Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 21, 2017

လင်းမြွေကြီးနှင့် မိန်းမပျို

 
 
လင်းမြွေကြီးနှင့် မိန်းမပျို
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ဖြစ်ရပ်ဆန်းကြယ်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ရေကျော်ကျေးရွာလေးတွင်ဖြစ်သည်။ ထိုကျေးရွာလေးတွင် စိုက်ပျိုးလေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြလေပြီး အများစုမှာ စပါးစိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ထိုကျေးရွာလေးတွင် ကျွန်ုပ်ဖခင်နှင့်အစ်ကိုကြီး တော်စပ်သူဦးမြင့်ထွေးဟူသည့် ကျွန်ုပ်နှင့်ဘကြီးတော်စပ်သူ မိသားစုများမှာနေထိုင်လျက်ရှိပါသည်။ ကျွန်ုပ်သည် ဂမ္ဘီရနှင့်ပရလောကဖြစ်ရပ်ဆန်းများအား ရေးသားလေ့ရှိသည့် စာရေးသူတစ်ဦးဖြစ်သည်အားလည်း ကျွန်ုပ်နှင့်မောင်နှမဝမ်းကွဲ၊ ညီအစ်ကိုဝမ်းကွဲတော်စပ်ကြသည့် ဘကြီး၏သားသမီးများမှာ သိရှိထားခဲ့ကြလေသည်။
ထို့ကြောင့် ရန်ကုန်မှနေ၍ ဝါးခယ်မမြို့ဆီသို့ ကျွန်ုပ်သွားရောက်လည်ပတ်ပြီဆိုလျင် ညီအစ်ကိုမောင်နှမများမှာ ထိုသူတို့၏ကျေးရွာလေးအတွင်း၌ သို့မဟုတ် ထိုသူတို့၏ ပတ်ဝန်းကျင်ကျေးရွာလေးများတွင် ဖြစ်ပျက်ခဲ့ဘူးသော ဖြစ်ရပ်ဆန်းများကိုပင် ပြောဆိုပြလေ့ရှိပါသည်။ ထိုကျေးရွာလေးသည် အလွန်ပင် ခေါင်ခိုက်သည်ဟုဆိုရလေမလား၊ လျပ်စစ်မီးများမှာ ယခုတိုင်ထိ ကျေးရွာတိုင်းလိုလိုတွင် မရရှိနိုင်ခဲ့သေးပေ။
ထို့ကြောင့် ရေနံဆီမီးခွက်လေးများဖြင့် ညစဉ်တိုင်းကိုပင် ကျော်ဖြတ်နေခဲ့ရသည်က ထိုကျေးရွာများစွာ စတင်တည်ရှိစဉ်ကတည်းမှ ယခုတိုင်ထိဖြစ်လိမ့်မည် ဖြစ်သည်။ လျပ်စစ်မီးမရှိသည်ကြောင့် ကျေးရွာသူ၊ ကျေးရွာသားများမှာ ည(၈)နာရီနောက်ဆုံးထား၍ အိပ်စက်ကြလေ့ရှိသည်။ ရန်ကုန်သားဖြစ်သော ကျွန်ုပ်အနေနှင့် မည်သို့မှပင် အောင့်အင်းမနေနိုင်၊ ရန်ကုန်ဆီသို့သာ သတိရနေခဲ့မိသည်။ ထို့ကြောင့် တစ်ခါတစ်ရံသော အခါများတွင် ဝါးခယ်မမှရန်ကုန်ဆီသို့ ကျွန်ုပ်နေ့ချင်းပြန်လာခဲ့ဘူးသည်။

