ရွေးကောက်ပွဲနီးလာသည်နှင့်အ မျှ သမတဦးသိန်းစိန်နှင့် လွှတ်နာယက သူရဦးရွှေမန်းအကြား အားပြိုင်မှုသည်ကား ကြီးထွားသထက် ကြီးထွားလာနေပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးအတွက် ထင်ရှားသော အပေါင်းလက္ခဏာဆောင်သော အလှည့်အပြောင်းတစ်ခုပေါ်ထွက် လာမည့် အလားအလာဖြစ်သလို ဘယ်နည်းနဲ့ဖြစ်ဖြစ်ဆိုသည့်စိတ်ဓါတ်များဝင်လာပြီး အစွမ်းကုန်ညစ်ပတ်လျှင်ကား တပ်မတော်ကိုအသုံးချ၍ (တပ်မတော်ကလည်း အသုံးချခံခဲ့လျှင်) တိုင်းပြည်အတွက် ရလာဒ်ဆိုးထွက်ပေါ်လာနိုင်ပြီး နိုင်ငံရေးအကြပ်အတည်းကြီးဆီ သို့လည်း ရောက်သွားနိုင်ပြန်သည်။
ယခုပင် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးရွှေမန်းကို တပ်မတော်နှင့် နိုင်ငံတော်ကိုသစ္စာဖောက်သည် ဟုဆိုကာ သူ၏မဲဆန္ဒရှင်တပ်မတော်သားအချို့က ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းဖို့ ကော်မရှင်ကို တောင်းဆိုထားသည်။
စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စီမံခံခွဲမှုအားနည်းချက်နှင့်ဆက်စပ်ပြီး သန္ဓေတည်ခဲ့သော ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုသည် စစ်အုပ်ချုပ်ရေးလွန်ကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အထောက်အပံ့ပေးမှုဖြင့် ဥပဒေပြုမဏ္ဍိုင်နှင့် ပါတီကိုကိုင်ခွင့်ရကာ ဦးရွှေမန်းကို အသာရသွားစေခဲ့သည်။
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ နေရာချထားမှုဆိုင်ရာ အမှားမျိုး ဦးဆန်းဆင့်ဖြစ်ရပ်တွင်လည်း တွေ့မြင်နိုင်သည်။)
၂၀၀၈ ဖွဲ့စည်းပုံကိုအသုံးချမှု
စစ်အုပ်ချုပ်ရေးကာလ စနစ်ကမွေးထုတ်ပေးလိုက်သော (၀ါ) ကျူးလွန်မိရက်သားဖြစ်သွားခဲ့ သော ခရိုနီဝါဒ၊ လွန်ကဲလှသော အကျင့်ပျက်ခြစားမှုစသည်တို့ေ ကြာင့် နောက်ကြောင်းပြန်အရေးမယူနို င်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒိုင်းသဖွယ်အသုံးပြုကာနိုင် ရန် အာရုံစိုက်စီမံခဲ့သော်လည်း မဏ္ဍိုင်များအကြား (သို့မဟုတ် လူပုဂ္ဂိုလ်များအကြား) ထိန်းညှိရန် ရည်ရွယ်ချက်ဖြင့် ထဲ့သွင်းထားခဲ့သော သမတနှင့် ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံရေးပါတီတာဝန်များမှ အနားယူရမည်ဟုဆိုသည့်အချက်က အာဏာရပါတီတွင်း သြဇာတည်ဆောက်ရန်နှင့် လုပ်ပိုင်ခွင့်များအသာစီးရမှု၊ အထူးသဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် ဦးရွှေမန်းကို အသာရသွားစေသည်။
