အရှုံးကို ရိုးသားစွာ ရင်ဆိုင်လိုက်ခြင်းဟာ ပန်းများကိုပွင့်စေခြင်းပါပဲ
|| မင်းဒင် ||
* (တစ်) *
ဒီမယ်ဆရာရဲ့။ ကျုပ်စကားနည်းနည်း ပြောပါရစေ။ ဟမ်၊ ဆရာမဟုတ်ဘူး။ ငါက
ဗိုလ်ချုပ်ဟောင်း ဟုတ်လား။ ခက်ပါ့ကွာ။ ကျုပ်ပြောတဲ့ ဆရာဆိုတာ ဒုတပ်ကြပ်ကို
ရည်ညွှန်းတာ မဟုတ်ဘူးလေ။ အနန္တောအနန္တ ဂိုဏ်းဝင်စာရင်းသွင်းပြီး ဆရာလို့
တလေးတစား နာမ်စားသုံးလိုက်တာလဟ ။
မင်းတို့ဟာလေ၊ အဘ၊ အဘလို့ အခေါ်ခံရတာကို၊ ဘဝင်လေဟပ်ပြီး ကိုယ့်ကိုယ်
ကိုယ် လောကသုံးပါးရဲ့ ကျေးဇူးရှင်ကြီးတွေလို့ ထင်တလုံးဖြစ်နေတဲ့ သောက်ကျင့်က
အခုထက်ထိ မပျောက်ချင်သေးပဲကိုး။ မင့်ဟာ ဗိုလ်ချုပ်ဟောင်း လို့သာ ဆိုတယ်။ လူကြားထဲတောင် ရဲရဲတိုးဝံ့တော့လို့လား။
မင့်စည်းစိမ်အကြောင်း ထည့်မပြောနဲ့။ သမ္မာအာဇီဝနည်းနဲ့ ရှာဖွေထားတာ မဟုတ်လို့
နေ့စဉ်နဲ့အမျှ သံတွေသံခဲ မျိုချရသလို ဖြစ်နေတာလည်း သတိထားဦး ။
ဟော၊ မင်းနဲ့ငါနဲ့ ပြောပြန်တော့ မျက်နှာက ရှစ်ခေါက်ချိုး ဖြစ်ပြန်ပြီ။ မင်းထက်
ရာထူးကြီးတဲ့ ဗိုလ်ချုပ်ကြီးတွေတောင် ငါနဲ့ တစ်နှစ်တည်း ဆယ်တန်းအောင်ခဲ့တဲ့
ကောင်တွေပါကွာ။ ငယ်ငယ်တုန်းက ငါလို အညာသား ငနုံငအလောက်တောင်
သောက်ဖြစ်ရှိတဲ့ ကောင်တွေ မဟုတ်ပါဘူး။ ကဲပါ။ မင်းရောငါပါ အသက်အရွယ် အားဖြင့် ခြောက်ဆယ်တန်းတွေ ဆိုတော့ ငယ်မူငယ်သွေး အခေါ်အပြောလေးတွေ ကို အောက်မေ့တသတဲ့ အနေနဲ့ မင်း၊ငါဆိုတဲ့ အသုံးအနှုန်းနဲ့သာ ပြောပါရစေတော့။
မင်းက ဒုံးသိပ်ဝေးလွန်းတော့ စကားပလ္လင် ခံရတာနဲ့တင် လိုရင်းမရောက်ဘဲ အတော်
အာပေါက်နေပြီကွာ။ ဒါပေမဲ့ သေရေးရှင်ရေးကိစ္စမို့ အာပေါက်ရုံမကလို့ ဟောနေရင်း
မတ်တတ်က ပျံလွန်တော်မူရမယ် ဆိုရင်တောင် မဖြစ်မနေပြောရမယ့် ကိစ္စဖြစ်နေ တယ်ဟေ့ ။
* (နှစ်) *
တကယ့် သေရေရှင်ရေးပါ သူငယ်ချင်း။
တိုင်းပြည်နဲ့ လူမျိုးအတွက် သေရေးရှင်ရေးကိစ္စ ဖြစ်ရုံတင်မကဘူး။ မင်းတို့ငါတို့ ဘဝအတွက်တင်မက နောင်လာမယ့် မင်းတို့ငါတို့ရဲ့ မျိုးဆက်သစ်တွေ အတွက်ပါ သေရေးရှင်ရေး ဖြစ်နေလို့ပါကွာ ။
