"လူ"
-
တစ်ခါက ကျွန်တော်တို့တွေ မသိတဲ့ စကြ်ာဝဠာတစ်ခုရဲ့ ကမ္ဘာတစ်ခုပေါ်မှာ လူလေးယောက် နေထိုင်ခဲ့ကြတယ်။ တစ်ယောက်က အရပ်ရှည်တယ်၊ နောက်တစ်ယောက်က အရပ်ပုတယ်။ နောက်တစ်ယောက်က ပိန်တယ်။ နောက်တစ်ယောက်ကတော့ အင်မတန်မှ ဆူဖြိုးတဲ့ ခန္ဓာကိုယ်ရှိတယ်။ လူရှည်၊ လူပု၊ လူဝ၊ လူပိန် တို့ပဲ ဖြစ်တယ်။ သူတို့အတူတူငါးဖမ်းကြတယ်၊ အတူတူ အမဲလိုက်ကြတယ်။ အတူတူပဲ အသီးအနှံတွေ ဆွတ်ယူ စားသောက်ခဲ့ကြတယ်။
သူတို့နေတဲ့ကမ္ဘာကြီးတစ်ခုလုံးမှာ သူတို့လေးယောက် သာလျင် လူရယ်လို့ရှိခဲ့တာပဲဖြစ်တယ် ။
ကျန်တဲ့သားရဲတွေ၊ အင်းဆက်တွေ၊ ရေသတ္တ၀ါတွေ လည်းပဲ မြောက်များစွာ
ရှိနေခဲ့ကြတယ်။ အဲဒီလို အရောင်စုံ၊ အသွေးစုံ သက်ရှိတွေထဲမှာမှာ သူတို့တွေ
လေးယောက်သာလျင်လူဖြစ်တယ်။ အဲဒီအတွက် သူတို့ဟာ အချင်းချင်း အင်မတန်မှ
ကြင်နာကြတယ်။ ဖေးမကြတယ်။ ဂရုစိုက်ကြတယ်။ သူတို့ဟာ အခြားသော
သတ္တ၀ါတွေထက်ပိုပြီးထက်မြက်ြ ကတယ်။ စွမ်းဆောင်နိုင်ကြတယ်။ တီထွင်တတ်ကြတယ်။ အဲဒါကြောင့် သူတို့ဟာ သူတို့နဲ့မတူတဲ့ အခြားသော သတ္တ၀ါတွေနဲ့ စည်းတစ်ခုခြားထားပြီးသီးခြား
နေထိုင် ကြတယ်။ "လူနဲ့ လူနဲ့မတူတဲ့သတ္တ၀ါတွေ"လို့ သူတို့ ပြောဆိုခဲ့ကြတယ်။
လူတွေဟာ ထူးခြားတဲ့၊ မွန်မြတ်တဲ့၊ အကန့်အသတ်နဲ့သာရှိသူတွေဖြစ် တယ်လို့ သူတို့ ပြောဆိုခဲ့ကြတယ်။
-
လူလေးယောက် သာလျင်ရှိတဲ့အတွက် သူတို့ရဲ့ လူ့အသိုင်းအ၀ိုင်းဟာ အေးချမ်းခဲ့တယ်။ အေးချမ်းတယ်။ သဘာဝနဲ့ တပြေးထဲဖြစ်တဲ့အတွက် သူတို့ဟာ ရောဂါဘယ ကင်းစင်ခဲ့ကြတယ်။ လေးယောက်ပဲရှိတဲ့ အတွက် အစာအာဟာရ ဟာ အလျှံပယ် ပေါများခဲ့ကြတယ်။ တစ်စုံတစ်ရာသော အကြောင်းနဲ့မှ အချင်းချင်း လုယက်စားသောက်စရာ၊ အနိုင်ကျင့်စရာမရှိအောင်ပဲ သူတို့အသိုင်းအ၀ိုင်းက သာယာခဲ့ကြတယ်။သူတို့ဟာ ပူပင်ခြင်းကိုမသိသူတွေ ဖြစ်တယ်။ ဆာလောင်ခြင်းကိုလည်း မသိကြသူတွေ ဖြစ်တယ်။ အနိုင်ကျင့်ခြင်းကိုလည်း မသိသလို၊ သံသယဆိုတဲ့အရာကိုပါ မေ့လျော့ကြသူတွေဖြစ်လာ ကြတယ်။ ပြိုင်ဆိုင်မှုကင်းတဲ့ အင်မတန်မှ ပျော်ရွှင်ဖွယ် ကောင်းတဲ့ လူ့ဘုံတစ်ခုဖြစ်မယ်။
-
