Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 28, 2015

ဒေါ်လာ ၃၁ ဘီလျံတန်ဖိုးရှိ လျှို့ဝှက်ကျောက်စိမ်းလုပ်ငန်းကို ရေပေါ်ဆီ များနှင့် မူးယစ် ရာဇာများက ထိန်းချုပ်ထားဟု ဂလိုဘယ်ဝစ်တနက်စ်၏အစီရင်ခံစာသစ်က ထုတ်ဖော်

 

ဒေါ်လာ ၃၁ ဘီလျံတန်ဖိုးရှိ လျှို့ဝှက်ကျောက်စိမ်းလုပ်ငန်းကို ရေပေါ်ဆီ များနှင့် မူးယစ် ရာဇာများက ထိန်းချုပ်ထားဟု ဂလိုဘယ်ဝစ်တနက်စ်၏အစီရင်ခံစာသစ်က ထုတ်ဖော်

ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ်။ကောင်းထက်/မြန်မာတိုင်း(မ်)ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ်။ကောင်းထက်/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံတွင် ဒေါ်လာ ၃၁ ဘီလျံတန်ဖိုးရှိ လျှို့ဝှက်ကျောက်စိမ်းလုပ်ငန်းကို ရေပေါ်ဆီများနှင့်
မူးယစ်ရာဇာများက ထိန်းချုပ်ထားကြောင်း ဂလိုဘယ်ဝစ်တနက်စ် (Global Witness) ၏
အစီရင်ခံစာသစ်က ဖော်ထုတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ကျောက်စိမ်းလုပ်ငန်းကို ရေပေါ်ဆီ လူတန်းစားများ၊
မူးယစ်ရာဇာများနှင့် စစ် အစိုးရနှင့် ဆက်စပ်နေသည့် ခရိုနီကုမ္ပဏီ များက တိတ်တဆိတ်
ထိန်းချုပ်ထားကြောင်း ဂလိုဘယ်ဝစ်တနက်စ်၏ ၁၂ လကြာ အပြင်းအထန် စုံစမ်းစစ်ဆေး
မှုများက အောက်တိုဘာ ၂၃ ရက်တွင် ဖော်ထုတ် လိုက်သည်။ မြန်မာနိုင်ငံတွင် နိုဝင်ဘာ
၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနီးကပ် လာချိန်တွင် "ကျောက်စိမ်းမြန်မာနိုင်ငံ
၏ နိုင်ငံတော်လျှို့ဝှက်ချက်ကြီး'ဆိုသည့် ဤအစီရင်ခံစာသည် ပွင့်လင်းမျှတသော အနာဂတ်တွင်
အများဆုံး ဆုံးရှုံးရန်ရှိသည့် ရေပေါ်ဆီများက ဒေါ်လာသန်းထောင်ချီတန်သော တရားမ၀င်ကိစ္စများ
အတွက် သုံးရန် ထားသည့် ရန်ပုံငွေများကို လက်လှမ်းမီရရှိနေကြသည်ကိုဖော်ပြထားသည်။

မြန်မာနိုင်ငံမြောက်ဘက်ပိုင်း ကချင် ပြည်နယ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့်
အဖိုးအတန်ဆုံး ကျောက်စိမ်းများထွက်ရှိရာ ဒေသဖြစ်သည်။ ဂလိုဘယ်ဝစ်တနက်စ်၏တွေ့
ရှိချက် အသစ်များနှင့် လေ့လာသုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ ကျောက်စိမ်းထုတ်လုပ်မှုသည်
၂၀၁၄ ခုနှစ်တစ်နှစ်တည်းမှာပင်လျှင် ကန်ဒေါ်လာ ၃၁ ဘီလျံထိ များပြားကြောင်း တွေ့ရှိရသည်။ ယင်းကိန်းဂဏန်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ၏
ထက်ဝက်နီးပါး ရှိပြီး ကျန်းမာရေးအသုံးစရိတ်၏ ၄၆ ဆရှိ သည်။သို့သော် ဒေသခံပြည်သူများမှာ
အကျိုး ကျေးဇူးမခံစားရပါ။ တန်ဖိုးမှာ ကန်ဒေါ်လာ ၃၁ ဘီလျံခန့်ဖြစ်သည်။