အခု မင်းက ဗိုလ်ချုပ်အရေခွံ ချွတ်တာ နှစ်ရက်တစ်ပိုင်းတောင် မပြည့်သေးဘူး။
အစိမ်းရောင်ပါတီကြီးကနေ အမတ်လောင်းအဖြစ် ဝင်ပြိုင်တော့မှာ မဟုတ်လား။
တကယ်တော့ မင်းတို့လုပ်သမျှ လုပ်ရပ်အားလုံးဟာ တုတ်ကို ခုန်ခုန်တိုးပြီး လူထုချဉ်ဖတ် မဖြစ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အားထုတ်နေကြတာ များလားကွာ။
မင်းတို့ ဗိုလ်ချုပ်ဟောင်းတွေ အဲဒီပါတီကြီးထဲ အကုန်စုပြုံဝင်ပြီး အမတ်ရူး ရူးကြတော့
မင်းတို့စစ်တပ်ဟာ အဲဒီပါတီကြီးနဲ့ တစ်ကျိတ်တည်း တစ်ဥာဏ်တည်း ပုလင်းတူဘူး ဆို့ဆိုတာ ပိုထင်ရှားနေတာပေါ့။ မင်းတို့စစ်တပ်က အဲဒီပါတီကို နောက်ကွယ် ကနေ အခိုင်အမာ ကျောထောက်နောက်ခံ ပေးထားတယ် ပြောရင်လည်း မင်းတို့ အနာပေါ် တုတ်ကျကြဦးမယ်။ တကယ်တော့ အဲဒီ အစိမ်းရောင်ပါတီကြီးဟာ တိုင်းပြည် ဘဏ္ဍာငွေတွေကို ပုံအောအသုံးချပြီး လူမှုရေးအသင်းပုံစံနဲ့ စဖွဲ့ခဲ့တာပါကွာ။ မင်းတို့ လုပ် ပေါက်က ရပ်ကွက် ဆွမ်းလောင်းအသင်း ဓမ္မာရုံကို မောင်ပိုင်စီးပြီး ကိုယ်ပိုင် ဘီယာ စတေရှင် ဖွင့်သလိုပါပဲ။
ထားပါလေ။ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ရှုကြရအောင်။ အခုမင်းက အမတ်လောင်းအဖြစ်
ရွေးကောက်ပွဲ ဝင်မယ်ဆိုတော့ နိုင်ငံရေးမှာ မင်းတတ်တာဆိုလို့ ဟုတ်ဟုတ်ငြားငြား
ဘာများရှိလို့တုံး။
သြ၊ စိတ်ဆိုးသပေါ့။ မင်းပြောတဲ့ မဲဆွယ်မိန့်ခွန်းကို မင်းကိုယ်တိုင် ပြန်နားထောင်ကြည့်လေ။ အမှန်တော့ မင်းဟာက မိန့်ခွန်းပြောတာ
မဟုတ်ပါဘူးကွာ။ ကြိုပြီးရေးလာတာကို ဖတ်ပြတဲ့ (ပါတာဖတ်) ပါ။ ဒါတောင် မင်းမှာ
အသံနေ အသံထား မှန်အောင် မဖတ်နိုင်ရှာဘူး။ နောက်ပြီး မင်းပြောပေါက်တွေကို
ကြည့်ဦး။ ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်ပေးမယ်။ လမ်းတွေ ဖောက်ပေးမယ်လို့
ကတိပေးသတဲ့။ ခက်တော့နေပါပြီ။ ဒါတွေကို အခုမှ ကယောင်ကတမ်း
ထပြောအောင် မင်းတို့ စစ်အစိုးရ နှစ်ပေါင်းငါးဆယ်ကျော် အာဏာယူထားတုန်းက
