" နင်က ဝလာလို့လေ "
(ဆောင်းပါးပြည့်)
ဘာလို့ လမ်းခွဲချင်တာလဲဆိုတဲ့ မေးခွန်းကို မောင်က တွန့်ဆုတ်ဆုတ်နဲ့ ဖြေတယ်။ စကားလုံးတစ်လုံးချင်းစီက ရင်ထဲကို တစ်စစီခြေမွလိုက်သလိုခံစားရတယ်။
" နင် " ....
" ဝလာလို့ " ....
ခေါ်နေကြ "သဲ" ဆိုတဲ့နေရာမှာ "နင်" လို့ မောင်ကဆိုတယ်။ အခေါ်အဝေါ်ပြောင်းသွားတဲ့ ကျွန်မရှေ့က အမျိုးသားကိုရော "မောင်" လို့ ဆက်ပြီး သတ်မှတ် သင့်မသင့် ကျွန်မ မသိတော့။
"နင်" ဆိုတဲ့ စကားလုံး တစ်လုံးက ချစ်သူတွေကြား အေးခဲသွားစေနိုင်တယ်ဆိုရင် "ဝလာလို့" ဆိုတဲ့ စကားက ကျွန်မရဲ့ ယုံကြည်နေမှုကို နင်းခြေပြစ်လိုက်နိုင်တာ (မောင်) မသိလေသလား။
၈ နှစ်ကြာ အတူရှိလာတဲ့ ဒီလူကို "မောင်" လို့မခေါ်ရင် ကျွန်မ ဘယ်လိုသုံးနှုန်းပြီး ဘာဆက်ပြောရမလဲ။
မြင်နေသမျှ မြင်ကွင်းတွေ ချာချာလည်လို့ မျက်လုံးတွေ ခဏပိတ်လိုက်တဲ့အချိန်မှာ ကျွန်မ မျက်နှာပြင် တစ်ခုလုံး ပူနွေးသွားတယ်။
ကျွန်မ ချစ်ခြင်းတွေ၊ ယုံကြည်မှုတွေကို စကားတစ်ခွန်းထဲနဲ့ နင်းခြေ ပြစ်လိုက်တဲ့ ဒီလူရှေ့က ချက်ချင်း ပျောက်ကွယ်သွားလိုက်ချင်မိတယ်။
" နင်က ဝလာလို့လေ " တဲ့။
**********
ကျွန်မတို့ ချစ်သူတွေ စဖြစ်တုန်းက ကလေးတွေသာသာ။
တက္ကသိုလ်စတက်စဉ် အပူအပင်ကင်းစ ကောင်မလေး တစ်ယောက်ဟာ ကျွန်မ။ အဆောင်မှာ မိဘနဲ့ ခွဲနေကာစမလို့ မီးပူတွေတိုက်တတ်အောင်၊ ထမင်းဟင်းတွေ ချက်တတ်အောင် သင်ယူနေတုန်း။ ကြက်ဥကြော်ဖို့တောင် အခွံကောင်းကောင်း မခွဲတတ်သေးတဲ့ အရွယ်။ ဒီလိုအရွယ်မှာမှ အတန်းဖော် ကောင်လေးတစ်ယောက်ရဲ့ ရည်းစားစကားပြောခံရရင်း ချစ်သူဖြစ်ခဲ့တယ်။ အချစ်ဆိုတာ စသိခဲ့ချိန်မှာ တစ်ကယ့်ကို ကလေးသာသာ အရွယ်လေးတွေမှာပေါ့။
" အဖေနဲ့ အမေဟာ ငယ်ချစ်ဦးတွေပေါ့ " လို့ အိမ်လည်လာတဲ့ အမေ့သူငယ်ချင်း အန်တီတွေ ပြောစကားတွေကြားမှာ အားကျခဲ့သူမလို့ မောင်နဲ့ စာတူတူလုပ်တိုင်း တစ်ယောက်ထဲ ပြုံးမိခဲ့တာလဲ အခါခါ။
" ဘာတွေ ပြုံးစိစိလုပ်နေတာလဲ " လို့ ရိပ်မိပြီး မောင်က မေးတဲ့အခါတိုင်း " မောင်တွက်ပြီးရင် ကူးချမလို့ ကြံနေတာ " ဆိုပြီး ညာခဲ့ရတာကို မှတ်မိသေးသည်။ ညာရင်းနဲ့ ကျွန်မထက် ဉာဏ်ပိုကောင်းတဲ့ မောင်နဲ့ ရှေ့ဆက် အတူရှိရမှာပါလားတွေးရင်း ပျော်မိတာပါပဲ။
ဟုတ်ပါတယ်။
Project တွေ အနီးကပ်လို့ ပြာယာခတ် ငိုမလိုရှိတဲ့ ကျွန်မဘေးမှာ ...