ဒါပေမယ့် သူတို့ရဲ့ ပြီးပြည့်စုံတဲ့ရွှေခေတ်ဟာ တဖြည်းဖြည်း ပြောင်းလဲလာတယ်။ သူတို့ငါးဖမ်းနေကျ ရေအိုင်ဟာ တဖြည်းဖြည်း ရေနည်းလာတာကို သူတို့ တွေ့လာရတယ်။ သူတို့အမဲလိုက်နေကျ တောအုပ်ဟာ လည်း ခြောက်သွေ့ လာတယ်။ သစ်သီးပင်တွေဟာ အသီးအနှံတွေမသီးပွင့်တော့သလို
သူတို့ဝန်းကျင်မှာ လည်း တောကောင်တွေ ရှားပါးလာတယ်။ လူလေးယောက် ဟာ
အစားအစာအတွက် ပူပန် လာ ကြတယ်။ ပူပန်ခြင်းနဲ့အတူ "အခက်အခဲ" ဆိုတဲ့ အရာ ကို
သူတို့တွေ့လာကြတယ်။ သူတို့ဟာ ပိုပြီးဝေးတဲ့ မြက်ခင်းပြင် တစ်ခုကို
သွားရောက်ပြီး အမဲလိုက်လာ ကြရတယ်။ သားကောင်တွေ ရှားပါးလာသလို သူတို့
အသုံးအဆောင်တွေ၊ အ၀တ်အစားတွေ ပြုလုပ်တဲ့ တိရစ္ဆာန်ကြီးတွေ
ပါပျောက်ကွယ်သွားခဲ့ကြတယ်။ အစာရှာဖွေရာ ဒေသ ဟာ ဝေးကွာလာခဲ့သလို၊ အစာ အာဟာရ
ပျက်ကွက်တဲ့နေ့တွေလည်း ရှိလာကြတယ်။ အဲဒီလို နေ့တွေမှာတော့ သူတို့ဟာ
အစာအာဟာရ ကို အင်မတန်ပဲ တောင့်တကြတယ်။
တစ်နေ့ သူတို့အမဲလိုက်ကြတယ်။ တဟုန်ထိုးပြေးတဲ့ ဒရယ်တစ်ကောင် နောက်ကို တင်းပုတ် ကိုယ်စီနဲ့ ပြေး လိုက်ခဲ့ကြတယ်။ အဲဒီလို ပြေးလွှားလိုက်ရင်းနဲ့ လူပု ပျောက်ဆုံးခဲ့တယ်။ သူတို့ ဒရယ်ကို ရလိုက်တဲ့အချိန်မှာ ပဲ လူပုပျောက်ဆုံးကြောင်း သိလိုက်ရတာပဲဖြစ်တယ်။ သူတို့လူပုကို အော်ဟစ်ခေါ်ခဲ့ကြတယ်။ဒါပေမယ့် လည်း လူပု ဟာ ပျောက်ချင်းမလှ ပျောက်ကွယ်ခဲ့ပြီပဲဖြစ်တယ်။
သူတို့တွေဟာ ညမှောင်လာတဲ့အထိ လူပုကို ရှာဖွေခဲ့ ကြတယ်။ ခြေရာတွေ ကောက်ရင်း
လူပု နောက်ကို လိုက်ခဲ့ကြတယ်။ ဒါပေမယ့်လည်း လူပုရဲ့အရိပ်အရောင်
တစွန်းတစကိုမှ သူတို့မတွေ့ခဲ့ဘဲ ဖြစ်နေခဲ့ကြတယ်။ သူတို့စိတ်လေးလံစွာပဲ
ကျောက်ဂူကို ပြန်လာခဲ့ကြ တယ်။ သူတို့အဲဒီတစ်ညလုံး လူပုအကြောင်းပြောဆို
နေခဲ့ကြတယ်။လူပုကိုသားရဲတိရ စ္ဆာန်တစ်ကောင် ကောင် ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီလား၊ လူပု ကိုယ်တိုင် မျက်စေ့လည်လမ်းမှားသွားခဲ့တာလား
ဘယ်သူမှ ရေရေရာရာ မပြောနိုင်ပဲ ရှိခဲ့ကြတယ်။ သူတို့ဟာ လူပု အတွက် ညစာ
ချန်ထားရစ်ခဲ့ကြတယ်။ တကယ်လို့ လူပု နောက်နေ့ ပြန်ရောက်လာရင် စားသောက်ဖို့
အတွက် ရည်ရွယ်ထားခဲ့ကြတယ်။