ကြီးတော်နှင့် ကျွန်ုပ်၏ မောင်နှမဝမ်းကွဲများမှာလည်း ကျွန်ုပ်အား လိုလေသေးမရှိ၊ ဧည့်ခံစောင့်ရှောက်လေ့ရှိပါသည်။ သို့သော်လည်း ကျွန်ုပ်အနေနှင့် မပျော်ရွှင်နိုင်သည်ကြောင့် ယခုကဲ့သို့ နေ့ချင်းပြန်လာခဲ့ရခြင်းမျိုး ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်ကျွန်ုပ်အား ဝမ်းကွဲညီအစ်ကိုများမှာ ထိုသူတို့ကိုပင် ထိုသူတို့ခင်သကဲ့သို့ မခင်ပါဘူးဟုသော စကားနာဖြင့် ကျွန်ုပ်အားပြောဆိုကုန်ကြသည်။ ကျွန်ုပ်အား ချစ်ခင်ကြသည့် မောင်နှမဝမ်းကွဲဖြစ်သူများမှာ ထိုသူတို့၏ နေအိမ်ထံသို့ မကြာခဏ အလည်ပတ်လာရောက်စေရန် ခေါ်ဆောင်နေလေ့ရှိပါသည်။ သို့သော် ကျွန်ုပ်အနေနှင့် အကြောင်းပြချက် အမျိုးမျိုးပြ၍ ငြင်းဆိုနေခဲ့ရလေသည်။
ယခုအခါတွင်မူ ဝမ်းကွဲ မောင်နှမများမှာ ကျွန်ုပ်၏အကြိုက်ကိုပင် ကောင်းမွန်စွာသိရှိသွားခဲ့ပြီး ဖြစ်သော်ကြောင့် ကျွန်ုပ်အား ရေကျော်ရွာလေးဆီသို့ လာရောက်လည်ပတ်လျင် ဖြစ်ရပ်ဆန်းကြီးတစ်ခုနှင့် မိတ်ဆတ်ပေးပါမည်ဟု ပြောဆိုလေတော့သည်။ တခြားသော ဖြစ်ရပ်ဆန်းများအားလည်း ထိုသူတို့၏ ပြောဆိုမှု့များကြောင့် ကျွန်ုပ်အနေနှင့် ဖြစ်ရပ်ဆန်းများစွာကိုပင် ရေးသားထားခဲ့ဘူးသည်။ ယခုတွင်လည်း မည်ကဲ့သို့သော ဖြစ်ရပ်ဆန်းမျိုးပင် ဖြစ်သနည်း။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ရေကျော်ရွာလေးဆီသို့ သွားရောက်ချင်စိတ်များမှာ အလိုလိုသာလျင် ပေါ်ပေါက်လာခဲ့လေတော့သည်။ သို့နှင့် ရေးလက်စ စာမူများကိုပင် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ရေကျော်ရွာလေးဆီသို့ အလည်အပတ် သွားရောက်ခဲ့ရလေသည်။
ကျွန်ုပ်နှင့်ဘကြီးတော်စပ်သူ ဦးမြင့်ထွေးမှာမူ ကွယ်လွန်သွားခဲ့ပြီဖြစ်သော်လည်း သူ၏ ဇနီးသည် ကျွန်ုပ်၏ကြီးတော်ကြီးမှာ ယခုအချိန်ထိ သားသမီးငါးဦးဖြင့် လယ်ယာလုပ်ကိုင်နေလျက်ရှိပါသေးသည်။ ဦးမြင့်ထွေးတွင် အကြီးဆုံးသားကြီးတစ်ဦးရှိပြီး၊ အသက်အားဖြင့် (၃၀)ခန့်မျှရှိနေခဲ့ပါပြီ။ ဒုတိယမြောက်မှာ သမီးကြီးဖြစ်ပြီး အသက်အားဖြင့် (၂၈)နှစ်မျှရှိနေခဲ့ပြီဖြစ်၏။ တတိယမြောက်သည်လည်း သမီးမိန်းကလေးပင်ဖြစ်လေသည်။ သူမသည်လည်း အသက်အားဖြင့် (၂၅)နှစ်မျှ ရှိနေခဲ့ပြီဖြစ်၍ လေးယောက်မြောက်မှာ ကျွန်ုပ်နှင့်ရွယ်တူဖြစ်သည့် သားယောက်ျားလေးပင်ဖြစ်သည်။ အငယ်ဆုံးမှာ သမီးမိန်းကလေးပင်ဖြစ်၏။