အဲဒါတွေ လုပ်မပေးဘဲ ဘယ်သွား အလေလိုက်နေကြသတုံးဟင်။ နောက်ပြီး
အဲဒါတွေ လုပ်ပေးမှာက မင့်အိတ်ကပ်ထဲက ပိုက်ဆံတွေထုတ်ပြီး
လုပ်ပေးမှာလားဟင်။
* (သုံး) *
ပြောပြမိလို့ ဒေါတော့မပွလေနဲ့ သူငယ်ချင်း။
မင်းမဲဆွယ်ပွဲကို တက်မယ့်သူမရှိလို့ နေ့တွက်ကြေး ငါးထောင်ပေး၊ ထမင်းထုပ်၊ ဆိုင်ကယ်ဆီဘိုး၊ ဦးထုပ်အလံတွေ အလကားဝေပြီး အစည်းအဝေး ဇွတ်တက်ခိုင်းလို့ တက်လာကြတာ မင်းတို့ကို ချစ်လို့များ ထင်နေရော့သလား။ မင်းပြောတဲ့ မဲဆွယ်မိန့်ခွန်းကို ဝင်းတံခါးပိတ်ထားလို့ အောင့်အည်းသည်းခံ နားထောင်နေတဲ့ ပရိသတ်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုများ ရှိကြမလဲတော့ မဆိုနိုင်ဘူး။ ဒါပေမဲ့ ငါကတော့ မင်းမြတ်မောင်ဆိုတဲ့
ငါ့မိတ်ဆွေ တစ်ယောက် သူ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးတင်ထားတဲ့ ဟာသ စတေးတပ်လေး တစ်ပုဒ်ကို ချက်ချင်း ပြေးသတိရမိတာပါပဲ။
မင်းနားလည်လွယ်အောင် အတိုချုံ့ပြီး ပြန်ရေးပြရရင်……
အမတ်လောင်းအဖြစ် တာဝန်ပေးခံရတဲ့ ဗိုလ်ချုပ်တစ်ယောက်ဟာ ဘယ်တုန်းကမှ စကား ရှည်ရှည် မပြောခဲ့ဖူးတော့ ဘယ်လို မဲဆွယ်တရား ဟောရမှန်း မသိရှာဘူး။ ယူနီဖောင်း ချွတ်ပြီး ပုဆိုး၊ တိုက်ပုံ၊ ခေါင်းပေါင်း ဝတ်ပေမယ့် မဲဆွယ်တရားဟောဖို့ အခက်အခဲဖြစ်နေတဲ့ ဗိုလ်ချုပ်ခမျာ ကြံရာမရတော့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေကို မိန့်ခွန်းရေးပေးနေ တဲ့ နိုင်ငံခြားသား နိုင်ငံရေး ပညာရှင်တစ်ယောက်ကို ငှားလိုက်ရတယ်။ ဒီတော့ အဲဒီမိန့်ခွန်းရေးပေးဖို့ အငှားခံ ရတဲ့ နိုင်ငံခြားသားက မြန်မာလိုတစ်လုံးမှ မတတ်လေတော့ ဟောနည်းပြောနည်း အတိုချုပ်ကိုသာ သင်ပေးလိုက်ရသတဲ့ကွာ။
သူသင်ပေးလိုက်တဲ့ အချက်တွေကတော့ …
"မဲဆွယ်တရား ဟောတယ်ဆိုတာ ရှည်ရှည်ဝေးဝေး ပြောစရာမလိုဘူး၊
ကိုယ်ဘာလိုချင်တယ် ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရမယ်။"
"နောက်တစ်ချက်အနေနဲ့၊ လူတွေဟာ ဟန်ဆောင်ဖုံးကွယ်တာ မကြိုက်ဘူး၊
