Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 29, 2015

စိုင်းစိုင်းနှင့်တွေ့ဆုံခြင်း


ခိုင်မာတဲ့စိတ်ဓာတ်နဲ့ သူ့အနုပညာခရီးလမ်း ကို လျှောက်ခဲ့သူလို့ သူ့ကိုပြောချင်ပါတယ်။ ဂီတ အနုပညာပရိသတ်သာမက သရုပ်ဆောင်အနု ပညာကိုပါ ပရိသတ်များက သူ့ကိုလက်ခံလာတယ်။ ဖန်တီးလိုက်တဲ့ အနုပညာတိုင်း ပရိသတ်လက်ခံ
တယ်ဆိုတာတော့ ထူးခြားတဲ့ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရပါတယ်။ သူအနုပညာတစ်ခု ကို ဖန်တီးတဲ့အခါ သူ့အတွက်လား၊ ပရိသတ်အတွက်လား။ ‘‘သူကတော့ အနုပညာဖန်တီးတဲ့အခါ ’’ဘယ်လိုဖန်တီးလဲဆိုတာပါ သူ့ Interview မှာ ဖြေ
ထားပါတယ်

အခုရုံတင်သွားတဲ့ ကျူးပစ်ရဲ့ကျေးကျွန်များ ရုပ်ရှင်ဇာတ်ကားမှာ စိုင်းစိုင်းသရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ပရိသတ်ကအရမ်းကောင်းလာတယ် လို့ ပြောကြတယ်။
ကျွန်တော် ကျူးပစ်ရဲ့ကျေးကျွန်များ ရုပ်ရှင် ဇာတ်ကားကို ပရိသတ်တွေ၊ သူငယ်ချင်းတွေနဲ့ အတူတူကြည့်ခဲ့တယ်။ သေချာပါတယ်။ ကျွန်တော် ကြိုးစားရဦးမှာပါ။ ရုပ်ရှင်၊ ဗီဒီယိုရိုက်တဲ့အတွေ့ အကြုံက များလာပြီဆိုတော့ အရင်တုန်းကလောက် ဆိုးဆိုးဝါးဝါး အမှားတွေတော့ မရှိတော့ဘူးပေါ့ လေ။ ဒါပေမဲ့ ကြိုးစားရဦးမှာတော့ သေချာတယ်။
ကျွန်တော့်အတွက် အိုက်တင်က အကုန်ခက်ပါ တယ်။ ပေါ့ပေါ့ပါးပါး ပြောရမဲ့နေရာမှာ ကိုယ်ကလေးနေတာမျိုး၊ လေးလေးနက်နက်ပြောရမဲ့နေရာမှာ ကိုယ်ကပေါ့နေတာမျိုးဆိုတော့ အိုက်တင်ကတော့ ကျွန်တော်လို ဂီတသမားအတွက် ရုပ်ရှင်
လောကမှာ ရုန်းကန်ရတာ ခက်ခဲပါတယ်။