ယခုဖြစ်ရပ်ဆန်းတွင် ဦးမြင့်ထွေး၏ သမီးကြီးဖြစ်သော မနီလာမြင့်၏ ဖြစ်ရပ်ဆန်းပင်ဖြစ်သည်ဟု ပြောဆိုကြလေသည်။ မည်ကဲ့သို့ပင် ဖြစ်ရပ်ဆန်းပင်ဖြစ်သနည်းဟု ကျွန်ုပ်အနေနှင့် ကောင်းစွာမသိရှိရသေးပေ။ ရေကျော်ရွာလေးဆီသို့ ရောက်ရှိသွားခဲ့သည့်နေ့တွင် မဆုံဖြစ်သည်မှာ ကြာမြင့်နေပြီဖြစ်သည့် ညီအစ်ကိုမောင်နှမများမှာ စကားများစွာ ပြောဆိုဖြစ်ကြပြီး၊ တစ်ညအဖို့ ကုန်ဆုံစေခဲ့သည်။
ထိုအချိန်ထိ ထိုသူများပြောဆိုသော ဖြစ်ရပ်ဆန်းမှာ အဘယ်နည်း။ ကျွန်ုပ်၏စိတ်တွင်လည်း သတ်မှတ်ထားခဲ့၏။ ကျွန်ုပ်အား ဖြစ်ရပ်ဆန်းကိုယ်တွေ့ပြမည်ဟု ပြောဆိုလျက် လိမ်ညာခေါ်ဆောင်ခဲ့ခြင်းဆိုလျင် နောက်နောင်များတွင် မည်သည့်အခါမှ ထိုကျေးရွာလေးဆီသို့ ရောက်ရှိလာတော့မည် မဟုတ်ဟု စိတ်အတွင်း၌ သတ်မှတ်ထားခဲ့၏။ မနက်လင်းလာသည့် အချိန်တွင်မူ မနီလာမှာ ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းခြံကိုပင် ကြိမ်လုံးလေးများစွာဖြင့် စနစ်တကျ ကာရံနေခဲ့လေ၏။
တခြားသော ညီအစ်ကိုမောင်နှမများမှာ စံပါးသိမ်းချိန်ဖြစ်သည့်အတွက် လယ်တောထဲသို့ မနက်စောစော ဆင်းသတ်သွားကြပြီဖြစ်သည်။ ကြီးတော်ကြီးမှာ ကျွန်ုပ်အား ခေါ်ဆောင်လျက် မနီလာရှိနေခဲ့သော ကွမ်းခြံနံဘေးသို့ သွားရောက်ရန် ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ကြီးတော်ကြီး၏ခေါ်ဆောင်ရာ အနောက်ဆီသို့ လိုက်ပါသွားခဲ့ရလေသည်။

ကြီးတော်နှင့်ကျွန်ုပ် မနီလာရှိနေခဲ့သော ကွမ်းခြံအနီးသို့ ရောက်ရှိရန်အတွက် ငါးပေကျော်ခန့် အကွာသာလျင် လိုပါတော့သည်။ ထိုအချိန်တွင်းမှာပင် ပတ်ဝန်းကျင်အသစ်များအား လိုက်လံအကဲခတ်နေမိသည့် ကျွန်ုပ်တစ်ယောက် ထိတ်လန့်တကြား မြင်တွေ့လိုက်ရသည်က မနီလာအနောက်တွင် လုံးပတ်အားဖြင့် (၁)လက်မကျော်၊ (၂)လက်မ နီးပါးခန့်ရှိပြီး၊ အရှည်အားဖြင့်(၅)ပေကျော်မျှရှိလိမ့်မည် ဖြစ်သော လင်းမြွေကြီးတစ်ကောင်မှာ ရစ်သီရစ်သီ ပြုလုပ်နေခဲ့သည့် မြင်ကွင်းပင်လျင်ဖြစ်စေသည်။
ထို့ကြောင့် ကျွန်ုပ်နှင့်ဘေးချင်း ယှဉ်လျက်လျောက်လှမ်းနေသည့် ကြီးတော်ကိုပင် အလန့်တကြား တားဆီးလိုက်ရပြီး၊ “မြွေ..မြွေ”ဟူသော အသံကြီးဖြင့် အော်မိလိုက်လေသည်။ ကျွန်ုပ်၏အသံကိုပင် ကြားသွားလေသလား၊ မနီလာသည်လည်း လည်ပြန်ခါလှည့်ကြည့်လိုက်စေသည်။ မြွေကြီးသည်လည်း ကျွန်ုပ်၏အော်သံများကြောင့်ပင်လား မြတ်တောအတွင်းသို့ လျင်မြန်စွာဖြင့် ပြေးဝင်သွားခဲ့လေတော့သည်။