Group projects တွေတိုင်း အနိုင်ယူပြီး ကိုယ်တိုင်မလုပ်ပဲ မောင့်ကိုပဲ လုပ်ခိုင်းတဲ့ ကျွန်မဘေးမှာ ...
အိမ်က ငွေပို့တာနောက်ကျလို့ မောင့်ပိုက်ဆံနဲ့ပဲ မုန့်တွေ လျှောက်စားတတ်တဲ့ ကျွန်မဘေးမှာ ...
ခရီးသွားချင်တယ်ဆိုလို့ မောင်က ကျောင်းပိတ်ရက် အိမ်မပြန်ပဲ ခရီးသွားခဲ့တဲ့ ကျွန်မဘေးမှာ ...
ရှေ့ဆက် အတူတူ ရှိခဲ့ပါတယ်။ ဒီလို အလိုလိုက်တတ်တဲ့ မောင့်အပေါ်မှာလဲ ကျွန်မ အဆိုးကြီးတော့ မဟုတ်ခဲ့ပါဘူး။
မောင် စားချင်ပါတယ်ဆိုတဲ့ ပုဇွန်ဟင်းဆိုရင် မနက်ကပြောရင် ညနေအမှီချက်ပြီး ပို့ခဲ့တာ ...
ကျောင်းပြီးလို့ အင်တာဗျူးတွေသွားခါနီး အင်္ကျီဖြူ လက်ရှည်၊ စတိုင်ပန်နဲ့ ဖိနပ်ကို အသည်းအမဲရှာပေးခဲ့တာ ...
တစ်ခါတစ်လေ အပျင်းကြီးလို့ ပုံနေတဲ့ အဝတ်တွေ အိမ်ထိထုတ်ပြီး မီးပူတိုက်ခဲ့ပေးတာ ...
ကျွန်မဘက်ကလဲ အပြန်အလှန် ဂရုစိုက်ရင်း နှစ်ယောက်တူ အမှတ်တရတွေနဲ့ပေါ့။
" မင်းတို့က ၂ နှစ်လောက် ကလေးနဲ့ လာကြွားနေသေးတယ်။ ငါတို့အတွဲဆို ၇နှစ်ရှိပြီ ဟရောင် "
လို့ မောင်က ခပ်ကြွားကြွားပြောတဲ့ အထိတောင် ချစ်ခဲ့ကြတာကိုး။ တစ်ကယ်လဲ ကျွန်မတို့ အတွဲဟာ ငယ်ချစ်ဦးတွေလေ။
****************
စာတွေလဲ အတူတူကျက်ခဲ့တယ်။ ခရီးတွေလဲ တူတူသွားခဲ့တယ်။
ဘွဲ့တွေလဲ တူတူရခဲ့ကြသလို အလုပ်တွေလဲ အတူတူ လျှောက်ခဲ့ကြတယ်။ အမှတ်တရတွေဟာ စာတစ်အုပ် ပြည့်စရာမက ရှိခဲ့ကြတယ်ဆိုတာလဲ အဆန်းတော့ မဟုတ်။ ကျွန်မရဲ့ အကောင်းဆုံးအရွယ် တစ်လျှောက်လုံးမှာ မောင်တစ်ယောက်ထဲနဲ့ ရှိခဲ့ကြတယ်မလား။
အလုပ်တွေ ကိုယ်စီလုပ်ကြမလို့ ကျောင်းတက်စဉ် အရွယ်ကလောက် အတွေ့မများနိုင်ပေမယ့် ၇ နှစ်ကြာတွဲခဲ့တဲ့ မောင့်အပေါ်မှာ သံသယဆိုတာ မရှိခဲ့ပါဘူး။
