုသင့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့ စိတ်အားထက်သန်စွာရှာဖွေနေရပါမယ်။
၂။ သေချာတဲ့ပန်းတိုင်
ကိုယ့်ပန်းတိုင်ကို မသိတဲ့စိတ်အားထက်သန်မှုဟာ ခွန်အားကြီးပြီးဥာဏ်မရှိတဲ့သူနဲ့ တူပါတယ်။ ဘယ်လောက်ပဲစိတ်အားထက်သန်သန် ပန်းတိုင်သတ်သတ်မှတ်မှတ်မရှိရင်တော့ အောင်မြင်မှုကိုရရှိနိုင်မှာမဟုတ်ပါ။
၃။ ရူးသွပ်မှု
Entrepreneur တွေဟာ အနည်းနဲ့အများတော့သူတို့လုပ်ငန်းအပေါ် ရူးသွပ်နေတတ်ပါတယ်။ ဘယ်သူတွေက ဘယ်လိုမဖြစ်နိုင်ဘူးပြောနေပါစေ ရူးသွပ်စွာနဲ့အခွင့်အလမ်းကိုရှာဖွေရင်းလုပ်ဆောင် နေတတ်ကြပါတယ်။ ဒီလိုရူးသွပ်မှုတွေကပဲ သူတို့ကိုအောင်မြင်စေခဲ့တာပါ။
၎။ စိတ်ကူးအသစ်တွေဖန်တီးခြင်း
Entrepreneur တွေဟာ သူတို့လုပ်ငန်းဘယ်လိုတိုးတက်အောင် ဖန်တီး ရမလဲဆိုတာကို အများနဲ့မတူတဲ့အမြင်တွေနဲ့ စိတ်ကူးလေ့ရှိပါတယ်။ ဒီလိုစိတ်ကူးတွေကနေ အများအမြင်ကို ဖောက်ထွက်နိုင်ခဲ့လို့လည်း entrepreneurတွေဖြစ်လာကြ တာပါ။
၅။ စီးပွားရေးကို အလွန်အမင်း စိတ်ဝင်စားခြင်း
သင်ဟာ ဘယ်လောက်ပဲတီထွင်နိုင်မှု စွမ်းရည်မြင့်မားမြင့်မား စီးပွားရေး အမြင်မရှိပါက entrepreneur မဖြစ်နိုင်ပါ။ တကယ့်နာမည်ကျော် တီထွင် သူတွေများစွာရှိပေမယ့် တစ်ချို့တစ်ဝက်သာ entrepreneur တွေဖြစ်လာကြပါတယ်။ ဒါကြောင့် entrepreneur ဖြစ်ချင်ရင်တော့ စီးပွားရေးနဲ့ဆိုင်တဲ့ ငွေကြေးနဲ့စီမံခန့်ခွဲမှုတွေကို စိတ်ဝင်စားဖို့လိုအပ်မှာပဲ ဖြစ်ပါတယ်။
#သုတဇုန်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။