ကိုယ့်ရင်ထဲက စိတ်ဆန္ဒကို အမှန်အတိုင်းပြောရမယ်"
"ပြီးတော့ အိုက်တင်တွေထုတ်ပြီး အမူအရာလုပ်စရာ မလိုဘူး၊ ရိုးရိုးသားသား
ပြောဆိုတတ်သူကို လူတွေ သဘောကျတယ်" စသည်ဖြင့်ပေါ့ကွာ……
ဒီမှာတင် အမတ်လောင်း ဗိုလ်ချုပ်စိတ်ထဲမှာ အိုကေပြီ၊ ဒီလိုဆိုတော့ မဲဆွယ်
ဟောပြောတယ်ဆိုတာ ဘာမှ မခက်ခဲပါလားဆိုပြီး ဟောပြောပွဲ စင်မြင့်ပေါ်ကို
ရဲရဲဝံ့ဝံ့ ရင်ကော့ တက်လာခဲ့တယ်။ စင်ပေါ်လည်းရောက်ရော မိုက်ကရိုဖုန်းရှေ့မှာ
ခါးထောက် ရပ်လိုက်ပြီး
"ဟေ့ကောင်တွေ၊ မင်းတို့အားလုံး ဟောပြောပွဲမပြီးခင် ထပြန်ရင် ယီးပဲ၊
ငါပြောတာ သေသေချာချာ နားထောင်စမ်း၊ ရွေးကောက်ပွဲမှာ ငါ့ကိုမဲပေး၊ ငါတို့ကိုပဲ မဲပေး၊ ငါ့ဆီက နေ့တွက်ပိုက်ဆံယူပြီး ငါပြောသလို မလုပ်တဲ့ အကုန်ပါးရိုက်ပြီး ထောင်ထဲ ထည့်မယ်၊ နားလည်လား၊ ကဲ တန်းဖြုတ်၊ တစ်ယောက်ကို ဒံပေါက်တစ်ထုပ်ထက် ပိုယူတဲ့ကောင်ကို နားရင်းအုပ်မယ်၊ ကြားလား သွားနိုင်ပြီ" လို့ ပြတ်ပြတ်သားသား
ပြောကြားလိုက်ပါရောတဲ့ကွာ။
* (လေး) *
ဒီလိုသောက်ရမ်း ပဒဲကောအဖြစ်တွေဟာ မင်းတစ်ယောက်တည်း ကြုံနေရတာ မဟုတ်ပါဘူး။ မင်းတို့တပ်ထွက် ဗိုလ်ချုပ်အားလုံး နီးပါးပါပဲ။ မင်းတို့ဟာ လူလိုသူလို ဟောဖို့ပြောဖို့လည်း မတတ်သလို တိုင်းပြည် ကောင်းရာကောင်းကြောင်း အတွက်လည်း ဘာတစ်ခုမှ လုပ်တတ်တဲ့သူတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီ လမ်းကြောင်းပေါ် တက်ခဲ့ပါပြီဆိုတဲ့ လွန်ခဲ့သော ငါးနှစ်တာကာလမှာ မင်းတို့ ဆရာ့ဆရာကြီးတွေ ဘာတွေ စွမ်းစွမ်းတမံ လုပ်သွားနိုင်သလဲဆိုတာ သေချာ ပြန်စဉ်းစား ကြည့်ပါ။
ကမ္ဘာ့လှည့်ငွေချေး၊ လည်ပင်းနစ်နေတဲ့ ကြွေးမြီတွေကို လျှော်ပေးဖို့၊ နိုင်ငံတကာကို မျက်နှာချိုသွေး၊ ရှိသမျှ သယံဇာတတွေကို အရှိန်အဟုန်မပျက် ဆက်ရောင်း၊ တရုတ်ကို
ဖင်ပေးပေါင်း၊ လယ်တွေသိမ်း ယာတွေသိမ်း၊ နေစရာမရှိတဲ့ သူတွေရဲ့ တဲအိမ်တွေကို
ဘူဒိုဇာနဲ့ထိုး၊ စစ်ဗိုလ်တစ်မတ်သားက၊ လွှတ်တော်ထဲ ဇွတ်ဝင်ထိုင်ပြီး အိပ်ငိုက်၊
