Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 19, 2017

ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင် ...

ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင် ...
+++++++++++++++++++++++++++++

ရေးသူ - အောင်ကိုဦး (UMK)

ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်လို့ပြီးခဲ့တဲ့လက နှစ်အလိုက် လုပ်ငန်းပြက္ခဒိန်နဲ့ လျာထား အသုံးစရိတ် အကြောင်းတွေ ကိုရေးခဲ့ပါတယ်။ ဒီလ မှာတော့ လုပ်ငန်းပြက္ခဒိန်ကို စတင်အကောင် အထည် ဖော်ဆောင် ရွက် တာနဲ့ မမျှော်လင့်တဲ့ အပြောင်း အလဲဖြစ်နိုင်မယ့် အကြောင်းကို ဆက်ရေး ပါဦးမယ်။

လုပ်ငန်းပြက္ခဒိန် အရတော့ လအလိုက် ဘယ်လမှာ ဘာလုပ်မယ်ဆိုတာ သတ် မှတ်ထားပါပြီ။ ဒါပေမဲ့ တစ်ခါတလေ ကိုယ့်ရဲ့ လုပ်ငန်း အခြေအနေ အရ ပဲဖြစ်ဖြစ်၊ လုပ်ငန်းတူပြိုင် ဘက်တွေကြောင့် ပဲဖြစ်ဖြစ် ကိုယ်ရေးဆွဲ ထားတဲ့ လုပ်ငန်း ပြက္ခဒိန် ကို လိုအပ် သလိုပြောင်း လဲချိန်ညှိ ရတာတွေဖြစ် ကောင်းဖြစ်နိုင် ပါတယ်။ ဥပမာ- ကျွန်တော့် သင်တန်းကျောင်းက အရွယ်ရောက်ပြီး သူတွေနဲ့ ရုံးလုပ်ငန်းက သူတွေကို အဓိကဦးတည်ထားပါ တယ်။ အဲဒီအတွက်ကြောင့် လည်း စာသင်ခန်း အပြင်အဆင်၊ စာကြည့် တိုက်က အစ လူကြီးပိုင်း အတွက်ပဲ အဓိက ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လကပြောခဲ့သလိုပဲ ဖေဖော်ဝါရီလ ကနေ ဧပြီလ အကုန်လောက် အထိ ပွင့်လင်း ရာသီဖြစ်တာရယ်၊ တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူတွေ ဘွဲ့ယူ၊ စာမေးပွဲရယ် ရှိနေတာတွေကြောင့် သင်တန်းမှာ လူအ၀င် နည်းပါတယ်။

အဲဒီရဲ့ တခြားတစ်ဖက်မှာ ဖေဖော်ဝါရီ ဒုတိယပတ်မှာ အခြေခံပညာ မူလတန်း၊ အလယ် တန်းတွေက စာမေးပွဲပြီးကြ တဲ့အတွက် နွေရာသီ အင်္ဂလိပ်စာ သင်တန်း ဆိုတာက Customer Need၊ ဒါမှမဟုတ် Market Need ဖြစ်လာပြန် ပါတယ်။ နွေရာသီ အင်္ဂလိပ်စာ သင်ခန်းဆိုပြီးတော့ AELC စကတည်းကဖွင့် လာခဲ့တာ ဒီနှစ်ထဲမှာဆို သုံးနှစ်မြောက်ကို ရောက်လာပါပြီ။ ခက်တာက မူလကျောင်းဖြစ်တဲ့ လှိုင်ကျောင်းက ဆက်တိုက် ဖွင့်ခဲ့တာဆိုတော့ အဆင်သင့် လို့ပြောလို့ ရပေမဲ့ ကျောင်းခွဲတွေဖြစ်တဲ့ စမ်းချောင်း၊ တာမွေ၊ မန္တလေး၊ ဘိုကလေးတွေ အတွက် သင်ကြားရေး အပိုင်းက အဆင်ပြေပေမဲ့ Facility ပိုင်းမှာ ထပ်ပြီးတော့ဖြည့်ရမယ့် အရာတွေ ရှိလာပြန်ပါတယ်။

