စစ်လော်ဘီများမရေးရဲသော စာစုများ (၁)
========================== ==
ပထမတန်းစားဆိုတဲ့
မင်းတို့ရဲ့ဆရာတွေဇိမ်ခံနေတဲ့အချိန်
မင်းက စုတ်ပြတ်နေတဲ့ ဘဝတွေထဲမှာ
ရုန်းကန်နေရတာကို တွေ့တော့
ငါရင်နာတယ်..ရဲဘော်......
သစ်ခိုးထုတ်တဲ့သူတွေကို လိုက်ရင်း
ဆွဲမိုင်းထိလို့ အသက်ပေးလိုက်ရတဲ့
ရဲဘော်တွေမြင်တော့
မင်းတို့ အသက်နဲ့လဲ
ကာကွယ်လိုက်တဲ့ ရလာဒ်ဟာ
ရှစ်ရက်ပဲခံတာ သိလိုက်ရတော့
ငါရင်နာတယ်..ရဲဘော်...
အောက်ခြေစစ်သားမိသားစုဝင်တွေ
ကန်ဇွန်းရွက် ခူရောင်းပြီး
ထမင်းစားနေရတဲ့အချိန်...
မင်းတို့ရဲ့ဆရာဆိုတဲ့လူတွေက ..
ဟော်တယ်တွေအပြိုင်ဆောက်
အမြင့်ဆုံးဆိုတဲ့ နေရာတွေမှ...
စံစားနေတာမြင်ရတော့ ..
ငါရင်နာတယ်..ရဲဘော်......
မင်းတို့သားသမီးတွေအတွက်
စက်ဘီးတစ်စီးတောင်
ကောင်းကောင်းဝယ်မပေးနိုင်ပဲ ..
နှစ်ချို့ ကားအစုတ်တွေနဲ့တိုးဝှေ့..
ကျောင်းတက်နေရတဲ့အချိန် ...
မင်းတို့ရဲ့ အဘသားသမီးတွေ
နိုင်ငံခြားက ဘွဲ့တွေ တစ်ခုပြီးတစ်ခု..
ယူနေတာ မြင်ရတော့ မင်းတို့အစား ..
ငါရင်နာတယ်..ရဲဘော်....
တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်
တိုက်ရတဲ့အခါ နိုင်ငံတကာအဆင့်မှီတဲ့..
ကာကွယ်ရေး ပစ္စည်းတွေအသုံးပြုခွင့်မရပဲ ..
ရန်သူထက် ချို့တဲ့ခဲ့လို
အသက်တွေအများကြီး
ပေးလိုက်ရတာတွေ့တော့
ငါရင်နာတယ်...ရဲဘော်...
မင်းမိန်းမနဲ့မင်းသားသမီးတွေရဲ့ဘဝကို..
အလုံးစုံတာဝန်ယူမစောင့်ရှော က်နိုင်ပဲ..
မင်းတို့အဘမိသားစုတွေရှော့ပ င်သွားတဲ့လမ်းမှာ
လုံခြုံရေးယူပေးရတာ..မြင်တော့..
ရင်နာတယ်..ရဲဘော်....
မင်းတို့အောက်ခြေတပ်မတော်သားလေးတွေရဲ့
ဘဝတွေ ဘယ်လောက်ပဲ စုတ်ပြတ်အောင် လုပ်လုပ်
လူတကာက စစ်ခွေးလို့ အခေါ်ခံနေရတာကို...
ငါ ရင်နာတယ်...ရဲဘော်....
မင်းတို့ဘယ်ဘောက်ပဲ...
မေတ္တာတရားကြီးမားပါစေ..
.မေတ္တာတရားခေါင်းပါးလေသူတွေ ရဲ့..
စေခိုင်းချက်အတိုင်း တသွေမတိမ်း
လိုက်လုပ်နေရတဲ့ မင်းတို့ ဘဝတွေကို ...
ရင်နာတယ်...ရဲဘော်...
ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့ အချိန်တိုင်း...
ဘယ်တော့မှအရှေ့က မရပ်တည်တက်တဲ့ ..
လူတန်းစားတွေရဲ့ အနောက်မှာ...
ဘဝတွေအထပ်ထပ်ပေးဆပ်ပြီး...
နောင်တမရကြသေးတာ မြင်တော့..
မင်းတို့ရဲ့ လားရာ လမ်းအတွက်...
ငါ ရင်နာတယ်.....ရဲဘော်...