သို့သော် ကျွုန်ပ်မြင်တွေ့လိုက်ရသော လင်းမြွေကြီးကိုပင် ကြီးတော်သည်လည်း မြင်တွေ့လိုက်ရမည်မှာ သေချာလှပေသည်။ သို့သော် သူတစ်ယောက် အနည်းငယ်လေးမျှ ထိတ်လန့်မှု့မရှိ၊ မနီလာသည်လည်း ထိုကဲ့သို့ပင် ကျွန်ုပ်၏အော်သံများကြောင့် လှည့်ကြည့်လိုက်ချိန်တွင် သူမသည်လည်း သူမ၏အနီးတစ်ဝိုက်တွင် ရစ်သီရစ်သီ ပြုလုပ်နေခဲ့သော လင်းမြွေကြီးကိုပင် မြင်တွေ့လိုက်ရမည်မှာ သေချာစေလှသည်။ သို့သော် အနည်းငယ်လေးမှ ထိတ်လန့်သွားမှု့မရှိခဲ့ပေ။
အဘယ့်ကြောင့်နည်း။….

“မကြီး… အခုနတုန်းက မကြီးအနောက်မှာ မြွေကြီးတစ်ကောင်လေ မတွေ့လိုက်ဘူးလား။”
ထိတ်လန့်မှု့များစွာနှင့် အလောတကြီး မေးမြန်းမိလိုက်သော ကျွန်ုပ်၏အမေးစကားများကိုမူ မနီလာမှာ ခပ်ပြုံးပြုံးအမူယာများဖြင့် ထိုကဲ့သို့ပင် ပြောဆိုလာခဲ့လေတော့သည်။
“ဟုတ်တယ်လေ…’
“ဟင်… ဘာဟုတ်တာလဲ။”
“အဲ့ဒါပဲ… ငါ့တူရေ၊ မင်းကို ကြီးကြီးတို့ ဖြစ်ရပ်ဆန်းတစ်ခု ပြစရာရှိတယ်ဆိုတာ အဲ့ဒီမြွေကြီးကိုပြောတာပဲ။”
“ဟင်… ဘာဖြစ်လို့လဲကြီးကြီး၊ မြွေကြီးကိုပြေတာလား။ နည်းတဲ့ကောင်ကြီးမဟုတ်လေ။ ကြီးကြီးတို့မိသားစုကို အန္တရယ်ပေးရင် ဘယ်လိုလုပ်မလဲ။”
“ဒီမြွေက လင်းမြွေကွယ့်… အဆိပ်မရှိဘူး။ ပြီးတော့ မင်းအစ်မကြီးကိုလည်း သူက ဘာမှမလုပ်ဘူး။ လာလာပြီး ပိုးပန်းနေတယ်ဆိုပါတော့…”
“ဟင်.. ဘယ်လို… ပိုးပန်းတယ်။ ဘာကိုပြောတာလည်း ကြီးကြီး။”
“သြော်ကွယ်… လူပျိုက အပျိုကို လာပိုးပန်းသလိုမျိုးပေါ့။”
“ဟာဗျာ… ကြီးတော်ကလည်း နောက်နေတာလား။”
“ဟင်… ဘယ်နှဲ့နောက်ရမှာတုန်း။ လင်းမြွေဆိုတဲ့ မြွေမျိုးက အရမ်းမိန်းမပိုးတတ်တာ။ အခုလည်း ဒီမြွေကြီး မင်းအစ်မကို လာလာပိုးနေတာ (၆)လလောက်ရှိပြီ။ အဲ့ဒါကြောင့် ဖြစ်ရပ်ဆန်းတစ်ခုဖြစ်နေလို့ မင်းကိုပြောတာပေါ့။”
“ဗျာ…”

ကြီးတော်၏ ပြောစကားများမှာ ကျွန်ုပ်အဖို့ လွန်စွာထူးဆန်းသွားခဲ့သည်။ လင်းမြွေဟူသော မြွေအမျိုးစားမှာ မိန်းမပိုးပန်းတတ်သော မြွေအမျိုးအစားပင်ဖြစ်၍ ယခုတွင်လည်း အပျိုကြီးမနီလာအား လာရောက်ပိုးပန်းနေခြင်းပင် ဖြစ်သည်ဟု ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း လွန်စွာအံ့အားသင့်သွားခဲ့ရပြီ၊ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သွားခဲ့ရလေတော့သည်။

“ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး၊ အခုလိုရောက်လာရတာလဲဗျ။ ကျွန်တော့်ကိုပြောပြပါဦး။”
ကွမ်းခြံစည်းရိုး ပြုလုပ်နေခဲ့သော မကြီးမနီလာသည်လည်း အလုပ်များကိုပင် ခေတ္တရပ်ဆိုင်းလျက် ကြီးတော်အပါအဝင် ကျွန်ုပ်နှင့်ရွယ်တူ ညီအစ်ကိုဝမ်းကွဲတို့မှာ အိမ်အနောက် အရိပ်ကောင်းလှသော ကောက်ရိုးပုံကြီးနံဘေးတွင် ထိုင်လျက်ရှိနေခဲ့ကြပြီး၊ ကျွန်ုပ်၏အမေးစကားများကိုမူ ပြောဆိုရန်အတွက် မနီလာမှ ဟန်ပြင်လိုက်လေသည်။

“ဒီလိုဟ… လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက တို့အားလုံး မိုးစပါးအတွက် ရိုးပျက်တွေရှင်းနေခဲ့ကြတာ။ စံပါးသိမ်းခါစဆိုတော့ ငါးတွေကလည်း ဟင်းစားရတဲ့အပြင် ငပိပါထည့်လို့ရတယ်။ ငါးပေါတဲ့အချိန်ဖြစ်သလို မြွေဆိုးတွေလည်း တအားပေါတဲ့အချိန်ပဲ၊ လယ်ထဲကိုရောက်လာတဲ့ ဂျက်မြွေတို့၊ မြွေပွေးတို့၊ လင်းမြွေတွေတို့ကို သတိထားပြီး ရိုးပျက်တွေရှင်းနေရတယ်။ လင်းမြွေကိုတော့ သိပ်ဂရုမစိုက်ရဘူး။ သူက ကိုက်ရင်လည်း ဘာမှဖြစ်တာမှမဟုတ်တာ။ ဂျက်မြွေနဲ့ မြွေပွေးကိုတော့ တော်တော်လေး သတိထားရတယ်။ လယ်ထဲမှာတွေတဲ့ မြွေပွေးနှစ်ကောင်လောက်ကို ငါ့အစ်ကိုကြီးရိုက်သတ်ပြီးပြီး။ ညနေစောင်းတော့ ဘာမြွေမှမတွေ့ရတော့ဘူး။ ဒါပေမယ့် ငါတစ်ယောက်တည်း ရိုးပျက်ရှင်းနေတဲ့ လယ်ထဲက ကန်ရိုးမှာ လင်းမြွေကြီးတစ်ကောင် ရစ်သီရစ်သီလုပ်နေတာ ဖျက်ခနဲတွေ့လိုက်တယ်။ ဘာပြောကောင်းမတုန်း။ မြတ်ခုတ်ဓားဆွဲပြီး ဒီကောင့်ကို အသေသတ်မလို့ပဲ၊ ဒါပေမယ့် ဒီကောင်တွေက သူတို့ကို သတ်တော့မယ် လူရဲ့ခြေသံဆိုရင် ဆယ်ပေကျော်ကျော်လောက်ကနေ သိနေလားမသိဘူး။ လစ်ခနဲပျောက်သွားတယ်။”

