Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 17, 2015

Slash နဲ့ သူ့ ဆစ်ကနေချာ ဦးထုပ်



Slash နဲ့ သူ့ ဆစ်ကနေချာ ဦးထုပ်
--------------------------------

တကယ်လို့များ ခင်ဗျားဟာ ဂီတလောကထဲမှာ အခြေချဖို့ မျှော်လင့်တယ်ဆိုပါစို့ အနည်းဆုံးတော့ ဂီတနဲ့ပတ်သက်တဲ့ ပါရမီအခံရှိဖို့ လိုအပ်ပါလိမ့်မယ်။ အဲအချက်တခုထဲနဲ့တင် ပြည့်စုံလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ စတိုင်ရှိမှ စတားဖြစ်တယ် ဆိုတဲ့ စကားအတိုင်း လိုအပ်တာ နောက်တခုက လူအများက စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ဖို့အတွက် ထွင်ထားတဲ့ ဒါမှမဟုတ် သီးခြားပြုလုပ်ထားတဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခု ရှိရလိမ့်မယ်ထင်ပါတယ်။ ဥပမာ ဂျွှန်လင်နွင်လို့ဆိုလိုက်တာနဲ့ သူရဲ့  ထူးခြားတဲ့ ဆစ်ကနေချာ (ဝါ) ကိုယ်ပိုင်အမှတ်တံဆိပ်ဟာ ဝိုင်းစက်နေတဲ့ မျက်မှန်လို့ဆိုရမှာပါ။ အဲ့ဒီမျက်မှန်သာ မပါခဲ့ရင် ဂျွှန်ဟာ သူလို ကိုယ်လို မျက်နှာပေါက်မျိုးပဲ ဖြစ်နေလိမ့်မယ်ထင်ပါတယ်။ KISS အဖွဲ့ ဆိုရင်လည်း မျက်နှာမှာဆေးချယ်ခြင်းဟာ သူတို့ရဲ့  ကိုယ်ပိုင်အမှတ်အသားလိုပါပဲ။ Slipknot တို့ဆိုရင်လည်း မျက်နှာဖုံးစွပ်တွေနဲ့ အကျီဆင်တူဝတ်ခြင်းဟာ သူတို့ရဲ့  အမှတ်အသားတွေပေါ့။ စသဖြင့် ..

ခုလို ဆူပါစတားတွေဟာ သူတို့ရဲ့  ကိုယ်ပိုင်အမှတ်အသားတွေကို တမင်သက်သက်ဖန်တီးလုပ်ယူထားတာရှိသလို ၊ အားနည်းချက်တခုခု ဒါမှမဟုတ် လိုအပ်ချက်တခုခုကြောင့် ဖြစ်ပေါ်လာရတာတွေလည်း ရှိပါတယ်။ ဥပမာ တခြားမကြည့်ပါနဲ့ - အင်္ဂလန်ဖွား အထင်ကရ ရော့ခ်ဂစ်တာ နတ်ဘုရားတပါးဖြစ်တဲ့ Slash ဘာလို့ ဦးထုပ်မြင့်ဆောင်းလည်းဆိုတဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာပေါ့။

ဆလက်ရှ်ရဲ့  စတိုင်ဟာ ပြီးခဲ့တဲ့ အနှစ် ၃၀ လောက်ထဲက ခုချိန်ထိကို သိသိသာသာပြောင်းလဲသွားတယ်ဆိုတာမရှိသေးပါဘူး။ အဲလောက် ပြီးပြည့်စုံပြီး တအားမိုက်နေတဲ့စတိုင်ကို ခင်များဆိုရင်ကော ပြောင်းအုံးမှာလား? ကြည့်အုံးလေ သားရေဘောင်းဘီအကျပ်၊ လိုက်ကာခန်းစည်းလို ရှုပ်ထွေးခွေလိပ်နေတဲ့ ခြုံပုတ်လိုဆံပင်ရှည်၊ နေကာမျက်မှန်၊ ဦးထုပ်မြင့်နဲ့ မီးမသေတဲ့ စီးကရက်ကို အပီအပြင်ခဲထားပြီးတော့ ခင်များတို့ နားစည်တွေ ပေါက်ထွက်မတတ် ချိုမြိန်စူးရှနေတဲ့ မှော်ဝင်ဂစ်တာသံတွေဖန်တီးပေးမယ့် ပျားရည်ရောင် Les Paul ဂစ်တာကြီးလွယ်လို့ပေါ့။

