မေ့သမီးကလေး
မနေ့က ငုံနေသည့် နှင်းဆီပွင့်လေး နှစ်ပွင့် ဒီနေ့ပွင့်နေပြီ။ မနက်စောစော ပန်းနုရောင် နှင်းဆီလေး နှစ်ပွင့်ကိုမြင်ရတော့ စိတ်အေးချမ်းလှသည်။ ဒီနေ့ ဈေးထဲသွားမည်။ ပန်းရောင်ပိတ်စလေးများဝယ်မည်။ လူ့လောကထဲ ရောက်လာတော့မည့် သမီးလေးအတွက် အင်္ကျီ၊ ဘောင်းဘီလေးတွေ ချုပ်ရမည်။
“ကြည်ရယ် ဘာလို့ သမီးလေးပဲဖြစ်မယ်လို့ တွေးရတာလဲ။ သားလေးရောမဖြစ်နိုင်ဘူးလား”
“မောင်မသိပါဘူး။ သမီးလေးမွေးမယ်ဆိုတာ သေချာသိတာပေါ့။ မိခင်တွေမှာ မမြင်ရတဲ့ စိတ်စွမ်းအင် တွေရှိနေတာ မောင်သိရဲ့လား”
မောင်ကတော့ ကြည့်ကို အနိုင်လုပြောတာတွေမလုပ်တော့ ဘဲ ကျေနပ်ြုပံးနဲ့သာ ကြည့်ပြီး ရုံးကို ထွက်သွားသည်။
အခန်းဆီးလိုက်ကာတွေကို လဲရမည်။ ပန်းနုရောင်လေးများ မဟုတ်ရင်တော့ အဝါရောင်လေး ဖြစ်ချင်သည်။ နုနုနယ်နယ်အရောင်လေးတွေကို ရွေးနေမိပေမယ့် သမီးလေး တအားနုနယ်မှာကိုတော့ စိုးလှသည်။ နှင်းဆီပွင့်လေးလို လှစေချင်သလို ထိုက်သင့်တဲ့ ဆူးလေးတွေလည်း သမီးမှာ ရှိစေချင်ပြန်သည်။ လူ့လောကဆိုတာ အလှအပတွေချည်းပဲ မဟုတ်ဆိုတာ သမီးလေး သိစေချင်ပါသည်။
ကြည့်ရဲ့ စုံ့စုံ့လေးပူနေသော ဗိုက်အတွင်းထဲမှ သမီးလေးသည် အပြင်ကိုထွက်ဖို့ အမြဲလိုလို ရုန်းကန်နေတတ်သည်။ တော်ကြာနေ တံတောင်ဆစ်လေးလိုလို၊ တော်ကြာနေ ဒူးဆစ်လေးလိုလို ဘာလေးမှန်းမသိပေမယ့် ကြည်ကတော့ သမီးလေးရဲ့ တစ်ကိုယ်လုံးကို မြင်ဖူးပြီး အသေးစိတ်သိနေသူလို ပြောတတ်သည်။
“အို အို သမီးလေးရဲ့ ဒူးခေါင်းလေးပါလား။ နေပါဦး သမီးရဲ့ သမီးအပြင်ရောက်ချိန် မတန်သေးဘူး။ သမီး အပြင်ရောက်ချိန်တန်ရင် မေမေတို့က သမီးလေးကို အပြင်ပေးထွက်မှာပေါ့”
ဒါကိုလည်း မောင်က ပြောချင်ပြန်သည်။
“ကြည်ကလည်း လုပ်ပြန်ပြီကွာ။ ကလေးက ဘာနဲ့ ထိုးနေမှန်းသေချာသိလို့လား။ ဒူးလား၊ တံတောင်ဆစ်လား၊ ခေါင်းနဲ့ပဲ တိုးနေတာလား”
“ကြည်က သမီးလေးနဲ့ တစ်နေကုန် အတူနေရတဲ့သူပါမောင်ရယ်။ သမီးလေး တစ်ကိုယ်လုံး ကြည် မသိတဲ့ နေရာကို မရှိတာ”
