Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 29, 2017

ဂျက်မား၏ လူငယ်ဘ၀အား လေ့လာခြင်း

[Zawgyi]

#ဂျက်မား၏ လူငယ်ဘ၀အား လေ့လာခြင်း

ဂျက်မားလို့ဆိုလိုက်တာနဲ့ အလီဘာဘာလုပ်ငန်းစုကို တည်ထောင်ခဲ့တဲ့၊ တရုတ်ပြည်မှာ အင်တာနက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတာ လူတိုင်းသိကြမှာပါ။
အောင်မြင်သူတွေမှာ သူတပါးနဲ့ မတူ၊ ထူးခြားတဲ့ ဘ၀ရှုမြင်ပုံတွေနဲ့ စရိုက်လက္ခဏာတွေ ရှိတတ်ကြပါတယ်။ ဂျက်မားရဲ့ လူငယ်ဘ၀ဖြတ်သန်းခဲ့မှုမှာ ထူးခြားတဲ့ စရိုက်လက္ခဏာတွေက နောင်တချိန် သူရဲ့ အောင်မြင်မှု လမ်းကြောင်းမှာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

#အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်ခြင်း

ဂျက်မားဟာ အင်္ဂလိပ်စာတတ်မြောက်လာဖို့ကို ၉နှစ်တိုင်တိုင် ကြိုးစားသင်ယူလေ့လာခဲ့ပါတယ်။ မနက် ၅နာရီမထိုးခင် အိပ်ယာထ၊ တိုးရစ်တွေရှိနေတဲ့ ဟိုတယ်တွေကိုသွား၊ သူတို့ကိုလည်ပတ်တဲ့နေရာတွေကို လိုက်ပို့၊ လိုက်ရှင်းပြပေးခဲ့တယ်။ ရလာဒ်အနေနဲ့ ပြန်ရတာက တိုးရစ်တွေက အင်္ဂလိပ်စာနဲ့ စကားပြောကို အလကားပြန်သင်ပေးခဲ့ကြတာပါပဲ။ အဲဒီမှာ ထူးခြားတဲ့အချက်က ရာသီဥတု ဘယ်လိုအခြေအနေရှိနေပါစေ သူက မပျက်မကွက်ပဲ နေ့တိုင်းသွားနေခဲ့တာပါ။

#အပေးအယူ သဘောတရားကို နားလည်ခြင်း

ဂျက်မားက လိုက်ပို့ပြီှးရှင်းပြရတာတွေအတွက် စရိတ်မတောင်းခံခဲ့ဘူး။ သူသာ တောင်းခံခဲ့မယ်ဆိုရင် သူ့ရဲ့ လိုလားမှုဖြစ်တဲ့ နေ့တိုင်းအင်္ဂလိပ်စာနဲ့ ထိတွေ့မှု ရဖို့ဆိုတာ ဘယ်လွယ်နိုင်ပါမလည်း။ တစ်စုံတစ်ခုကိုလိုချင်ရင် ပေးဆပ်ရမယ်ဆိုတဲ့ သဘောတရားကိုနားလည်သလို ကိုယ်လိုချင်တဲ့အရာအတွက် ဘယ်အရာကို ပေးဆပ်ရမယ်ဆိုတာကိုလည်း သိနေခဲ့ပါသေးတယ်။

#မိမိစိတ်ဝင်စားရာကို လေ့လာသင်ယူရာတွင် အရှက်၊ အကြောက်တရားကို ဘေးဖယ်ထားနိုင်ခြင်း

ဂျက်မားဒီလိုမျိုးတိုးရစ်တွေကို လိုက်ပို့ရာမှာ ယုံကြည်လက်ခံတဲ့သူတွေရှိသလို မယုံကြည်ပဲ ငြင်းပယ်ခဲ့တဲ့ လူတွေနဲ့လည်း ကြုံတွေ့ခဲ့ရမှာပါ။ ဒါပေမယ့် ဂျက်မားဟာ သူစိတ်ဝင်စားရာ ဘာသာရပ်ကို လေ့လာရာမှာ အရှက်တရား၊ အကြောက်တရားတွေကို ဘေးဖယ်ထားပြီး ကိုယ်လိုချင်ရာ၊ လိုအပ်ရာကိုပဲ အာရုံစူးစိုက်ထားနိုင်ခဲ့တာပါ။

#ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်း

ဂျက်မားရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမှုတွေကြောင့် အင်္ဂလိပ်စာ သင်ယူရာမှာ ပိုမိုအဆင်ပြေခဲ့သလို အသက်(၂၀) ကျော်အရွယ်မှာပဲ နိုင်ငံရပ်ခြားသို့ သွားရောက်ဖို့ အခွင့်အလမ်းတစ်ရပ် ရရှိခဲ့ပါတယ်။ တစ်ကယ်လို့ သူသာ ဒီအခွင့်အရေးကို မရရှိခဲ့ဘူးဆိုရင် နောင်တစ်ချိန်မှာ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ဖို့ ကိစ္စ အကူအညီတောင်းခြင်းခံခဲ့ရတဲ့အချိန်မှာ လက်ခံဖို့ ဆုံးဖြတ်ရမှာ တွန့်ဆုတ်မှုတွေ ရှိရင် ရှိနေခဲ့မှာပါ။
သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမှုတွေဟာ နောင်တချိန် တက္ကသိုလ်ပညာရေး ဆုံးခန်းတိုင်ရောက်ဖို့နေရာမှာ အထောက်အပံ့ဖြစ်ခဲ့သလို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာလည်း တပည့်တွေစီကနေ အထောက်အကူတွေ ရရှိခဲ့ပါတယ်။