" ယူတော့လေ၊ နှစ်တွေကြာရင် မိန်းကလေးတွေအတွက် မကောင်းဘူး "
ဆိုတဲ့ စကားတွေကြားတိုင်း မောင်နဲ့ ရှိခဲ့တဲ့ အမှတ်တရတွေကြောင့် ဒီလိုဖြစ်လာစရာ အကြောင်းကို မရှိဆိုပြီး တစ်ထစ်ချ ယုံကြည်ခဲ့တာလဲ ကျွန်မပါပဲ။ ကျွန်မခံစားခဲ့ရတဲ့ ချစ်ခြင်း မေတ္တာတွေဆိုတာ လူတစ်ယောက်က ဟန်ဆောင်လုပ်ပြလို့ ရနိုင်လိမ့်မယ် မထင်ခဲ့ဘူးလေ။
ဖုန်းဆက်ရင် ချက်ချင်း မကိုင်တာမျိုး၊ အရင်ကလောက် လမ်းတွေသွားရင် လက်တွဲဂရုစိုက်တာမျိုး မရှိတော့ပေမယ့်
" တို့တွေ ရင့်ကျက်လာလို့၊ သူငယ်လေးတွေမှ မဟုတ်တော့ပဲ " လို့ တွေးခဲ့ရတာ ကျွန်မပါပဲ။ ဒီလိုပါပဲ၊ Facebook တွေမှာ စုံတွဲ ကြည်နူးတာတွေလဲ အရင်ကလောက်တော့ မရှိတော့လဲ " အလုပ်တွေနဲ့ ဖြစ်ကုန်တာကိုး " လို့ တွေးရင်း စိတ်မပူခဲ့ပါဘူး။
ဒီလို သေးသေးမွှားမွှား ရင့်ကြက်ပြောင်းလဲမှုကလွဲလို့
တခြား သိပ်မရှိ၊ မောင်နဲ့ အတူ အစားတွေစား၊ နှစ်ယောက်ကြိုက်တဲ့ TV
တွေကြည့်ရင်းနဲ့ အေးအေးချမ်းချမ်းပေါ့။ သူလဲ သူ့အလုပ်၊ ကျွန်မလဲ
ကျွန်မအလုပ်လုပ်။
မောင်က ဉာဏ်ကောင်းထက်မြက်တော့ အလုပ်က လစာ တော်တော်မြင့်ပါတယ်။ ဒီလိုဆိုတော့ ကျွန်မအလုပ်က မကောင်းဘူး ဆိုလိုချင်တာ မဟုတ်ပါ။ နှစ်ယောက်လုံး ၂၀ ကျော်နောက်ပိုင်း အသက်တွေမှာ တင့်တယ်တဲ့ အလုပ်ကိုယ်စီ ရှိတယ်ဆိုခြင်းပါ။
အဲ နှစ်ဆယ်ကျော် နောက်ပိုင်းတွေရဲ့ ထုံးစံအတိုင်း မောင်ဟာလဲ ဗိုက်ကလေးပူစ၊ ဒီလိုဆိုတော့ အတူစားသောက်တဲ့ ကျွန်မလဲ အရင်လို သွယ်လျမနေတော့ပါဘူး။ ဒါပေမယ့်
" မောင်က ပိုခန့်လာတယ် " လို့ သဘောကျစွာ ကျွန်မက ဆိုတတ်သလို " ဝက်ပုတ်လေးလို ပိုချစ်ဖို့ကောင်းတယ် " လို့ မောင်ကလဲ ဆိုစမြဲပါပဲ။
ဒါပေမယ့် .....
