Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 23, 2015

နိုင်ငံရေး စိတ်ဝင်စားသူတိုင်း ဖတ်ကြည့်စေချင်သော စာတစ်ပုဒ်။

နိုင်ငံရေး စိတ်ဝင်စားသူတိုင်း ဖတ်ကြည့်စေချင်သော စာတစ်ပုဒ်။
အလံကို
ထိပ်ဆုံးလူလက်
ထိလုလု အချိန်
ချောတိုင်ရင်းကို
တင်းတင်းဖက်ထားတဲ့
အောက်ဆုံးလူ
ပခုံးသားမျိုး
ဒို့နှလုံးသားတွေ
သန်မာစမ်းပါရစေ။
ဒီကဗျာလေးက
ကိုမင်းကိုနိုင် ရေးခဲ့တဲ့ ကဗျာလေးဖြစ်ပြီး
ဘာကို ဆိုလိုတယ်ဆိုတာ အားလုံးပဲ သဘောပေါက်ကြမယ်လို့ ထင်ပါတယ် ။

ဒီကဗျာလေးကို ဖတ်ရင်း
မြန်မာရိုးရာ ကစားနည်း တစ်ခုဖြစ်တဲ့ ချောတိုက်တက်ပွဲမှာ
မိမိအသင်းသားတွေ ထိပ်ဆုံးရောက်ဖို့နဲ့
တိုင်ထိပ်က အလံကို ရယူနိုင်ဖို့ ...
ချောတိုင်ခြေရင်းမှာ အံကိုတင်းတင်းကျိတ်ရင်း
အနာခံပေးနေတဲ့ သူတစ်ယောက်ကို မြင်မိကြမှာပါ။
တကယ်တော့..
ချောတိုင်တက်ပွဲ တစ်ခုမှာ
အသင်းအဖွဲ့  တစ်ခုရဲ့ စုစည်းညီညွတ်မှု့
အနစ်နာခံနိုင်မှု့နဲ့
သူ့နေရာနဲ့သူ ကျွမ်းကျင်မှု့တွေကို
မှန်မှန်ကန်ကန် အသုံးချတတ်မှသာလျှင် သူတို့လိုချင်တဲ့
တိုင်ထိပ်က အလံကို ရရှိမှာ ဖြစ်ပါတယ် ။
ချောတိုင်ရင်းမှာ အံကြိတ်ပြီး
အနာခံရဲမယ့်သူ ရှိရမှာ ဖြစ်သလို
တစ်ဦးအပေါ်တစ်ဦး ဆင့်တက်ပြီး
သူ့အပေါ်ကိုလည်း တက်နိုင်တဲ့သူ
ကိုယ့်အပေါ်ကိုလည်း သူတပါးတက်ရင်လည်း ခံနိုင်မယ့်သူတွေ
ရှိဖို့လိုအပ်ပါတယ်။
ဒါ့အပြင်
အားလုံးအပေါ်ကို ကျော်ခွတက်ပြီး
သွက်လက်ပေါ့ပါးစွာနဲ့
တိုင်ထိပ်အထိ ရောက်အောင် မကြောက်မရွံ့နဲ့
တိုင်ထိပ်က အလံကို ယူရဲမယ့်သူလည်း ရှိရဦးမှာပါ။
ဒီနေရာမှာ ပြောချင်တာက
အောက်ဆုးံကလူအနေနဲ့ အနာခံထားရသလို
ထိပ်ဆုံးကို တက်တဲ့သူအနေနဲ့ကလည်း ပြုတ်ကျခဲ့ရင် သေသွားနိုင်ပါတယ်။
ဒါပေမယ့်..
ဒါတွေကို ထည့်မတွက်ကြပဲ
အသင်းအဖွဲ့ အောင်နိုင်ရေးအတွက်သာ အဓိကထားရင်း
သူ့နေရာနဲ့သူ တာဝန်ကျေပွန်ရင်းနဲ့
အလံကို ရယူဖို့ကိုသာ
ကြိုးစားအားထုတ်ကြတဲ့ ကစားနည်း တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။
ဒါကတော့ မြန်မာရိုးရာ အားကစားနည်းထဲက ချောတိုင်တက်ပွဲ အကြောင်းပါ။
အဲဒီလိုပဲ..
