Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 30, 2015

"IQ နိမ့်တဲ့ ကျနော်"


"IQ နိမ့်တဲ့ ကျနော်"
.
(လွန်ခဲ့သော ၂ နှစ်က ပို့စ်လေးအား ပြန်တင်ပါသည်)
.
1.
ဒီအသက်ဒီအရွယ်ထိ ရောက်ခဲ့ပြီ၊
စာတွေလည်း သင့်တင့်လျှောက်ပတ်သလောက် သင်ခဲ့ပြီ၊
ဒါပေမယ့် တချို့အကြောင်းအရာတွေကို ခုထိနားမလည်နိုင်သေးဘူးဗျာ။

2.
ငယ်ငယ်က တာဇံဇာတ်ကားတွေကြည့်တော့ ဇာတ်လိုက်တာဇံက ကျားသစ်ရေလေးပဲ ခါးပတ်လို့။
ဒါနဲ့ အဖေ့မေးကြည့်တယ်... ...
"ဘာလို့တာဇံက အင်္ကျီမဝတ်တာလဲ"
ဒီတော့ အဖေက ပြန်ဖြေတယ်... ...
"ဟ တောထဲနေတဲ့ လူရိုင်းပါဆိုမှ အင်္ကျီချုပ်စရာ အပ်မရှိဘူး၊ အပ်ချည်မရှိဘူး၊ အဝတ်စ မရှိဘူး၊ ဘာအသုံးအဆောင် ပစ္စည်းမှ မရှိဘူးကွ"
"မုတ်ဆိပ်ရိတ်ဓားရော ရှိလား"
"မုတ်ဆိပ်ရိတ်ဓားလည်း မရှိဘူး၊ သားလှီးဓားလည်း မရှိဘူး၊ ထင်းခုတ်ဓားလည်း မရှိဘူး"
"ဒါဆို မုတ်ဆိပ်ရိတ်ဓားမရှိဘဲနဲ့ ဘာလို့ တာဇံမှာ မုတ်ဆိတ်မွေး နုတ်ခမ်းမွေး မရှိတာလဲဟင်"

...ဆိုတော့ အဖေက... ...

"အဲဒီ နင့်ယောက်ဖတာဇံက အခြောက်ကြီးမိုလို့ ဘာအမွေးမှမပေါက်ဘူး... အင့်ဟာ... ဖုန်း"
"အား... "
"အဲဒါ ပေါက်ပေါက်ရှာရှာ မေးအုံး"

... ဆိုပြီး နဘန်တစ်ချက်ကျင်းခံလိုက်ရတယ်။
ကဲ ခက်ဘူးလားဗျာ


3.
ကျနော် တက္ကသိုလ်တက်တော့ ပင်မဆောင်ကြီးအောက်မှာ ကျပ်စေ့ထည့်ပြီးဆက်ရတဲ့ ဖုန်း ၂လုံးရှိတယ်။
တစ်လုံးမှာ ရေးထားတာက "မြို့တွင်းပြော" တဲ့
နောက်တစ်လုံးမှာ ရေးထားတာက "အဝေးပြော" တဲ့
တကယ်ဆို...
တစ်လုံးက 'မြို့တွင်းပြော' ဆိုရင် နောက်အလုံးက 'မြို့ပြင်ပြော' ဖြစ်သင့်တယ်
ဒါမှမဟုတ်...
'အဝေးပြော' ဆိုတာကို မပြင်ချင်ဘူးဆိုရင် ဟို 'မြို့တွင်းပြော' ဆိုတဲ့ကောင်ကို 'အနီးပြော' လို့ ပြောင်းသင့်တယ်
ဒါမှ ဟာမိုနီဖြစ်မှာကိုးဗျ