တစ်ခါတစ်ခါတော့ သမီးလေးက စိတ်ပူရလောက်အောင် ငြိမ်နေတတ်သေးသည်။ ထိုအခါမျိုးဆိုရင် ကြည်က ပြနေကျ သားဖွားဆရာဝန်မဆီပြေးပြီး မျက်နှာငယ်ဖြင့်သမီးလေးအကြောင်း မေးရသည်။
သမီးလေးက ဝတ်မယ့် အင်္ကျီမှာ ချည်ပန်းပွင့်လေးတွေလည်းထိုးရသည်။ သမီးလေးက ပန်းပွင့်လေးတွေကိုချစ်သူဖြ စ်သည်။ ပန်းပွင့်လေးတွေထိုးနေစဉ်ဆိုပါက ကြည်ကြည့် စိတ်တွေ ရွှင်ပြနေတတ်သည်။ ဒါဟာ သမီးလေးလည်း သဘောကျကြောင်း သိသာနေတာပဲမဟုတ်ပေလား။
သမီးအတွက် ခြေအိတ်သေးသေးလေးကိုတော့ သမီးလေး ဘွားဘွားက ချုပ်ပေးသည်။ ခြေအိတ် ပန်းဆီရောင်လေးမှာ လိပ်ပြာလေးတစ်ကောင်ပါတော့ ကြည်ကြည်က တစ်ချိန်မှာ သမီးလေးဟာ လိပ်ပြာလေးတွေလိုပဲ သူ့အနားက ပျံထွက်သွားတော့မှာလို့ြုကိတွေးပြီး ငိုချင်သလိုလို ဖြစ်ရပြန်သည်။
“ညက သမီးကို အိမ်မက်မက်တယ်” လို့ ကြည်ကပြောရင်တာ့ မောင်က မျက်မှောင်ြုကတ်ကာ ကြည့်ချင်သည်။
အိမ်မက်ထဲမှာ သမီးလေးရဲ့ ဆံပင်နုနုလေးတွေ၊ နှုတ်ခမ်းပါးပါးလေးနဲ့ ပါးဖောင်းဖောင်းလေးအကြောင်း
ကြည်က ပြောရင်တော့ မောင်က ယုံချင်သလိုလို ဖြစ်လာတတ်သည်။ သမီးရဲ့
နားရွက်မှာ သူ့လို မှဲ့ပါသလားလို့ပင် မေးတတ်တာမျိုးရှိလာတော့
ကြည်ကပင်ရယ်ရပြန်ပါသည်။
“မောင်ကလည်းကွယ် နားရွက်ထိတော့ ကြည်မကြည့်ခဲ့ရဘူး။ နောက်တစ်ခါဆို သေချာကြည့်ထားပါ့မယ်” လို့ ဆိုရင်တော့ မောင်က ရှက်ြုပံြးုပံးတတ်သည်။
မောင်ကတော့ ဘာလေးမွေးမွေး သူနဲ့ပဲ တူစေချင်တယ်လို့ အတ္တကို ထုတ်ဖော်ပြောသည်။ ကြည်ကတော့ သမီးလေးကို ဘယ်သူနဲ့မှ မတူစေချင်ပေ။ သမီးလေးတွင် ကိုယ်ပိုင်အလှများ ရှိစေချင်သည်။
သမီးလေးအတွက် ပုံပြင်လေးတွေလည်း စုရသည်။ ကမ္ဘာ့လိပ်မကြီးပုံပြင်၊ မနှင်းဖြူလေးပုံပြင်၊ နှပ်ချေးထူကြီးတို့ရဲ့ပုံပြ င်။ ပုံပြင်လေးတွေဖတ်ရင်း သမီးလေးကို အပြင်မှာ တကယ်ပင် ဖတ်ပြချင်လှပြီ။ ထိုအခါမျိုးဆိုရင် သမီးလေးက မျက်လုံးအဝိုင်းသားနဲ့များနားထောင်လေမလား။ သူမသိသည်များကို တတွတ်တွတ်နဲ့ မေးနေလေမည်လား။