“ငါလည်း ရှေးလူကြီးတွေ ပြောတာ တစ်စွန်းတစ်စ ကြားတော့ကြားဘူးထားတယ်။ လင်းမြွေရှိနေရင် တစ်ခြားမြွေဆိုးတွေ မလာနိုင်ဘူးဆိုတော့… အေးအေးဆေးဆေးနဲ့ ရိုးပျက်တွေဆက်ရှင်းနေတယ်။ ဒါပေမယ့် သတိတော့ထားရတာပေါ့လေ။ နောက်… မကြာဘူး ငါ့မျက်စိအရှေ့နားကနေပဲ အခုနလင်းမြွေကြီး ဖျက်ခနဲပြေးပြတယ်။ ဒါပေမယ့် ငါ့စိတ်ထဲမှ အခုနမြွေကြီးပဲလို့ မထင်ဘူး။ နောက်တစ်ကောင်ထင်တာ။ မြတ်ခုတ်ဓားနဲ့ အဲ့ဒီအနားကို ရှင်းပစ်လိုက်တယ်။ မရှိတော့ဘူး။ အဲ့ဒါနဲ့ပဲ မိုးလည်းချုပ်ခါနီးတော့ အိမ်ပြန်လာတယ်။ အိမ်ပြန်လာတော့လည်း ငါ့အနောက်ကနေ လိုက်လာတယ်။ သိနေတယ်။ ပြောရရင် အပမှီသလိုဘာလိုလို တွေးမိပြီး နည်းနည်းတော့ ကျောချမ်းလာမိတယ်။ ဒါပေမယ့် အိမ်ရောက်အောင်ပြန်လာတယ်။ အိမ်ရောက်တော့ ရေမိုးချိုးပြီး မှန်တင်ခုံမှာ သနားခါးလိမ်းမလို့ ပြင်တုန်းရှိသေးတယ်… မှန်တင်ခုံအောက်ဘက်ကနေ အခုနလင်းမြွေကြီး ထွက်လာပြန်ရော… ငါလည်း ကြောက်ကြောက်နဲ့ အော်မိလိုက်တာ၊ အစ်ကိုကြီးက လင်းမြွေကြီးဆိုတော့ ဟင်းစားရတယ်ဆိုပြီး နေရာအနံ့လိုက်ရှာတယ်။ မတွေ့တော့ဘူး။ နောက် ငါဘယ်ကိုသွားသွား… အဲ့ဒီမြွေကြီးက လိုက်လိုက်လာတာ သတိထားမိလာတယ်။”
“အမေပြောတာကတော့ အဲ့ဒီလင်းမြွေကြီးက ငါ့ကိုကြိုက်နေတာတဲ့….။”

“ဟင်… ဟာဗျာ… ဘယ်လိုရေစက်တွေလဲ။”
“အေးကွယ့်… အဲ့ဒါပြောတာပေါ့။ ပြီးတော့ ကြီးကြီးတို့ရှိနေရင် မင်းအစ်မနားမှာ မတွေ့ရဘူး။ ကြီးကြီးတို့ မျက်ကွယ်သွားပြီးဆိုတာနဲ့ ရောက်ရောက်လာတတ်တယ်။”
“ဟင်… မကြီးနီလာက မကြောက်ဘူး။”
“ဟားဟားဟားဟား… အမှတ်တမဲ့ဆိုရင်တော့ ကြောက်တာပေါ့ဟ။ ပြီးတော့ မြွေဆိုတဲ့ သတ္တဝါမျိုးကလည်း အစ်ကိုကြီးတို့ လယ်ထဲကနေ ရရလာရင်၊ ငါကိုယ်တိုင် ဟင်းစားအဖြစ် ကိုင်တွယ်နေရတော့ ကြောက်တယ်လို့လဲ မရှိတော့ဘူးပေါ့။ အခုဒီကောင်ကြီးကလည်း ငါကြောက်တတ်မှန်းသိရင် အရင်က ခဏခဏဖြဲဖြဲခြောက်တယ်။ နောက်တော့ ငါလည်း ဒီတစ်ခါဆိုရင် ရိုက်သတ်ပစ်မယ်တို့၊ ဘာတို့ပြောတော့ မခြောက်တော့ဘူးဟ။ သူလာတော့မယ်ဆိုရင် အသံတစ်ခုခုကို အရင်ပေးတယ်။ ကြက်တွေ၊ ငှက်တွေ ပြေးသွားတာတို့ ဘာတို့ဆိုရင် သေချာပြီ ဒီကောင်ကြီးလာနေပြီဆိုတာ…။”
“ဟာဗျာ… တကယ့်ကို ထူးဆန်းတဲ့မြွေပဲဗျို့…။”
“အဲ့ဒါပြောတာပေါ့ ငါ့တူရာ။ ဘယ်နှဲ့တုန်း… မင်းအတွက် ဖြစ်ရပ်ဆန်းဖြစ်ရဲ့လား။”
“ဖြစ်ပါပေတယ် ကြီးတော်ရာ။ ဖြစ်ပါပေတယ်။”

