Ko Nyo added 2 new photos.
ရိတ်ခဲ့သမျှ..စားသုံးရတယ်။
ရေဘေးဒုက္ခသည်တွေကို ဦးတေဇတို့လို ခရိုနီတွေ၊ စစ်ခေါင်းဆောင်ဟောင်းတွေ၊လက်ရှိအစိုးရနဲ့အတူ KNUနဲ့ KIAအဖွဲ့တွေကပါ အားကျိုးမာန်တက် ထောက်ပံ့ကူညီပေးသင့်တယ်။
သူတို့ ကြွယ်ဝအောင် တူးဆွဖြိုဖျက် ရိတ်သိမ်း ခုတ်လှဲခဲ့သမျှ ပြည်သူတွေ ခံစားခဲ့ရတာမမေ့ပါနဲ့.။
သူတို့ ကြွယ်ဝအောင် တူးဆွဖြိုဖျက် ရိတ်သိမ်း ခုတ်လှဲခဲ့သမျှ ပြည်သူတွေ ခံစားခဲ့ရတာမမေ့ပါနဲ့.။
စစ်အစိုးရအဆက်ဆက်ရဲ့ ဓာတ်ငွေ့၊ လောင်စာဆီနဲ့ လျှပ်စစ်ဓာတ်ကို ပြည်ပသာထုတ်ရောင်းပြီး ကိုယ့်နိုင်ငံအတွင်း လုံလောက်အောင်မဖြည့်တင်းခဲ့မှု၊မြေတွင်း ကျောက်မျက်ရတနာထုတ်နိုင်ဘို့ တောင်တွေဖြို ချိုင့်ဝှမ်းတွေပေါ်အောင်လုပ်ခဲ့သမျှ၊
ရေရှည် ပြဿနာကိုမတွေးပဲ ဆည်မြောင်း၊ ရေလှောင်တာတမံတွေ အမြော်အမြင်မဲ့ တည်ဆောက်ခဲ့တာကလည်း ရေလွမ်းမိုးမှုတွေပေါ်ပေါက်စေသလို..စည်းမဲ့ကမ်းမဲ့ အတ္တအကျိုးသာကြည့်ပြီး နိုင်ငံအနှံ့ သစ်ခုတ်လှဲမှု၊ ဒီကနေ့အထိ ထင်းမီးလောင်စာပဲ အသုံးပြုနေမှုတွေက အခုလို ရေလွမ်းမိုးမှုကို လက်တွေ့ သက်သေပြသလိုက်တာပါ.။

ဒီပြဿနာဟာ နောင် မျိုးဆက် ၂ဆက်ထိ ဆက်တိုက်ခံစားနေရအုံးမယ်။
လူနဲ့ သဘာ၀၀န်းကျင် သဟဇာတမရှိ၊ ဟန်ချက်ပျက်ရင် သဘာဝရဲ့ တုန့်ပြန်ဒါဏ်ခတ်မှုကိုခံရတာပဲ.။
အခုအချိန်မှာ နိုင်ငံအနှံသစ်ပင်တွေစိုက်နေရုံနဲ့မပြီးပဲ ၊ ဖားကန့်၊ လက်ပံတောင်းလို မြေအောက်သယံဇာတတွေ လောဘတကြီး မထုတ်ပဲ၊ သစ်တောတွေ ဆက်မခုတ်ပဲ တင်းကြပ်တဲ့ ဥပဒေတွေပြဌာန်းမယ်၊၊ အရေးယူမှုတွေလုပ်မယ်၊( တရုတ်သစ်ခိုးတွေကိုပြန်လွှတ်တာမျိုးမလုပ်မိအောင်) ဆင်ခြင်မယ်၊ အသိတရားလက်ကိုင်ထားမယ်ဆိုရင် နောက်မြန်မာ့မျိုးဆက်တွေ နည်းနည်းပါးပါးအသက်ရှုချောင်လည်မှာပေါ့.။
ဒါပေမယ့် မြန်မာတွေ အတော်နောက်ကျနေပါပြီ။
အုပ်ချုပ်သူတွေ ဥာဏ်အမျော်အမြင်ကြီးပြီး၊ ပညာတတ်ရင်၊ တရားဓမ္မနဲ့ အညီ နေထိုင်ကျင့်ကြံရင်၊မှန်ကန်တဲ့ အကျိုးရှိတဲ့ တရားဥပဒေကိုလေးစားရင် အချိန်မနှောင်းပါဘူး.။
အဲဒီလို မလုပ်နိုင်ရင်လဲ.....
...တိုင်းပြည်ကို ကျောက်စိမ်းတွေ၊ သစ်ပင်တွေလို တပိုင်းစီ ခုတ်ထစ်ခွဲပြီး တရုတ်ရယ်၊ ကုလားရယ်၊ အမေရိကန်ရယ်၊ ဥရောပနိုင်ငံတွေရယ်ကိုလေလံတင် ရောင်းချလိုက်ပါတော့..။
ဘ၀တွေက မထူးတော့ဘူးလေ..။

ကိုညို။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။