**************
ဒါပေမယ့် မောင့်ကို ဖုန်းခေါ်မရတဲ့ နာရီတွေ ပိုစိတ်လာပါတယ်။
" ဖုန်း ကျန်ခဲ့လို့ ၊ ဖုန်း အားမရှိလို့ "
အခေါက်အခါခါ နောက်ပိုင်းတစ်ရက်မှာ မောင်က ကျွန်မကို တစ်ရက် ချိန်းပါတယ်။
" နင်က ဝလာလို့ "
" ငါ့မှာ တစ်ခြား ကောင်မလေးရှိနေပြီ "
ဒီစကားတွေ အဆုံးမှာ ကျွန်မ ဘာမှ မမြင်၊ ဘာမှ မကြားတော့ပါဘူး။
ဟုတ်ပါတယ်။ ၈ နှစ်ကြာခဲ့တဲ့အထိ ကျွန်မဟာ မောင့်ကြောင့် မျက်မမြင် နားကန်းဖြစ်ခဲ့ရတာပါပဲလား။
***************
" ပိန်သွားအောင် လုပ်မယ်လေ။ ခဏပဲ အချိန်ပေးပါ "
စသဖြင့် ကျွန်မ မပြောခဲ့ပါဘူး။ ဝနေခြင်းဟာ အချစ်ကို ပြိုကွဲစေတာမှ မဟုတ်တာပဲ။
ကျွန်မရဲ့ ပြိုမြစ်နုနယ်မှုတွေနဲ့ မောင့်ရဲ့ ပြိုမြစ်နုနယ်မှုတွေ တည်ဆောက်ခဲ့တဲ့ အချစ်တစ်ခုဟာ ကျွန်မ အသွင်အပြင် တစ်ခုကြောင့် ပျက်စီးသွားတာမှ မဟုတ်တာ။ တစ်ကယ်တော့ မောင် မချစ်တတ်ခဲ့လို့ပါပဲ၊ ၈ နှစ်ကြာ ချစ်ခဲ့လျက်နဲ့ မချစ်တတ်ခဲ့လို့ပါပဲ။
" သဲဟာ အလှဆုံးပါ " လို့ မောင်ပြောခဲ့တဲ့ မိန်းကလေးဟာ လှမြဲပါပဲ။ ၁၈ နှစ်အရွယ်က လှနည်းနဲ့ ၂၆နှစ်အရွယ် လှနည်းတော့ ဘယ်တူပါ့မလဲလေ။
ကျွန်မ အလှဆုံး မဟုတ်တာ၊ အငယ်ဆုံး မဟုတ်တော့တာ ဝန်ခံပါတယ်။ ဒါပေမယ့် မောင်ဟာလဲ အချောဆုံး အမိုက်ဆုံး၊ အကြင်နာတတ်ဆုံး၊ စကားချိုဆုံး မဟုတ်တော့ပါဘူး။
ကျွန်မကို online ကနေ စကားလာစတဲ့ သူတွေရှိခဲ့ပါတယ်။ တစ်ချို့သူတွေဟာ အပြင်ပန်းမှာ မောင့်ထက် သာတာတွေ ရှိပေမယ့် ကျွန်မ စကားမပြန်ခဲ့ပါဘူး။ အချစ်ဆိုတာ ပိုသာတဲ့လူကို ပေးဖို့လုပ်ထားတဲ့ ပြိုင်ပွဲမှ မဟုတ်ပဲ။
အချစ်ဆိုတာ ပိုသာသူတိုင်းကို ပေးရမယ်ဆိုရင် ကျွန်မ အဖေ၊ အမေတွေလို နှစ်ပေါင်းများစွာ ချစ်နေသူတွေ ဘယ်ရှိပါတော့မလဲ။ အဖေ့ထက် အဆပေါင်းများစွာ သာသူတွေရှိပေမယ့် စွဲမြဲခဲ့တဲ့ အမေ့ရဲ့ အချစ်ဟာ ကျွန်မအတွက်တော့ စံပြပါပဲ။
ကျွန်မ မတောင်းပန်ခဲ့ပါဘူး။ သူ့အတွက်ကြောင့် ပိန်အောင် ကြိုးစားပြီး လက်တွဲပါရစေ တစ်ခွန်းမပြောခဲ့ပါဘူး။
ကျွန်မ အခုလေ့ကျင့်ခန်းတွေ လုပ်ပြီး ဘဝရဲ့ အမြင့်ဆုံး အလှအပမှာပဲ နေတော့မယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။
" အချစ်ဆိုတာ ဘယ်လောက်ကြာကြာ လူတစ်ယောက်ထဲနဲ့ အကြိမ်ကြိမ် အခါအခါ အသစ်တစ်ဖန် ချစ်နေနိုင်ခြင်း " လို့ နားလည်သူတစ်ယောက်အတွက် အလှဆုံးပြင်ဆင်ထားရင်းပေါ့။
*************
အလှဆုံးတွေနောက်လိုက်ရင်း ပြိုကွဲခဲ့ရတဲ့ အချစ်တွေအတွက် ရည်ရွယ်ရေးပါသည်။
" သိပ်မလှတော့ဘူး " လို့ သင်ထင်တဲ့ သင့်ချစ်သူဟာ တစ်ချိန်တုန်းက " အလှဆုံး " လို့ သင်ကိုယ်တိုင် သတ်မှတ်ခဲ့တာ မမေ့ပါနဲ့လို့။
Share if you love
❤️
Like the page for daily awesome contents
(ဆောင်းပါးပြည့်)
ဘာလို့ လမ်းခွဲချင်တာလဲဆိုတဲ့ မေးခွန်းကို မောင်က တွန့်ဆုတ်ဆုတ်နဲ့ ဖြေတယ်။ စကားလုံးတစ်လုံးချင်းစီက ရင်ထဲကို တစ်စစီခြေမွလိုက်သလိုခံစားရ
" နင် " ....