ဆလက်ရှ်ရဲ့  ဆစ်ကနေချာလို့ ပြောကျတဲ့ ဦးထုပ်မြင့်ဆောင်းထားတဲ့ သူ့ကိုယ်ပိုင်အမှတ်အသားဟာ တခုခုကို ဖုံးကွယ်ဖို့အတွက် ဖြစ်လာရတယ်ဆိုရင် ခင်များတို့ ယုံပါ့မလား?

Guns N' Roses တို့ဖြစ်တည်မှုရဲ့  ပထမ သုံးနှစ်တာကာလမှာ ဆလက်ရှ်ဟာ လူသားလား၊ ဆံပင်ဖွာလန်ကြဲနဲ့ သက်ရှိအရုပ်တစ်ရုပ်လားဆိုတာကို တစ်ယောက်မှသေချာ သတိထားမိပုံတောင် မပေါ်ပါဘူး။ တကယ့်အဖြစ်အပျက်ကတော့ ...

အားလုံး သိကျတဲ့ အတိုင်းပဲ ဆလက်ရှ် အမေဟာ အနုပညာရှင်တွေကို ဝတ်ဆုံချုပ်ပေးတဲ့ ဖက်ရှင်ဒီဇိုင်နာတယောက်ပါ။ ရင်ဂိုစတား၊ ဂျွှန်လင်နွင်နဲ့ ဒေးဗစ်ဘိုဝီတို့ဟာ သူမရဲ့  ဖောက်သည်တွေပေါ့။ ဆလက်ရှ်ဟာ ငယ်စဉ်ကထဲက ကျော်ကြားတဲ့ သူတွေကြားထဲ ကြီးပြင်းလာရသူဖြစ်ပေမယ့် လူတွေရှေ့ ကျရင် အံ့သြစရာကောင်းလောက်အောင် ရှက်ကြောက်စိုးရိမ်တတ်ခဲ့ပါတယ်။ ပြီးတော့ သူ ငယ်ငယ်က မိခင်ဖြစ်သူဟာ ဒေးဗစ်ဘိုဝီနဲ့အတူ အခန်းထဲမှာ အဝတ်ဗလာမဲ့နေတဲ့ အခိုက်အတန့်မျိုးတွေ သူကြုံခဲ့ရသေးတယ်လေ, ချိနဲ့နေတဲ့ သူရဲ့ စိုးရိမ်သောကစိတ်တွေကို ကျော်လွှားဖို့ရာအတွက် ဆလက်ရှ်အတွက် အဆင်ပြေမယ့်နည်းလမ်းတခုလိုခဲ့တယ်။ အဲ့ဒါဟာ သူ့ကို ဦးထုပ်မြင့် ဆောင်းဖို့ ဖြစ်စေခဲ့တော့တယ်။

အေပီသတင်းဌာနရဲ့  အင်တာဗျူး တခုမှာတော့ ' ဦးထုပ်ကို အောက်ကို ဆွဲချထားပြီးတော့ ခင်များ မျက်နှာပေါ်မှာ ဆံပင်တွေ ချထားလိုက်မယ်ဆိုရင် မျက်နှာကို ကွယ်ထားလို့ရတဲ့ ပုံစံမျိုးပေါ့၊ လူအုပ်ရှေ့ မှာဆို ငါ အမြဲတမ်း စိုးရိမ်ပြီး စိတ်လှုပ်ရှားလေ့ရှိတယ် ၊ ခုလို လုပ်ထားလိုက်တော့ အတော်လေး စိတ်သက်သာရာ ရတယ်လို့ ခံစားမိတယ်လေ' လို့ ပြောသွားပါတယ်။