အဲဒီမှာ Budget Plan က နည်းနည်း အပြောင်းအလဲဖြစ် လာပြန်ပါတယ်။ Summer School အတွက် ဘတ်ဂျက် ထပ်ထည့်မလား။ တကယ်လို့ ထပ်တည့် မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ကာလက ဘယ်လောက် သတ်မှတ် မလဲ။ ဘာကြောင့်လဲဆိုတော့ Decoration & Facility အတွက်ထပ်သုံးမယ့် Initial Cost တွေက တစ်လတည်း မှာ Expense အဖြစ် သုံးလိုက်မယ်ဆိုရင်အရှုံး၊ အမြတ် စာရင်းရှင်းတမ်း မှာသေချာတာက အနုတ်ပြဖို့ရာခိုင်နှုန်း က များသွား ပါလိမ့်မယ်။ ဒါကြောင့် သူ့အတွက် Extra Budget Plan ကို ထပ်ဆွဲရပါတော့ တယ်။ အဲဒီမှာတင် Budget Plan ပြီးတာ ရပ်မသွားသေးဘဲ အဲဒီအတွက် အချိန်နဲ့ တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုပါတယ်။ ကိုယ့် လိုပဲ လုပ်ငန်း တူတွေကလည်း လုပ်ငန်းအမျိုးအစား တူတွေလုပ်ကြ မှာဆိုတော့ Market Share ကို လက်ဦးမှုရ ယူနိုင်ဖို့လိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့လ ကပြောခဲ့သလို Budget Plan ဆွဲတဲ့ အချိန်မှာ မမျှော်လင့်နိုင် တဲ့ အသုံးစား ရိတ်တွေကို ထည့်သွင်း ရေးဆွဲရပါတယ်။ အဲဒီမှာ တင်ဒါဆိုရင် စဆွဲကတည်းက ဒါကိုထည့်မစဉ်းစား ဘူးလားလို့ မေးနိုင်စရာ ရှိပါတယ်။ ထည့်စဉ်းစား ပါတယ်။ ဒါပေမဲ့ ပုံမှန်လုပ်ငန်းစဉ် ဇယားကို ဦးစားပေး စဉ်းစားတဲ့အခါ မူလ လည်ပတ်ခဲ့တဲ့ အခြေအနေကို မူတည်ပြီး တွက်ချက် ထားပေမဲ့ လုပ်ငန်းခွဲ အသစ်တွေက တွက်ချက်တဲ့ အတိုင်း ၀င်တာတွေ ရှိသလို မ၀င်တာတွေ လည်းရှိတယ်။ အဲဒီမှာတင် Second Plan ကို ထည့်သွင်း စဉ်းစားရပါ တော့တယ်။ နောက်တစ်ခုက ငွေရေး၊ ကြေးရေး အကျိုး အမြတ် တစ်ခုတည်း သာမက လုပ်ငန်းရဲ့ Branding လုပ်ငန်း အကျိုးအမြတ် အတွက် လုပ်သင့်တာတွေ လည်းရှိတဲ့ အတွက် စဉ်းစားဖြစ်လာတာတွေ လည်းရှိပါ တယ်။

အဲဒီတော့ Facility ပိုင်းမှာ Classroom Decoration ကိုပြင်ဆင်ဖို့ အချိန်မီ မလား၊ အချိန် မမီနိုင်ရင် တခြား Facility ဘာပေးနိုင်လဲ ထပ်စဉ်းစားရ ပါတယ်။ နယ်ပယ် တိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီနေ့ခေတ်ကြီးမှာ သင်တန်းကျောင်း တစ်ခုက သင်ကြားရေးက အဓိကဆိုပေမဲ့ Classroom Decoration နဲ့ Facility ကလည်း အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်နေပါတယ်။ အဲဒီတော့ ကျွန်တော် ထပ်စဉ်းစား လိုက်တာက သင်ကြားရေးကို လုံးဝအကောင်း ဆုံးဖြစ်အောင် ဆရာ၊ ဆရာမတွေနဲ့ အသေးစိတ် ညှိနှိုင်းတယ်။ Classroom Decoration ကို ဒီနှစ်မှာအရမ်းကြီးမပြင် တော့ဘဲ ကလေးတွေ အတွက် လိုအပ်တဲ့ စာအုပ်တွေနဲ့ Material ပိုင်းတွေ ထပ်ဖြည့် ပြီးတော့ Student Kit ထပ် ထည့်ပေးမယ်။ ဈေးနှုန်းကို အတတ်နိုင် ဆုံးလျှော့ချပြီးသတ်မှတ်လိုက် တယ်။