သရုပ်ဆောင်အလုပ်ကိုစပြီး လုပ်ဖြစ်ခဲ့ပုံကို ပြန်ပြောပေးပါလား။
အမှန်ကတော့ ကျွန်တော့်ငယ်ဘ၀မှာ သရုပ်ဆောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ ပါဘူး။ ကျွန်တော် ၁၀ တန်းအောင်ပြီးသည်အထိ ဂီတသမားအဆိုတော်တစ်ယောက်ပဲ ဖြစ်ချင်ခဲ့ပါ တယ်။ အဆိုတော်ဖြစ်ချင်လို့ တောင်ကြီးကနေ ရန်ကုန်ကိုလာခဲ့ပါတယ်။ ယောင်လည်ယောင်လည် ဖြစ်နေရင်းနဲ့ သင်တန်းတွေလည်း မျိုးစုံ လျှောက်တက်နေရင်းနဲ့ မော်ဒယ်လ်သင်တန်းတက် ဖြစ်ခဲ့တယ်။ အဲဒီမှာလည်း မော်ဒယ်လ်တစ်ယောက် အနေနဲ့ မအောင်မြင်ပါဘူး။ ကျွန်တော်မှာရှိတဲ့ ရုပ်ရည်နဲ့ ကိုယ်ခန္ဓာအချိုးအစားက မော်ဒယ်လ် တစ်ယောက်မှာ ရှိသင့်ရှိထိုက်တာနဲ့ လွဲနေတယ်။
သို့သော် အဲဒီအချိန်က ဓာတ်ပုံဦးပီတာ၊ ဒီဇိုင်းကိုမျိုးဆွေသန့်တို့ကတစ်ဆင့် မြန်မာပြည်မှာလည်း VCD ကာရာအိုကေ စတင်ခေတ်စားတာနဲ့ သွားတိုက်ဆိုင်နေတော့ ကျွန်တော် VCD သရုပ်ဆောင် ဖြစ်လာတာ။ အဲဒီကနေစပြီး ရိုက်ကူးရေးနဲ့ ရင်းနှီး ခဲ့တယ်။ ကျွန်တော့်ဘ၀မှာ ဗီဒီယိုရုပ်ရှင်ရိုက်ဖို့ မြှောက်ပေးခဲ့တဲ့သူက စာရေးဆရာ ကိုနီကိုရဲပါ။ သူကဒါရိုက်တာလုပ်ချင်တယ် ကျွန်တော်ကို မြှောက်ပေးတယ်။ ကျွန်တော်တို့ ရိုက်ကြတယ်။ အဲဒီကားက မထွက်လာပါဘူး။

ဆရာနီကိုရဲက ဘယ်လိုအချက်တွေကြောင့် စိုင်းစိုင်းကို သရုပ်ဆောင်လုပ်ဖို့ တိုက်တွန်းခဲ့တာ လဲ။
ကျွန်တော်ကိုနီကိုရဲနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီး ရင်းနှီးသွားတယ်။ အဲဒီ တုန်းက စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ လုပ် တယ်။ ကျွန်တော်အကြိုက်ဆုံးစာရေးဆရာတွေထဲမှာ ကိုနီကိုရဲ ပါတယ်။ ကျွန်တော်သူ့ကိုကြွေပါတယ်။ ပြီးတော့ သူက ဇာတ်ညွှန်းဆရာဖြစ်တဲ့အတွက် သူ့ရိုက်ကွင်းတွေကို ကျွန်တော်လိုက်ကြည့်ပါတယ်။ သူနဲ့ကျွန်တော် ရင်းရင်းနှီးနှီး ပေါင်းခဲ့ပါတယ်။ သူက ဒါရိုက်တာလုပ်မယ် မင်းက မင်းသားလုပ်၊ ရိုက်ကြည့်ရအောင်ဆိုပြီး သရုပ်ဆောင်လုပ် ခဲ့တာ ပါ။ အဲဒီဇာတ်ကားကတော့ ထွက်မလာခဲ့ပါဘူး။ အဲဒီအချိန်ထိ ကျွန်တော် သရုပ်ဆောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိသေးပါဘူး။ အားမနာတမ်း ကိုယ့်ကိုယ်ကို ပြောရမယ်ဆိုရင် ကျွန်တော့်ရည်ရွယ်ချက်က အဆိုတော် တစ်ယောက် ဖြစ် ဖို့ပေါ့။ ကျန်တာက ဟိုစပ်စပ်ဒီစပ်စပ်လို့ ပြောလို့ရပါတယ်။ ကိုဝေဠုကျော်က သူ့ဇာတ်ကားမှာ ကျွန်တော့်ကို ဇာတ်ရံအဖြစ် ထည့်ရိုက်တယ်။ တစ်ခါတလေ ကိုသားကြီး(ဒွေး)၊ ကိုဇော်(အရုဏ်ဦး) ဇာတ်ကား တွေမှာ ဖြတ်လျှောက်ပါလိုက်၊ တစ်ခါတလေ သူ ငယ်ချင်းခန်းပါလိုက်၊ ဒုတိယမင်းသားနေရာ သရုပ်ဆောင်လိုက်နဲ့ သရုပ်ဆောင်ဖူးတယ်။ ကိုမင်းမော် ကွန်း ကားမှာလည်း ပါဖူးတယ်။ အဲဒါတွေအား လုံးဟာ ဟိုစပ်စပ် ဒီစပ်စပ်လုပ်တဲ့ အလုပ်တွေပေါ့။ ဂီတကိုပဲ ကျွန်တော်ဇောက်ချလုပ်ခဲ့ပြီး ရူးသွပ်တဲ့ သီချင်းတွေနဲ့ ၃ နှစ်လောက် လုပ်ပြီးတော့ ဂီတမှာနေရာရလာတဲ့အချိန်မှာ ဒါရိုက်တာ ဦးမီးပွား၊ အောင်ကျော်ဇော ထုတ်လုပ်ရေးက မြှောက်ပေး တယ်။ ဗီဒီယိုရိုက်မယ်၊ စာချုပ်ချုပ်မယ်ဆိုပြီး ဖြစ် လာတယ်။ အဲဒီကနေမှ သရုပ်ဆောင်လောကထဲ ကို တစ်စတစ်စနဲ့ ရောက်လာပါတယ်။

