Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 28, 2015

ဟယ်လိုဝင်း(Halloween )သီတင်းကျွတ်


ဟယ်လိုဝင်း(Halloween )သီတင်းကျွတ်

သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီနေ့ဟာ မြန်မာပြည်အရပ်ရပ်က ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာနေ့ ဖြစ်သလို လူကြီးသူမ ဆရာသမားနဲ့ ကျေးဇူးရှိခဲ့ဖူးသူတွေကို ရှိခိုးကန်တော့ကြတဲ့ မြန်မာပွဲတော်နေ့တနေ့လည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျေးဇူးရှိခဲ့သူတွေကို ကျေးဇူးသိတတ်ကြောင်း ပြသတဲ့ အင်မတန်လှပတဲ့ မြန်မာတို့ရဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ညအချိန်ဆိုလည်း တာဝတိံသာပြည်မှာ မယ်တော်မာယာနတ်သားကို ကျေးဇူးဆပ် တရားဟောပြီး ပြန်လာတဲ့ မြတ်စွာဘုရားသခင်ကို ကြိုဆိုတဲ့အနေနဲ့ မီးပုံးတွေ မီးတိုင်တွေ ထွန်းညှိပူဇော်ကြမှာ ဖြစ်ပြီး အမြို့မြို့အနယ်နယ်မှာ ဆီးမီးအရောင်နဲ့ လှပနေဦးမှာ အသေအချာပါ။

ဒါပေမယ့် ယဉ်ကျေးမှုများတိုးတိုက်မိခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ဆင်မြူရယ်ဟယ်တင်တန်ရေးခဲ့သလိုပါပဲ။ အရှေ့နဲ့အနောက် မတူညီတဲ့ ဓလေ့တွေကြားက တိုးတိုက်မှုတစ်ခုအဖြစ် အောက်တိုဘာလရဲ့ နောက်ဆုံးရက်တွေမှာ ကျင်းပလေ့ရှိတဲ့ အိမ်ပြန်ဝိညာဉ်တွေ ထကြွသောင်းကျန်းကြတဲ့ ဟယ်လိုဝင်းခေါ်သရဲပွဲတော်ဟာ မြန်မာပြည်ထဲကို မျက်နှာဖုံးစွပ် ၀င်ရောက်နေရာယူလာခဲ့ပါပြီ။ အထူးသဖြင့် ကြေးရတတ်အသိုင်းအ၀ိုင်းနဲ့ နိုင်ငံတကာနဲ့ဆက်ဆံမှုများတဲ့ အသိုင်းအ၀ိုင်း ကနေ စတင်ခဲ့တာဖြစ်ပေမယ့် အပျော်အပါးဆို အင်မတန် အတုခိုးလွယ်တဲ့ ကျနော်တို့ရွှေမြန်မာလူတန်းစားအသီးသီးက ဒီပွဲတော်ကို မွေးစားယူဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

မြန်မာပြည်ထဲကို ဗယ်လင်တိုင်းဒေးလို့ ခေါ်တဲ့ချစ်သူများနေ့ယဉ်ကျေးမှု ၀င်ရောက်လာခဲ့တုန်းကလည်း အခုလို တဖြည်းဖြည်းနဲ့ပါပဲ။ လှပတဲ့သစ္စာတရားကို ပြသရမယ့်ချစ်သူများနေ့ဆိုတာကို မြန်မာမှုပြုပြီးသကာလ တည်ခိုးခန်းမှာ အတူအိပ်ခြင်းနဲ့ သက်သေပြနေကြလို့ မြန်မာ့လူမှုလောကမှာ နာမည်ပျက်ရတဲ့နေ့တနေ့ ဖြစ်လာခဲ့ပါပြီ။ အဲ့သလိုပဲ ပူပြင်းတဲ့နွေရာသီမှာ တစ်ဦးအပေါ်တစ်ဦး အေးမြတဲ့အတာရေတွေ သွန်းလောင်းကြတဲ့ သင်္ကြန်ပွဲတော်ဆိုရင် နိုင်ငံခြားက ရေပါတီတစ်ခုလို Woodstock Rock ပွဲတော်လိုလို လိင်ကိစ္စသရုပ်ပြအကအလှတွေ၊ ရန်ပွဲတွေနဲ့ အနောက်တိုင်းတေးဂီတတွေကြားမှာ တိမ်မြုပ်စပြုနေခဲ့ပါပြီ။