အမေ မှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲ ဆိုသလို လူထုအတွက်အကျိုးရှိမယ့် အဆိုတွေ ကို အိပ်ချင်မူးတူး ဇွတ်အတင်းပယ်ချ၊ အချင်းချင်း ခွက်စောင်းခုတ်။
မင်းတို့ ဒါပဲတတ်တယ်လေ။
ကမ္ဘာကြီးအကြောင်းကို မင်းတို့ နကန်းတစ်လုံးမှ နားမလည်ပါဘူး။ နိုင်ငံရေး ၊
စီးပွားရေးဆို ဝေလာဝေး။ ဆင်းရဲမွဲတေမှု ပပျောက်ဖို့၊ စက်မှုနိုင်ငံ ထူထောင်ဖို့၊
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ၊
လူ့အခွင့်အရေး ကာကွယ်မြှင့်တင် ဖို့ ဆိုတာတွေဟာ မင်းတို့ လက်လှမ်းမမီတဲ့
ကိစ္စတွေပါ။ ဒါကို မင်းတို့ စစ် ဗိုလ်ချုပ်တွေပီပီ စစ်သည်တော်ကောင်း
စိတ်ဓာတ်နဲ့ ရဲရဲကြီး ဝန်ခံလိုက်စမ်းပါ။
တကယ်တော့ မင်းတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဘဝရှင် မင်းတရားကြီးတွေအဖြစ်
သွေးနားထင်သာရောက်နေပြီး ငါ့ခြေထောက်နဲ့ ကန်လိုက်ရင် ကမ္ဘာကြီး လှုပ်သွား သဟဲ့လို့ ထင်နေတဲ့ ဝမ်းတွင်းက သန္ဓေသားအဆင့်သာ ရှိပါသေးတယ်။
ဒီတော့ ဘာဖြစ်မလဲဟုတ်လား။ လာမယ့် ရွေးကောက်ပွဲမှာ မင်းတို့ ခွက်ခွက် လန်အောင် ရှုံးမယ်။ မရှုမလှ ရှုးမယ်။ လူထုဟာ မင်းတို့ရဲ့ မသမာတဲ့လုပ်ရပ်၊ မဟုတ်မဟတ် အကြံအစည်တွေကို ကောင်းကောင်းကြီး သဘောပေါက်နေကြပါပြီ။ လူထု ဟာ ဘယ်ပါတီကို အကြီးအကျယ် ထောက်ခံမှု ပေးနေတယ်။ ယုံကြည်လက်ခံ နေတယ်ဆိုတာ မင်းတပ်ထားတဲ့ မျက်မှန်စိမ်းကို ချွတ်ကြည့်လိုက်ရင် ချက်ချင်း သဘော ပေါက်သွားမှာပါ။
* (ငါး) *
ဒီအခြေအနေမျိုးမှာ မင်းတို့ ဘယ်လို ကြံစည်တွေးတော နေမလဲဆိုတာ ငါအသိဆုံးပါ
သူငယ်ချင်း။ လာမယ့် ရွေးကောက်ပွဲမှာ မင်းတို့ မနိုင်နိုင်အောင် နည်းမျိုးစုံနဲ့ လိမ်လည်လှည့်ဖြား ကောက်ကျစ်ယုတ်မာ ကြမယ်ဆိုတာ ငါသေချာပေါက် ပြောနိုင်တာပေါ့။
ငါတင် မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး၊ ထမင်းစားပြီး ကြီးပြင်းတဲ့ လူမှန်ရင် အကုန်သိနေကြပါပြီ။ ရန်ကုန်လို မြို့ကြီးမှာတောင် မင်းတို့ပါတီက မဲဆွယ်ကားတွေ သီချင်းဖွင့်ပြီး လျှောက်လှည့်ရင် အဖက်လုပ်ပြီး လှည့်ကြည့်တဲ့သူတောင် မရှိ။
