သီချင်းအသစ်တွေဆက်လုပ်ဖြစ်ေ နတဲ့ Evanescence ရဲ့ အဆိုတော် Amy Lee
--------------
Evanescence ပရိတ်သတ်တွေအနေနဲ့ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးထွက်ခဲ့တဲ့ “What You Want” အယ်လ်ဘမ် ပြီးကတည်းက EV ဂီတအသစ်တွေနဲ့ ဝေးကွာခဲ့တာ ၄ နှစ်ရှိခဲ့ပါပြီ။ ဒါပေမယ့် Vocalist Amy Lee အနေနဲ့ လတ်တလော လှုပ်ရှားမှုတွေ ရှိနေခဲ့ပါတယ်။ Film score နောက်ခံဂီတတွေအတွက် Featuring အနေနဲ့ပါဝင်တာမျိုးတွေ၊ သူနှစ်သက်ရာသီချင်းတွေကို Cover ပြန်ဆိုတာမျိုးတွေ၊ Cello ပညာရှင် Dave Eggar နဲ့ တွဲဖက်ပြီး ဂီတပုံစံတစ်ခုဖန်တီးနေတာမျိုးတွေမှာ သူ့ဂီတအမျိုးအစားလမ်းကြောင်းဟာလည်း အရင်နဲ့မတူတော့ဘဲ သိသိသာသာပြောင်းလဲလာတာ တွေ့ရမှာပါ။
မူလ EV ပုံစံမျိုး သီချင်းအသစ်တွေကို မျှော်လင့်တောင်းဆိုနေကြတဲ့ အမာခံပရိတ်သတ်တွေအတွက် Rolling Stone တို့ကနေတဆင့် Amy ပြောခဲ့တာကတော့
“Evanescence အတွက် သီချင်းအသစ်တွေလုပ်ဖို့ ငါ့မှာ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမယ့် ငါ Amy Lee အနေနဲ့ အသစ်အသစ်တွေ အဆက်မပြတ်လုပ်နေတယ်ဆိုတာ အသေအချာပါပဲ”
ပြီးခဲ့တဲ့ 2014 ခုနှစ်က “War Story” ရုပ်ရှင် score သီးသန့်အနေနဲ့ Amy Lee နဲ့ Dave Eggar ပူးပေါင်းထွက်ရှိခဲ့တဲ့ Aftermath အယ်လ်ဘမ်ပြီးတဲ့နောက်ပိုင်း မှာ သိသိသာသာပြောင်းလဲသွားတဲ့ Amy ရဲ့ ဂီတပုံစံနဲ့ပတ်သက်လို့လည်း ပရိတ်သတ်ရဲ့ ဆူညံဝေဖန်မှုတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။
“ငါဟာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ မတူညီတဲ့အရာတွေများကြီးလုပ် ကိုင်နေရတဲ့ ခံစားမှုကို သဘောကျတယ်။ ငါ့ကို လူတွေက Evanescence က အဆိုတော်ကောင်မလေးတစ်ယောက်လို့မြင်နေကြတာမျိုးကနေ ခွဲထွက်ပြီး Amy Lee ကိုယ်တိုင်အနေနဲ့ တခြားငါဘာတွေလုပ်နိုင်လဲဆို တာ ငါ့ရဲ့ဖြစ်တည်မှုနောက်တစ်ခုကို ချပြချင်တဲ့သဘောပဲ။
လတ်တလောထွက်ရှိထားတဲ့ Amy ရဲ့ နောက်ဆုံးဖန်တီးမှုကတော့ “It’s A Fire” (Portishead Cover) ဖြစ်ပါတယ်။ ဒီသီချင်းမှာတော့ Amy ရဲ့ အသံပါဝါ၊ ခံစားမှုကာလာတွေနဲ့အတူ Portishead band အပေါ်ထားရှိတဲ့ သူမရဲ့ နှစ်သက်စီးမျောမှုတွေကိုပါ လှလှပပချပြထားကို တွေ့နိုင်ပါတယ်။
“လူတွေရင်ထဲမှာ ခုထိအသိအမှတ်ပြုပေးကြတဲ့ သီချင်းတွေအများကြီးရှိခဲ့တာ
ငါ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပဲ။ “Bring Me To Life” ကို
ဆိုလိုက်တိုင်း ခုထိ ငါကျေနပ်နေတုန်းပဲ။ ဒါပေမယ့် ခုနေ “My Immortal”
ကိုဆိုပါ ဆိုရင် ငါ မဆိုနိုင်တော့ဘူး။ ငါဟာ တစ်ချိန်တုန်းက My Immortal