" ဝလာလို့ " ....
ခေါ်နေကြ "သဲ" ဆိုတဲ့နေရာမှာ "နင်" လို့ မောင်ကဆိုတယ်။ အခေါ်အဝေါ်ပြောင်းသွားတဲ့ ကျွန်မရှေ့က အမျိုးသားကိုရော "မောင်" လို့ ဆက်ပြီး သတ်မှတ် သင့်မသင့် ကျွန်မ မသိတော့။
"နင်" ဆိုတဲ့ စကားလုံး တစ်လုံးက ချစ်သူတွေကြား အေးခဲသွားစေနိုင်တယ်ဆိုရင် "ဝလာလို့" ဆိုတဲ့ စကားက ကျွန်မရဲ့ ယုံကြည်နေမှုကို နင်းခြေပြစ်လိုက်နိုင်တာ (မောင်) မသိလေသလား။
၈ နှစ်ကြာ အတူရှိလာတဲ့ ဒီလူကို "မောင်" လို့မခေါ်ရင် ကျွန်မ ဘယ်လိုသုံးနှုန်းပြီး ဘာဆက်ပြောရမလဲ။
မြင်နေသမျှ မြင်ကွင်းတွေ ချာချာလည်လို့ မျက်လုံးတွေ ခဏပိတ်လိုက်တဲ့အချိန်မှာ ကျွန်မ မျက်နှာပြင် တစ်ခုလုံး ပူနွေးသွားတယ်။
ကျွန်မ ချစ်ခြင်းတွေ၊ ယုံကြည်မှုတွေကို စကားတစ်ခွန်းထဲနဲ့ နင်းခြေ ပြစ်လိုက်တဲ့ ဒီလူရှေ့က ချက်ချင်း ပျောက်ကွယ်သွားလိုက်ချင်မိတ
" နင်က ဝလာလို့လေ " တဲ့။
**********
ကျွန်မတို့ ချစ်သူတွေ စဖြစ်တုန်းက ကလေးတွေသာသာ။
တက္ကသိုလ်စတက်စဉ် အပူအပင်ကင်းစ ကောင်မလေး တစ်ယောက်ဟာ ကျွန်မ။ အဆောင်မှာ မိဘနဲ့ ခွဲနေကာစမလို့ မီးပူတွေတိုက်တတ်အောင်၊ ထမင်းဟင်းတွေ ချက်တတ်အောင် သင်ယူနေတုန်း။ ကြက်ဥကြော်ဖို့တောင် အခွံကောင်းကောင်း မခွဲတတ်သေးတဲ့ အရွယ်။ ဒီလိုအရွယ်မှာမှ အတန်းဖော် ကောင်လေးတစ်ယောက်ရဲ့ ရည်းစားစကားပြောခံရရင်း ချစ်သူဖြစ်ခဲ့တယ်။ အချစ်ဆိုတာ စသိခဲ့ချိန်မှာ တစ်ကယ့်ကို ကလေးသာသာ အရွယ်လေးတွေမှာပေါ့။
" အဖေနဲ့ အမေဟာ ငယ်ချစ်ဦးတွေပေါ့ " လို့ အိမ်လည်လာတဲ့ အမေ့သူငယ်ချင်း အန်တီတွေ ပြောစကားတွေကြားမှာ အားကျခဲ့သူမလို့ မောင်နဲ့ စာတူတူလုပ်တိုင်း တစ်ယောက်ထဲ ပြုံးမိခဲ့တာလဲ အခါခါ။
" ဘာတွေ ပြုံးစိစိလုပ်နေတာလဲ " လို့ ရိပ်မိပြီး မောင်က မေးတဲ့အခါတိုင်း " မောင်တွက်ပြီးရင် ကူးချမလို့ ကြံနေတာ " ဆိုပြီး ညာခဲ့ရတာကို မှတ်မိသေးသည်။ ညာရင်းနဲ့ ကျွန်မထက် ဉာဏ်ပိုကောင်းတဲ့ မောင်နဲ့ ရှေ့ဆက် အတူရှိရမှာပါလားတွေးရင်း ပျော်မိတာပါပဲ။
ဟုတ်ပါတယ်။
Project တွေ အနီးကပ်လို့ ပြာယာခတ် ငိုမလိုရှိတဲ့ ကျွန်မဘေးမှာ ...