ဂီတမှာ နေရာရလာပြီးတော့ သရုပ်ဆောင် လုပ်တဲ့အခါ သရုပ်ဆောင်ပညာ အားနည်းချက် တွေကြောင့် ဂီတကိုထိခိုက်လာတာမျိုး ဖြစ်လာမှာ စိုးရိမ်လား။
မရှိပါဘူး။ သရုပ်ဆောင်လုပ်လို့ ဂီတကို ထိခိုက်မှာလားလို့ မယုံကြည်ပါဘူး။ ဂီတကိုလည်း တစိုက်မက်မက် အခုချိန်ထိ လုပ်ဖြစ်ပါတယ်။ သရုပ်ဆောင်လုပ်တော့လည်း အစပိုင်းမှာ စမ်းတ၀ါးဝါးပေါ့။ နောက်ပိုင်းတွေမှာ သရုပ်ဆောင်လုပ်ရ
တာကို ပိုပြီးကြိုက်လာတယ်။ ပိုခုံမင်လာတယ်။ စိတ်ဝင်စားလာတယ်။ အခုဆိုရင် ကျွန်တော် ရုပ်ရှင်ရူး တစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ အနည်းဆုံးတစ်ရက်ကို ရုပ်ရှင်တစ်ကားလောက်မှ မကြည့် ရရ မနေနိုင်တော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေပါပြီ။ ပရိ က ကျွန်တော့်ကို ဇာတ်ကားမှာတင် မဟုတ်ပါဘူး သီချင်းစဆိုကတည်းကလည်း မကောင်းဘူး ညံ့ တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ အသားကျနေပြီးသားပါ။ အဓိကကတော့ ကိုယ့်ကိုဝေဖန်တဲ့အချိန်မှာ ဝေဖန်
မှုကို အကောင်းဆုံးလက်ခံနိုင်ဖို့ပါပဲ။ ကျောင်းမှာဆရာစာသင်တဲ့အချိန်မှာ အဲဒီစာကို ဘယ်လိုနား လည်သဘောပေါက်လဲဆိုတာကိုပဲ မူတည်ပြီး တော့ စာမေးပွဲမှာ ပြန်ဖြေရတယ်လေ။ အဲဒီသဘော ပါပဲ။ ပရိသတ်တွေမှာ ကျွန်တော့်ကို ချစ်တဲ့သူ၊ မုန်းတဲ့သူတွေ ရှိမယ်။ ရှုထောင့်မျိုးစုံကနေ ဝေဖန်ကြ ပါတယ်။ အဲဒီဟာတွေက ကျွန်တော့်ကို အားဖြစ် စေတယ်။ ချစ်တဲ့သူက ချီးမွန်းသလို၊ ကြည့်မရ ဘူးဆိုရင်လည်း ကြည့်မရတဲ့ဒေါင့်ကနေ ဥပေက္ခာ မပြုပဲနဲ့ သူတို့က သူတို့ကြည့် မရတဲ့အကြောင်းကို ဘယ်လိုကြည့်မရလည်း ဆိုတာကအစ တိတိကျကျ ဝေဖန်ပေးခဲ့ပါတယ်။ အဲဒီတော့ ကောင်းတာတွေ၊ ကဲ့ရဲ့တာတွေ၊ ဝေဖန်တာတွေကို အကုန်လုံးကို လက်ခံပြီးတော့ နောက်တစ်ခုခုလုပ်ရင် ဘယ်လို အကောင်း ဆုံးဖြစ်နိုင်မလဲ၊ နောက်တစ်ကားဆိုရင် ဘယ်လိုအကောင်းဆုံး ဖြစ်နိုင်မလဲ၊ နောက်ထပ် မနက်ဖြန်အတွက် ဆက်ပြီး ဘယ်လိုပြုပြင်နိုင်မလဲဆိုတာကို အမြဲတမ်းစဉ်းစားတယ်။