သမီးလေးမှာ ရဲရင့်သော အတွေးအခေါ်များလည်း ရှိစေချင်သည်။ သမီးဘဝအတွက် အတိုက်အခိုက် ဟူသမျှ မရှိရအောင် ထားချင်သော်ငြား မပြောနိုင်သော ကံကြမ္မာကြောင့် မေ့သမီးလေး စိတ်ပျက် အားလျော့ရသည်များ အဖြစ်မခံချင်ပါ။
သဘာဝတရားကိုလည်း သမီးလေးချစ်မြတ်နိုးတတ်အောင်
ကြည်က လုပ်ရဦးမည်။ သမီးလေးရဲ့ လက်များဖြင့် သစ်ပင်ပန်းပင်လေးများ
စိုက်စေရမည်။ အသီးအပွင့်လေးများကိုလည်း သမီးကိုယ်တိုင် ဆွတ်ယူစေချင်သည်။
ဗိုက်စနာတဲ့ အချိန်ရောက်တော့ ကြည်က သမီးလေးအတွက် ရည်စူးထားတဲ့ အနှီးထုတ်လေးများ၊ ခေါင်းစွပ်လေးများ၊ ခြေစွပ်လေးများကိုစုဆောင်းရ သည်။ မေ့သမီးလေးလူ့လောကထဲရောက်ရောက်ချင်း မိခင်ရဲ့ မေတ္တာတရားနြဲု့ကိဆိုချင်သည် ။
သမီးလေး လူ့လောကထဲ ရောက်လာစေဖို့ အားအင်တွေ ကုန်ခန်းသွားမလောက် ရှိခဲ့သည်။ နာကျင်မှုတွေသည် ဘယ်အချိန်မှာ ပျောက်သွားမှာလဲလို့ ကြည်တွေးမိခဲ့သည်ကိုတော့ သမီးလေးကို တောင်းပန်ချင်သည်။
မိခင်ဝမ်းထဲမှ ကျွတ်ခါစ သမီးလေးကို သူနြာုပဆရာမက ယူလာပေးချိန်မှာတော့ ကြည်က မျက်ရည်တွေ ကြားမှြုပံးမိပြန်သည်။ သမီးလေးကတော့ မျက်လုံးလေးများ၊ နှုတ်ခမ်းလေးများကို စေ့ပြီး ကြည့်ဘေးမှာငြိမ်ငြိမ်လေး ရှိနှင့်သည်။ သမီးလေးနဲ့ ရင်းနှီးပြီးသားမို့ သမီးလေးကို နှိုးပြီး မနှုတ်ဆက်တော့။
မျက်စိထဲမှာတော့ မေ့သမီးလေးသည် ကြယ်ပွင့်ကလေး၊ ပန်းပွင့်ကလေး။
မိ
(Little One Magazine အတွဲ-၁၊ အမှတ် -၁/မှ)
မနေ့က ငုံနေသည့် နှင်းဆီပွင့်လေး နှစ်ပွင့် ဒီနေ့ပွင့်နေပြီ။ မနက်စောစော ပန်းနုရောင် နှင်းဆီလေး နှစ်ပွင့်ကိုမြင်ရတော့ စိတ်အေးချမ်းလှသည်။ ဒီနေ့ ဈေးထဲသွားမည်။ ပန်းရောင်ပိတ်စလေးများဝယ်မည
“ကြည်ရယ် ဘာလို့ သမီးလေးပဲဖြစ်မယ်လို့ တွေးရတာလဲ။ သားလေးရောမဖြစ်နိုင်ဘူးလား”
“မောင်မသိပါဘူး။ သမီးလေးမွေးမယ်ဆိုတာ သေချာသိတာပေါ့။ မိခင်တွေမှာ မမြင်ရတဲ့ စိတ်စွမ်းအင် တွေရှိနေတာ မောင်သိရဲ့လား”