Group projects တွေတိုင်း အနိုင်ယူပြီး ကိုယ်တိုင်မလုပ်ပဲ မောင့်ကိုပဲ လုပ်ခိုင်းတဲ့ ကျွန်မဘေးမှာ ...
အိမ်က ငွေပို့တာနောက်ကျလို့ မောင့်ပိုက်ဆံနဲ့ပဲ မုန့်တွေ လျှောက်စားတတ်တဲ့ ကျွန်မဘေးမှာ ...
ခရီးသွားချင်တယ်ဆိုလို့ မောင်က ကျောင်းပိတ်ရက် အိမ်မပြန်ပဲ ခရီးသွားခဲ့တဲ့ ကျွန်မဘေးမှာ ...
ရှေ့ဆက် အတူတူ ရှိခဲ့ပါတယ်။ ဒီလို အလိုလိုက်တတ်တဲ့ မောင့်အပေါ်မှာလဲ ကျွန်မ အဆိုးကြီးတော့ မဟုတ်ခဲ့ပါဘူး။
မောင် စားချင်ပါတယ်ဆိုတဲ့ ပုဇွန်ဟင်းဆိုရင် မနက်ကပြောရင် ညနေအမှီချက်ပြီး ပို့ခဲ့တာ ...
ကျောင်းပြီးလို့ အင်တာဗျူးတွေသွားခါနီး အင်္ကျီဖြူ လက်ရှည်၊ စတိုင်ပန်နဲ့ ဖိနပ်ကို အသည်းအမဲရှာပေးခဲ့တာ ...
တစ်ခါတစ်လေ အပျင်းကြီးလို့ ပုံနေတဲ့ အဝတ်တွေ အိမ်ထိထုတ်ပြီး မီးပူတိုက်ခဲ့ပေးတာ ...
ကျွန်မဘက်ကလဲ အပြန်အလှန် ဂရုစိုက်ရင်း နှစ်ယောက်တူ အမှတ်တရတွေနဲ့ပေါ့။
" မင်းတို့က ၂ နှစ်လောက် ကလေးနဲ့ လာကြွားနေသေးတယ်။ ငါတို့အတွဲဆို ၇နှစ်ရှိပြီ ဟရောင် "
လို့ မောင်က ခပ်ကြွားကြွားပြောတဲ့ အထိတောင် ချစ်ခဲ့ကြတာကိုး။ တစ်ကယ်လဲ ကျွန်မတို့ အတွဲဟာ ငယ်ချစ်ဦးတွေလေ။
****************
စာတွေလဲ အတူတူကျက်ခဲ့တယ်။ ခရီးတွေလဲ တူတူသွားခဲ့တယ်။
ဘွဲ့တွေလဲ တူတူရခဲ့ကြသလို အလုပ်တွေလဲ အတူတူ လျှောက်ခဲ့ကြတယ်။ အမှတ်တရတွေဟာ စာတစ်အုပ် ပြည့်စရာမက ရှိခဲ့ကြတယ်ဆိုတာလဲ အဆန်းတော့ မဟုတ်။ ကျွန်မရဲ့ အကောင်းဆုံးအရွယ် တစ်လျှောက်လုံးမှာ မောင်တစ်ယောက်ထဲနဲ့ ရှိခဲ့ကြတယ်မလား။