ဂီတ၊ ရုပ်ရှင်၊ စာရေးခဲ့တယ်။ ပရိသတ်လက်ခံပြီး နေရာရလာတာဟာ ဝေဖန်မှုတွေကို လက်ခံနိုင်လို့ဆိုပြီး ပြောလို့ရလား။
ကျွန်တော်တကယ်လုပ်နေတဲ့ အလုပ်ကတော့ ဂီတနဲ့ရုပ်ရှင်ပါ။ စာရေးတယ်ဆိုတာကတော့ ကျွန်တော်အပျော်တမ်း ၀ါသနာအရ ရေးတာပါ။ ဝေဖန်တာကိုလက်ခံတယ်ဆိုတာထက် ကျွန်တော် ခံယူတယ်။ နားထောင်တယ်။ ပြန်အသုံးချတယ်။ ကျွန်တော်က ခေါင်းမာတယ်ဗျ။ ကျွန်တော်လုပ် ချင်ရင် လုပ်တာပဲ။ လူ ၁၀၀ မှာ ၁၀၀ လုံးက ဟေ့ ကောင်မင်းမကောင်းဘူး စင်ပေါ်ကဆင်းတော့လို့ ပြောရင်တောင် ကျွန်တော်ဆိုချင် ရင်ဆိုတာပဲ။ ခဲနဲ့ ပေါက်လည်း ကျွန်တော်ဆက်ဆို ခဲ့တာပဲ၊ ရေသန့်ဗူးနဲ့ ပေါက်နေလည်း ကျွန်တော် ဆက်ဆိုခဲ့တာပဲ။ ကျွန်တော် စိတ်ဓာတ်ကျသွားတယ် ဆိုတာမျိုး တော့ မရှိပါဘူး။ ခုနကပြောတဲ့ တိကျစွာဝေဖန် တယ်ဆိုရင် ကျွန်တော်ဆင်ခြင်ပါတယ်။ ဥပမာ ဒီကောင်ဒေါင့်မကျိုးဘူးကွာ၊ လမ်းလျှောက်တာ ကားရားကားရားနဲ့ ဆိုတာမျိုး၊ ဒါဆို ဟုတ်တာပေါ့ ငါ ကားရားကားရား လျှောက်တာ ဒေါင့်မကျိုးတဲ့ ပုံစံ ဖြစ်နေတယ်။ ငါဒေါင့်ကျိုးတဲ့ပုံစံမျိုး ဖြစ်ချင်ရင် ကားရားကားရား မလျှောက်ဘူးပေါ့နော်။ အဲလိုမျိုးပေါ့။