ဒါပေမယ့်လည်း နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်သာ ကုန်ဆုံးခဲ့တယ် သူတို့မိတ်ဆွေကြီးလူပု ကတော့ ပျောက်ကွယ်နေဆဲ ဖြစ်တယ်။ လူပု အတွက် အစားအသောက်တွေကိုတော့ သူတို့လေးယောက်သာ မျှဝေ စားသောက်ခဲ့ကြတယ်။ လူပုမရှိတော့တဲ့အတွက် ပိုပြီး ၀၀လင်လင် စားရတယ်ဆိုတာကို သူတို့မပြောဘဲ အလိုလို သိလာကြတယ်။ လူပုမရှိတော့မယ့်အတူတူ လူပုရဲ့လက်နက်တွေ သားရဲတိရစ္ဆာန်အရည်ခွံတွေ နဲ့ပြုလုပ်ထားတဲ့ အ၀တ်အထည်တွေကိုတော့ လူဝ ကသာ ယူဆောင်ထားလိုက်တယ်။ အဲဒီနေ့မှာပဲ သူတို့ အသိုင်းအ၀ိုင်းမှာ စကားလုံးအသစ်တစ်ခု ထပ်မံ ပေါ်ပေါက် လာတယ်။
အဲဒါကတော့ "ပဋိပက္ခ" ပဲဖြစ်တယ်။
လူပိန်နဲ့လူရှည်ဟာလူပုရဲ့အ၀ တ်အစားနဲ့လက်နက်
တွေ ကို သူတို့ပါ ရသင့်ကြောင်း ပြောခဲ့ကြတယ်။ လူဝ က ငြင်းဆန်ခဲ့တယ်။
အဲဒီအခါ လူရှည်က လူဝ လက်က လူပုရဲ့ အ၀တ်အထည်ကို လုယူလိုက်တယ်။ လူပိန်က
လူရှည်လက်က ထပ်ပြီးလုယူပြန်တယ်။ အဲဒီလိုနဲ့ သူတို့ဟာ အဖြေတစ်စုံတစ်ရာ မရဘဲ
တစ်ယောက်နဲ့ တစ်ယောက် မခေါ်မပြောဖြစ်လာတယ်။ သူတို့ဟာ ပဋိပက္ခ တစ်ခုကို
နားလည်စပြုလာတယ်။ သူတို့ ညနေစာ စားအပြီးမှာတော့ လူဝဟာ လူပုရဲ့ အ၀တ်အစားတွေ၊
လက်နက်တွေ အကုန်လုံး ကို ယူဆောင်ပြီး ဂူထဲကနေထွက်သွားတယ်။ ခဏအကြာမှာတော့
လူဝပြန်ရောက်လာတယ်။
သူဟာ လူပုရဲ့ အ၀တ်အထည်တွေအကုန်လုံးကို တစ်နေရာမှာဝှက်ခဲ့တာပဲဖြစ်တ ယ်။
ဒါပေမယ့်လည်း သူက "ငါတို့ အချင်းချင်းကြားမှာ ပြဿနာဖြစ်စေမယ့် ဒီဟာတွေ
ငါဖျက်ဆီးလိုက်ပြီ" လို့ပြောခဲ့တယ်။ လူဝ ဟာ တက်မက်ခြင်း၊လိမ်ညာခြင်း၊
တစ်ကိုယ်ကောင်း ဆန်ခြင်း၊ ကလိန်ကျခြင်းကို စတင် တွေ့ရှိခဲ့ပြီပဲ ဖြစ်တယ်။
အဲဒီလိုနဲ့ တစ်ညနေမှာတော့ လူပုပြန်ရောက်လာတယ်။ သူဟာ တောထဲမှာ မျက်စေ့လည်ခဲ့တဲ့အကြောင်း ပြောပြတယ်။ သူတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို
ဖောက်သည်ချတယ်။ အဲဒီနေ့ညမှာတော့ သူတို့ လေးယောက်ဟာ မူလအတိုင်း
အစားအသောက်ကို လေးပုံပုံပြီး စားသောက်ခဲ့ကြတယ်။ ဒါပေမယ့် ထူးဆန်းတာ
တစ်ခုကတော့ လူရှည်၊လူပိန်နဲ့၊ လူဝတို့ရဲ့ မျက်လုံးတွေဟာ လူပုရဲ့ အသား
ဝေစုပုံကို မကြာခဏ ကြည့်နေကြတာပဲဖြစ်တယ်။ လူပု သတိမထားမိပေမယ့်