အခုတော့ သမတဦးသိန်းစိန်အတွက် ရွေးကောက်ပွဲဝင်ရန် မဲဆန္ဒနယ်ပင် မဆုံးဖြတ်နိုင်သေးဘဲ ဖြစ်နေဟန်တူသည်။ ဦးရွှေမန်းက ဖြူးမြို့နယ်မှဝင်ပြိုင်ရန် အသင့်ဖြစ်နေချိန်တွင် သမတမှာ ရွေးကောက်ပွဲဝင်၊ မ၀င်ကိုပင် မကြေညာရဲသေးပဲ ဖြစ်နေသည်။ ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေတွေအသုံးပြုမှုနှင့် ဆက်စပ်မှုကြောင့်လည်း ဖြစ်နိုင်သည်။
သမတတစ်ဦးထဲပင်မဟုတ်၊ သမတအားကိုးရသော ၀န်ကြီးများအတွက်ပင် မဲဆန္ဒနယ်အခက်အခဲဖြစ်နေပေလိမ့်မည်။ ကယားပြည်နယ်မှာ အပိုင်ရမည့် မဲဆန္ဒနယ်များကို ပါတီက ပိတ်ပင်ခြင်းခံလိုက်ရတာ ဥပမာဖြစ်ပါတယ်။
မဟာမိတ်ဖွဲ့မှုများ
အရပ်ဝတ်လဲ အစိုးရဖွဲ့စည်းစကာလ မရှိဘူးသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြော င့် နိုင်ငံတကာ၏ကြိုဆိုမှုနှင့်အ တူ ပြည်တွင်းတွင်ပါ နာမည်ကောင်းထွက်လာနေချိန် ဦးသိန်းစိန်မှာ ကာလုံအစည်းအဝေးများကို ခပ်ကြဲကြဲသာ ခေါ်ဖို့လိုသော အခြေအနေဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းငြိမ်းချမ်းရေး အလျင်အမြန်လက်မှတ်ထိုးနိုင် ရေး အာရုံစိုက်ထားခြင်းကြောင့်လ ည်း တပ်နှင့်အမြင်ကွာခဲ့ရသည်။ ဦးရွှေမန်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗျူဟာမြောက် မဟာမိတ်ဖွဲ့လိုက်သည့်အခါ အစောပိုင်းက တပ်မတော်နှင့် ခပ်ခွာခွာနေပြခဲ့သော ဦးသိန်းစိန်မှာ သီးခြားအာဏာကြီးကြီးမားမားရှိသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးနီးကပ်ကပ်ဖြစ်သွားသည်။ ကန့်လန့်ကာနောက်ကွယ်တွင်မက လွှတ်တော်အတွင်း ဆွေးနွေးမှုများ၊ မဲခွဲဆုံးဖြတ်မှုများတွင်ပင် မြင်သာနိုင်သော ဘက်ကွဲမှုဖြစ်ပေါ်လာခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေးတွင်ကား ဘွင်းဘွင်းကြီးပေါ်သွားခဲ့တော့သည်။
ဆိုးမွေ
နိုင်ငံခြားရေးဘက်တွင် အထူးသဖြင့် တရုတ်နှင့် ဆက်ဆံရေးတွင် စစ်အုပ်ချုပ်ရေးကာလအမွေဆိုး ဖြစ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံကိန်းများက သမတအတွက် အနှုတ်ပြခဲ့သည်။ မြစ်ဆုံဆည်စီမံကိန်း၊ လက်ပံတောင်းအရေးမှသည် ကိုးကန့်တိုက်ပွဲများအထိ အကျုံးဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့နိုင်ငံရေးဘက်ကူးပြောင်းရာတွင် ရလာဒ်ကောင်းများ ပေါ်ထွက်လာသော နယ်ပယ်တွင် တရုတ်နှင့် ဆက်ဆံရေးလည်း ပါဝင်သည်။ စစ်အစိုးရ၏အဆိုပါ ဆိုးမွေများနှင့်ဆက်စပ်၍ပင် ပြည်တွင်းမှာပါ အစပိုင်းတက်ခဲ့သော သမတ၏ နာမည်သည်လည်း ထိုးစိုက်ကျသွားရပြန်သည်။ အကျိုးဆက်မှာ အစိုးရအဖွဲ့သည် ပြုပြင်ပြောင်းလဲရေးကိုပါ ရှေ့မဆက်တော့ဘဲ ထားလိုက်သော ဆုံးဖြတ်ချက်အမှားချမှတ်ခြင်းဖြစ်သည်။