ငါရင်နာတယ်ကွာ.....
credit>>>Tin Ko Ko Naing
(Source- Maung Tun Wai)
==========================
ပထမတန်းစားဆိုတဲ့
မင်းတို့ရဲ့ဆရာတွေဇိမ်ခံနေတ
မင်းက စုတ်ပြတ်နေတဲ့ ဘဝတွေထဲမှာ
ရုန်းကန်နေရတာကို တွေ့တော့
ငါရင်နာတယ်..ရဲဘော်......
သစ်ခိုးထုတ်တဲ့သူတွေကို လိုက်ရင်း
ဆွဲမိုင်းထိလို့ အသက်ပေးလိုက်ရတဲ့
ရဲဘော်တွေမြင်တော့
မင်းတို့ အသက်နဲ့လဲ
ကာကွယ်လိုက်တဲ့ ရလာဒ်ဟာ
ရှစ်ရက်ပဲခံတာ သိလိုက်ရတော့
ငါရင်နာတယ်..ရဲဘော်...
အောက်ခြေစစ်သားမိသားစုဝင်တေ
ကန်ဇွန်းရွက် ခူရောင်းပြီး
ထမင်းစားနေရတဲ့အချိန်...
မင်းတို့ရဲ့ဆရာဆိုတဲ့လူတွေက
ဟော်တယ်တွေအပြိုင်ဆောက်
အမြင့်ဆုံးဆိုတဲ့ နေရာတွေမှ...
စံစားနေတာမြင်ရတော့ ..
ငါရင်နာတယ်..ရဲဘော်......
မင်းတို့သားသမီးတွေအတွက်
စက်ဘီးတစ်စီးတောင်
ကောင်းကောင်းဝယ်မပေးနိုင်ပဲ
နှစ်ချို့ ကားအစုတ်တွေနဲ့တိုးဝှေ့..
ကျောင်းတက်နေရတဲ့အချိန် ...
မင်းတို့ရဲ့ အဘသားသမီးတွေ
နိုင်ငံခြားက ဘွဲ့တွေ တစ်ခုပြီးတစ်ခု..
ယူနေတာ မြင်ရတော့ မင်းတို့အစား ..
ငါရင်နာတယ်..ရဲဘော်....
တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်
တိုက်ရတဲ့အခါ နိုင်ငံတကာအဆင့်မှီတဲ့..
ကာကွယ်ရေး ပစ္စည်းတွေအသုံးပြုခွင့်မရပဲ
ရန်သူထက် ချို့တဲ့ခဲ့လို
အသက်တွေအများကြီး
ပေးလိုက်ရတာတွေ့တော့
ငါရင်နာတယ်...ရဲဘော်...
မင်းမိန်းမနဲ့မင်းသားသမီးတေ
အလုံးစုံတာဝန်ယူမစောင့်ရှော
မင်းတို့အဘမိသားစုတွေရှော့ပ
လုံခြုံရေးယူပေးရတာ..မြင်တေ
ရင်နာတယ်..ရဲဘော်....
မင်းတို့အောက်ခြေတပ်မတော်သာ
ဘဝတွေ ဘယ်လောက်ပဲ စုတ်ပြတ်အောင် လုပ်လုပ်
လူတကာက စစ်ခွေးလို့ အခေါ်ခံနေရတာကို...
ငါ ရင်နာတယ်...ရဲဘော်....
မင်းတို့ဘယ်ဘောက်ပဲ...
မေတ္တာတရားကြီးမားပါစေ..
.မေတ္တာတရားခေါင်းပါးလေသူတွေ
စေခိုင်းချက်အတိုင်း တသွေမတိမ်း
လိုက်လုပ်နေရတဲ့ မင်းတို့ ဘဝတွေကို ...
ရင်နာတယ်...ရဲဘော်...
ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့ အချိန်တိုင်း...
ဘယ်တော့မှအရှေ့က မရပ်တည်တက်တဲ့ ..
လူတန်းစားတွေရဲ့ အနောက်မှာ...
ဘဝတွေအထပ်ထပ်ပေးဆပ်ပြီး...
နောင်တမရကြသေးတာ မြင်တော့..
မင်းတို့ရဲ့ လားရာ လမ်းအတွက်...
ငါ ရင်နာတယ်.....ရဲဘော်...
ငါရင်နာတယ်ကွာ.....
credit>>>Tin Ko Ko Naing
(Source- Maung Tun Wai)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။