ကျွန်ုပ်၏အမဝမ်းကွဲ တော်စပ်သူ မနီလာမှာ အသက်အားဖြင့် (၂၈)နှစ်ခန့်ရှိနေခဲ့ပြီး၊ ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင့်နှင့် တောသူတို့၏ သဘာဝအရ အသားအရည်မှာ ညိုချောပင်ဖြစ်လေသည်။ ကိုယ်ခန္ဓာတွင်လည်း မိန်းမတို့၏ ရှိသင့်ရှိထိုက်သော အင်္ဂါအစိတ်ပိုင်းများနှင့် ပြည့်စုံလျက်၊ ရေကျော်ကျေးရွာလေးတွင် ကာလသားယောက်ျားလေးတို့၏ လာရောက်ပိုးပန်းရုံတင်မက လင်းမြွေအထီးအပါအဝင် လာရောက်ပိုးပန်းသည်က အလွန်ပင် ဆန်းကြယ်သော သဘောရှိလှ၏။
ကျွန်ုပ်သည်လည်း ရန်ကုန်ဆီသို့ မပြန်သေးခင် ရက်ပိုင်းလေးများ၌ ထိုလင်းမြွေကြီးနှင့် မနီလာတို့၏ အရိပ်ကဲများကိုပင် အကဲခတ်ကြည့်မိပါသေးသည်။ မနီလာတစ်ဦးတည်း မီးဖိုချောင်အတွင်း၌ ထမင်းဟင်းချက်ပြုတ်နေလျင် ထိုလင်းမြွေကြီးမှာ ရစ်သီရစ်သီဖြင့် အဝေးတစ်နေရာမှ ရှိနေတတ်ပြီး၊ မနီလာအနီးသို့ လူတစ်ဦးတစ်ယောက် ရောက်ရှိလာပြီဆိုပါက ထိုမြွေကြီးမှာ ကြက်ပျောက်၊ ငှက်ပျောက်ပင်လျင် ပျောက်ဆုံးသွားတတ်သည်က သူ့အားအန္တရယ်ပေးမည်ကိုပင် ဆိုးရိမ်သော်ကြောင့် ဖြစ်လိမ့်မည်ဖြစ်သည်။
လွန်ခဲ့သော ၂၀၁၅ နှစ်နောက်ပိုင်းတွင် မနီလာတစ်ယောက် အိမ်ထောင်ပြုတော့မည်ဟု ဖိတ်ကြားလေသော်ကြောင့် ကျွန်ုပ်ကိုယ်တိုင်ပင် သွားရောက်ခဲ့ပေသည်။ ထိုအခါ လင်းမြွေကြီးနှင့် မနီလာတို့၏ အဖြစ်အပျက်များမှာ မည်ကဲ့သို့ပင် ဖြစ်သွားကြသနည်းဟု မေးမြန်းခဲ့မိသည်။ ထိုအခါစိတ်မကောင်းစွာ ကြားသိလိုက်ရသည်က မနီလာ၏ အမေဘက်မှ ဝမ်းကွဲအစ်ကိုဖြစ်သူမှာ လင်းမြွေကြီးကိုပင် မျက်စိကျနေလျက်၊ အရက်မူးလာသည့် တစ်နေ့တွင် မနီလာနှင့် လင်းမြွေကြီးတို့၏ အခြေနေအား လူတို့၏ ဥာဏ်နီ၊ဥာဏ်နက်များကိုပင် အသုံးချလေရင်း လင်းမြွေကြီးအား ရိုက်သတ်ပစ်လိုက်သည်ဟု သိရှိလိုက်ရလေသည်။
ယခုနှစ်ဦးပိုင်းတွင် မနီလာတစ်ယောက် ကိုယ်ဝန်ရရှိနေခဲ့ပြီဟု သိရှိထားခဲ့ရပေသည်။ ထိုကိုယ်ဝန်မှာလည်း သေဆုံးသွားခဲ့သော လင်းမြွေကြီးဝင်စားနေခဲ့ခြင်းပင် ဖြစ်လိမ့်မည်ဟု မနီလာမှ သူမ၏ ထူးဆန်းသည့် အိပ်မက်အကြောင်းများကိုပင် ကျွန်ုပ်အား ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် ထပ်မံပြောဆိုပြမည်ဟု ပြောဆိုလေခါ၊ ရေကျော်ကျေးရွာလေးဆီသို့ လာရောက်လည်ပတ်ရန် အတ်ွက ဖိတ်ခေါ်ထားခဲ့ပါသေးသည်။

ပြီး။
(ရေကျော်ကျေးရွာလေးဆီမှ စာရေးသူ၏ အစ်မဝမ်းကွဲတော်စပ်သူ မနီလာ၏ ဖြစ်ရပ်ဆန်းများကိုပင် စာစီလျက် ရေးသားတင်ပြလိုက်ရပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။