လက်ရှိ အခြေအနေမှာ မင်းတို့ ထင်တိုင်းမပေါက် နိုင်တော့ဘူးဆိုတာ
မင်းသေချာပေါက် ယုံလိုက်ပါ။ မြန်မာတစ်ပြည်လုံး ရူးနေကြတာ မဟုတ်သလို
ကမ္ဘာကြီးကလည်း စိတ်ပေါသွပ်နေတာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့ ကြံစည်နေတဲ့
အကြမ်းဖက်နည်း၊ မသမာနည်းတွေဟာ မင်းတို့ထင်ထားသလို အလုပ်ဖြစ်လာမှာ
မဟုတ်ဘဲ မင်းတို့သာ မင်းတို့သေတွင်း မင်းတို့တူးသလို ဖြစ်မှာကို ငါသေချာပေါက်
ဟောကိန်း ထုတ်လိုက်ပါတယ်။
သွေးရူးသွေးတန်း မလုပ်ကြပါနဲ့။ မင်းတို့ဟာ နေ့စေ့ ကံကုန်နေပါပြီ။ ဖုတ်သက်ငွေ့ငွေ့သာ ကျန်နေတော့တာပါ။ ပြောင်းလဲချိန်တန်ပြီဆိုပြီး
သေနတ်ပြောင်းကို အသစ်လဲ၊ လူထုကို အသေသတ်တဲ့ နည်းဟာလည်း ခေတ်ကုန်သွားပြီ
သူငယ်ချင်း။ အဲဒီ လဲထားတဲ့ ပြောင်းအသစ်ဟာ မင်းတို့ဘက်ကို ကြိမ်းသေပေါက်
လှည့်လာပါလိမ့်မယ်။
သြ၊ ရွှေဘိုမှာ အောင်မြေနင်းပြီးကြပြီ ဟုတ်လား။ ရူးပါ့ကွာ။ ဗေဒင်ဆရာနဲ့
ဘိုးတော်တွေကို အားကိုးနေတဲ့ မင်းတို့ လုပ်ပေါက်ကတော့ ထမင်းလွတ်
အရူးအဆင့်ကို ရောက်နေပါပြီကော။ အောင်မြေကို ဟိုအကောင် နင်းတော့၊
အောင်ပြီထားပါဦး။ ပုဏ္ဏားမန္တန်ကို ဟိုအကောင် ရသလို တိုင်းပြည်ပျက်ကိန်းပဲပေါ့။
ဒီတော့ မင်းတို့ အကြံအစည်ကို လက်လျှော့ပြီး အရှုံးကို ရိုးရိုးသားသား လက်ခံလိုက်တာဟာ
ရဟန်းရှင်လူ ပြည်သူအများကို ကယ်တင်ခြင်းပါပဲ။ တို့တိုင်းတို့ပြည်ကို မင်းတို့
ကာကွယ်စောင့်ရှောက်ရာ ကျပါတယ်။ နတ်လူသာဓု ခေါ်ကြမှာပါ။ တိုင်းပြည်ကို
တကယ်ချစ်ရင် လေးငါးနှစ်တန်သည် ကမ္ဘာ့အရေး မြန်မာ့အရေးကို အချိန်ယူ
သေချာလေ့လာပါ သူငယ်ချင်း။ ပြီးမှ ရွေးကောက်ပွဲဝင်ပါ။ မင်းကို ငါကိုယ်တိုင်
မဲထည့်ပါ့မယ်။
ငယ်သူငယ်ချင်းမို့ အားမနာတမ်း ပြောမိတာ စိတ်မဆိုးကြေးနော်။
အသက်တွေလည်း ကြီးလှပါပြီ။ တရားသဘောလေး ဘာလေး နှလုံးသွင်းပါကွာ။
သဗ္ဗေသင်္ခါရာ အနိစ္စာတဲ့။ မြင်မြင်သမျှ သင်္ခါရ ဘယ်အရာမှ မမြဲပါဘူး။ ဖြစ်လာသမျှ