အလုပ်တွေ ကိုယ်စီလုပ်ကြမလို့ ကျောင်းတက်စဉ် အရွယ်ကလောက် အတွေ့မများနိုင်ပေမယ့် ၇ နှစ်ကြာတွဲခဲ့တဲ့ မောင့်အပေါ်မှာ သံသယဆိုတာ မရှိခဲ့ပါဘူး။
" ယူတော့လေ၊ နှစ်တွေကြာရင် မိန်းကလေးတွေအတွက် မကောင်းဘူး "
ဆိုတဲ့ စကားတွေကြားတိုင်း မောင်နဲ့ ရှိခဲ့တဲ့ အမှတ်တရတွေကြောင့် ဒီလိုဖြစ်လာစရာ အကြောင်းကို မရှိဆိုပြီး တစ်ထစ်ချ ယုံကြည်ခဲ့တာလဲ ကျွန်မပါပဲ။ ကျွန်မခံစားခဲ့ရတဲ့ ချစ်ခြင်း မေတ္တာတွေဆိုတာ လူတစ်ယောက်က ဟန်ဆောင်လုပ်ပြလို့ ရနိုင်လိမ့်မယ် မထင်ခဲ့ဘူးလေ။
ဖုန်းဆက်ရင် ချက်ချင်း မကိုင်တာမျိုး၊ အရင်ကလောက် လမ်းတွေသွားရင် လက်တွဲဂရုစိုက်တာမျိုး မရှိတော့ပေမယ့်
" တို့တွေ ရင့်ကျက်လာလို့၊ သူငယ်လေးတွေမှ မဟုတ်တော့ပဲ " လို့ တွေးခဲ့ရတာ ကျွန်မပါပဲ။ ဒီလိုပါပဲ၊ Facebook တွေမှာ စုံတွဲ ကြည်နူးတာတွေလဲ အရင်ကလောက်တော့ မရှိတော့လဲ " အလုပ်တွေနဲ့ ဖြစ်ကုန်တာကိုး " လို့ တွေးရင်း စိတ်မပူခဲ့ပါဘူး။
ဒီလို သေးသေးမွှားမွှား ရင့်ကြက်ပြောင်းလဲမှုကလွဲလို
မောင်က ဉာဏ်ကောင်းထက်မြက်တော့ အလုပ်က လစာ တော်တော်မြင့်ပါတယ်။ ဒီလိုဆိုတော့ ကျွန်မအလုပ်က မကောင်းဘူး ဆိုလိုချင်တာ မဟုတ်ပါ။ နှစ်ယောက်လုံး ၂၀ ကျော်နောက်ပိုင်း အသက်တွေမှာ တင့်တယ်တဲ့ အလုပ်ကိုယ်စီ ရှိတယ်ဆိုခြင်းပါ။
အဲ နှစ်ဆယ်ကျော် နောက်ပိုင်းတွေရဲ့ ထုံးစံအတိုင်း မောင်ဟာလဲ ဗိုက်ကလေးပူစ၊ ဒီလိုဆိုတော့ အတူစားသောက်တဲ့ ကျွန်မလဲ အရင်လို သွယ်လျမနေတော့ပါဘူး။ ဒါပေမယ့်
" မောင်က ပိုခန့်လာတယ် " လို့ သဘောကျစွာ ကျွန်မက ဆိုတတ်သလို " ဝက်ပုတ်လေးလို ပိုချစ်ဖို့ကောင်းတယ် " လို့ မောင်ကလဲ ဆိုစမြဲပါပဲ။
ဒါပေမယ့် .....