ဒါကြောင့် လူရှေ့ သူရှေ့ မှာ စတိတ်စင်ကြောက်တတ်တဲ့ ဆလက်ရှ်ကို ဦးထုပ်မပါပဲနဲ့ ရှိုးပွဲတွေမှာ မြင်ရခဲပါတယ်။ စင်ပေါ်မှာ ဦးထုပ်ကို အနည်းငယ် နိမ့်အောင်ဆောင်းထားပြီး ခြုံပုတ်လို ဖားယားချထားတဲ့ ဆံပင်ပုံစံနဲ့ သူ့မျက်နှာကို ကွယ်ဖို့ကြိုးစားနေတာဟာ တမင်တကာ စတိုင်မိုက်အောင်လုပ်နေတယ် မထင်လိုက်ပါနဲ့ သေချာတာကတော့ ခင်များတို့ကို မမြင်မိအောင် သူလုပ်နေတယ်ဆိုတာပါပဲ။

အဲ့ဒီ ဦးထုပ် ဘယ်လိုရခဲ့တယ်ဆိုတာကတော့ ၁၉၈၅ ခုနှစ်လောက်က LA မှာ ဂမ်းစ်တို့နဲ့ နယ်လှည့်ပွဲသွားတုန်းက ရှိုးပွဲညတညမှာ အမှတ်တရတခုခု ဝတ်ဖို့အတွက် သူဈေးဝယ်ထွက်ခဲ့တယ်။ အဲချိန်တုံးက ဆလက်ရှ် လက်ထဲမှာလည်း ပိုက်ဆံပြတ်နေခဲ့တယ်လေ ရှော့ပင်းထွက်တာလား အလစ်သွားသုတ်လာတာလားတောင် သူ့ကိုယ်သူ သိပ်သဲကွဲပုံမရပါဘူး။

မေးရိုစ့် လို့ခေါ်တဲ့ ဈေးဆိုင်တန်းတွေရှိတဲ့နေရာမှာ လမ်းသလားရင် စတိုးဆိုင်တဆိုင်ရဲ့  ပြတင်းပေါက်မှာ အဲ ဦးထုပ်ကို သွားတွေ့ ပြီးတော့ သဘောကျတာနဲ့ ဆိုင်ထဲဝင် ဖောရှောလုပ် တောင်ကြည့်မြောက်ကြည့်လုပ်ရင် ဒီတိုင်းကောက်ဆွဲပြီး အပြင်ထွက်လာခဲ့တယ်။ လူမိခဲ့ရင်လည်း ပိုက်ဆံပေးဖို့ မေ့သွားတယ်ပြောပြီး ပြန်ထားလိုက်မယ်ပေါ့။ တကယ်တော့ သူ့လက်ထဲမှာ ပိုက်ဆံတပြားမှ မရှိဘူး။ တယောက်မှလည်း သတိမထားမိခဲ့ကျပုံ မပေါ်ပါဘူး။ အဲဒါလည်းပြီးရော ဘေးဘက်က ဆိုင်ကို ဝင်ပြီးတော့ ခရုခွံ ခါးပတ်တခုကိုပါ ထပ်မ လာခဲ့တယ်။ အိမ်ရောက်တော့ ဦးထုပ်ပုံစံ ကြည့်ရတာ နဲနဲရိုးနေတာနဲ့ ခရုခွံ ခါးပတ်ကိုဖြတ်ပြီး ဦးထုပ်မှာ ပတ်လိုက်တော့ ခု ခင်များတို့ မြင်နေရတဲ့  ဆလက်ရှ် ဆစ်ကနေချာ ဦးထုပ်ဖြစ်လာပါတော့တယ်။

ကဲ စတိုင်ရှိမှ စတားဖြစ်မယ်တဲ့ ! ခင်များတို့ကော ဘယ်လို ဆစ်ကနေချာမျိုးတွေ သဘောကျလည်း ပြောကြည့်ပါအုံး..

ခင်သောမင်သော စကော်ပီယံများ \m/

အောက်က ကွန့်မန့်ထဲက ယူကျူ့ လင့်ခ်မှာ Slash ကြီး သူ့ ဦးထုပ်အကြောင်း ပြောသွားတာလေး ကြည့်နိုင်ပါတယ်။

ref: rolling stones, AP news, so on ...
 —

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။