အစပိုင်းဆောင်းပါးတွေမှာ ပြောခဲ့သလိုပဲ စာသင်တဲ့သူက စာသင်ရုံ သက်သက် အချိန်တုန်းက Professional Career ပါ။ သင်တန်းကျောင်း တည်ထောင် လိုက်တဲ့အချိန်မှာ အကောင်းဆုံး သင်ပေးရုံ တစ်ခုတည်းနဲ့ မလုံလောက်တော့ ဘဲ Business Idea တွေ လိုလာပါတယ်။ Business Plan ၊ Budget Plan ၊ Income & Expense ၊ Market Share ၊ Customer Need & Want ၊ Customer Satisfaction စတာတွေ လိုလာပါပြီ။ Customer Need & Want နဲ့ ပတ်သက်လို့ စကားစပ်လို့ နည်းနည်းဆက်ပြော ချင်ပါတယ်။ တချို့သင်တန်း သား၊ သင်တန်းသူက တနင်္ဂနွေတစ်ရက် တည်းပိတ်တဲ့အတွက် တနင်္ဂနွေ တစ်ရက်တည်း အတန်းတွေ ဖွင့်ပေးဖို့တောင်းဆိုကြတာ ရှိပါတယ်။ Business ဘက်က ကြည့်မယ်ဆိုရင် Customer Want ဖြစ်တဲ့အတွက် Demand ရှိနေ ပါပြီ။ သင်ကြားရေး ဘက်ကကြည့်တော့ တစ်ပတ်ကိုနှစ်ရက်ဆိုတာ တောင်တော်တော် နည်းပါတယ်။

အဲဒါကြောင့် တစ်တန်းအပ်ပြီးရင် အားရင် အားသလို လိုက်တက်လို့ရအောင် အခြားအတန်း တွေကို လိုက်တက်ခွင့်ပေး ထားပါတယ်။ အဲဒီလောက် အချိန်ပေးပြီး တက်တာတောင်မှ အသုံး ချနိုင်လောက် တဲ့ Skill တစ်ခုရဖို့ အချိန် ယူရပါတယ်။ အဲဒီတော့ ကျွန်တော် တနင်္ဂနွေ တစ်ရက်တည်း သင်တန်းကို မဖွင့်တာပါ။ တကယ်လို့ ဖွင့်တော့မယ် ဆိုရင်လည်း တစ်ရက်တည်းမှာ ပြုံ သင်တာမျိုး မဟုတ်ဘဲ အချိန်ယူပြီး သင်ရတဲ့ ပုံစံမျိုး နဲ့ပဲဖွင့်ဖြစ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ သင်တဲ့သူက သင်ပေမဲ့ တစ်ရက် တည်းမှာ သင်ယူ သူက အဲဒီလောက်အထိ ခေါင်းထဲရောက်ဖို့ မလွယ်လှပါ။ ဒါကြောင့် Customer Need ဆိုပေမဲ့လည်း ကိုယ့်လုပ်ငန်းရဲ့ Quality နဲ့ Theme မကိုက်ညီရင် ပိုက်ဆံ ရရင်ပြီးရောဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ တချို့ဟာတွေကို ကိုယ့်ရဲ့ လုပ်ငန်းမူ အတိုင်း ကိုက်ညီမှသာ လုပ်သင့်ပါတယ်။