ပျက်ရမှာပါကွာ။
ရော့၊ ဝိုင်တစ်ခွက် မော့လိုက်ဦး။ သူရာမေရယလို့ စိတ်ထဲမှာ မမှတ်နဲ့နော်။
ကျန်းမာရေး အလို့ငှာလို့ နှလုံးသွင်း။ သြဇီဝိုင်ကွ။ တော်တော်ကြီးကို ကောင်းတယ်။
မင်း အဖော်ရအောင် ငါလည်း တစ်ခွက်မော့လိုက်မယ်။ ချီးယားစ် သူငယ်ချင်း။
မင်းဒင်
The Ladies News Journal ပါ သရော်စာဆောင်းပါး
(စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့
တကယ်တော့ မင်းတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဘဝရှင် မင်းတရားကြီးတွေအဖြစ်
သွေးနားထင်သာရောက်နေပြီး ငါ့ခြေထောက်နဲ့ ကန်လိုက်ရင် ကမ္ဘာကြီး လှုပ်သွား သဟဲ့လို့ ထင်နေတဲ့ ဝမ်းတွင်းက သန္ဓေသားအဆင့်သာ ရှိပါသေးတယ်။
ဒီတော့ ဘာဖြစ်မလဲဟုတ်လား။ လာမယ့် ရွေးကောက်ပွဲမှာ မင်းတို့ ခွက်ခွက် လန်အောင် ရှုံးမယ်။ မရှုမလှ ရှုးမယ်။ လူထုဟာ မင်းတို့ရဲ့ မသမာတဲ့လုပ်ရပ်၊ မဟုတ်မဟတ် အကြံအစည်တွေကို ကောင်းကောင်းကြီး သဘောပေါက်နေကြပါပြီ။ လူထု ဟာ ဘယ်ပါတီကို အကြီးအကျယ် ထောက်ခံမှု ပေးနေတယ်။ ယုံကြည်လက်ခံ နေတယ်ဆိုတာ မင်းတပ်ထားတဲ့ မျက်မှန်စိမ်းကို ချွတ်ကြည့်လိုက်ရင် ချက်ချင်း သဘော ပေါက်သွားမှာပါ။
* (ငါး) *
ဒီအခြေအနေမျိုးမှာ မင်းတို့ ဘယ်လို ကြံစည်တွေးတော နေမလဲဆိုတာ ငါအသိဆုံးပါ
သူငယ်ချင်း။ လာမယ့် ရွေးကောက်ပွဲမှာ မင်းတို့ မနိုင်နိုင်အောင် နည်းမျိုးစုံနဲ့ လိမ်လည်လှည့်ဖြား ကောက်ကျစ်ယုတ်မာ ကြမယ်ဆိုတာ ငါသေချာပေါက် ပြောနိုင်တာပေါ့။
ငါတင် မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး၊ ထမင်းစားပြီး ကြီးပြင်းတဲ့ လူမှန်ရင် အကုန်သိနေကြပါပြီ။ ရန်ကုန်လို မြို့ကြီးမှာတောင် မင်းတို့ပါတီက မဲဆွယ်ကားတွေ သီချင်းဖွင့်ပြီး လျှောက်လှည့်ရင် အဖက်လုပ်ပြီး လှည့်ကြည့်တဲ့သူတောင် မရှိ။
လက်ရှိ အခြေအနေမှာ မင်းတို့ ထင်တိုင်းမပေါက် နိုင်တော့ဘူးဆိုတာ
မင်းသေချာပေါက် ယုံလိုက်ပါ။ မြန်မာတစ်ပြည်လုံး ရူးနေကြတာ မဟုတ်သလို