အာဏာရပါတီဘက်မှ ပြင်ဆင်မှု
ဦးသိန်းစိန်ဘက်ကလည်း ပြိုင်ဆိုင်မှုအတွက် အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ထားခဲ့ဟန်တူသည်။ သမတ၏လမ်းညွှန်ချက်ဖြင့် ထူထောင်သော နိုင်ငံရေးသင်တန်းကျောင်းကသ င်တန်းသားများက ထူထောင်သော အမျိုးသားတိုးတက်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲကို အင်နှင့်အားနှင့် ၀င်ပြိုင်မှာဖြစ်သည်။
ထို့အပြင် အာဏာရပါတီဘက်မှ အကူနိုင်ငံရေးပါတီများ၊ အင်အားစုများဟုယုံကြည်ရသည့် မထင်မရှားနိုင်ငံရေးသမားတစ် ဦးဖြစ်သော ဦးကျော်စွာစိုး၏ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရှိသည်။ မဘသ အဖွဲ့ရှိသည်။ ဦးနေမျိုးဝေအဖွဲ့ရှိသည်။ တိုင်းရင်းသားဒေသပါတီအချို့ ရှိသည်။ စီးပွားရေးပိတ်ဆို့မှုဆန့်ကျ င်ရေးစီမံကိန်းအောက်ပေါ်ထွက် ခဲ့သော အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်မှခွဲ ထွက်လာခဲ့သော ဦးကျော်စွာစိုး၏ ပါတီမှာ တစ်နိုင်ငံလုံးတွင် ပါတီဝင်အင်အားအများဆုံးဟုဆိုသည်။ ပါတီဝင်အင်အားနှင့်ပတ်သက်၍ ချဲ့ကားပြောဆိုခြင်းသော်လည်းကောင်း၊ စာရင်းပြများခြင်းသော်လည်းေ ကာင်းလည်း ဖြစ်နိုင်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဏ္ဍာရေးတောင့်တင်းသော အာဏာရပါတီအနေဖြင့် နိုင်ငံရေးအရ လက်ဝဲလိုင်းကော၊ လက်ယာလိုင်းကပါ မဟာမိတ်များထူထောင်ရန် စီမံကြပေမည်။
သို့သော် အလှည့်အပြောင်းများဖြစ်လာခဲ့ သည်။
မြန်မာအရပ်သားအစိုးရနှင့် ဆက်ဆံရေးကောင်းပြန်တည်ဆောက် ထားသည့် အမေရိကန်နိုင်ငံက ပြည်ခိုင်ဖြိုး၏ ဗဟိုအတိုင်ပင်ခံနှင့် ပြည်သူ့ လွှတ် တော် ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူမှုလုပ်တာနဲ့ ပတ်သက်ပြီး လွှတ်တော်က ရှုတ်ချမှုနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုး၏ သက်တော်ရှည်အမတ်ကြီး ဦးအောင်သောင်းမိသားစုဟာ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းနဲ သစ်လုပ်ငန်းများ ပိုင်ဆိုင်ထားသည်။
