မန္တလေးစာကြည့်တိုက် ဇော်ဇော် ၀၉၂၅၆၁၁၆၇၂၇- added 11 new photos.
ချီးပုံပြင်
ချီးပုံပြင်ဆိုတော့ နည်းနည်းတော့ ထူးဆန်းမယ်။
တစ်ခါတုန်းက ဘုရင်တစ်ပါးရှိတယ်တဲ့။
အဲဒီဘုရင်ကြီးမှာတော်တော်လှပတဲ့ သမီးတော်တစ်ပါးရှိတယ်။ အဲဒီဘုရင်ကြီးက ကျန်တဲ့ သားသမီးမထွန်းကားဘူးတဲ့။
ဒီတော့ ဘုရင်က အနာဂါတ် ကိုကြိုပြီးစဉ်းစားတယ်။
သမီးလေးကို ယောက်ျားပေးစားချင်တယ်...။
ဘုရင်ဆိုတာ ပိုက်ဆံရှိပြီးသား ။ စည်းစိမ်ရှိပြီးသား။
ဒီတော့ သူကသူ့သမီးနဲ့ ပေးစားမယ့် ယောက်ျား သူ့သားမတ် ကို သူဌေးမလိုချင်ဘူး။ပညာရှိပဲ လိုချင်တယ်။
အဲဒီတော့ ပညာရှိကို ရှာမယ်ဆိုပြီး သူ့မှာ စိတ်ကူးရှိတဲ့ အတိုင်း မောင်းကြေးနန်း လည်ခတ်စေသတဲ့။မောင်းကြေးနန်း လည်ခတ်စေတဲ့ အခါပြောတဲ့စကားက သိပ်ဆန်းကျယ်တာပဲ။
"ဒူး.......အမိန်းတော်ပါတယ် အားလုံးနားထောင်ကြ... ဘုရင်ကြီး၏သမီးတော်သည် သက်တော် (၁၈)နှစ်ပြည့်ပြီဖြစ်သောကြောင့် ဘုရင်ကြီး၏သမီးတော်အတွက် လက်ဆက်မည့် သတိုးသားလောင်းအား ရှာဖွေလိုသဖြင့် စာချွန်တော်အား အားလုံးနားထောင်ကြ..
ချီး၏အရသာကို သိသူလုလင်ပျိုနဲ့ ဘုရင်ကြီး၏သမီးတော်နဲ့ ပေးစားမည် ဖြစ်ကြောင့် မှတ်စေ......."
ချီး၏အရသာကို သိရမှာတဲ့ အဲဒီတော့ ဘုရင့်ရဲ့ သားမတ်လည်းဖြစ်မယ် သူဌေးလည်းဖြစ်မယ် အချိန်တန်ရင် ဘုရင်လည်းဖြစ်မယ်ဆိုတော့ လုလင်ပျိုတွေက ချီးကို လျှာနဲ့ ယက်ကြသတဲ့ဗျာ။သတ်မှတ်ထားတဲ့ ရက်လည်းပြည့်ရော
ကွင်းကြီးလေးကွင်းစာလောက်မှာ ချီးစားဖူးတဲ့ လုလင်ပျိုတွေ တစ်ပုံတစ်ထောင်ကြီးပဲတဲ့..။
အဲဒီတော့ ဘုရင်ကြီးက အဲဒီချီးစားဖူးတဲ့ လုလင်တွေကို တစ်ယောက်ချင်းစီ အင်တာဗျူးလုပ်တယ်...။ တစ်ယောက်က လက်အုပ်ချီ ဝင်လာတယ်
" မှန်လှပါ အရှင်ဘုရား..ချီးဟာ ချဉ်တဲ့ အရသာရှိပါတယ် ဘုရား..." ဘုရင်က... " ဟေ့ကောင် မင်းဘာကြောင့် သိတာလဲ?" " တပည့်တော် စမ်းသပ်စားသောက်ပြီးမှ လာပြောတာပါ ဘုရား.."
ဘေးနားလေးက သမီးတော်က အော.. အွပ်...ဖြစ်နေပြီ..။ နောက်တစ်ယောက်လာပြန်တယ်....