**************
ဒါပေမယ့် မောင့်ကို ဖုန်းခေါ်မရတဲ့ နာရီတွေ ပိုစိတ်လာပါတယ်။
" ဖုန်း ကျန်ခဲ့လို့ ၊ ဖုန်း အားမရှိလို့ "
အခေါက်အခါခါ နောက်ပိုင်းတစ်ရက်မှာ မောင်က ကျွန်မကို တစ်ရက် ချိန်းပါတယ်။
" နင်က ဝလာလို့ "
" ငါ့မှာ တစ်ခြား ကောင်မလေးရှိနေပြီ "
ဒီစကားတွေ အဆုံးမှာ ကျွန်မ ဘာမှ မမြင်၊ ဘာမှ မကြားတော့ပါဘူး။
ဟုတ်ပါတယ်။ ၈ နှစ်ကြာခဲ့တဲ့အထိ ကျွန်မဟာ မောင့်ကြောင့် မျက်မမြင် နားကန်းဖြစ်ခဲ့ရတာပါပဲလား။
***************
" ပိန်သွားအောင် လုပ်မယ်လေ။ ခဏပဲ အချိန်ပေးပါ "
စသဖြင့် ကျွန်မ မပြောခဲ့ပါဘူး။ ဝနေခြင်းဟာ အချစ်ကို ပြိုကွဲစေတာမှ မဟုတ်တာပဲ။
ကျွန်မရဲ့ ပြိုမြစ်နုနယ်မှုတွေနဲ့ မောင့်ရဲ့ ပြိုမြစ်နုနယ်မှုတွေ တည်ဆောက်ခဲ့တဲ့ အချစ်တစ်ခုဟာ ကျွန်မ အသွင်အပြင် တစ်ခုကြောင့် ပျက်စီးသွားတာမှ မဟုတ်တာ။ တစ်ကယ်တော့ မောင် မချစ်တတ်ခဲ့လို့ပါပဲ၊ ၈ နှစ်ကြာ ချစ်ခဲ့လျက်နဲ့ မချစ်တတ်ခဲ့လို့ပါပဲ။
" သဲဟာ အလှဆုံးပါ " လို့ မောင်ပြောခဲ့တဲ့ မိန်းကလေးဟာ လှမြဲပါပဲ။ ၁၈ နှစ်အရွယ်က လှနည်းနဲ့ ၂၆နှစ်အရွယ် လှနည်းတော့ ဘယ်တူပါ့မလဲလေ။
ကျွန်မ အလှဆုံး မဟုတ်တာ၊ အငယ်ဆုံး မဟုတ်တော့တာ ဝန်ခံပါတယ်။ ဒါပေမယ့် မောင်ဟာလဲ အချောဆုံး အမိုက်ဆုံး၊ အကြင်နာတတ်ဆုံး၊ စကားချိုဆုံး မဟုတ်တော့ပါဘူး။
ကျွန်မကို online ကနေ စကားလာစတဲ့ သူတွေရှိခဲ့ပါတယ်။ တစ်ချို့သူတွေဟာ အပြင်ပန်းမှာ မောင့်ထက် သာတာတွေ ရှိပေမယ့် ကျွန်မ စကားမပြန်ခဲ့ပါဘူး။ အချစ်ဆိုတာ ပိုသာတဲ့လူကို ပေးဖို့လုပ်ထားတဲ့ ပြိုင်ပွဲမှ မဟုတ်ပဲ။
အချစ်ဆိုတာ ပိုသာသူတိုင်းကို ပေးရမယ်ဆိုရင် ကျွန်မ အဖေ၊ အမေတွေလို နှစ်ပေါင်းများစွာ ချစ်နေသူတွေ ဘယ်ရှိပါတော့မလဲ။ အဖေ့ထက် အဆပေါင်းများစွာ သာသူတွေရှိပေမယ့် စွဲမြဲခဲ့တဲ့ အမေ့ရဲ့ အချစ်ဟာ ကျွန်မအတွက်တော့ စံပြပါပဲ။
ကျွန်မ မတောင်းပန်ခဲ့ပါဘူး။ သူ့အတွက်ကြောင့် ပိန်အောင် ကြိုးစားပြီး လက်တွဲပါရစေ တစ်ခွန်းမပြောခဲ့ပါဘူး။
ကျွန်မ အခုလေ့ကျင့်ခန်းတွေ လုပ်ပြီး ဘဝရဲ့ အမြင့်ဆုံး အလှအပမှာပဲ နေတော့မယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။
" အချစ်ဆိုတာ ဘယ်လောက်ကြာကြာ လူတစ်ယောက်ထဲနဲ့ အကြိမ်ကြိမ် အခါအခါ အသစ်တစ်ဖန် ချစ်နေနိုင်ခြင်း " လို့ နားလည်သူတစ်ယောက်အတွက် အလှဆုံးပြင်ဆင်ထားရင်းပေါ့။
*************
အလှဆုံးတွေနောက်လိုက်ရင်း ပြိုကွဲခဲ့ရတဲ့ အချစ်တွေအတွက် ရည်ရွယ်ရေးပါသည်။
" သိပ်မလှတော့ဘူး " လို့ သင်ထင်တဲ့ သင့်ချစ်သူဟာ တစ်ချိန်တုန်းက " အလှဆုံး " လို့ သင်ကိုယ်တိုင် သတ်မှတ်ခဲ့တာ မမေ့ပါနဲ့လို့။
Share if you love

Like the page for daily awesome contents

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။