ဆိုခဲ့တဲ့သူမျိုးလည်း ခုချိန်မှာမဟုတ်တော့ဘူး။ ဒီလိုသီချင်းမျိုး
ခုချိန်မှာသာဆို ငါရေးဖြစ်တော့မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီသီချင်းဟာ
ငါ့အတွက်ရော၊ ငါ့ပရိတ်သတ်တွေအတွက်ပါ အမှတ်တရတွေထဲက
အမှတ်တရကောင်းတစ်ခုဖြစ်ခဲ့တ ယ်”
သတင်းကောင်းတစ်ခုကတော့ EV အနေနဲ့ သီချင်းအသစ်တွေမလုပ်ဖြစ်သေး ပေမယ့် ခု နိုဝင်ဘာလ,ကစ ပြီး နောက်နှစ်သစ်အတွက် အရှိန်ယူတဲ့အနေနဲ့ ၃ နှစ်ကြာအဆက်ပြတ်ခဲ့ရတဲ့ Tour တွေကို ပြန်လည်အသက်သွင်းမှာဖြစ်ပါတ ယ်။
နိုဝင်ဘာ ၂၁ရက်၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်မဲ့ Ozzfest Festival မှာ မဖျော်ဖြေခင် နိုဝင်ဘာ ၁၃ရက်မှာ Nashville, ၁၅ ရက်နေ့ Dallas နဲ့ ၁၇ ရက်နေ့ LA တို့အတွက် U.S Tour တွေကိုလည်း ပရိတ်သတ်နဲ့အဆက်ပြတ်မသွားအောင် ဆက်တိုက်ဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။
စာကြွင်း ..
(( Amy ရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို စောဒကမတက်လိုပေမယ့် Evanescence ကိုရော၊ Amy ကိုရော ချစ်တဲ့သူတစ်ယောက်အနေနဲ့ နဂို EV ပုံစံ သီချင်းအသစ်တွေကိုတော့ ရူးရူးမူးမူးမျှော်လင့်တောင့်တနေမိတုန်းပါ ပဲ။ ))
ပြောင်းလဲသွားတဲ့ Amy Lee ရဲ့ တစ်ကိုယ်တော်ဖန်တီးမှုတွေထဲက လတ်တလောလှုပ်ရှားမှုသီချင်းတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
“War Story” ရုပ်ရှင်အတွက် Dave Eggar နဲ့ ပူးပေါင်းဖန်တီးခဲ့တဲ့ Aftermath အယ်လ်ဘမ်ထဲက “Push The Button” ကို ဒီမှာနားထောင်နိုင်တယ်။
https://www.youtube.com/ watch?v=EHb-zD09qLc
Amy Lee, Dave Eggar, Chuck Palmer တို့ရဲ့ original score ပါရှိတဲ့ “Indigo Grey: The Passage” short film ကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/ watch?v=jxnfEVUs_ug
အောက်တိုဘာ ၂၇ ရက်နေ့က နောက်ဆုံးလက်ရာ Portishead cover “It’s A Fire” ကိုတော့ ဒီမှာ နားဆင်နိုင်ပါတယ်။
https://www.youtube.com/ watch?v=dXNL6sQZn5k
Rachel Tin
Nov 01, 2015
02:42 AM
Ref:
- Loudwire
- Rollingstone
- EVUpdates
- AmyLeeUpdates
--------------
Evanescence ပရိတ်သတ်တွေအနေနဲ့ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးထွက်ခဲ့တဲ့ “What You Want” အယ်လ်ဘမ် ပြီးကတည်းက EV ဂီတအသစ်တွေနဲ့ ဝေးကွာခဲ့တာ ၄ နှစ်ရှိခဲ့ပါပြီ။ ဒါပေမယ့် Vocalist Amy Lee အနေနဲ့ လတ်တလော လှုပ်ရှားမှုတွေ ရှိနေခဲ့ပါတယ်။ Film score နောက်ခံဂီတတွေအတွက် Featuring အနေနဲ့ပါဝင်တာမျိုးတွေ၊ သူနှစ်သက်ရာသီချင်းတွေကို Cover ပြန်ဆိုတာမျိုးတွေ၊ Cello ပညာရှင် Dave Eggar နဲ့ တွဲဖက်ပြီး ဂီတပုံစံတစ်ခုဖန်တီးနေတာမျု