ဇာတ်ကားတွေ သရုပ်ဆောင်မှုမှာ လိုအပ် ချက်ရှိလာရင် ပရိသတ်က ဇာတ်ကားကြည့်တိုင်း ဝေဖန်နိုင်တယ်။ အဲဒီဇာတ်ကား ကြည့်ဖြစ်တဲ့အခါ တိုင်းမှာဝေဖန်နိုင်တယ်။ ဒါကို ဘယ်လိုခံယူလဲ။
အမှန်အတိုင်း လက်ခံတယ်။ မနက်ဖြန်ရိုက် မဲ့ ဇာတ်ကားမှာ ကောင်းအောင် ဘယ်လိုကြိုးစားမ လဲ၊ ကျွန်တော်ကောင်းအောင် ထပ်ရိုက်မယ် လာ ကြည့်ကြဦးမလားဆိုပြီး ကျွန်တော့်ပရိသတ်ကိုမေး တယ်။ သူတို့ကျွန်တော့်ကို လာကြည့်ဦးမှာပဲ တစ်ရုံ လုံး လာမကြည့်ရင်တောင် ၃ ပုံ ၁ ပုံလောက် လာကြည့်ဦးမယ်ဆိုရင် ကျွန်တော့်မှာ ကြိုးစားခွင့်ရှိသေး တယ်။ ရိုက်ခွင့်ရှိသေးတယ်။ အဲဒီတော့ မနေ့ကရိုက်တဲ့ ဇာတ်ကားမကောင်းရင် မနက်ဖြန်ထပ်ရိုက်
မယ်။ မနက်ဖြန်မကောင်းသေးရင် ကျွန်တော် ထပ်ရိုက်နေဦးမှာပဲ။ အခုချိန်ထိလည်း ကျွန်တော် ထပ်ရိုက်နေသေးတယ်။ ဘယ်အချိန်မှာ ကျွန်တော့်ကို ပရိသတ်စိတ်ပျက်သွားမလဲတော့ မသိဘူး။

စိုင်းစိုင်းကို အရမ်းကြိုးစားတဲ့ သူတစ်ယောက် လို့ အများစုကသုံးသပ်ကြတယ်။ တောင် ကြီးကနေ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် ရန်ကုန်ကို ရောက်လာတယ်။ အခုချိန်မှာ နေရာတစ်ခုနဲ့ အောင်မြင်တယ်။ အဲလိုအောင်မြင်မှုရဖို့အတွက် ခံယူချက်၊ စိတ်ဓာတ်ကို ပြောပြပေးပါ။
ရိုးရိုးလေးပါပဲ။ ကျွန်တော် အဆိုတော်ဖြစ် ချင်တယ်။ ကျွန်တော်သီချင်းဆိုတယ်။ အခု ကျွန်တော် ဇာတ်ကားတွေ ရိုက်ရတာ ကြိုက်လာတယ်။ ဒါပါပဲ။ အခက်အခဲ ရုန်းကန်ရတာကတော့ ရှိတာ ပါပဲ။ ကျွန်တော်က အခက်အခဲကို အရမ်းကြီးစာမဖွဲ့တတ်လို့ပါ။ ပြီးတော့ ကံကောင်းတာကတော့ ကျွန်တော့်ဘ၀မှာ ဒီနေ့ဒီအချိန်ထိ ကျွန်တော့်ကို ချောက်တွန်းသူတွေထက်၊ လက်တွဲခေါ်တဲ့သူတွေနဲ့ချည်း ကျွန်တော်ဆုံတွေ့ခဲ့ရတာပဲ။ နေရာတိုင်းမှာ ကျွန်တော့်ကိုအမြဲလိုလို ကူညီတဲ့သူနဲ့ တွေ့ရတယ်။ အဲဒီ လူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်တယ်။