သူတို့သုံးယောက်ကတော့အချင်း ချင်းသိနေခဲ့ကြတယ်။
သူတို့အသိုင်းအ၀ိုင်းမှာ မျှဝေခံစားခြင်း ပျောက်ရှခြင်း နဲ့အတူ
"မတင်းတိမ်နိုင်ခြင်း" က စိုးမိုးလာခဲ့ပြီပဲ ဖြစ်တယ်။
အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ လူပု ဟာ ထူးဆန်းစွာနဲ့ သေဆုံးသွားခဲ့တယ်။ လူပုရဲ့အနီးမှာ သွေးကွက် တစ်ခုကိုလည်း သူတို့တွေ့ခဲ့ကြတယ်။ သူတို့ဟာ လူပုရဲ့အလောင်းကို ခြောက်သွေ့နေတဲ့ တောအုပ် တစ်နေရာမှာ ပစ်ထားလိုက်ကြတယ်။ အဲဒီနောက် ခါတိုင်းလိုပဲ ခပ်ဝေးဝေးက လွင်ပြင်ကြီး တစ်ခုမှာ အမဲလိုက်ကြပြန်တယ်။ ဒါပေမယ့်လည်း တစ်စုံတစ်ခု သော အကြောင်းက သူတို့ကို အမဲ မရ စေအောင် ပိတ်ဆို့ကာကွယ်ထားခဲ့ကြတယ်။
အဲဒါကတော့ "သံသယ" ပဲဖြစ်တယ်။ သူတို့ဟာ နောက်ကျော မလုံသူတွေဖြစ်လာသလို၊
ရှေ့က မသွားလိုသူတွေဖြစ်လာကြတယ်။ ရှေ့ကဦးဆောင်ပြီး အမဲလိုက်သူဟာ
သားကောင်အဖြစ်ပြန်လည်ရောက်ရှိ
သွားမှာစိုးရိမ်လာကြတယ်။ သူတို့ လက်ဗလာနဲ့ပဲ ကျောက်ဂူကို ပြန်လာခဲ့တယ်။
အဲဒီနေ့ညနေမှာတော့ အပြင်က ပြန်ရောက်လာတိုင်း လက်နက်တွေကို တစ်နေရာမှာ
ထားတတ်ကြတဲ့သူတို့ဟာ လက်နက်ကို လက်က မချနိုင်အောင်ဖြစ်ခဲ့ကြတယ်။
တစ်ယောက်နဲ့တစ်ယောက် သံသယမျက်လုံးတွေနဲ့ ကြည့်ခဲ့ကြတယ်။ "လူပုကို
သတ်တဲ့သူဟာ ငါ့ကိုလည်း သတ်မှာပဲ" ဆိုတဲ့ "သံသယ" တွေဝင်လာခဲ့ကြတယ်။
သူတို့တစ်ညလုံးငြိမ်သက်လဲလျောင်းနေကြတယ်။
ဒါပေမယ့် "အိပ်စက်ခြင်း" အစား "ကြောက်ရွံ့ပူပန်ခြင်း" တွေကိုသာ
သူတို့ဖက်တွယ်ထားခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မသိမသာခိုးကြည့်ရင်း
အိပ်ချင်ဟန်ဆောင်နေခဲ့ကြတယ် ။ သူတို့အားလုံး "ဟန်ဆောင်" တတ်လာကြတယ်။
အဲဒီအခိုက်မှာပဲ လူဝဟာ တိတ်တဆိတ်ပဲ ထလာတယ်။ အဲဒီနောက် အပြင်ကို ချွတ်နင်းပြီး ထွက်ခွာသွားတယ်။ လူဝထွက်သွားပြီးမကြာခင်မှာပဲ
လူရှည်ဟာ လူဝ နောက် ကို သံသယနဲ့အတူ နောက်ယောင်ခံပြီး လိုက်သွားခဲ့တယ်။
တစ်ယောက်တည်းကျန်ခဲ့တဲ့ လူပိန် ဟာလည်း သူတို့နှစ်ယောက်ရဲ့ခြေရာတွေ ကိုကြည့်ရင်း
တိတ်တဆိတ်ပဲ ပုန်းကွယ်လိုက်ပါလာတယ်။ လူဝဟာ တစ်နေရာအရောက်မှာတော့