" ချီးက စပ်ပါတယ် ဘုရား...... ချီးက ငံပါတယ်ဘုရား... ချီးက ချဉ်ပါတယ်....ဘုရား.... ချီးက ချိုပါတယ် ဘုရား.... ချီးက ခါးပါတယ် ဘုရား.....လို့.... အရသာအမျိုးမျိုးပြောကြတာ ဘုရင်ကြီးလည်း မှုးသွားတယ်...။ အော်...ငါ့သားမတ်တွေ အကုန်ချီးစားဖူးတဲ့ ကောင်တွေကြီးပဲ.... ချီးအရသာသိချင်ကြတာကို
လူအပေါင်း ၈ ထောင် ၉ ထောင် တစ်သောင်းလောက်က
ချီးစားဖူးတဲ့ လူတွေကြီးပဲ..... ဘုရင့်သမီးတော် အပျိုချောချောလေးက ဒီလို ချီးစားဖူးတဲ့ အကောင်နဲ့
လက်ထပ်ရမယ့် အပျိုချောချောလေးနေရာ ကိုယ်ချင်းသာ စာကြည့်ကြပေတော့....။
အဲဒီအချိန်မှာ နောက်ဆုံး ပိန်ပိန်ငယ်ငယ် စုပ်စုပ်ပြတ်ပြတ် သိန်သိန်မွေးမွေး လူငယ်လေးတစ်ယောက် လက်အုပ်ချီ ဝင်လာတယ်....
" မှန်လှပါ အရှင်ဘုရား...တကယ်တော့ ချီးဟာ အရသာ အမျိုးမျိုးရှိပါတယ် ဘုရား ချီးဟာ လတ်လတ်ဆတ်ဆတ် အခြေအနေမှာ.. ချဉ်သော ချိုသော အရသာရှိပါတယ်... ချီးဟာ ခြောက်သွေးသွားတဲ့ အချိန်မှာ ခါးသက်သော အရသာရှိပါတယ် ဘု၇ား......." မောင်မင်း မင်းဘယ်လိုလုပ် သိတုန်း.....လို့ ဘုရင်မေးတော့ လူငယ်က
" တပည့်တော် စားသုံးခြင်းဖြင့် သိခြင်းမဟုတ်ပါ..စာဖတ်ခြင်းဖြင့် သိခြင်းဖြစ်ပါတယ်..ဘုရား.."
ဘုရင်က
" မောင်မင်း မင်းငါ့ကိုသေချာရှင်းစမ်း..ရှေးကကောင်တွေ အကုန်လုံးချီးစားပြီးမှ သိတယ်... မင်းဘယ်လိုလုပ် သိတုန်း..."
" ဒီကိစ္စ မခက်ပါဘုး ဘုရား..... အရှင်ဘုရားကြီးပဲ စဉ်းစားကြည့်ပါ.... လတ်လတ်ဆပ်ဆပ်ချီးကို ယင်ကောင်တွေပဲ အုံလေ့ အုံထ ရှိပါတယ်...။ ယင်ကောင်တွေဟာ သရက်သီးလို
ချိုတဲ့ ချဉ်တဲ့ အသီးအနှံတွေပေါ်မှာ အုံလေ့အုံထရှိတာကြောင့် လတ်ဆတ်သော ချီးပေါ်မှာ ယင်ကောင်များ အုံလေ့အုံထရှိတာကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ချီးသည် ချိုသော ချဉ်သော အရသာ ရှိကြောင်းကို တထစ်ကျ မှတ်ယူရ်ျ ရပါသည် ဘုရား.."