မောင်ကတော့ ကြည့်ကို အနိုင်လုပြောတာတွေမလုပ်တော့
အခန်းဆီးလိုက်ကာတွေကို လဲရမည်။ ပန်းနုရောင်လေးများ မဟုတ်ရင်တော့ အဝါရောင်လေး ဖြစ်ချင်သည်။ နုနုနယ်နယ်အရောင်လေးတွေကို ရွေးနေမိပေမယ့် သမီးလေး တအားနုနယ်မှာကိုတော့ စိုးလှသည်။ နှင်းဆီပွင့်လေးလို လှစေချင်သလို ထိုက်သင့်တဲ့ ဆူးလေးတွေလည်း သမီးမှာ ရှိစေချင်ပြန်သည်။ လူ့လောကဆိုတာ အလှအပတွေချည်းပဲ မဟုတ်ဆိုတာ သမီးလေး သိစေချင်ပါသည်။
ကြည့်ရဲ့ စုံ့စုံ့လေးပူနေသော ဗိုက်အတွင်းထဲမှ သမီးလေးသည် အပြင်ကိုထွက်ဖို့ အမြဲလိုလို ရုန်းကန်နေတတ်သည်။ တော်ကြာနေ တံတောင်ဆစ်လေးလိုလို၊ တော်ကြာနေ ဒူးဆစ်လေးလိုလို ဘာလေးမှန်းမသိပေမယ့် ကြည်ကတော့ သမီးလေးရဲ့ တစ်ကိုယ်လုံးကို မြင်ဖူးပြီး အသေးစိတ်သိနေသူလို ပြောတတ်သည်။
“အို အို သမီးလေးရဲ့ ဒူးခေါင်းလေးပါလား။ နေပါဦး သမီးရဲ့ သမီးအပြင်ရောက်ချိန် မတန်သေးဘူး။ သမီး အပြင်ရောက်ချိန်တန်ရင် မေမေတို့က သမီးလေးကို အပြင်ပေးထွက်မှာပေါ့”
ဒါကိုလည်း မောင်က ပြောချင်ပြန်သည်။
“ကြည်ကလည်း လုပ်ပြန်ပြီကွာ။ ကလေးက ဘာနဲ့ ထိုးနေမှန်းသေချာသိလို့လား။
“ကြည်က သမီးလေးနဲ့ တစ်နေကုန် အတူနေရတဲ့သူပါမောင်ရယ်။ သမီးလေး တစ်ကိုယ်လုံး ကြည် မသိတဲ့ နေရာကို မရှိတာ”
တစ်ခါတစ်ခါတော့ သမီးလေးက စိတ်ပူရလောက်အောင် ငြိမ်နေတတ်သေးသည်။ ထိုအခါမျိုးဆိုရင် ကြည်က ပြနေကျ သားဖွားဆရာဝန်မဆီပြေးပြီး မျက်နှာငယ်ဖြင့်သမီးလေးအကြေ
သမီးလေးက ဝတ်မယ့် အင်္ကျီမှာ ချည်ပန်းပွင့်လေးတွေလည်းထို
သမီးအတွက် ခြေအိတ်သေးသေးလေးကိုတော့ သမီးလေး ဘွားဘွားက ချုပ်ပေးသည်။ ခြေအိတ် ပန်းဆီရောင်လေးမှာ လိပ်ပြာလေးတစ်ကောင်ပါတော့ ကြည်ကြည်က တစ်ချိန်မှာ သမီးလေးဟာ လိပ်ပြာလေးတွေလိုပဲ သူ့အနားက ပျံထွက်သွားတော့မှာလို့ြုကိတွေးပြီး ငိုချင်သလိုလို ဖြစ်ရပြန်သည်။