ကမ္ဘာကြီးကလည်း စိတ်ပေါသွပ်နေတာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့ ကြံစည်နေတဲ့
အကြမ်းဖက်နည်း၊ မသမာနည်းတွေဟာ မင်းတို့ထင်ထားသလို အလုပ်ဖြစ်လာမှာ
မဟုတ်ဘဲ မင်းတို့သာ မင်းတို့သေတွင်း မင်းတို့တူးသလို ဖြစ်မှာကို ငါသေချာပေါက်
ဟောကိန်း ထုတ်လိုက်ပါတယ်။
သွေးရူးသွေးတန်း မလုပ်ကြပါနဲ့။ မင်းတို့ဟာ နေ့စေ့ ကံကုန်နေပါပြီ။ ဖုတ်သက်ငွေ့ငွေ့သာ ကျန်နေတော့တာပါ။ ပြောင်းလဲချိန်တန်ပြီဆိုပြီ
သြ၊ ရွှေဘိုမှာ အောင်မြေနင်းပြီးကြပြီ ဟုတ်လား။ ရူးပါ့ကွာ။ ဗေဒင်ဆရာနဲ့
ဘိုးတော်တွေကို အားကိုးနေတဲ့ မင်းတို့ လုပ်ပေါက်ကတော့ ထမင်းလွတ်
အရူးအဆင့်ကို ရောက်နေပါပြီကော။ အောင်မြေကို ဟိုအကောင် နင်းတော့၊
အောင်ပြီထားပါဦး။ ပုဏ္ဏားမန္တန်ကို ဟိုအကောင် ရသလို တိုင်းပြည်ပျက်ကိန်းပဲပေါ့။
ဒီတော့ မင်းတို့ အကြံအစည်ကို လက်လျှော့ပြီး အရှုံးကို ရိုးရိုးသားသား လက်ခံလိုက်တာဟာ
ရဟန်းရှင်လူ ပြည်သူအများကို ကယ်တင်ခြင်းပါပဲ။ တို့တိုင်းတို့ပြည်ကို မင်းတို့
ကာကွယ်စောင့်ရှောက်ရာ ကျပါတယ်။ နတ်လူသာဓု ခေါ်ကြမှာပါ။ တိုင်းပြည်ကို
တကယ်ချစ်ရင် လေးငါးနှစ်တန်သည် ကမ္ဘာ့အရေး မြန်မာ့အရေးကို အချိန်ယူ
သေချာလေ့လာပါ သူငယ်ချင်း။ ပြီးမှ ရွေးကောက်ပွဲဝင်ပါ။ မင်းကို ငါကိုယ်တိုင်
မဲထည့်ပါ့မယ်။
ငယ်သူငယ်ချင်းမို့ အားမနာတမ်း ပြောမိတာ စိတ်မဆိုးကြေးနော်။
အသက်တွေလည်း ကြီးလှပါပြီ။ တရားသဘောလေး ဘာလေး နှလုံးသွင်းပါကွာ။
သဗ္ဗေသင်္ခါရာ အနိစ္စာတဲ့။ မြင်မြင်သမျှ သင်္ခါရ ဘယ်အရာမှ မမြဲပါဘူး။ ဖြစ်လာသမျှ
ပျက်ရမှာပါကွာ။
ရော့၊ ဝိုင်တစ်ခွက် မော့လိုက်ဦး။ သူရာမေရယလို့ စိတ်ထဲမှာ မမှတ်နဲ့နော်။
ကျန်းမာရေး အလို့ငှာလို့ နှလုံးသွင်း။ သြဇီဝိုင်ကွ။ တော်တော်ကြီးကို ကောင်းတယ်။
မင်း အဖော်ရအောင် ငါလည်း တစ်ခွက်မော့လိုက်မယ်။ ချီးယားစ် သူငယ်ချင်း။
မင်းဒင်
The Ladies News Journal ပါ သရော်စာဆောင်းပါး
(စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။