သူဝှက်ထားတဲ့ လူပုရဲ့ အ၀တ်အစားနဲ့ လက်နက်တွေကို ထုတ်ယူလိုက်တယ်။ လူပုရဲ့
လက်နက်တွေထဲက အကောင်းဆုံးသော တင်းပုတ် ကို သူယူလိုက်တယ်။
"အကုန်လုံးသတ်ပစ်မှ အေးမယ်" လို့ သူ တွေးနေပြန်တယ်။ အဲဒီအချိန်မှာပဲ
နောက်ယောက်ခံလိုက်လာတဲ့ လူရှည်ဟာ လူဝရဲ့ ဦးခေါင်း ကို ကျောက်တုံးနဲ့
အားကုန်ထုလိုက်တယ်။ လူဝဟာ နေရာမှာတင်ပင် သေဆုံးသွားခဲ့တယ်။ လူဝကို
ငုံ့ကြည့်နေစဉ်မှာပဲ လူရှည်နဲ့ နားထင်ဟာ တင်းပုပ်နဲ့ မိတ်ဆက်ခဲ့တယ်။
သူလည်းပဲ လူဝသွားရာနောက်ကို ချက်ချင်းပဲလိုက်ပါသွားရတယ် ။ အဲဒိနောက်တော့ နောက်ဆုံးကျန်ရစ်တဲ့ လူပိန်ဟာ လူရှည်၊ လူဝ၊လူပုတို့ရဲ့ ပိုင်ဆိုင်သမျှတွေကိုယူဆောင်ပြီး
ပြန်လာခဲ့တယ်။ ဒါပေမယ့် သူကျောက်ဂူထဲကို ၀င်ဝင်ချင်းမှာပဲ တစ်စုံတစ်ယောက်
ရဲ့ မှိန်းက သူ့ကိုကြိုဆိုခဲ့တယ်။ လူပု ဟာ သူ့ကို သတ်ဖြတ်ခဲ့တာပဲဖြစ်တယ်။
နောက်တစ်နေ့မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ လူပုဟာ ကျောက်ဂူထဲမှာပဲ ညည်းတွားအော်ဟစ် နေခဲ့တယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်းဟာ လူပုအတွက် နာကျင်ခြင်း၊ အထီးကျန်ခြင်း၊ အားငယ်ကြောက်ရွံ့ခြင်း တွေနဲ့ပြည့်နှက်နေတယ်။ ကျောက်ဂူတစ်ခုလုံးဟာ လူပုရဲ့အသက်ရှူသံပြင်းပြင်း နဲ့သာ
ပြည့်နှက်နေတယ်။ အဲဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်၊ တစ်ညပြီးတစ်ည သူဟာ မရပ်မနား
အော်ဟစ်နေခဲ့တယ်။ ဒါပေမယ့်လည်း နံနက်ခင်းတစ်ခုမှာတော့ လူပုရဲ့ အော်သံဟာ
တိုးညှင်း လာတယ်။ အဲဒီနေ့ ညမှာတော့ လူပုနေထိုင်တဲ့ ကျောက်ဂူ ဟာ
တိတ်ဆိတ်ခြင်းက အနိုင်ရရှိ သွား ခဲ့တယ်။
လူပုရဲ့အော်သံတွေတိတ်တိတ်ပျောက်သွားခဲ့သလို၊ သူ့ရဲ့ဝင်သက်ထွက်သက်ဟာ အပြီးတိုင်ပျောက်ကွယ် သွားခဲ့ပြီပဲဖြစ်တယ်။
နောင်နှစ်မိုးဦးကျမှာတော့ တောအုပ်ဟာပြန်လည်စိုပြည် လာတယ်။သစ်သီးပင်တွေပြန်လည်သီးပွင့် လာခဲ့ကြတယ်။တောကောင်တွေပြော င်းရွှေ့
လာကြတယ်။ ရေအိုင်ငယ်ဟာ ရေကြည်ရေအေးနဲ့ ပြန်လည်ပြည့်နှက်လာခဲ့သလို
ငါးတွေဟာလည်း အလျှံပယ်ပဲပေါများခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ ကမ္ဘာမှာတော့