မူလ EV ပုံစံမျိုး သီချင်းအသစ်တွေကို မျှော်လင့်တောင်းဆိုနေကြတဲ့ အမာခံပရိတ်သတ်တွေအတွက် Rolling Stone တို့ကနေတဆင့် Amy ပြောခဲ့တာကတော့
“Evanescence အတွက် သီချင်းအသစ်တွေလုပ်ဖို့ ငါ့မှာ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမယ့် ငါ Amy Lee အနေနဲ့ အသစ်အသစ်တွေ အဆက်မပြတ်လုပ်နေတယ်ဆိုတာ အသေအချာပါပဲ”
ပြီးခဲ့တဲ့ 2014 ခုနှစ်က “War Story” ရုပ်ရှင် score သီးသန့်အနေနဲ့ Amy Lee နဲ့ Dave Eggar ပူးပေါင်းထွက်ရှိခဲ့တဲ့ Aftermath အယ်လ်ဘမ်ပြီးတဲ့နောက်ပိုင်း
“ငါဟာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ မတူညီတဲ့အရာတွေများကြီးလုပ်
လတ်တလောထွက်ရှိထားတဲ့ Amy ရဲ့ နောက်ဆုံးဖန်တီးမှုကတော့ “It’s A Fire” (Portishead Cover) ဖြစ်ပါတယ်။ ဒီသီချင်းမှာတော့ Amy ရဲ့ အသံပါဝါ၊ ခံစားမှုကာလာတွေနဲ့အတူ Portishead band အပေါ်ထားရှိတဲ့ သူမရဲ့ နှစ်သက်စီးမျောမှုတွေကိုပါ လှလှပပချပြထားကို တွေ့နိုင်ပါတယ်။
“လူတွေရင်ထဲမှာ ခုထိအသိအမှတ်ပြုပေးကြတဲ့ သီချင်းတွေအများကြီးရှိခဲ့တ
သတင်းကောင်းတစ်ခုကတော့ EV အနေနဲ့ သီချင်းအသစ်တွေမလုပ်ဖြစ်သေး
နိုဝင်ဘာ ၂၁ရက်၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်မဲ့ Ozzfest Festival မှာ မဖျော်ဖြေခင် နိုဝင်ဘာ ၁၃ရက်မှာ Nashville, ၁၅ ရက်နေ့ Dallas နဲ့ ၁၇ ရက်နေ့ LA တို့အတွက် U.S Tour တွေကိုလည်း ပရိတ်သတ်နဲ့အဆက်ပြတ်မသွားအေ
စာကြွင်း ..
(( Amy ရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို စောဒကမတက်လိုပေမယ့် Evanescence ကိုရော၊ Amy ကိုရော ချစ်တဲ့သူတစ်ယောက်အနေနဲ့ နဂို EV ပုံစံ သီချင်းအသစ်တွေကိုတော့ ရူးရူးမူးမူးမျှော်လင့်တောင့်တနေမိတုန်းပါ
ပြောင်းလဲသွားတဲ့ Amy Lee ရဲ့ တစ်ကိုယ်တော်ဖန်တီးမှုတွေထဲက
“War Story” ရုပ်ရှင်အတွက် Dave Eggar နဲ့ ပူးပေါင်းဖန်တီးခဲ့တဲ့ Aftermath အယ်လ်ဘမ်ထဲက “Push The Button” ကို ဒီမှာနားထောင်နိုင်တယ်။
https://www.youtube.com/
Amy Lee, Dave Eggar, Chuck Palmer တို့ရဲ့ original score ပါရှိတဲ့ “Indigo Grey: The Passage” short film ကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/
အောက်တိုဘာ ၂၇ ရက်နေ့က နောက်ဆုံးလက်ရာ Portishead cover “It’s A Fire” ကိုတော့ ဒီမှာ နားဆင်နိုင်ပါတယ်။
https://www.youtube.com/
Rachel Tin
Nov 01, 2015
02:42 AM
Ref:
- Loudwire
- Rollingstone
- EVUpdates
- AmyLeeUpdates
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။