စာရေးသူပြောချင်တာက ချောတိုင်တက်ပွဲနဲ့ တူတဲ့
နိုင်ငံရေး အကြောင်းပဲ ဖြစ်ပါတယ်။
နိုင်ငံရေး ဆိုတာ တကယ်တော့
ပရဟိတ. လုပ်ငန်းတစ်ခုလို့ ဆိုရင် ပိုပြီးတော့ မှန်ပါလိမ့်မယ်။
စုတ်ပြတ်သတ်သွားတဲ့ နိုင်ငံကြီးကို ပြန်လည်ကောင်းမွန်လာစေဖို့
မိမိတို့ လူမျိုးတွေ လူတန်းစေ့ နေနိုင်လာစေဖို့အတွက်
အစိုးရရဲ့ မတရားမှု့တွေကို ဖော်ထုတ်ပြောပြရင်း
အခန့်မသင့်ရင်..
အဖမ်းခံရနိုင်သလို ထောင်လည်း ကျနိုင်ပါတယ်။
နိုင်ငံရေး သမားအများအပြားဟာလည်း
အာဏာရှင် အစိုးရ အဆက်ဆက် လက်အောက်မှာ ထောင်ကျခဲ့ကြတာလည်း
အားလုံးအသိပါ။
နိုင်ငံရေး လုပ်လို့ တိုက်ဆောက် ကားစီးပြီး ချမ်းသာသွားကြတာ
တကယ့်နိုင်ငံရေးလောကမှာ မရှိပါဘူး။
သူထူးချွန်တဲ့အသက်မွေးဝမ်းကျောင်း ပညာကြောင့်သာ
ချမ်းသာချင် ချမ်းသာမှာပါ။
အဲဒီ..
ချမ်းသာတာတွေ ဆင်းရဲတာတွေကို အသာထားလို့..
နိုင်ငံရေးနဲ့ ပက်သက်ပြီး NLD ပါတီကို ဝင်ရောက်လာနေတဲ့
အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ပက်သက်ပြီး ပြောချင်ပါတယ်။
အဲဒါကတော့..
မလိုသူတွေ ဖွနေတဲ့
ပါတီဝင်ဟောင်းတွေက ဘယ်လို အနစ်နာခံခဲ့ရတာ။
မိုးကျရွှေကိုယ်တော်တွေ ဝင်လာတဲ့ အတွက်
ပါတီဝင်ဟောင်းတွေ ဖြစ်သင့်တဲ့ အမတ်နေရာတွေကို
မိုးကျရွှေကိုယ်တော်လို လူတွေက ရယူသွားမှာ။
ဒါ့ကြောင့်..
ပါတီဝင်ဟောင်းတွေက မကျေနပ်ကြဘူး။
အချို့ဆိုရင် ထွက်မယ် ပြုမယ်တွေတောင် ဖြစ်နေပြီလို့
လိမ်လည်ရေးသားနေတဲ့ အကြောင်းပါ။
အဲဒီလို ရေးနေတဲ့ သူတွေက နိုင်ငံရေးရဲ့ အကြောင်းကို နားမလည်ပဲ
အဘတွေ နေရာမြဲဖို့ NLDကို သွေးခွဲ ဖို့ပဲ သိမှာပါ။
တကယ်တော့..
ကျွန်တော် အပေါ်မှာ ရေးခဲ့သလို နိုင်ငံရေးသမားစစ်စစ်က
နိုင်ငံနဲ့ လူမျိုးကောင်းစားရေးကိုပဲ ကြည့်တဲ့ ပရဟိတ သမားစစ်စစ်ဆိုရင်
မမှားပါဘူး။
သူတို့..
ချမ်းသာချင်ရင် စီးပွားရေး လုပ်ကြမှာပေါ့။
မလိုသူတွေ ရေးသလို
တလျှောက်လုံးအနစ်နာခံခဲ့တဲ့ သူတွေဆိုရင်လည်း
ဘယ်သူက ဘယ်လိုလုပ်တယ်
ဘယ်လိုအနစ်နာခံခဲ့တယ်ဆိုတာ
အားလုံးသိပြီးသားတွေပါ။
မဟုတ်တာတွေ လျှောက်ရေးနေသူတွေရဲ့
သွေးကွဲစေချင်တဲ့ အရေးအသားအတိုင်း
အဲဒီလို နေရာယူချင်သူတွေ ရှိခဲ့မယ်
ထွက်မယ်ဆိုရင်လည်း ...