ပွင့်လင်းမျှတပြီး ရေရှည်အကျိုး အတွက် စီမံဆောင်ရွက်ပါက အဆိုပါလုပ်ငန်းသည်
ကချင်ပြည်နယ်ရှိ ပြည်သူများ၏ ကံဇာတာကို ပြောင်းလဲပစ်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင်
ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်စေရန် တွန်းအားပေးနိုင်မည်ဖြစ်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသည့်
ပုဂ္ဂိုလ် များ၏ မိသားစုများသည် ကျောက်စိမ်း လုပ်ငန်းတွင် အဓိကလုပ်ကိုင်သူများဖြစ်ကြ
သည်။ ထို့ပြင် အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူထားသည့် မူးယစ်ရာဇာ ဝေရှောင်ခန်သည်
နာမည်ခံကုမ္ပဏီ အများအပြားမှ တစ်ဆင့် ဤလုပ်ငန်းတွင် လွှမ်းမိုး ထားနိုင်သည့်
အခန်းကဏ္ဍကို ယူထားသည်။

တစ်ချိန်တည်းမှာပင် မြန်မာစစ်တပ်ကလည်း ကိုယ်ပိုင်လုပ်ငန်းစုကြီးများမှ အမြတ်ဝေစု
ကြီးကြီးကို ရယူထားသည့်အပြင် ကချင် ပြည်နယ်အတွင်း အရာရှိများကလည်း ခြိမ်းခြောက်ငွေ
ညှစ်တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသည်ဟု အစီရင်ခံစာက ဖော်ပြထား
သည်။ "မြန်မာပြည်က ကျောက်စိမ်းလုပ်ငန်း ဟာ ခေတ်သစ်သမိုင်းမှာ သဘာဝသယံဇာတ
တွေကို အကြီးမားဆုံး ခိုးယူလုယက်မှုကြီး လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ၂၀၁၁ ကစလို့
တံဆိပ်ပြောင်းတပ်ထားတဲ့ အစိုးရက သူတို့ ဟာ အတိတ်က ရက်စက်တဲ့ စစ်အုပ်ချုပ်ရေး
စနစ်၊ ခရိုနီစနစ်နဲ့ လူ့အခွင့်အရေးချိုးဖောက် မှုစာမျက်နှာကို လှန်လိုက်တော့မယ်လို့ ကမ္ဘာကို
ကြေညာခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အဖိုးတန်ဆုံး သဘာဝအရင်းအမြစ်နဲ့ စွဲမက်စရာ
အရည်အသွေးတောက်ပတဲ့ ကျောက် မျက်ရတနာဖြစ်တဲ့ ကျောက်စိမ်းကဏ္ဍမှာတော့
လက်တွေ့အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်နေပါတယ်"ဟု ဂလိုဘယ်ဝစ်တနက်စ်၏
လေ့လာသုံးသပ်သူ ဂျူမန်ခတ်ဘာက ပြောသည်။

"ဒီလို ကြီးမားပြီး ညစ်ပတ်ထားတဲ့ လုပ်ငန်း ကို ဗိုလ်ချုပ်ဟောင်းတွေ၊အမေရိကန်က
ပိတ်ဆို့အရေးယူထားတဲ့ ဘိန်းရာဇာတွေနဲ့ သေနတ်ကိုင်ထားသူတွေက ဆက်ပြီး
ထိန်းချုပ်ထားကြပါတယ်။ နာမည်ခံကုမ္ပဏီတွေနဲ့ နာမည်ခံပိုင်ရှင် တွေရဲ့ နောက်ကွယ်
ကနေ ဒီရေပေါ်ဆီတွေ က ကြီးမားတဲ့ အမြတ်တွေကို ထုတ်ယူနေကြပါတယ်။ ဒါပေမဲ့
ဒေသခံတွေကတော့ အခွင့်အရေး ချိုးဖောက်ခံနေရပြီး သူတို့ရဲ့ သဘာဝ အရင်းအမြစ်
အမွေအနှစ်တွေက သူတို့ခြေထောက်အောက်ကနေ လုယက်ခံနေရတာကို ဒီအတိုင်း
ကြည့်နေရတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦး
ပြောသည့် 'အစိုးရ၏ နိုင်ငံတော်လျှို့ဝှက်ချက် ကြီး'တွင် ပါဝင်နေသော စုစုပေါင်းပမာဏ
သည် အံ့ဩဖွယ်ကောင်းအောင် များပြားလှ သည်။ ယခုအချိန်အထိ ကျောက်စိမ်း
ကဏ္ဍ၏ တန်ဖိုးကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။သို့သော် သုတေသနနှင့် သုံးသပ်ချက်
အသစ်တစ်ခုအရ ဂလိုဘယ်ဝစ်တနက်စ်က ခန့်မှန်းသည်မှာ တရုတ်နိုင်ငံ၏ သွင်းကုန်
အချက်အလက်များအရ ၂၀၁၄ ခုနှစ်တစ်နှစ်တည်းပင်လျှင် ကန်ဒေါ်လာ ၁၂ ဘီလျံထိရှိကြောင်း
ညွှန်ပြထားသည်။