ဘုရင်ကြီး ပြုံးသွားတယ်....။
" မှန်လှပါ ဘုရား..... ချီးဟာ ခြောက်သွေ့သွားပြီဆိုရင်ဖြင့် ကင်းလိပ်ချော တို့ ၊ ပိုးဟပ် တို့ အစရှိတဲ့ အင်းဆက်ပိုးတွေ တွားသွားသတ္တဝါတွေဟာ စားသုံးလေ့ စားသုံးထ ရှိပါတယ်... ဒါကြောင့် ချီးဟာ ခြောက်သွေ့သွားသောအခါ ခါးသက်သော အရသာ ရှိကြောင်းပါ ဘုရား"
ဘုရင်ကြီးလည်း ပြုံးတော်မှုပြီးတော့ အဲဒီပညာရှိလေးနဲ့...ပေးစားလိုက်တယ်
ဒါဟာ ဘာလဲ.....စာကို ချစ်လို့ ပေါ့... ကျွန်တော် တစ်ခု ပြောချင်တယ်ဗျာ.... စာမဖတ်ရင် ချီးစားရမယ် ...ဒါပါပဲ
လူငယ်တွေ စာဖတ်ပါ ..ချီးမစားစေချင်လို့... လူကြီးတွေ စာမဖတ်ဘူး...ချီးစား၇င် စားပါလေစေ ပုံပြင်လေးက စာပေကို ချစ်တဲ့သူနဲ့ မချစ်တဲ့သူ ဘာကွာသလဲ ဆိုတာကို....ပြတာပါပဲ.... ဖတ်ပေးတဲ့ သူတိုင်းကျေးဇူးတင်ပါတယ်။
Broken Heart ( ငှက်ငယ်)
==================
စာပေအကြောင်း
သိကောင်းစရာ
စာဆိုတာနိုင်ငံတကာအရေးအသား
မြန်မာအရေးအသားတွေမှစာမဟုတ်
နေ့ စဉ်တွေ့ ကြုံနေရတဲ့အဖြစ်
အပြက်တွေကလည်း
စာတွေပါပဲ။
ပညာတက်မှပညာရှိ
ပညာရှိမှပညာရှင်
တန်းပညာဆိုတာ
လူ့ ဘောင်အဖွဲ့ အစည်းမှာ
သတ်မှတ်ထားတဲ့ ပေတံပါ။
======================================
#စာဖတ်သင့်တဲ့အရွယ်
စာသင်ကျောင်းတွေမှာ
စာကြည့်တိုက်တွေပိတ်တာ၊
စာဖတ်တာ ကျောင်းသင်ခန်းစာကို ထိခိုက်တယ်ဆိုတဲ့ အယူအဆဟာ ကျနော့်တို့ ပတ်ဝန်းကျင်မှာ အမြစ်တွယ်နေတာ အတော်လေး
ဝမ်းနည်းစရာကောင်းတယ်. . .
" ဆယ်တန်းဖြေပြီးမှ စာဖတ်ပေါ့ " ဆိုတဲ့ စကား
ဟာ တော်တော် ဦးနှောက်မဲ့တယ်လို့ ပြောပါရစေ
ကျနော်တို့ ပတ်ဝန်းကျင်ကိုပဲ ကြည့်ရအောင်...
ငယ်ငယ်က စာမဖတ်ခဲ့ပဲ ဆယ်တန်းဖြေပြီး သွားတဲ့ သူတွေ အတော်များများစာဖတ်တဲ့ အခါ သူတို့ရွေး
ချယ်တဲ့ စာပေဟာ အပျော်ဖတ် အဆင့်မှာပဲ ရပ်သွား တယ်. . .
ဆိုလိုတာက မွေးကာစ ကနေ ၁၂ သားအထိက
ဘာမဆို စူးစမ်းချင်တဲ့ လေ့လာချင်တဲ့ အရွယ်၊၊
အဲ့ဒီအရွယ်ကလေးတွေသာ အဲ့ဒီအချိန် အဲ့ဒီအသက်အရွယ်မှာသာ ကလေးစာပေ၊သုတ၊ကာတွန်း၊စိတ်ကူးယဉ်၊ သိပ္ပံ၊
စတာတွေကို အချိန်တစ်ခုထားပြီး ဖတ်ရှုခဲ့မယ်ဆို
ရင် ၁၂ နှစ် အရွယ်ကနေ ၁၆ ကြားဟာ ဗဟုသုတ
ပိုင်းမှာ အတော်လေး လိုက်စားသွားတတ်ကြတယ်၊၊
၁၆ နှစ် ကျော်လာတဲ့ အခါသူတို့ဟာ အသက်အရွယ်အရ၊ခံစားတတ်မှု အရ ရသစာပေ၊
အချစ် ၊ အလွမ်း စတာတွေကို ဖတ်ရှုလာမယ်၊၊
ဒါပေမယ့် သူတို့ဟာ စာဖတ်နာခဲ့ လေ့လာဆင်ခြင်ခဲ့
တဲ့ ဦးနှောက် နဲ့ နှလုံးသားရင့်ကျင့်တာကြောင့် သူတို့ရွေးချယ်တဲ့ အချစ်စာပေ၊အလွမ်းစာပေ၊
ကဗျာ၊ရသ ဟာ အရေးအသား၊အတွေးအခေါ် အနေနဲ့ အဆင့်မြင်တဲ့စာပေ ကိုသာ ရွေးချယ် ခံစား
ဖတ်ရှုကြတယ်၊၊
သုတ နဲ့ ရသ ကို အသက် ၁၆ - ၂၀ ဝန်းကျင်းမှာ
ပေါင်းစပ်ပြီး လက်တွေ့ဘဝမှာ အသုံးချကြတယ်၊၊
ဒါပေမယ့် ခုနကပြောသလို ငယ်ငယ်ကစာမဖတ်ပဲ
အသက်ကြီးမှ စာဖတ်သူတွေဟာ အဲ့လိုမဟုတ်ကြတော့ဘူး၊၊ ပြောရရင် သူတို့နှလုံးသားတွေက ကလေးဘဝကလိုမျိုး သန့်စင်ပြီး အားမကောင်းကြတော့ဘူး၊၊
တချို့ ပြောကြတဲ့ ဟာဆိုရင် . . .