ဒီလို နေရာတစ်ခု ရဖို့ စွန့်လွှတ်ခဲ့ရတာမျိုး တွေ ရှိလား။
စေ့စေ့ပေါက်ပေါက် လိုက်တွေးရင်တော့ ရှိမှာပေါ့။ ကျွန်တော်က စွန့်လွှတ်လိုက်ရတဲ့အရာ တွေ ရှိတယ်လို့ တစ်ခါမှမတွေးဖူးဘူး။ ကျွန်တော် တို့ မိသားစုကြီးပျင်းလာတဲ့ ပုံစံကလည်း အားလုံး ကိုယ်ဝါသနာပါတဲ့ လုပ်ချင်တဲ့ ယုံကြည်တဲ့ လမ်းကိုပဲ လျှောက်ကြတယ်။ အိမ်ကလည်း ဘယ်အရာကို မှ တိုက်တွန်းခြင်း၊ တားမြစ်ခြင်း မရှိပါဘူး။ လူငယ် တစ်ယောက်ရဲ့ အိပ်မက်နဲ့ ဖြစ်ချင်တာကို ကျွန် တော် ကြိုးစားပါတယ်။ ဘာတွေကို စွန့်လွှတ်ခဲ့ရ လဲဆိုတော့ သူငယ်ချင်း တစ်ချို့ဆိုရင် နိုင်ငံခြားမှာ ကျောင်းသွားတက်ကြတယ်။ အဖိုးကလည်း ကျွန်တော့်ကို နိုင်ငံခြားမှာ ကျောင်းတက်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော် ပညာရေးကို စွန့်လွှတ်ခဲ့ရတယ် ပြောရမှာပေါ့။ စွန့်လွှတ်ခဲ့ရတယ်လို့ ပြောခဲ့ပေမယ့်လည်း စွန်လွှတ်ခဲ့တာတော့ မဟုတ်ဘူး။ ကျွန်တော်က ဒါကိုပဲ ၀ါသနာပါတာကိုး။

ကြိုးစားနေတဲ့ လူငယ်တွေအတွက် စိုင်းစိုင်းရဲ့ အားပေးစကားလေး ပြောပေးပါဦး။
ကျွန်တော်က လူငယ်တွေကို အားပေးရမှာ မဟုတ်ဘူး။ လူငယ်တွေက ကျွန်တော့်ကို အားပေး ရမှာ။ လူငယ်တွေဆိုတာက ကျွန်တော့်ထက် ပိုပြီး ဆန္ဒပြင်းထန်တယ်၊ ဇွဲရှိတယ်၊ ၀ိရိယမြဲမြံတယ်၊ ခံနိုင်ရည်ရှိတယ်၊ ပိုပြီးတော့လည်း ကျွန်တော့်ထက် ခေါင်းမာမယ်။ အဲဒီလူတွေက ဘာမှမအောင်မြင် စရာ မရှိဘူး။ ကျွန်တော့်ရှေ့ဆက်လျှောက်ဖို့အတွက် သူတို့က ပြန်အားပေးရမှာပါ။

လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ပုံစံမျိုးရှိလား။
ကျွန်တော့် အဲဒီလို တစ်ခုတည်း လက်ကိုင် ထားတဲ့ ဆောင်ပုဒ်မျိုး မရှိပါဘူး။ ကြိုက်တဲ့ စကားစုတွေကတော့ အများကြီးပါပဲ။ ဥပမာပြောရရင် ဘုရားဟောတဲ့ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာမျိုးကို အသေမှတ်ထားပါတယ်။ ဆရာကြီးဦး
အောင်သင်းပြောတဲ့ ငယ်တုန်းမှာ ကိုယ့်ကိုယ်ကို ခိုင်းရမယ်တဲ့ အဲလိုမဟုတ်ရင် ကြီးလာရင် သူများ ခိုင်းတာခံရမယ်တဲ့။ အဲလိုမျိုးစကားတွေ ခေါင်းထဲမှာ စွဲနေပါတယ်။ တစ်ခြားစွဲနေတဲ့ စကားတွေလည်း ရှိပါတယ်။ ကျွန်တော်စာဖတ်တယ်၊ ရုပ်ရှင်ကြည့် တယ်၊ မှတ်သားစရာတွေကို မှတ်သားပါတယ်။ ဆရာရွှေဂျော်ဂျော်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင်းသူပြောတဲ့စကားရှိမယ်၊ ဦးပီတာနဲ့ ဓာတ်ပုံရိုက်ရင်း သူပြောသွားတဲ့ စကားတွေရှိမယ်၊ ကိုငှက်က ကျွန်တော့်ကို ခရီးသွား ဟန်လွဲ ပြောသွားတာတွေ ရှိမယ်၊ ဆရာကံချွန်ပြောသွားတာတွေရှိမယ်၊ တာရာမင်း ဝေ ၀တ္ထုထဲမှာ ရေးသွားတာတွေ ရှိမယ်ပေါ့၊ ကျွန်တော် အခက်အခဲ တစ်ခုကြုံတွေ့တဲ့အချိန်မှာ ဒီစကားတွေနဲ့ တိုက်ဆိုင်ရင် အဲဒီစကားတွေကို အသုံး
ချပြီး ရင်ဆိုင်လိုက်တာပဲ။ အခုလည်း ဒီ Interview ဖြေနေရင်းနဲ့မှ စဉ်းစားမိတာက ဒီဆရာကြီးတွေရဲ့ ကျေးဇူးတရား ကြီးမားပါတယ်။ သူတို့ပြောသွားတဲ့ စကားတွေ ကျွန်တော်မှတ်မိနေတာ ကျွန်တော့်ဘ၀ အတွက် ဒိုင်းတွေလိုပါပဲ။ စိတ်ဒဏ်ရာတစ်ခုခု အခက်အခဲတစ်ခုခု ရလိုက်တဲ့အချိန်မှာ ဒီစကား တွေက ကျွန်တော့်ကို ဒိုင်းလိုကာကွယ်လို့ ရပါလား ပေါ့။ ဒါ ကျွန်တော်လတ်တလော စဉ်းစားမိသွား တာပါ။