#အရှုံးနှင့် ရင်ဆိုင်ရသော်လည်း စိတ်ဓာတ်မကျခြင်း

ဂျက်မားဟာ တက္ကသိုလ်ဝင်ခွင့်ရဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။ သူ့ရဲ့ ပထမဆုံး စာမေးပွဲမှာ သချာင်္ (၁)မှတ်ပဲ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေ ရှိခဲ့တဲ့အတွက် တတိယအကြိမ် ဖြေဆိုရာမှာ အောင်မြင်ခဲ့ပါတယ်။ သူရဲ့ ကျရှုံးမှုကို စိတ်ဓာတ်မကျ၊ နောက်လှည့်မပြန်ပဲ ကြိုးပမ်းတတ်တဲ့ စိတ်ဓာတ်တွေက နောင်တချိန် စီးပွားရေးလုပ်ကိုင်ရာမှာ အခက်အခဲတွေ တွေ့ကြုံလာခဲ့ရာမှာလည်း ခိုင်မာတဲ့ စိတ်ဓာတ်အဖြစ်နဲ့ အောင်မြင်စေခဲ့ပါတယ်။

#အားနည်းချက်ကို ဖြည့်စည်းတတ်ခြင်း

ဂျက်မားဟာ တရုတ်သိုင်းပညာ ဖြစ်တဲ့ ထိုက်ချိသိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပါသေးတယ်။ သူ့ကို ရန်စအနိုင်ကျင့်မှုတွေကို တွန်းလှန်နိုင်တဲ့ အနေအထား၊ ပြိုင်ဖက်တွေကို အနိုင်တိုက်နိုင်တဲ့ အနေအထားတွေရှိခဲ့ပါတယ်။ သူဟာ လူကောင်သေးပါတယ်။ အဲဒီလိုအားနည်းချက်တစ်ခုကို ထိုက်ချိသိုင်းတတ်မြောက်မှုနဲ့ ဖြည့်စည်း ကာကွယ်ထားနိုင်ခဲ့ပါတယ်။

#အရည်အချင်းတစ်ရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ခြင်း

ဂျက်မားဟာ အရည်အချင်းတွေ အများကြီးနဲ့ ပြည့်စုံနေတဲ့သူမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့အရည်အချင်းဖြစ်တဲ့ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းဆိုတာကို အသက်မွေးဝမ်းကျောင်းအဖြစ် နည်းလမ်းမျိုးစုံနဲ့ အသုံးချနိုင်ခဲ့ပါတယ်။ တက္ကသိုလ်မှာ ဆရာဖြစ်ခဲ့တယ်။ ကိုယ်ပိုင်အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်နိုင်ခဲ့တယ်။ အဲဒီလိုပဲ ဒီအရည်အချင်းကို အသုံးချပြီး ဘာသာပြန်လုပ်ငန်းကုမ္ပဏီထောင်ရာက စတင်ပြီး စီးပွားရေးလောကထဲကို ၀င်ရောက်လာနိုင်ခဲ့ပါတယ်။
နောင်တချိန်မှာလည်း ဒီအရည်အချင်းကြောင့် အမေရိကသွားဖို့အခွင့်အလမ်းပေါ်လာခဲ့သလို အင်တာနက်ဆိုတာကို စတင်ထိတွေ့ခွင့်ရရှိလာခဲ့တာပါ။

#ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိခြင်း

သူဟာ ပညာရေးမှာ ဖြစ်စေ၊ စီးပွားရေးမှာ ဖြစ်စေ အလွယ်တကူနဲ့ အောင်မြင်လာခဲ့တာတော့ မဟုတ်ပါဘူး။ လူတိုင်း ကြုံရသလိုပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရခဲ့တယ်။ ဒါပေမယ့် သူရဲ့ အရည်အချင်းတစ်ရပ်က ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိခြင်းပါ။
မအောင်မြင်ဘူး… အိုကေ… ထပ်ကြိုးစားမယ်… တစ်ချိန်မှာ အောင်မြင်လာမယ်ဆိုတဲ့ လူမျိုးပါ

ဂျက်မားရဲ့ ငယ်ဘ၀ကို လေ့လာကြည့်တဲ့အချိန်မှာ သူဟာ သူတပါးတွေထက် ထူးချွန်လွန်း၊ ထက်မြက်လွန်းတဲ့ လူတော့ မဟုတ်ပါဘူး။ သာမန်လူတွေလိုပဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့ လူတစ်ယောက်ပါ။ သာမန်လူတွေနဲ့ ကွာခြားသွားပြီး သူ့ကို အောင်မြင်စေခဲ့တဲ့ အချက်ကတော့ အခက်အခဲတွေ ကြုံတွေ့လာရင် လက်မလျှော့တဲ့ စိတ်ဓာတ်၊ ကိစ္စတစ်ခုကို အာရုံစူးစိုက်လေ့လာမှု၊ ကိုယ်ကိုကိုယ် အပြည့်အ၀ ယုံကြည်မှုတွေပါပဲ။

ကျွန်မတို့ဆိုရင်ကော….
ကိုယ်ဝါသနာပါ၊ စိတ်ဝင်စားတဲ့ အရာတစ်ခုကို ၉နှစ်လုံးလုံး တစ်ရက် မပျက်ပဲ အာရုံစူးစိုက် လေ့လာနေခဲ့မယ်ဆိုရင်၊ အကြိမ်ကြိမ်ကျရှုံးမှုတွေကို အတွေ့အကြုံသင်ခန်းစာအဖြစ်ယူပြီး မဆုတ်မနစ်နဲ့ အောင်မြင်အောင် ကြိုးစားမယ်ဆိုရင် …မအောင်မြင်မှုပဲ ရှိပါဦးမလားရှင့်…

Writer-Ei Sandi Cho

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။