ကလေးတွေ ကျောင်းသားတွေ စာဖတ်တာဟာ
စိတ်ကူးယဉ်တာ များပြီး ကျောင်းစာမှာ စိတ်မပါ
တတ်တော့ ဘူးဆိုတာပေါ့၊၊ မှန်ပါတယ် ၊၊
ကလေးတယောက်ဟာ လူစွမ်းကောင်းကာတွန်း
တွေဖတ်လို့ စိတ်ကူးယဉ်ကောင်း ယဉ်မယ်၊၊သူတို့ရဲ့
စိတ်ပျံ့လွင့်မှု ဟာ အချိန်အကြာလာတာနဲ့ အမျှ
ထိန်းကြောင်းပြုပြင်ပေးပါလိမ့်မယ်၊၊
သူတို့ စိတ်ကူးယဉ်မှုဟာ ရိုးသား အားကောင်းပြီး
မွန်မြတ်သန့်စင်တယ်၊၊ဒါကြောင့် ကမ္ဘာ့ နိုင်ငံအသီး
သီးမှာ ကလေးစာပေတွေ၊ကလေးကြိုက်ကာတွန်း
တွေ၊ ဇာတ်ကားတွေ ထုတ်လုပ်နေကြတာပေါ့၊၊
အလကား သက်သက် ပျင်းလို့ လုပ်နေတာ ဘယ်ဟုတ်မလဲ ၊၊ စာပေထဲက လူဆိုးကို လူကောင်း
က နိုင်တယ်ဆိုတဲ့ အသိ၊ ဆိုးသွမ်းမှုကို လူမုန်းတယ်
ဆိုတဲ့ အသိ၊ လူစွမ်းကောင်းတွေကို သဘောကျ အတုယူချင်တဲ့ စိတ်ဖြစ်အောင် လို့၊၊
ကလေးတယောက် ကစာအုပ်ဖတ်တဲ့ အခါ
Body touch လုပ်ရတယ်၊၊စာအုပ်ကို ကိုင်ရတာ၊
စာရွက်လှန်ရတာ၊လေတိုက်မှာဆိုးလို့ ဖိထားရတာ၊
အစရှိသဖြင့်ပေါ့ ၊၊ အဲ့ဒါကိုက ကလေးတွေကို
ကိုယ့်အားကိုယ်ကိုးနိုင်အောင်၊ မှတ်ဉာဏ်တိုးအောင် ပိုပြီးစိတ်ကူးယဉ်အောင်
သင်ပေးတယ်၊၊
ဟုတ်တယ်၊၊
ကာတွန်း ဖတ်လို့ ကလေးတယောက် စိတ်ကူးယဉ်ပြီး ကျောင်းစာအားနည်းတယ် ဆိုပြီး
တွေး မကြောက်ပါနဲ့၊၊
ဆယ်တန်း ကိုးတန်းရောက်ခါမှ
ဘယ်ကဘယ်လို ကြိုးစားရှာထားမှန်း မသိတဲ့
အပြာ စာအုပ်တွေကို ဖတ်ပြီး စိတ်ကူးယဉ်တတ်ခဲ့
စာပေဝါသနာရှင် စာတလွဲ တွေကိုပဲကြောက်ပါ၊၊
လူတယောက် ကလေးတယောက်ဟာ စိတ်ကူးယဉ်
သင့်တဲ့ အရွယ် အပိုင်းအခြားမှာ စိတ်ကူးယဉ်မယ်၊
တွေးခေါ်မြော်မြင်တဲ့ အရွယ်မှာ တွေးခေါ်မြော်မြင်မယ်၊ လက်တွေ့ အသုံးချသင့်တဲ့ အချိန်မှာ အသုံးချနိုင်ဖို့ စာပေ ဟာ လိုကို လိုအပ်
တယ်၊၊ကျနော် တို့ ပတ်ဝန်းကျင်ကတော့
ပြောခဲ့သလို အသက်ရကာမှ စာကောက်ကိုင်တော့
တလွဲတွေ ဖြစ်ကုန်ရော၊၊
အဲ့တော့ ဘာပြောကြသလဲ၊၊