ဦးသိန်းစိန်အစိုးရအဖွဲ့ထဲ ချန်လှပ်ထားခံခဲ့ရသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ကပါကန့်ခံလိုက်ရတဲ့ ဦးအောင်သောင်းသည် ဦးရွှေမန်း၏အင်အားစုထဲကို ပါဝင်သွားခြင်းသည်လည်း အာဏာရပါတီတွင်း အားပြိုင်မှုချိန်ခွင်လျှာကို ပြောင်းသွားစေသည်။ ဦးအောင်သောင်းလိုပင် ချန်လှပ်ခံခဲ့ရသူများ သဘာဝကျစွာပင် ဦးရွှေမန်းဘက်တွင် ရပ်နေကြပါလိမ့်မည်။
သမတဘက်တွင်တော့ အားကိုးရသော ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးအုန်းမြင့်၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးရဲထွဋ်တို့ပါဝင်သလို ဦးမြင့်ဆွေတို့လို ပြည်နယ်နှင့်တိုင်းဒေသကြီးဝ န်ကြီးချုပ်အချို့လည်း ပါဝင်သည်။
ပြည်ခိုင်ဖြိုး ပြိုကွဲမှာလား
လက်ရှိညွှန်းကိန်းတွေအရ ပြည်ခိုင်ဖြိုးဟာ ပြိုကွဲသွားဖို့တော့ မရှိပါ။ ပါတီတွင်း ဗဟိုခေါင်းဆောင်များ၊ ဒေသန္တရခေါင်းဆောင်အများစုသည် သမရိုးကျအတိုင်း ဥက္ကဌနောက်လိုက်ပါခြင်း၊ ဗဟို၏ ညွှန်ကြားချက်ကို လိုက်နာခြင်းသာ လုပ်ပါလိမ့်မည်။ ဦးဆောင်မှုကိုမကျေနပ်လို့နှုတ်ထွက်မယ်ဆိုဦးတော့ တသီးပုဂ္ဂလအနေနဲ့သာဖြစ်နိုင် သည်။ ခေါင်းဆောင်များအရေးသည် ခေါင်းဆောင်များအပိုင်းဟူ၍သာ လက်ခံထားကြပြီး ပုန်ကန်ထွက်လောက်သည့် အနေအထားလည်းမရှိပေ။
သို့သော် ပြည်ခိုင်ဖြိုးအင်အားပြုံးဖို့ရာမှာ အတိုက်အခံပါတီကြောင့်မဟုတ်၊ မိတ်ဘက်ပါတီများ၏ အန္တရာယ်ကြောင့်ဖြစ်သည်။ လူသစ်များ ပါတီသစ်သို့ဝင်ရောက်ခြင်းထက် ပါတီကူးပြောင်းမှုသာ ပိုဖြစ်နိုင်ချေရှိသောကြောင့်ဖြစ်သည်။ ဤသို့ဖြစ်နိုင်ခြေမှာလည်း ဦးသိန်းစိန်ကိုယ်တိုင် ပါတီပြောင်းမှာလားဆိုသည့်အေ ပါ် မူတည်နေပြန်သည်။
သမတအတွက် အခြားနည်းလမ်းများနှင့် အထောက်အပံ့ဆိုင်ရာ
တပ်မတော်သားကိုယ်စားလှယ်အစု အဖွဲ့မှပင် ဒုသမတရွေးချယ်ခွင့်ရှိသဖြင့် ရွေးကောက်ပွဲဝင် ရွေးချယ်ခံမဟုတ်သော်လည်း သမတဖြစ်ခွင့်ရှိသည်မှာ ခဲခဲယဉ်းယဉ်းစဉ်းစားစရာမဟုတ်ပါ။ သို့သော် ထိုကဲ့သို့ ရွေးချယ်ခံမဟုတ်သောနည်းဖြင့် သမတဖြစ်လာသူမှာ ထောက်ခံသူအင်အားစုအခြေမရှိသ ဖြင့် (အထူးသဖြင့် အရပ်ဘက် ၇၅ ရာခိုင်နှုန်းထဲတွင်) စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး အစိုးရသက်တမ်းပြည့်မီအောင် နေနိုင်သွားဖို့မရှိသလောက်ြ ဖစ်သည်။ ပါတီအသစ်ကိုကူးပြောင်းရမှာလ ည်း သိက္ခာပိုင်းဆိုင်ရာထိခိုက်မှု၊ အုပ်စုဟောင်းကို စွန့်ခွာ၍ မတူသောအုပ်စုသစ်ဖွဲ့ရမှုများ လုပ်ရမှာဖြစ်သောကြောင့် ရွေးချယ်ရန် မလွယ်သော အနေအထားဖြစ်သည်။ သတိပြုရန်မှာ သမတ၏လက်ရှိအကြံပေးများနှင့် အကြံပေးဟောင်းများ၏ ဆက်ဆံရေးဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအော င်လှိုင်၏ ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်းအရ တပ်အနေဖြင့် ရွေးကောက်ပွဲရလာဒ်ကို လက်ခံမည်ဟု အာမခံထားချက်ရှိပေသည်။ တပ်အနေဖြင့် နှစ်ဘက်အကြားမညှပ်အောင် ဂရုစိုက်သွားမည်ဟန်ရှိသည်။ အကယ်၍ တပ်ကမနေတတ်လျှင်တော့ နိုင်ငံရေးအကြပ်အတည်ကြီးကို လက်ကမ်းခေါ်သလိုဖြစ်နေပါလိမ့်မည်။
စိန်ဝင်း။
ယခုပင် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ
စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
၂၀၀၈ ဖွဲ့စည်းပုံကိုအသုံးချမှု
စစ်အုပ်ချုပ်ရေးကာလ စနစ်ကမွေးထုတ်ပေးလိုက်သော (၀ါ) ကျူးလွန်မိရက်သားဖြစ်သွားခဲ
အခုတော့ သမတဦးသိန်းစိန်အတွက် ရွေးကောက်ပွဲဝင်ရန် မဲဆန္ဒနယ်ပင် မဆုံးဖြတ်နိုင်သေးဘဲ ဖြစ်နေဟန်တူသည်။ ဦးရွှေမန်းက ဖြူးမြို့နယ်မှဝင်ပြိုင်ရန
သမတတစ်ဦးထဲပင်မဟုတ်၊ သမတအားကိုးရသော ၀န်ကြီးများအတွက်ပင် မဲဆန္ဒနယ်အခက်အခဲဖြစ်နေပေလိမ
မဟာမိတ်ဖွဲ့မှုများ
အရပ်ဝတ်လဲ အစိုးရဖွဲ့စည်းစကာလ မရှိဘူးသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြော
ဆိုးမွေ
နိုင်ငံခြားရေးဘက်တွင် အထူးသဖြင့် တရုတ်နှင့် ဆက်ဆံရေးတွင် စစ်အုပ်ချုပ်ရေးကာလအမွေဆိုး
အာဏာရပါတီဘက်မှ ပြင်ဆင်မှု
ဦးသိန်းစိန်ဘက်ကလည်း ပြိုင်ဆိုင်မှုအတွက် အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ထားခဲ့ဟန်တူသည်။ သမတ၏လမ်းညွှန်ချက်ဖြင့် ထူထောင်သော နိုင်ငံရေးသင်တန်းကျောင်းကသ
ထို့အပြင် အာဏာရပါတီဘက်မှ အကူနိုင်ငံရေးပါတီများ၊ အင်အားစုများဟုယုံကြည်ရသည့်
သို့သော် အလှည့်အပြောင်းများဖြစ်လာခဲ
မြန်မာအရပ်သားအစိုးရနှင့် ဆက်ဆံရေးကောင်းပြန်တည်ဆောက်
ဦးသိန်းစိန်အစိုးရအဖွဲ့ထဲ ချန်လှပ်ထားခံခဲ့ရသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲလ
သမတဘက်တွင်တော့ အားကိုးရသော ပြည်ထောင်စုဝန်ကြီးများဖြစ်
ပြည်ခိုင်ဖြိုး ပြိုကွဲမှာလား
လက်ရှိညွှန်းကိန်းတွေအရ ပြည်ခိုင်ဖြိုးဟာ ပြိုကွဲသွားဖို့တော့ မရှိပါ။ ပါတီတွင်း ဗဟိုခေါင်းဆောင်များ၊ ဒေသန္တရခေါင်းဆောင်အများစုသည
သို့သော် ပြည်ခိုင်ဖြိုးအင်အားပြုံးဖ
သမတအတွက် အခြားနည်းလမ်းများနှင့် အထောက်အပံ့ဆိုင်ရာ
တပ်မတော်သားကိုယ်စားလှယ်အစု
ဗိုလ်ချုပ်မှူးကြီးမင်းအော
စိန်ဝင်း။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။