လူသားဟာ မျိုးတုံးပျောက်ကွယ်ခဲ့ပြီပဲ ဖြစ်တယ်။
#Credit_ဖြိုးသုတ
-
တစ်ခါက ကျွန်တော်တို့တွေ မသိတဲ့ စကြ်ာဝဠာတစ်ခုရဲ့ ကမ္ဘာတစ်ခုပေါ်မှာ လူလေးယောက် နေထိုင်ခဲ့ကြတယ်။ တစ်ယောက်က အရပ်ရှည်တယ်၊ နောက်တစ်ယောက်က အရပ်ပုတယ်။ နောက်တစ်ယောက်က ပိန်တယ်။ နောက်တစ်ယောက်ကတော့ အင်မတန်မှ ဆူဖြိုးတဲ့ ခန္ဓာကိုယ်ရှိတယ်။ လူရှည်၊ လူပု၊ လူဝ၊ လူပိန် တို့ပဲ ဖြစ်တယ်။ သူတို့အတူတူငါးဖမ်းကြတယ်၊ အတူတူ အမဲလိုက်ကြတယ်။ အတူတူပဲ အသီးအနှံတွေ ဆွတ်ယူ စားသောက်ခဲ့ကြတယ်။
သူတို့နေတဲ့ကမ္ဘာကြီးတစ်ခုလံ
-
လူလေးယောက် သာလျင်ရှိတဲ့အတွက် သူတို့ရဲ့ လူ့အသိုင်းအ၀ိုင်းဟာ အေးချမ်းခဲ့တယ်။ အေးချမ်းတယ်။ သဘာဝနဲ့ တပြေးထဲဖြစ်တဲ့အတွက် သူတို့ဟာ ရောဂါဘယ ကင်းစင်ခဲ့ကြတယ်။ လေးယောက်ပဲရှိတဲ့ အတွက် အစာအာဟာရ ဟာ အလျှံပယ် ပေါများခဲ့ကြတယ်။ တစ်စုံတစ်ရာသော အကြောင်းနဲ့မှ အချင်းချင်း လုယက်စားသောက်စရာ၊ အနိုင်ကျင့်စရာမရှိအောင်ပဲ သူတို့အသိုင်းအ၀ိုင်းက သာယာခဲ့ကြတယ်။သူတို့ဟာ ပူပင်ခြင်းကိုမသိသူတွေ ဖြစ်တယ်။ ဆာလောင်ခြင်းကိုလည်း မသိကြသူတွေ ဖြစ်တယ်။ အနိုင်ကျင့်ခြင်းကိုလည်း မသိသလို၊ သံသယဆိုတဲ့အရာကိုပါ မေ့လျော့ကြသူတွေဖြစ်လာ ကြတယ်။ ပြိုင်ဆိုင်မှုကင်းတဲ့ အင်မတန်မှ ပျော်ရွှင်ဖွယ် ကောင်းတဲ့ လူ့ဘုံတစ်ခုဖြစ်မယ်။
-
ဒါပေမယ့် သူတို့ရဲ့ ပြီးပြည့်စုံတဲ့ရွှေခေတ်ဟာ တဖြည်းဖြည်း ပြောင်းလဲလာတယ်။ သူတို့ငါးဖမ်းနေကျ ရေအိုင်ဟာ တဖြည်းဖြည်း ရေနည်းလာတာကို သူတို့ တွေ့လာရတယ်။ သူတို့အမဲလိုက်နေကျ တောအုပ်ဟာ လည်း ခြောက်သွေ့ လာတယ်။ သစ်သီးပင်တွေဟာ အသီးအနှံတွေမသီးပွင့်တော့သလ
တစ်နေ့ သူတို့အမဲလိုက်ကြတယ်။ တဟုန်ထိုးပြေးတဲ့ ဒရယ်တစ်ကောင် နောက်ကို တင်းပုတ် ကိုယ်စီနဲ့ ပြေး လိုက်ခဲ့ကြတယ်။ အဲဒီလို ပြေးလွှားလိုက်ရင်းနဲ့ လူပု ပျောက်ဆုံးခဲ့တယ်။ သူတို့ ဒရယ်ကို ရလိုက်တဲ့အချိန်မှာ ပဲ လူပုပျောက်ဆုံးကြောင်း သိလိုက်ရတာပဲဖြစ်တယ်။ သူတို့လူပုကို အော်ဟစ်ခေါ်ခဲ့ကြတယ်။ဒါပေမယ်