ပါတီကြီးမှာ လူသန့်သွားတယ်လို့ပဲ ပြောကြမှာပါ။
ပါတီမှာ အနစ်နာခံပြီး လုပ်ခဲ့တဲ့သူတွေ တော်တော်များများဟာ
နာမည်ကြီးချင်လို့ ချမ်းသာချင်လို့ နေရာရချင်လို့ လုပ်နေတဲ့သူတွေ
အရမ်းကိုပဲ နည်းလွန်းပါတယ်။
နိုင်ငံနဲ့ လူမျိုးကို အာဏာရှင်လက်အောက်က လွတ်မြောက်စေလိုတဲ့
စိတ်ရှိတဲ့သူတွေသာလျှင် များတာပါ။
သူတို့စိတ်ထဲမှာ ပါတီအောင်နိုင်ရေးပဲ ရှိသလို
ဥပမာပေးရရင် ..
ချောတိုင်တက်ပွဲက အလံရချင်တဲ့ စိတ်ထားမျိုးပဲ ရှိတဲ့သူတွေ များပါတယ်။
NLD အမတ်ဖြစ်လို့ ချမ်းသာမှာလား။
ဘယ်လိုမှ မချမ်းသာနိုင်ပါဘူး။
ဘာလို့လဲ။
ပိုင်ဆိုင်မှု့ တင်ပြရမယ်ဆိုတာ အားလုံး သိပြီး ဖြစ်လို့ပါ။
ဒါဆိုရင်..
အမတ်အဖြစ်လျှောက်တဲ့ သူတွေဟာ ဘာနဲ့တူသလဲ။
တိုင်ထိပ်ကို တက်ပြီး အလံယူတဲ့ သူနဲ့ တူပါတယ်။
အခန့်မသင့်ရင် ဘာဖြစ်နိုင်တယ်ဆိုတာ
၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့
နောက်ဆက်တွဲ ဖြစ်ရပ်တွေက သက်သေခံပြီးသားပဲ ဖြစ်ပါတယ် ။
ဒီလိုဖြစ်ရပ်တွေ ရှိရဲ့သားနဲ့
NLD အမတ်အဖြစ် ဝင်ရောက် အရွေးခံမယ်ဆိုတဲ့ သတ္တိတွေကို
မလေးစားပဲ မနေနိုင်ပါဘူး။
ဒါ့ကြောင့်..
ရဲရဲဝံ့ဝံ့နဲ့ မကြောက်မရွံ့ အလံတက်ယူကြမယ့် အမတ်လောင်းတွေနဲ့အတူ
အလံရအောင် ပံ့ပိုးကူညီကြမယ့်သူတွေအားလုံးကို လေးစားမိပါတယ်။
ဒါ့အပြင် ..
အသင်းအဖွဲ့ အပေါ် ခင်မင်တွယ်တာတဲ့စိတ်
နိုင်ငံနဲ့ လူမျိုးတိုးတက်စေချင်တဲ့စိတ်တွေကို အရင်းခံပြီး
အသင်းအောင်နိုင်ဖို့
အလံရဖို့ တစ်ခုပဲ စိတ်ထဲမှာထားရင်း
သူ့အပေါ်ကို ဘယ်နှစ်ယောက်ပဲတက်တက်
တိုင်ခြေရင်းကို တင်းတင်းဖက်ရင်းနဲ့
အံကြိတ်ရင်း တောင့်ခံထားမယ့် သူတွေကိုလည်း
ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးနဲ့ ဂုဏ်ပြုရင်း
ရိုသေလေးစားစွာဖြင့် ဦးညွတ်လိုက်ပါတယ်။
အလံကို ထိပ်ဆုံးလူလက်
ထိလုလုအချိန်..
ချောတိုင်ရင်းကို တင်းတင်းဖက်ထားတဲ့
အောက်ဆုံးလူ ပခုံးသားမျိုး
ဒို့နှလုံးသားတွေ သန်မာစမ်းပါရစေ။
အားလုံးပဲ နားလည် နိုင်ကြပါစေလို့ ဆုတောင်းရင်း
ဘုန်းထက်ကြယ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။