ဝါလကင်းလွတ်သီတင်းကျွတ်မှာလည်း တရုပ်ပြည်ကကူးစက်လာတဲ့ ဗျောက်အိုးဖောက်ခြင်းနဲ့ မီးရှုးမီးပန်းရောင်စုံ လွှတ်တင်ခြင်းတွေ ခေတ်စားနေတာ ကြာပါပြီ။ တရုတ်ဥာဏ်ကြီးရှင်တွေတီထွင်လိုက်တဲ့ အရွယ်အစားအမျိုးမျိုး ဗုံးကွဲသံ လို ကျယ်လောင်တဲ့ဗျောက်အိုးမျိုးစုံနဲ့ ပွဲဆူနေခဲ့ပါပြီ။ အဆိုးဆုံးက ဆိုင်ကယ်စီးလာသူတွေထဲ ပစ်ထည့်တာ၊ လူအုပ်စုထဲ ဖရိုဖရဲဖြစ်လိုစိတ်နဲ့ ပစ်ထည့်တာအပြင် မိန်းမပျိုတွေကာယအိဒြေ္ဒပျက်အောင် အတင်းဗျောက်အိုးပစ်ထည့်တာတွေက ယဉ်ကျေးမှုတစ်ခုလို ကူးစက်ပျံ့နှံ့နေခဲ့ပါပြီ။ အချိန်တော်တော် မတော်တော် လူငယ်တွေရဲ့လွတ်လပ်ခွင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗျောက်အိုးတွေ ဖောက်ကြ၊ ဗျောက်အိုးနဲ့အပစ်ခံရသူက ပြန်ပြောရင် ရန်မူကြ၊ ဆိုင်ကယ်စီးလာသူ တွေ တိမ်းမှောက်စေတဲ့အထိ ရည်ရွယ်ပစ်ခွဲကြတာတွေလည်း ဒီညနဲ့ မနက်ဖြန်ညတွေမှာ ကြုံကြရဦးမှာပါ။
ဒါကြောင့် ပွဲတော်တစ်ခုကို တခြားတိုင်းပြည်က ယဉ်ကျေးမှုတွေ ကူးစက်လာပြီဆိုတာနဲ့ မူရင်းပွဲတော်ရဲ့ အနှစ်သာရတွေ ပျက်စီးရသလို ဘာကြောင့်ကျင်းပရသလဲဆိုတဲ့ ရည်ရွယ်ချက်တွေကိုပါ ထိခိုက်စေနိုင်တာပါ။ ဟယ်လိုဝင်းပွဲတော်ရဲ့ အရသာက တုန်လှုပ်ခြောက်ခြားမှုအပေါ် ပျော်ရွှင်ရတာ ဖြစ်ပြီး သီတင်းကျွတ်ဆိုတာ ကြည်နူးမှု၊ ကျေးဇူးတရားနဲ့ ဂါရ၀ ထားခြင်းအပေါ်မှာ အခြေခံထားမို့ ဆီနဲ့ရေပါပဲ။ ကျနော်စိုးရိမ်တာက သင်္ကြန်ပွဲတော်လို တဖြည်းဖြည်းနဲ့ အနောက်က ယဉ်ကျေးမှုတွေ တိုက်စားခံရမှာကိုပါ။ သီတင်းကျွတ်ဆိုတာ မီးပုံးထွန်းမယ် မိဘနဲ့ဆရာသမားတွေ ကိုယ့်ထက် အသက်အရွယ် ၀ါစဉ်ကြီးသူတွေကို ကန်တော့မယ်ဆိုတဲ့ အနေအထားကနေ သရဲတွေလို မျက်နှာဖုံးစွပ်ကြ၊ ချယ်သကြ တစ်ယောက်နဲ့တစ်ယောက် ခြောက်လှန့်ကြဖြစ်မှာ စိုးလို့ပါပဲ။

အင်တာနက်ထွန်းကားနေတဲ့ခေတ်ကြီးမှာ ကိုယ့်ဘက်က ယဉ်ကျေးမှုခံနိုင်ရည် မြင့်မားဖို့ လိုပါတယ်။ ကျနော့်အမြင် နိုင်ငံတကာ ပညာရပ်တွေကို အလွယ်တကူရယူမယ့်အစား အပျော်အပါး၊လိင်ကိစ္စနဲ့ မကောင်းတဲ့အကျင့်စရိုက်တွေကို ရယူသူတွေက ပိုများနေလားလို့ပါ။ နိုင်ငံရေးစနစ်ကို အပြစ်တင်နိုင်ပေမယ့် ကိုယ့်ဘာသာကိုယ် တိုးတက်အောင် သင်ယူ ဆည်းပူးတဲ့နေရာမှာ ကျနော်တို့ အားနည်းနေတာ အသေအချာပါ။ အမျိုးသားရေးတွေ မျိုးချစ်စိတ်တွေအထိ ပြောစရာ မလိုဘဲ အရှေ့တောင်အာရှက တခြားနိုင်ငံတွေလို ဘောင်းဘီဝတ် စကတ်ဝတ်ယဉ်ကျေးမှုတွေနဲ့ ကျနော်တို့ မြန်မာ့ ပုံရိပ်တွေ အထိခိုက်မခံနိုင်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အမှတ်အသား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အက္ခရာတွေနဲ့ ထည်ဝါနေပြီးသား အခြေအနေကို ကိုယ်တိုင်ဖျက်ဆီးမိမှာ စိုးတာပါ။

ဒီဆောင်းပါးကိုရေးဖို့ တိုက်တွန်းတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ နိုင်ငံတကာမှာ ပညာသင်ယူခဲ့သူ လက်ရှိမှာ လည်း မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာအထိ ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေသူ အနောက်တိုင်းယဉ်ကျေးမှု တွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်း စိုးရိမ်သလို သီတင်းကျွတ်ထက် ဟယ်လိုဝင်းပွဲတော်က ပိုခေတ်စားလာမှာကို မလိုလား ပါဘူး။ ကျနော်တို့အနေနဲ့ နိုင်ငံတကာက ကောင်းတဲ့ အသိပညာ အတတ်ပညာတွေကို အွန်လိုင်းခေတ်မှာ ရယူအသုံး ချမယ့်အစား အပျော်အပါးနဲ့ မလိုလားအပ်တဲ့ ယဉ်ကျေးမှုတွေကို အတုယူမယ် လိုက်ကျင့်သုံးမယ် ဆိုရင်တော့ မြန်မာ ဆိုတာ စကတ်အတို ရင်သားဖော်စွပ်ကျယ်ဝတ်ပြီး သနပ်ခါးလိမ်းထားသလိုပဲ ဖြစ်နေမယ် ဆိုတဲ့အကြောင်း အသိပေး လိုက်ပါရစေ။ ။

ရွှေမိုးကျော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။