အဲဒီတုန်းက ကျနော်တို့ ဆရာတွေရဲ့ နာမည်တောင် ဟာမိုနီဖြစ်သေးတာ၊
ကြည့်လေ...
မော်ကွန်းထိန်းက ဆရာ ဦး လှကြီး တဲ့
ပါမောက္ခချုပ်က ဆရာဦး ညီ လှငယ် တဲ့
ကဲ ဘယ်လောက် လိုက်ဘက်လဲ
ဖုန်းကျမှ ဟာမိုနီပျက်နေတာ။

4.
စင်္ကာပူကို ထွက်လာတော့မှ လေယာဉ်ပျံ ပထမဆုံးစီးဖူးတာ
စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းနဲ့ ကပ်လိုက်လာမိလို့တော်သေးတာဗျ။
လေယာဉ်ပေါ်ခါးပတ် ဘယ်လိုပတ်ရမှန်း မသိဘူး၊
အိမ်သာ ဘယ်မှာရှိမှန်းမသိဘူး၊
ထိုင်ခုံက ခေါက်စားပွဲကို ဘယ်လိုချရမှန်းမသိဘူး၊
ကျန်တာတွေကတော့ ထားပါ
"အသက်ကယ်အင်္ကျီ"... ဆိုတာကြီးကိုတော့ ဘဝင်မကျဘူးဗျာ။
တကယ်ဆို ရေပေါ်ပေါ်စေတဲ့ အဲဒီအသက်ကယ်အင်္ကျီက သင်္ဘောစီးမှ ပေးရမှာလေ။
ဘယ့်နှယ့် လေယာဉ်က လေထဲမောင်းတာ။
လေယာဉ်ပျံမှာ ပေးရမှာက လေထီးဗျ လေထီး၊
လေယာဉ်တခုခုဖြစ်လို့များ အပေါက်ဖွင့်ပြီး အဲဒီ သူတို့ပေးတဲ့အင်္ကျီကြီးဝတ် ခုန်ချကြည့်ပါလား
အပြင်မှာ လေပဲရှိတာ ရေမရှိဘူး၊
အကုန်မာလကီးယားမှာပဲဟာ အပိုတွေ ပေးနေသေးတယ်။
နော့်... ။

5.
စင်္ကာပူမှာ အလုပ်လုပ်တော့ အလုပ်ပွဲစားအေဂျင့်ကောင်းမှုနဲ့ ပညာတခြား အလုပ်တခြား လုပ်လိုက်ရသေးတယ်။
‘ကွန်ဒုံ’ ဖြန့်ချိတဲ့ ကုမ္မဏီမှာ Logistic Supervisor လေ
ကွန်ဒုံပက်ကင်တွေကို သူတို့ပို့ဆိုတဲ့နေရာ သွားပို့ရတာပါပဲ

အဲဒီမှာ နားမလည်ပြန်တာက ပစ္စည်းတွေ ပို့တဲ့အခါ...
“Shipment” လုပ်မယ် ဆိုပြီး ကျွန်းပေါ်မှာပဲ ပို့ပေးခဲ့ရတယ်။
“Cargo” လုပ်မယ်ဆိုပြီး သင်္ဘောဆိပ်ပို့ပြီး သင်္ဘောနဲ့ တင်သွားတယ်
တကယ်က…
Shipment ဆို သင်္ဘောနဲ့ တင်သင့်တယ်
Cargo လုပ်မယ်ဆိုရင် ကားနဲ့ ပို့သင့်တယ်
ခုတော့ ပြောင်းပြန်။

6.
ပြီးတော့ ကွန်ဒုံတွေနဲ့ ပတ်သက်ပြီး နားမလည်တာတွေ အများကြီး ကြုံခဲ့ရတယ်။
ထူးထူးဆန်းဆန်းဗျာ
ကွန်ဒုံတွေကို ထုတ်လုပ်တဲ့အခါ မတူတဲ့ရနံ့တွေနဲ့ ထုတ်လုပ်တာဗျ။
ငှက်ပြောသီးရနံ့၊ စတော်ဘယ်ရီရနံ့၊ နာနတ်သီးရနံ့ ဘာညာနဲ့။
အဲဒီကွန်ဒုံတွေကို အနံ့ထည့်ပေးရအောင် စားမယ့်သောက်မယ့်ဟာလည်း မဟုတ်။
ဘယ်သူတွေကရော ကွန်ဒုံသုံးခါနီး အနံ့ခံနေမှာတုံး။
ကျနော်စဉ်းစားလို့ကို မရတာ