စာဖတ်တိုင်း လူတော် ဖြစ်မလာဘူး၊၊အသိရှိမလာဘူးပေါ့၊၊
မှန်တာပေါ့၊၊ ဘာစာတစ်လုံးမှ မဖတ်ခဲ့တဲ့ ကလေးတစ်ယောက်ဟာ အသက်ကြီးမှ စာဖတ်တော့ စိတ်ကူးယဉ်ရမယ့် အချိန်ကတလွဲဖြစ်
ရော၊၊ သိုင်းဝတ္ထု၊ သရဲ ၊ အချစ် တွေ ဖတ်ရော၊၊
စိတ်ကူးယဉ်အချိန်မှားတော့ အချစ် ဝတ္ထုတွေဖတ်၊
လက်တွေ့ဘဝနဲ့ အံမဝင်၊ အိမ်နဲ့ အဆင်မပြေ၊
ခိုးရာတွေ လိုက်ပြေး၊ မတော်မတဲ့တွေဖြစ် ၊၊
အဲ့တော့ စာဖတ်တာကို အဆိပ်ဆိုပြီး လက်ညှိုး
ထိုးရော၊၊ အကယ်၍ ကလေးဘဝမှာသာ စာဖတ်ခွင့်၊ စိတ်ကူးယဉ်ခွင့်ကို အတိုင်းအတာအလျောက် အပြည့်အဝပေးခဲ့မယ်
ဆိုရင် ကလေးတယောက် စိတ်ကူးလွန်လို့
ကျောင်းစာ ထိခိုက်ရင်တောင်မှ ဒီလ စာမေးပွဲ မဟုတ် နောက်လ ကို ပြန်လည်ပြင်ဆင်ပေးလို့
ရတယ်၊၊ အဆိပ်မသင့်ဘူး၊၊
အမှန်က ဆရာတွေ မိဘတွေ စာပေ အဆိပ်သင့်တဲ့
သူလက်တဆုပ်လောက်ကို ခွဲခြားမသိဘဲ ကလေးတွေကိုပါ စာဖတ်မှာ စိုးရိမ်နေကြတာ၊၊
သူတို့ကိုယ်တိုင်ကလည်း စာဖတ်တာကို
ဝါသနာ မပါကြတာလည်း ပါတာပေါ့၊၊
နိဂုံးချုပ်ပြီး ပြောရရင်
ကြာဖူးတာလေးတစ်ခု ကို ပြောပါရစေ
ကလေးအရွယ်မှာ အသိအမြင်ဆိုတာ
အိမ်ထရံကြားက ချောင်းကြည့်သလောက်ပဲ
မြင်တယ် ကျဉ်းမြောင်းတယ်တဲ့...
လူလတ်ပိုင်းအရွယ် ကတော့ ပြတင်းပေါက်
ဖွင့်ကြည့်သလိုပဲ ရှေ့ကို ကြည်ကြည်လင်လင်မြင်
တတ်နေပြီတဲ့...
လူကြီးအရွယ် ရောက်လာရင်တော့
အိမ်အပေါ်ဆုံးထပ်က ဝရံတာက ကြည့်သလို
ပါပဲတဲ့ အရာရာကို ခြုံငုံမြင်နိုင်ပါပြီတဲ့...
အဲ့တော့ ကျနော် ပြောချင်တာလေးက
ခင်ဗျားတို့ လူကြီးတွေ ဝရံတာ ထွက်ပြီး မကြည့်
ခင်ရင်နေပါစေ ကလေးတွေ ကြည့်ချင်တယ်
တောင်းဆိုလာရင်တော့ ခင်ဗျားတို့ သူတို့လေးတွေကို ကျောပိုးပြီး ဝရံတာကို လိုက်ပို့လိုက်ပါ
ခင်ဗျားတို့ပါ အလှတရားကို တွေ့လာပါလိမ့်မယ်...
credit
zawzaw
=======================================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။