အမှန်တကယ် လိုအပ်နေသော ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး
ဆောင်ရွက်ရမည့်အစား၊ သာမန်လူတန်း စားများအတွက် အခြေခံအဆောက်အအုံနှင့်
ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရမည့်အစား
ယင်းကြွယ်ဝမှုများကို အင်အားကြီးသော လူနည်းစုငွေရှင်ကြေးရှင်တို့က ၎င်းတို့၏
အိတ်ထဲကို ထည့်နေကြသည်ဟု အစီရင်ခံစာက ဆိုသည်။ ကျောက်စိမ်း လုပ်ငန်းသည်
ကချင်ပြည်နယ်တွင်းရှိ လူတစ်ဦးချင်းစီအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၁,၀၀၀
တန်ဖိုးနှင့် ညီမျှသော ၀င်ငွေပမာဏကို ရှာပေးနိုင်မည့် လုပ်ငန်းဖြစ်သော်လည်း ဒေသခံများက
ဤလုပ်ငန်းမှ စနစ်တကျဖယ်ထုတ်ခြင်း ခံထားရသည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမှုနှင့် သဘာဝပတ်ဝန်းကျင်အကြီးအကျယ် ပျက်စီးမှု
များသည် အလွန်မတည်ငြိမ်သည့် ဒေသတွင်း ဆူပူမှုနှင့် မကျေနပ်မှုများကို ဖြစ်ပေါ်စေသည်။
"ဒီအစီရင်ခံစာမှာ ဖော်ထုတ်လိုက်တဲ့ အခြေအနေက အလွန်ဆိုးရွားနေသလိုပဲ။ အပြောင်းအလဲ
လုပ်ဖို့ အခွင့်အလမ်းတွေ က အမှန်တကယ်ရှိနေပြီး အရေးတကြီး ဆောင်ရွက်ဖို့လည်း
လိုနေပါတယ်။ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတုန်းမှာပဲ အစိုးရတွင်း ပြုပြင်ပြောင်းလဲ
သူတွေက ပြီးခဲ့တဲ့နှစ်က သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူမှုဆိုင်ရာ ပွင့်လင်းမြင်
သာမှု ဖော်ဆောင်ရေးအစီအစဉ် အီးအိုင်တီ အိုင်မှာ လက်မှတ်ရေးထိုးခဲ့တယ်။ အီးအိုင်
တီအိုင်ဆိုတာက ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ
အဂတိလိုက်စားမှုနဲ့ အခွင့်အရေးချိုးဖောက် မှုတွေ ရပ်တန့်အောင်လုပ်မယ့် နိုင်ငံတကာ
အစီစဉ်ပါ။ အပြောင်းအလဲအတွက် အများ ယုံကြည်လက်ခံနိုင်မယ့် မူဘောင် တစ်ခုကို
အကြံပြုကမ်းလှမ်းထားပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းလုပ်ငန်းအတွက် ဒီအကြံပြုချက်
တွေကို တကယ်လို့ အာဏာပိုင်တွေဘက် က ပွင့်ပွင့်လင်းလင်းနဲ့ အပြည့်အ၀အရေး
တကြီး မဆောင်ရွက်ဘူးဆိုရင် ဒီလုပ်ငန်း စဉ်ဟာ အတုအယောင်တစ်ခုသာ ဖြစ်လာ
နိုင်ပါတယ်"ဟု ဂျူမန်ခတ်ဘာကပြောသည်။