ဒါပေမယ့်လည်း နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်သာ ကုန်ဆုံးခဲ့တယ် သူတို့မိတ်ဆွေကြီးလူပု ကတော့ ပျောက်ကွယ်နေဆဲ ဖြစ်တယ်။ လူပု အတွက် အစားအသောက်တွေကိုတော့ သူတို့လေးယောက်သာ မျှဝေ စားသောက်ခဲ့ကြတယ်။ လူပုမရှိတော့တဲ့အတွက် ပိုပြီး ၀၀လင်လင် စားရတယ်ဆိုတာကို သူတို့မပြောဘဲ အလိုလို သိလာကြတယ်။ လူပုမရှိတော့မယ့်အတူတူ လူပုရဲ့လက်နက်တွေ သားရဲတိရစ္ဆာန်အရည်ခွံတွေ နဲ့ပြုလုပ်ထားတဲ့ အ၀တ်အထည်တွေကိုတော့ လူဝ ကသာ ယူဆောင်ထားလိုက်တယ်။ အဲဒီနေ့မှာပဲ သူတို့ အသိုင်းအ၀ိုင်းမှာ စကားလုံးအသစ်တစ်ခု ထပ်မံ ပေါ်ပေါက် လာတယ်။
အဲဒါကတော့ "ပဋိပက္ခ" ပဲဖြစ်တယ်။
လူပိန်နဲ့လူရှည်ဟာလူပုရဲ့အဝ
သူဟာ လူပုရဲ့ အ၀တ်အထည်တွေအကုန်လုံးကို တစ်နေရာမှာဝှက်ခဲ့တာပဲဖြစ်တ
အဲဒီလိုနဲ့ တစ်ညနေမှာတော့ လူပုပြန်ရောက်လာတယ်။ သူဟာ တောထဲမှာ မျက်စေ့လည်ခဲ့တဲ့အကြောင်း ပြောပြတယ်။ သူတွေ့ကြုံခဲ့ရတဲ့အတွေ့အကြံ
အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ လူပု ဟာ ထူးဆန်းစွာနဲ့ သေဆုံးသွားခဲ့တယ်။ လူပုရဲ့အနီးမှာ သွေးကွက် တစ်ခုကိုလည်း သူတို့တွေ့ခဲ့ကြတယ်။ သူတို့ဟာ လူပုရဲ့အလောင်းကို ခြောက်သွေ့နေတဲ့ တောအုပ် တစ်နေရာမှာ ပစ်ထားလိုက်ကြတယ်။ အဲဒီနောက် ခါတိုင်းလိုပဲ ခပ်ဝေးဝေးက လွင်ပြင်ကြီး တစ်ခုမှာ အမဲလိုက်ကြပြန်တယ်။ ဒါပေမယ့်လည်း တစ်စုံတစ်ခု သော အကြောင်းက သူတို့ကို အမဲ မရ စေအောင် ပိတ်ဆို့ကာကွယ်ထားခဲ့ကြတယ်။
အဲဒီအခိုက်မှာပဲ လူဝဟာ တိတ်တဆိတ်ပဲ ထလာတယ်။ အဲဒီနောက် အပြင်ကို ချွတ်နင်းပြီး ထွက်ခွာသွားတယ်။ လူဝထွက်သွားပြီးမကြာခင်မှာပ
နောက်တစ်နေ့မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ လူပုဟာ ကျောက်ဂူထဲမှာပဲ ညည်းတွားအော်ဟစ် နေခဲ့တယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်းဟာ လူပုအတွက် နာကျင်ခြင်း၊ အထီးကျန်ခြင်း၊ အားငယ်ကြောက်ရွံ့ခြင်း တွေနဲ့ပြည့်နှက်နေတယ်။ ကျောက်ဂူတစ်ခုလုံးဟာ လူပုရဲ့အသက်ရှူသံပြင်းပြင်း
လူပုရဲ့အော်သံတွေတိတ်တိတ်ပေ
နောင်နှစ်မိုးဦးကျမှာတော့ တောအုပ်ဟာပြန်လည်စိုပြည် လာတယ်။သစ်သီးပင်တွေပြန်လည်သ
#Credit_ဖြိုးသုတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။