Customer is the King ဆိုတဲ့ အတိုင်း Customer ဟာ လုပ်ငန်းအတွက် အဓိက အရေးကြီးသလို လုပ်ငန်းရဲ့ အရည်အသွေးကလည်း အဓိကကျ ပါ တယ်။ အစောပိုင်း မှာပြောခဲ့သလိုပဲ Customer Want နောက်ကို လိုက် လုပ်ပေးမလား။ ကိုယ့်ရဲ့ Quality &Theme နောက်ကို Customer လိုက် လာအောင် လုပ်မလားဆိုတာလည်း ဟန်ချက်ညီအောင် တော်တော်ကြိုး စားရပါ တယ်။ လုပ်ငန်းလုပ်တဲ့အခါ Quality & Price ကို ဟန်ချက် ညီအောင် လုပ်ရတာလည်း တော်တော်လေး မလွယ်တဲ့ကိစ္စပါ။ Quality မြင့်ရင် Price မြင့်တာ လုံးဝအခြေခံ သဘောတရားပါ။ ဒါပေမဲ့ အရည်အသွေးက ဘယ်လောက် အထိကောင်းပြီးတော့ ဈေးနှုန်းကို ဘယ်လောက် အထိမြင့် မလဲ ဆိုတာကို မားကက်နဲ့လည်း လိုက်လျောညီထွေဖြစ်အောင် စဉ်းစားရ ပါ တယ်။

ဒီနေရာမှာ အစားအသောက် ဆိုင်တစ်ခုဆိုပါတော့ လုံးဝ Low Level ကိုရည် ရွယ်မယ်။ အရည်အသွေးလည်း မကောင်း သလိုဈေးနှုန်းလည်း မမြင့်ဘူးဆိုရင် အဲဒါလည်း Business အရအဆင်ပြေပါတယ်။ Low Level တွေဟာ အရည် အသွေးဆိုတာထက် ၀င်ငွေအနေ အထားအရ ဈေးနှုန်းကိုပဲ အဓိကထားပြီး ဆုံးဖြတ်တတ် ကြပါတယ်။ လုံးဝ High Quality နဲ့ High Price ကလည်း အဆင်ပြေပါတယ်။ နိုင်ငံတိုင်းမှာ အရမ်းချမ်းသာတဲ့ High Income ရှိတဲ့ လူတန်းစား တစ်ရပ်က ရှိပါတယ်။ ၀င်ငွေအလယ်အလတ်ရှိတဲ့ Medium Class ဟာ နိုင်ငံတိုင်းမှာ အများစုရှိပေမဲ့ သူ့ကို Target ထားပြီး လုပ်ရတာ ခက်ပါ တယ်။ သူတို့ကဈေးနှုန်း ကိုလည်း အများကြီးမသုံးသလို အရည်အသွေး ညံ့ရင် လည်း မကြိုက်ပါဘူး။ ဒါကြောင့် Hight Quality & Facility မဖြစ်နိုင်ရင်တောင် High Quality? Medium Facility နဲ့ Medium Price ဖြစ်အောင် အားထုတ်ရ ပါတယ်။

အဲဒါကြောင့် လုပ်ငန်းတစ်ခုလုပ်တဲ့အခါ အရည်အသွေးအပိုင်းအရ လုပ်ငန်းအောင်မြင် မှုရပေမဲ့ငွေရေး၊ ကြေးရေး အောင်မြင်မှုမရရင် ရေရှည် ရပ်တည်နိုင်ဖို့ မလွယ်သလိုငွေကြေး၊ ကြေးရေးအရ အကျိုးအမြတ်ရပြီး တော့ လုပ်ငန်းအရည် အသွေးတွေ ကျဆင်းရင်လည်း ရေရှည်ရပ်တည်မှာ မဟုတ် ပါဘူး။ လုပ်ငန်းရော၊ ငွေရေး၊ ကြေးရေးအောင်မြင်မှုပါ ရဖို့အတွက် အဘက် ဘက်က အကြိမ်ကြိမ် စဉ်းစားသုံးသပ် လုပ်ဆောင်မှသာ အောင်မြင် တဲ့လုပ်ငန်း တစ်ခုကို လည်ပတ်နိုင်မှာဖြစ်ပါတယ်။

"လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျ စတင်ပြီး ကြီးပွားအောင်မြင် ကြပါစေ"။

#MyanmarB2BManagementMagazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။