ကျောက်စိမ်း လုပ်ငန်းသည် မြန်မာနိုင်ငံနှင့်ဆိုင်သည့် အမေရိကန်၏ နိုင်ငံခြားရေး
မူဝါဒအပေါ် အဓိက စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။ အမေရိကန်သည် သဘာဝ
အရင်းအမြစ်များ ထုတ်ယူသည့် လုပ်ငန်းတွင် မြန်မာအစိုးရနှင့် လုပ်ငန်း ဖက်တစ်ဦးဖြစ်ပြီး
အီးအိုင်တီအိုင် ကို အဓိက ထောက်ခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အမေရိကန်သည်
ယခင်အစိုးရလက်ထက်မှ စတင်ကာ ကျောက်စိမ်းကဏ္ဍအပေါ် သီးသန့်ပိတ်ဆို့မှုများလည်း
လုပ်ထားပြီး စစ်အစိုးရ၏ အကျင့်ပျက်အဖွဲ့ဝင်များ အပေါ် ငွေကြေးနှင့် အာဏာများ မရောက်
ရှိစေရန်ဖြစ်သည်။သို့သော် အစီရင်ခံစာက ဖော်ပြနေသည်မှာ ယင်းပုဂ္ဂိုလ်များသည်ပင်
ယနေ့ ကျောက်စိမ်းလုပ်ငန်းကို လွှမ်းမိုးချုပ် ကိုင်ထားကြပြီး မူးယစ်ဆေးဝါးလုပ်ငန်းတွင်
ပါဝင်မှုကြောင့် အမေရိကန်က ပိတ်ဆို့ အရေးယူထားသော အခြားနာမည်ကြီး ပုဂ္ဂိုလ်များ
လည်း ပါဝင်သည်။

ဂလိုဘယ်ဝစ်တနက်စ်၏ အကြံပြုထောက် ခံသည့်အချက်မှာ အမေရိကန်အပြင်
မြန်မာနိုင်ငံ၏ အခြားသောလုပ်ငန်းဖက် များသည် ပိတ်ဆို့မှု လျှော့ချရေးနှင့်
အနာဂတ်အတွက် ထောက်ပံ့ကူညီမှုများ အတွက် ကျောက်စိမ်း လုပ်ငန်းတွင်
ပြုပြင် ပြောင်းလဲမှုများကို စံသတ်မှတ်ချက်တစ်ခု အဖြစ် ထားရှိသင့်ကြောင်း၊
ယင်းသို့ ပြုလုပ် ရာတွင် ထိန်းချုပ်မှုနှင့် အကျိုးအမြတ်များ ကို ကချင်ပြည်နယ်နှင့်
သာတူညီမျှခွဲဝေ သုံးစွဲရန် ဦးစားပေးသင့်ပြီး ဤလုပ်ငန်း အပေါ် မြန်မာပြည်သူ
လူထုထံသို့ တာဝန်ခံမှု ပြုရမည်တို့ဖြစ်သည်။

"ဒီအစီရင်ခံစာမှာ နာမည်တပ်ဖော်ပြ ထားတဲ့ လူပုဂ္ဂိုလ်တွေအပေါ် အမေရိကန်က
ပိတ်ဆို့ထားတာတွေ၊ သယံဇာတအရင်းအမြစ် ထုတ်ယူမှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေးတွေမှာ
အမေရိကန်က ဦးဆောင်ပါဝင်နေတာတွေက ကျောက်စိမ်းလုပ်ငန်းကနေ ရေပေါ်ဆီ၊ ခရိုနီနဲ့
မူးယစ်ရာဇာတွေကို ဆွဲ ထုတ်ဖို့ အမေရိကန်အတွက် ထူးခြားတဲ့ အခြေ အနေတစ်ရပ်ကို ဖန်တီးပေးထားသလို ဖြစ်ပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲကနေ ထွက်လာမယ့်အစိုးရသစ်နဲ့
ပူးတွဲဆောင်ရွက် တဲ့အခါ ဒီအချက်ကို အမေရိကန်က ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်"ဟု
ဂျူမန်ခတ်ဘာက ပြောကြားခဲ့သည်။

Print

ချမ်းမြထွေး | Wednesday, 28 October 2015

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။