“ညက သမီးကို အိမ်မက်မက်တယ်” လို့ ကြည်ကပြောရင်တာ့ မောင်က မျက်မှောင်ြုကတ်ကာ ကြည့်ချင်သည်။
အိမ်မက်ထဲမှာ သမီးလေးရဲ့ ဆံပင်နုနုလေးတွေ၊ နှုတ်ခမ်းပါးပါးလေးနဲ့ ပါးဖောင်းဖောင်းလေးအကြောင်း
“မောင်ကလည်းကွယ် နားရွက်ထိတော့ ကြည်မကြည့်ခဲ့ရဘူး။ နောက်တစ်ခါဆို သေချာကြည့်ထားပါ့မယ်” လို့ ဆိုရင်တော့ မောင်က ရှက်ြုပံြးုပံးတတ်သည်။
မောင်ကတော့ ဘာလေးမွေးမွေး သူနဲ့ပဲ တူစေချင်တယ်လို့ အတ္တကို ထုတ်ဖော်ပြောသည်။ ကြည်ကတော့ သမီးလေးကို ဘယ်သူနဲ့မှ မတူစေချင်ပေ။ သမီးလေးတွင် ကိုယ်ပိုင်အလှများ ရှိစေချင်သည်။
သမီးလေးအတွက် ပုံပြင်လေးတွေလည်း စုရသည်။ ကမ္ဘာ့လိပ်မကြီးပုံပြင်၊ မနှင်းဖြူလေးပုံပြင်၊ နှပ်ချေးထူကြီးတို့ရဲ့ပုံပြ
သမီးလေးမှာ ရဲရင့်သော အတွေးအခေါ်များလည်း ရှိစေချင်သည်။ သမီးဘဝအတွက် အတိုက်အခိုက် ဟူသမျှ မရှိရအောင် ထားချင်သော်ငြား မပြောနိုင်သော ကံကြမ္မာကြောင့် မေ့သမီးလေး စိတ်ပျက် အားလျော့ရသည်များ အဖြစ်မခံချင်ပါ။
သဘာဝတရားကိုလည်း သမီးလေးချစ်မြတ်နိုးတတ်အောင
ဗိုက်စနာတဲ့ အချိန်ရောက်တော့ ကြည်က သမီးလေးအတွက် ရည်စူးထားတဲ့ အနှီးထုတ်လေးများ၊ ခေါင်းစွပ်လေးများ၊ ခြေစွပ်လေးများကိုစုဆောင်းရ
သမီးလေး လူ့လောကထဲ ရောက်လာစေဖို့ အားအင်တွေ ကုန်ခန်းသွားမလောက် ရှိခဲ့သည်။ နာကျင်မှုတွေသည် ဘယ်အချိန်မှာ ပျောက်သွားမှာလဲလို့ ကြည်တွေးမိခဲ့သည်ကိုတော့ သမီးလေးကို တောင်းပန်ချင်သည်။
မိခင်ဝမ်းထဲမှ ကျွတ်ခါစ သမီးလေးကို သူနြာုပဆရာမက ယူလာပေးချိန်မှာတော့ ကြည်က မျက်ရည်တွေ ကြားမှြုပံးမိပြန်သည်။ သမီးလေးကတော့ မျက်လုံးလေးများ၊ နှုတ်ခမ်းလေးများကို စေ့ပြီး ကြည့်ဘေးမှာငြိမ်ငြိမ်လေး ရှိနှင့်သည်။ သမီးလေးနဲ့ ရင်းနှီးပြီးသားမို့ သမီးလေးကို နှိုးပြီး မနှုတ်ဆက်တော့။
မျက်စိထဲမှာတော့ မေ့သမီးလေးသည် ကြယ်ပွင့်ကလေး၊ ပန်းပွင့်ကလေး။
မိ
(Little One Magazine အတွဲ-၁၊ အမှတ် -၁/မှ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။