အနုပညာတစ်ခုကို ဘယ်လိုစိတ်ဓာတ်နဲ့ ဖန်တီးလည်းဆိုတာ သိချင်ပါတယ်။
ကျွန်တော်က ဒီအနုပညာအလုပ်ကို လုပ်ရ တာ ကြိုက်ကိုကြိုက်တာ။ တတ်နိုင်သလောက် အကောင်းဆုံး လုပ်လိုက်နိုင်ရင်ကို ကျေနပ်တယ်။ ပရိသတ်အတွက် စိုင်းစိုင်းအတွက်ဆိုတာထက် ဒီသီချင်း၊ ဒီဇာတ်ကား၊ ဒီကြော်ငြာကို ကောင်းချင် တာ၊ ဒီသီချင်းတစ်ပုဒ်က ဒီ့ထက်ပိုကောင်းနိုင်သေးလား အမြဲတွေးပြီး တတ်နိုင်သလောက် ကြိုးစားတယ်။ ဖန်တီးလိုက်တဲ့အရာတစ်ခု ကောင်းချင် တာ ဒါပါပဲ။

အချစ်ရေးကတော့ အခုထိ ငြိမ်နေတုန်းပဲလား။
ကျွန်တော် Personal Life ထက်ပိုပြီးတော့ အလုပ်ကို ဦးစားပေးနေမိလိုပါပဲ။ အခုအရွယ်မှာတော့ ကျွန်တော်လည်း အများသူငါလိုမျိုး မိသားစု ဘ၀ကို ထူထောင်ရင် ကောင်းမလားဆိုတဲ့ စိတ်ကူး မျိုးလည်း ကျွန်တော့်မှာ ရှိပါတယ်။ ကျွန်တော် အများကြီး ကြိုးစားရဦးမှာပါ။ သူငယ်ချင်းတွေဆိုရင် သူတို့မိသားစုနဲ့ ဖြစ်ကုန်ပြီ၊ ကျွန်တော့်ကို ဘယ်သူမှ အချိန်မပေးကြတော့ဘူး။ ဒီတော့ ကျွန်တော်လည်း မိသားစုဘ၀ကို ထူထောင်ချင်တယ်။ ဒါပေမဲ့ လည်း ခုနကပြောသလိုပေါ့ ကျွန်တော် လက်ရှိ အများကြီးကြိုးစားရပါဦးမယ်

ဝေဖန်မှုတွေကို လက်ခံနိုင်ခြင်း၊ ဆုံးဖြတ် ချက် ခိုင်မာခြင်း၊ ၀ါသနာကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်နိုင်တဲ့ သူ့ရဲ့စိတ်ဓာတ်တွေ ကြောင့် သူ့ရဲ့အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ဆိုတာပါပဲ။

Credit : People Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။