နောက်တခုက အရောင်မျိုးစုံထုတ်တယ်
ထားပါလေ အရောင်မျိုးစုံထုတ်တာကတော့
ပူစီပေါင်းတောင် အရောင်အမျိုးမျိုးထုတ်သေးတာ

ခက်တာက ဘာအရောင်နဲ့ ထုတ်ထုတ်
အဲဒီကွန်ဒုံက ဖောက်ထွင်းမြင်ရတဲ့ အကြည်ရောင်လေးဗျ
အင်္ဂလိပ်ဆိုရင်တော့ Transparent ဖြစ်တယ်ဆိုပါတော့ဗျာ
ကဲ…
သူက ဘာကို ဖောက်မြင်စရာလိုလို့ဒုန်း
ကျနော် ဥာဏ်မမှီဘူးဗျာ

7.
အခု…
ဒီ ကိုရီးယားကုမ္မဏီမှာ ကိုရီးယားတွေနဲ့ တွဲလုပ်တော့ သူတို့ကိုလည်း နားမလည်တာတွေ ရှိတယ်။
အဲဒီကိုရီးယားတွေက...
ထမင်းလေးများ စားပြီးရင်၊ တယောက်ကို သွားတိုက်တံတစ်ခြောင်းစီနဲ့ သွားတွေ တန်းစီပြီးတိုက်ကြတယ်။
ကောင်းတာပေါ့ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ကြတာ။
အဲ… ခက်တာက... ...
အိမ်သာကဆင်းလာရင်တော့ လက်မဆေးကြဘူးဗျ (အများစုပေါ့၊ တချို့ကတော့ ဆေးတယ်)
ဆိုတော့…
ကိုယ့်မှာ သူတို့ကိုင်ဖွင့်သွားတဲ့ အိမ်သာတံခါးလက်ကိုင်ဖုတောင် တစ်ရူးနဲ့အုပ်ပြီး ကိုင်ရတယ်။
ဟုတ်တယ်လေ သူ့ဟာက ဘာကိုင်လာမှန်းမသိ ညာကိုင်လာမှန်းမသိ။
ညွံဂျရာဂျီး

8.
တလောက ကြားလိုက်တယ်... ...
‘အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို မုဒိမ်းကျင့်ရင် သေဒဏ်အပြစ်ပေးတဲ့ ဥပဒေပြဒါန်းဖို့ လွှတ်တော်မှာတင်တဲ့အခါ ကန့်ကွက်ခံရတယ်’ တဲ့။
ကျနော်နားလည်တာက…
ပြစ်ဒဏ်တွေကို တိုးလိုက်ရင် ပြစ်မှုကျူးလွန်သူတွေ လျှော့နည်းသွားတယ် ဆိုတာပါပဲဗျ။
တခြား ပညာပေးတာတို့၊ ကြိုတင်ကာကွယ်တို့တော့ ရှိကောင်းရှိပါမယ်
ဒါတွေလည်း လုပ်ရမှာပ့ါ
ဒါပေမယ့် ပြစ်ဒဏ်တိုးရင် ပြစ်မှုလျော့တယ် ဆိုတဲ့ သီအိုရီကတော့ မှန်နေဆဲပဲလေ
ခုတော့ …
ဘာလို့ ပြစ်ဒဏ်မတိုးချင်ကြတာပါလိမ်
ဥာဏ်မမှီပြန်ဘူးဗျာ
.
.
သန်၎ကို-ဥာဏ်တုံးပါသည်
https://www.facebook.com/thanlayko

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။